The Home Preschool

The Home Preschool what do u think

21/03/2026
21/03/2026
Merry Christmas to you all
24/12/2025

Merry Christmas to you all

24/11/2025

Students and Teachers of Hagios Promise International School depart for Chiang Mai to join Regional Students Convention (RSC) 2025, which will be held from 23rd to 28th November.

08/10/2025

I gained 2,855 followers and received 7 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Today Our Activity.Thank you Lord and Thank you for your participation.💕💕💕
25/10/2024

Today Our Activity.Thank you Lord and Thank you for your participation.💕💕💕

I got 7 reactions on my recent top post! Thank you all for your continued support. I could not have done it without you....
11/07/2024

I got 7 reactions on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

The new curriculum
28/05/2024

The new curriculum

မူကြို ဆရာမအနေနဲ့ ကလေးမိဘတွေ စေတနာမမှားကြစေဖို့🥰🥰🥰သားကြီးကအောက်တိုဘာဖွား...ကျောင်းအပ်နှံရေးက သြဂုတ် ၃၁ မှာ ၅နှစ်ပြည့်မှအ...
24/03/2023

မူကြို ဆရာမအနေနဲ့ ကလေးမိဘတွေ စေတနာမမှားကြစေဖို့🥰🥰🥰
သားကြီးကအောက်တိုဘာဖွား...
ကျောင်းအပ်နှံရေးက သြဂုတ် ၃၁ မှာ ၅နှစ်ပြည့်မှအပ်လို့ရတာဆိုတော့
ကျောင်းအပ်စမှာအခက်အခဲရှိခဲ့တယ်...
အပ်ဖို့က နှစ်လလိုနေပြီး...နောက်နှစ်မှအပ်မယ်ဆိုရင်ရှစ်လနောက်ကျသွားမှာပါ.....
မူကြိုက (၂)နှစ်နေပြီးတဲ့အပြင်ကြီးတော်ဆရာမနဲ့ကျောင်းလိုက်...
အမေကလည်းအိမ်မှာစာသင်ပေးတော့
လက်ရေးနဲ့အရေးအဖတ်က အရမ်းသွက်နေပြီ.....
ဒါနဲ့ကျောင်းပျော်သဘောသူငယ်တန်းထားလိုက်ကြတယ်...ထားစကကျောင်းပျော်ဆိုပေမဲ့ဖြေတိုင်းပထမရနေတော့ကျမလောဘကြီးလာတယ်....အားလုံး
ပထမတန်းတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်..ဒီလိုနဲ့အိမ်မှာသင်ပေးရင်းသားက ၉ တန်းအထိ 1 to 10 နှစ်တိုင်းဝင်နေတာ.....၉ တန်းမှာသူ့ဆန္ဒနဲ့သူ Bio တွဲယူခဲ့တာ....၉တန်းကစပြီး
ဘော်ဒါဆောင်အပ်ပေးခဲ့တယ်...
ပြီးတော့ကျမသားကြီးကိုအမြဲပြောနေကျစကားတစ်ခွန်း...
သားနော်သားကဆရာမသား....
သူများကနည်းနည်းအမှားလုပ်ရင်များများအပြောခံရမှာ...စာမရရင်လဲပိုပြီးကဲ့ရဲ့ကြမှာ..ရန်မဖြစ်နဲ့..သည်းခံ...စာရအောင်လုပ်...ဆိုပြီးတော့လေ..
တက္ကသိုလ်ဝင်တန်းနှစ်လယ်လောက်မှာမျက်နှာမကောင်းတော့ဘူး....ဘော်ဒါကနေပြန်လာတယ်..ပြန်ပို့လို့မရတော့တာ..တခြားပြသနာမရှိပါဘူး..ဘော်ဒါကလဲကျမစာသင်နေတဲ့ဘော်ဒါပါ....
တခြားဘော်ဒါဆိုရင်တောင်မှကျောင်းသားအချင်းချင်း၊ဂိုက်နဲ့ဖြစ်ဖြစ်ပြသနာရှိတတ်ပါသေးတယ်...
သေချာမေးကြည့်တော့လဲအိမ်မှာစာကျက်ချင်လို့ပဲဖြေတာ....
စာမေးပွဲနီးလာတာမို့ကျမကလဲမအား
ကပကျောင်းနဲ့ဘော်ဒါနှစ်ခုမှာ
(တက္ကသိုလ်ဝင်တန်း English & Mathsကိုင်တာမို့)
သားကိုအချိန်မပေးနိုင်ခဲ့ဘူး....
သားက1to10ထဲအမြဲရှိတော့စိတ်ချတာလဲပါတယ်....
စာမေးပွဲကြီးစပြီ...
မြန်မာ၊အင်္ဂလိပ်၊သင်္ချာ...ok
ကျမဘာသာပြီးလို့နည်းနည်းဝန်ပေါ့သွားပြီ...
Chemistry နေကစပြီးသားကြီးကိုသွားကြိုတယ်....
စာမေးပွဲစဖြေပြီး၅ရက်မြောက် Physic နေ့မှာကျောင်းဝင်းအပြင်ထွက်လာတဲ့သားကြီးကျမကိုလည်းမြင်ရောမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတာကျောင်းပေါက်ဝမှာတင်....
အိမ်ပြန်ရောက်တော့သူ့အဖြစ်အကုန်သိရလို့ရှိုက်ကြီးတငင်ငိုတာက...ကျမပါ....
ဆရာမရဲ့သားဖြစ်ပြီးနှစ်ချင်းပေါက်မအောင်ရကောင်းလားလို့အကဲ့ရဲ့ခံရမှာဆိုးလို့....ကျမငိုတယ်ထင်ကောင်းထင်..ထင်ကြလိမ့်မယ်...သားမဖြေနိုင်လို့အမေကငိုတယ်....မှားတော့မမှားပါဘူး..သားမဖြေနိုင်လို့ငိုတာဆိုပေမဲ့..သားစာမေးပွဲကျမှာကြောက်လို့ငိုတာမဟုတ်ဘူး....

အမြဲစာရတဲ့သားကြီး.....
စာမေးပွဲခန်းထဲစာမရလို့....ပြာယာခတ်နေမဲ့ပုံစံ....ကျရှုံးတာကိုမကြုံဖူးတော့...ကျမှာဘယ်လောက်ကြောက်နေမလဲ..မေးခွန်းတွေကိုအထပ်ထပ်ဖတ်...
ခေါင်းပူမတတ်စဥ်းစား....ရနိုင်ချေအမှတ်လေးတွေကိုချပေါင်းကြည့်ထားတာတွေကိုလည်းမေးခွန်းစာရွက်မှာအတိုင်းသားတွေ့ရတယ်.....
ငါစာမေးပွဲကျရင်ငါ့အမေတော့မိဘတွေအကြားဆရာမတွေအကြား
အရှက်ကွဲလိမ့်မယ်ဆိုတဲ့အပူကလဲထပ်လောင်းဟပ်တော့...နှစ်ဆပူနေတဲ့ရင်နဲ့အပြင်ထွက်လာပြီးအမေ့ကိုမြင်တော့မျက်ရည်ကျလာတဲ့ကျမသားရဲ့အပူက...ဘယ်လောက်တောင်မို့လဲ..(ယောက်ျားလေးဆိုတာတော်ရုံလူမြင်ကွင်းငိုတာမဟုတ်ဘူး)
စာမေးပွဲခန်းထဲကသားရဲ့သနားစရာကောင်းနေမဲ့မျက်နှာကိုမြင်ယောင်မိလို့ကျမငိုမိတာပါ...သားအ​ဖြစ်ကိုမြင်ယောင်ပြီးသနားမိလို့ငိုတာပါ....
ကျမအတ္တကြီးသွားတယ်....
အသက်မပြည့်ပဲထားမိလို့သားကစိတ်ပင်ပန်းခဲ့ရတယ်....စာမလိုက်နိုင်တာကိုလဲအမေ့ကိုပြောမထွက်ခဲ့ဘူး..ကြိတ်ပြီးကြိုးစားလဲမမီခဲ့တဲ့ကာလမှာသူတော်တော်ပင်ပန်းခဲ့မှာပဲ...
ကျမကအတ္တကိုရှေ့တန်းတင်ခဲ့မိတာလဲနောင်တရခဲ့ရတယ်....
အဲ့ကတည်းကစပြီးကျမဆုံးဖြတ်ချက်ချခဲ့တယ်...ကျမစိတ်ကျေနပ်မှုရဖို့သားတွေရဲ့ဆန္ဒမပါပဲအတင်းတွန်းအားမပေးတော့ဘူးလို့...
အသက်မပြည့်ပဲထားတဲ့ကျမတပည့်တစ်ယောက်နှစ်ချင်းပေါက်အောင်သွားတယ်..ဒါပေမဲ့ဂုဏ်ထူးမပါဘူး...စာတော်တဲ့ကလေးပါ...ပါသင့်တဲ့ကလေးမျိုး....
ကျမဆိုလိုချင်တာကအသက်ပြည့်မှကျောင်းထားစေချင်တာပါ....တစ်ခုမျှော်လင့်ထားရမှာကနောက်ကျမှထားလို့ဆိုရင်လဲအသက်ကန့်သတ်ထားတဲ့ဝင်ခွင့်သင်တန်းတွေတော့နှောင့်နှေးနိုင်တာပေါ့...ကောင်းကျိုးနဲ့ဆိုးကျိုးကတော့ဒွန်တွဲနေမှာပဲလေ...
ကျမကတော့ကျမသားသမီးထက်ဘာကိုမှအရေးမကြီးတဲ့အတွက်ကျန်တဲ့သားတွေကိုနောက်ကျမှပဲအပ်ဖြစ်ခဲ့တာပါ....
အသက်ပြည့်/မပြည့်ကျောင်းအပ်တာကိုရွေးချယ်တာကမိဘဖြစ်ပြီး...
လက်တွေ့ခံစားရမှာကသားသမီးတွေဖြစ်လို့သေချာစဥ်းစားကြစေချင်ပါတယ်....
လက်ရေးလှ၊မလှကလဲဒီအတိုင်းပါပဲ
လှတာကိုကြိုက်တဲ့ကလေးမျိုးဆိုရင်အကြောင်းမဟုတ်ပေမဲ့...
လှအောင်ကလေးကစိတ်ပင်ပန်းရတာမျိုးတော့မဖြစ်စေချင်ပါဘူး

သူ့သမီးကလက်ရေးအရမ်းလှတာပဲ...
သူ့သားကတော့စာအရမ်းတော်တာ....
သူ့ကလေးကတော့Speaking အရမ်းကျွမ်းတာတဲ့....
သူတို့သားကအိုလံပစ်ရွှေတံဆိပ်ရတဲ့ဆိုပဲ....

အဲ့လိုချီးကျူးသံကိုမကြားချင်တဲ့မိဘရှိပါ့မလား....
ဒါပေမဲ့အဲ့လိုကြားရဖို့အတွက်ကိုယ့်ကလေးရဲ့ပျော်ရွှင်မှုကိုစတေးဖို့သင့်၊မသင့်ကတော့ကိုယ်တိုင်ပဲဆုံးဖြတ်ပါ...
ဘက်စုံတော်ဖို့ဆိုတာပါရမီထူးမှ...
ဘက်စုံတော်ဖို့လေ့ကျင့်ပေးမယ်ဆိုရင်တောင်မှကလေးကလိုချင်ပါမှလေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်.....

ငယ်ငယ်ကကျမတို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာနဲ့ချိန်ထိုးမကြည့်နဲ့...
ဒီမှာဆော့၊ဒီမှာထိုင်၊ဒီလိုလုပ်၊ဒီလိုဝတ်ဆိုတဲ့ခေတ်ကကုန်သွားပြီ...
ဆရာဝန်တွေအင်ဂျင်နီယာတွေက..ကလေးတိုင်းရဲ့အိမ်မက်မဟုတ်တော့ဘူး...
ခုကလေးတွေရဲ့ခေတ်ကအရမ်းတိုးတက်လာသလိုကျမတို့မျက်စိတွေကိုလည်းအကျယ်ကြီးဖွင့်ကြည့်ဖို့သင့်နေပါပြီ...
ကျမတို့ငယ်ငယ်က
ကိုယ်စိတ်မပါလဲ
အမေကစာကျက်ခိုင်းရင်
လက်ရေးလှအောင်ရေးခိုင်းရင်
ရင်ထဲဘယ်လိုဖြစ်ခဲ့ဖူးတယ်ဆိုတာနဲ့ပဲဝင်ခံစားကြည့်ပါ...

နင်တို့ကောင်းစားဖို့ပြောနေတာလို့ပဲပြောပြော...
နင်တို့ကိုဆင်စီးပြီးမြင်းရံတာမြင်ချင်လို့ပဲဆိုဆို...
အဲ့လိုစကားနဲ့ကျမတို့မိဘရဲ့အတ္တကိုရှေ့တန်းမတင်ကြရအောင်လား...
ကျမတို့ရဲ့အတ္တကစျေးကြီးတယ်...
ပိုက်ဆံပေးဝယ်လို့မရဘူး...ကျမတို့ရင်သွေးတွေရဲ့လွတ်လပ်မှု၊ပျော်ရွှင်မှုတွေနဲ့ပေးဝယ်ရမှာမို့လို့ပါ.....

# # #အတ္တလွန်ကဲသွားတဲ့အခါ
တော်စပ်မှုအားလုံးကသူစိမ်းဆန်သွားကြတယ်...
creditယူလာတဲ့စာသားလေးပါ

(ကလေးတိုင်းကိုယ်ပိုင်ပျော်ရွှင်မှုကိုခံစားနိုင်ကြပါစေစေြ

၂၂-၂၃ စာသင်နှစ် Graduation day အား အောင်မြင်စွာ ကျင်းပခွင့်ပ​ြုသည့်အတွက် ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် ၂၃-၂၄ ...
22/03/2023

၂၂-၂၃ စာသင်နှစ် Graduation day အား အောင်မြင်စွာ ကျင်းပခွင့်ပ​ြုသည့်အတွက် ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် ၂၃-၂၄ စာသင်နှစ်အတွက် ဆက်လက်လမ်းပြပေးပါအရှင်ဘုရား

Come and visit our school💕💕💕
02/03/2023

Come and visit our school💕💕💕

Address

Bp Home
Yangon
16.785474,96.143381

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959420111500

Alerts

Be the first to know and let us send you an email when The Home Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Home Preschool:

Shortcuts

Share

Category