Tr မေမေ

Tr မေမေ

Share

မေမေတို့အတွက် အကျိုးရှိတာလေးတွေ တင်ပေးသွားမှာပါမို့ followလုပ်ထားကြပါနော်

05/10/2025

အလက်ာလေးကို ထမင်းစားရင် သူ့ဘာသာစားတတ်အောင် ဘေကနေထိန်းပေးဖြစ်တယ်။

ဒီVideo​ကတစ်နှစ်သမီးတုန်းက ကြက်သားပြုတ်နဲ့စားနေတာလေး

Photos from May May Mon Baby Food's post 21/07/2025
20/07/2025

ကလေး ဖြည့်စွက်စာ
*****************
(၁) ဘယ် အချိန်စရမလဲ
စံပြုထားတဲ့ အချိန်က ကလေး အသက် ၆လ ဝန်းကျင်ဆို စကျွေးရပါမယ်။ မိခင်နို့ (သို့) ဖော်မြူလာ တိုက်နေကျကို ဆက်တိုက်ပါ။

(၂) ၆ လမှာ ဘာကြောင့်စဖို့လို့လဲ
အချက် နှစ်ချက်ကြောင့်ပါ။
(က)- ကလေးဆက်လက် ကြီးထွားဖို့ မိခင်နို့ တစ်မျိုးထဲနဲ့ မလောက်လို့ပါ။
(ခ)- ၆ လမှာ ကလေးက ဦးခေါင်း, လည်ပင်းနဲ့ ကိုယ်ခန္ဓာ အပေါ်ပိုင်းလေး မတ်နိုင်နေပြီဆိုတော့ အစာ မျိုချဖို့ အဆင်စတင်ပြေလို့ပါ။

(၃) ဘယ်လို ပြင်ဆင်ကျွေးမလဲ
၆ လ ကလေးက အရည် မျိုနိုင်တယ်ဆိုပေမယ့် ဝါးဖို့ သွားလုံလောက်စွာ မရှိတော့
-ဝါးစရာမလိုအောင်
-မျိုရတာ အဆင်ပြေအောင်
-မနင်အောင်
-အစာအိမ်မှာ ခြေဖျက်ဖို့လွယ်အောင်လုပ် ကျွေးရပါတယ်။

(၄) ဘယ်နှစ်ကြိမ်ကျွေးမလဲ
အကြမ်းအားဖြင့်
၆ လမှ ၈ လ- တစ်နေ့ ၃ ကြိမ်
၈ လမှ ၁၂ လ- တစ်နေ့ ၄ ကြိမ်

(၅) ဘာအစာတွေကျွေးမှာလဲ
-ရေကျက်အေးကို ဇွန်းသေးသေးလေးနဲ့ စတိုက်လို့ ရပါပြီ။

-နူးနပ်ပျော့အိနေတဲ့ ထမင်းနဲ့ စတင်ပါ (အာဟာရမှုန့်က တတ်နိုင်ရင် ကျွေးချင်ကျွေးပါ၊ မရှိမဖြစ်တော့ မလိုပါ၊ ကျွေးမယ်ဆို သံဓာတ်ဖြည့်စွက်ထားတဲ့ အမှုန့်ဆို ပိုကောင်းပါတယ်)။ ဆား၊ သကြား၊ ခနောမှုန့်ထည့်ဖို့မလိုပါ။ ဇွန်းသေး ၁-၂ ဇွန်းစကျွေးပါ။

-ထမင်း အဆင်ပြေတယ်ဆိုရင် အာလူး၊ ငှက်ပျောသီး၊ ကန်စွန်းဥ၊ မုန်လာဥနီနဲ့ ရွှေဖရုံသီး စတဲ့ ဟင်းသီးသစ်သီးတစ်မျိုးစီကို ပြုတ်ချေပြီး ဇွန်းသေးသေးလေးနဲ့ စကျွေးပါ။ တစ်ဇွန်းကျွေးပြီးတိုင်း ကလေး မျိုဖို့ အချိန်လောက်ပါစေ။ အချို့ကလေးများက ၂-၃ ဇွန်းစားပြီး ရပ်သည်။ အချို့က ၄-၅ ဇွန်းစားမည်။ အချိန်နှင့် အမျှ ပမာဏ တိုးလာမည်။

-ကလေး အသက် ၇ လမှာ ကြက်သား၊ငါး ပြုတ်ချေပြီး ကျွေးလို့ရပါပြီ။

-ကလေး အသက် ၈ လဆို cereal လို့ ခေါ်တဲ့ နှံစားမှုန့်များ၊ ကွေကာမှုန့် စသည်တို့ ကျွေးနိုင်ပါတယ်။ ဒိန်ချဉ် စတိုက်နိုင်ပါပြီ။

-ကြက်ဥ ကိုတော့ ကလေး အသက် ၁၀ လ ၁၁ လ ရောက်မှ ကျွေးပါ။ သေချာ ကျက်အောင် ပြုတ်ပြီးမှ ကျွေးပါ။

-နွားနို့ကို ကလေး အသက် ၁ နှစ် ပြည့်ပြီးမှ စတိုက်စေလိုပါတယ်။ နွားနို့ကို တစ်နှစ်အောက်ကလေးက အပြည့်အဝ ချေဖျက်ဖို့ ခက်ခဲပါတယ်။ အသက် ၃ နှစ် မရောက်ခင် တစ်နေ့ကို ၃၀၀ ml ထက်ပိုမတိုက်ပါနဲ့။

-သွားထွက်ပြီး ကလေး ၁ နှစ်ကျော်တာနဲ့ အိမ်သားတွေစားတဲ့ အစားအစာနဲ့ တန်းတူစားနိုင်ပါပြီ။ ဒါပေမယ့် အဲ့ဒီ အစားအစာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိရပါမယ်။ ကလေးကို မနင်စေတဲ့ ပုံစံမျိုးဖြစ်ရပါမယ်။ ဥပမာ စပျစ်သီးကို အလုံးလိုက်မကျွေးဘဲ ပါးပါးလှီးကျွေးရပါတယ်။

*ချဉ်လွန်း စပ်လွန်း ချိုလွန်း ငန်လွန်းသောအစာကို ကလေးများအား မကျွေးသင့်ပါ။

*ကေဖင်းဓာတ်ပါသော ကော်ဖီ လက်ဖက်ရည် ကိုကာကိုလာ ပပ်စီ ကျွဲရိုင်းများ ကလေးကို မတိုက်သင့်ပါ။

*အစကောင်းမှ အနှောင်းသေချာမည်။ ဖြည့်စွက်စာက သင့်ကလေး ဘယ်လောက်ထွားမလဲ၊ ဉာဏ်ရည် ဘယ်လောက်ကောင်းမလဲ ဆုံးဖြတ်ပေးသလို ကြီးလာတဲ့ အခါ အစာဂျီးမများတတ်အောင် ပုံသွင်းပေးနိုင်ပါသည်။
Crd

Photos from Tr မေမေ's post 16/07/2025

ကလေးငယ်လေးတွေဟာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုပုံစံတွေ ကွဲပြားလေ့ ရှိပါတယ်။

မိဘများအနေနဲ့ ကိုယ့်ရဲ့ ကလေး အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအချက်များကို လေ့လာပြီး ဘယ်လို ပံ့ပိုးပေးနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

credit : Unicef Myanmar

16/07/2025

မိဘတစ်ယောက်ရဲ့တာဝန်တွေက ငွေနဲ့လဲယူလို့ မရတဲ့ တာဝန်တွေပါ အများကြီးရှိပါတယ်။ အဲဒီ့လို တာဝန်တွေကိုပါ ကောင်းစွာသိနားလည်မှသာ မိဘတာဝန်ကျေပွန်မှာဖြစ်ပါတယ်။ အဲဒါကြောင့် တာဝန်မကျေ၊ တာဝန်မသိတတ်၊ စားဝတ်နေရေးကိုသာ အဓိကတာဝန်လို့သတ်မှတ်ထားတဲ့မိဘတွေကြောင့် သားသမီးများမှာ အကျင့်ဆိုးတွေဖြစ်လာနိုင်ပါတယ်။မိဘတစ်ဦးအနေနဲ့ သားသမီးတွေရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပြည့်ဝတဲ့ဂရုစိုက်မှုပေးဖို့ လိုအပ်ပါတယ်။ တာဝန်မကျေတဲ့မိဘများကြောင့် ကလေးတွေမှာ အောက်ပါအကျင့်ဆိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၁။ **အငြိုးကြီးလာခြင်း
(Resentment)**
- မိဘတွေရဲ့ဂရုမစိုက်မှု၊ ချစ်ခြင်းမေတ္တာကင်းမဲ့မှုတွေကြောင့် ကလေးတွေဟာ စိတ်ထဲမှာ မကျေနပ်မှုတွေ၊ ဒေါသစိတ်တွေ တည်ဆောက်မိလာနိုင်ပါတယ်။
- အထူးသဖြင့် မိဘတွေက ကလေးရဲ့ခံစားချက်ကို လစ်လျူရှုတဲ့အခါ ဒီအကျင့်ဆိုးကို ပိုမိုအားကောင်းစေပါတယ်။

၂။ ယုံကြည်မှုအားနည်းခြင်း (Trust Issues)
- မိဘတွေက ကလေးတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တဲ့အခါ သူတို့ဟာ အခြားသူတွေအပေါ် ယုံကြည်မှုမရှိတော့ဘဲ လူမှုဆက်ဆံရေးမှာ အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။

၃။ စိတ်ခံစားမှုမထိန်းနိုင်ခြင်း (Emotional Dysregulation)
- မိဘတွေက ကလေးတွေရဲ့စိတ်ခံစားမှုကို နားလည်ပေးဖို့ ပျက်ကွက်တဲ့အခါ ကလေးတွေဟာ ဒေါသထွက်လွယ်တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှုများတာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ အတ္တကြီးခြင်း (Selfishness)
- မိဘတွေက ကလေးတွေကို စာနာစိတ်နဲ့ ပြုစုပျိုးထောင်မှုမပေးရင် ကလေးတွေဟာ ကိုယ်ကျိုးစီးပွားကိုသာ အဓိကထားတဲ့ အပြုအမူတွေ ပြုမူလာနိုင်ပါတယ်။

၅။ ပြဿနာဖြေရှင်းနိုင်စွမ်းနည်းခြင်း (Poor Problem-Solving Skills)
- မိဘတွေက ကလေးတွေရဲ့ဘဝမှာ လမ်းညွှန်ပေးဖို့ ပျက်ကွက်တဲ့အခါ သူတို့ဟာ အခက်အခဲတွေကို ကောင်းစွာရင်ဆိုင်ဖြေရှင်းနိုင်စွမ်း အားနည်းလာနိုင်ပါတယ်။

၆။ အပြုအမူဆိုင်ရာပြဿနာများ (Behavioral Issues)
- မိဘတွေရဲ့ ထိန်းကျောင်းမှုကင်းမဲ့တဲ့အခါ ကလေးတွေဟာ အန္တရာယ်ရှိတဲ့အပြုအမူတွေ (ဥပမာ - မူးယစ်ဆေးသုံးစွဲတာ၊ အကြမ်းဖက်တာ) ကို ပြုမူလာနိုင်ပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုနည်းခြင်း (Low Self-Esteem)
- မိဘတွေရဲ့ချီးမွမ်းမှု၊ အားပေးမှုမရှိရင် ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပြီး တန်ဖိုးမရှိသလို ခံစားရနိုင်ပါတယ်။

၈။ အထီးကျန်ဆန်ခြင်း (Social Isolation)
- မိသားစုအတွင်း ချစ်ခြင်းမေတ္တာနဲ့ အာရုံစိုက်မှုမရှိရင် ကလေးတွေဟာ အထီးကျန်ပြီး လူမှုဆက်ဆံရေးမှာ ခက်ခဲနိုင်ပါတယ်။

၉။ ပညာရေးနှင့်ဘဝတိုးတက်မှုအားနည်းခြင်း (Poor Academic & Life Progress)
- မိဘတွေက ပညာရေးနဲ့ ဘဝအတွက် လမ်းညွှန်မှုမပေးရင် ကလေးတွေဟာ အနာဂတ်အတွက် ရည်မှန်းချက်ကင်းမဲ့ပြီး အောင်မြင်မှုရဖို့ ခက်ခဲနိုင်ပါတယ်။

၁၀။ မှားယွင်းသောလမ်းစဉ်များရွေးချယ်မိခြင်း (Poor Decision-Making)
- မိဘတွေရဲ့လမ်းညွှန်မှုမရှိရင် ကလေးတွေဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိပြီး ဘဝကို ထိခိုက်စေနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့
မိဘတွေရဲ့တာဝန်မကျေမှုဟာ ကလေးတွေရဲ့ဘဝတစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့အတွက် မိဘတိုင်းဟာ သားသမီးတွေကို ဂရုစိုက်ပြီး အနာဂတ်အတွက် ကောင်းမွန်တဲ့အခြေအနေတွေ ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ ကလေးတိုင်းဟာ မိဘတွေရဲ့ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနဲ့ လမ်းညွှန်မှုတွေကို လိုအပ်ပါတယ်လို့တိုက်တွန်းလိုက်ပါရစေရှင်🥰🥰

13/07/2025

I got over 100 reactions on my posts last week! Thanks everyone for your support! 🎉

13/07/2025

💁🏼‍♀️💁🏼‍ လူငယ်တွေ ဆယ်ကျော်သက်အရွယ်နဲ့ Business Plan တစ်ခုဆွဲလို့ရလား

အဖြေကတော့ သိပ်ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ Business Plan ဆွဲတာက ကိုယ့်ရဲ့အိပ်မက်ကို အစပျိုးတဲ့ခြေလှမ်းပါပဲ။

ဒါပေမယ့် "ငါက ကျောင်းသား၊ အတွေ့အကြုံမရှိဘူး၊ ဘယ်လိုလုပ်မလဲ" ဆိုပြီး စိတ်မပူပါနဲ့နော်။

👨🏻‍💻 Facebook Founder ကြီး မက်ခ်ဇူကာဘက်ခ်ဆို အသက်(၁၉)နှစ်နဲ့ Facebook စခဲ့တာမလား။
အဲဒီတော့ အသက်အရွယ်ကို အတားအဆီးတစ်ခုလို တွေးပြီး စိုးရိမ်မနေပါနဲ့။

သူငယ်ချင်းတို့ ဘယ်လိုစရမလဲ မသိရင် အောက်က အချက်တွေကို လိုက်လုပ်ကြည့်လိုက်တော့နော်။

1️⃣ ရိုးရိုးစဉ်းစား၊ အကြီးကြီးတွေ မတွေးသေးနဲ့။
ကိုယ်စိတ်ဝင်စားတဲ့ အရမ်းရိုးရှင်းတဲ့အရာ (ဥပမာ: အွန်လိုင်းဂိမ်းအရောင်း၊ လက်လီစားသောက်ဆိုင်၊ အိမ်တွင်းလက်မှုပစ္စည်း) ကနေ စဉ်းစား။

2️⃣ မေးခွန်း ၅ ခု ကိုယ့်ကိုယ်ကိုမေး။

-ဘာရောင်းမလဲ? (ထုတ်ကုန်/ဝန်ဆောင်မှု)
-ဘယ်သူတွေဝယ်မလဲ? (ဥပမာ: မင်းရဲ့သူငယ်ချင်းတွေ၊ အွန်လိုင်းစားသုံးသူ)
-အခြားသူတွေနဲ့ ဘာကွာမလဲ? (ဥပမာ: စျေးပိုချိုတယ်၊ ဒီဇိုင်းပိုဆန်းတယ်)
-ဘယ်လိုကြော်ငြာမလဲ? (TikTok, Facebook, Mouth Marketing)
-ဘယ်လိုအမြတ်ရမလဲ? (တစ်ခုကို ၁၀၀၀ ကျပ်နဲ့ဝယ်၊ ၁၅၀၀ နဲ့ရောင်း)

3️⃣ Business Plan ကို ၁ မျက်နှာပဲ ရေးပါ။

ဆယ်ကျော်သက်တွေအတွက် ရှုပ်ထွေးတဲ့ Plan မလိုပါဘူး။ ဒီလိုရိုးရှင်းအောင် ချရေးပါ။
လုပ်ငန်းနာမည် - (ဥပမာ ဖုန်းမင်းသား)
ရည်ရွယ်ချက် - (အရည်အသွေးကောင်း ဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့)
ပစ္စည်း/ဝန်ဆောင်မှု - (ဖုန်းရောင်းမယ်၊ ဝယ်သူဆီအရောက်ပို့မယ်)
ဈေးကွက် - (ဝင်ငွေနည်း/များ တဲ့လူတွေအတွက်)
အမြတ် - (အမြတ်က ဘယ်လိုရမှာလဲ။ ဖုန်းရောင်းတာက ရမှာလား၊ ဆက်စပ်ပစ္စည်းရောင်းတာက ရမှာလား)

4️⃣ အကောင်အထည်ဖော်ဖို့ နမူနာအရင်စမ်းကြည့်။

အရင်ဆုံး ပစ္စည်းနည်းနည်းနဲ့ စမ်းသပ်ကြည့်ပါ။ (ဥပမာ: မုန့် ၁၀ ဗူးအရင်ဖုတ်၊ ရောင်းကြည့်တာမျိုး)။

Feedback : "ဘာတွေပြင်သင့်လဲ?" ဆိုတာ ဝယ်သူတွေကို မေးပါ။

5️⃣ အသက်အရွယ်ငယ်တာက အားသာချက်ပါ!

အသက်ငယ်ရွယ်သူတွေက ဆိုရှယ်မီဒီယာ မှာ ပိုကျွမ်းကျင်ကြပါတယ် (ဥပမာ Tik Tok Marketing လုပ်နိုင်တာမျိုး)။
အိုင်ဒီယာအသစ်တွေရှိတတ်တယ် (ဥပမာ: Meme နဲ့ရောင်းတာ၊ Trendy Product တွေ)။

သူငယ်ချင်းတို့ရေ…အဆုံးသတ်အနေနဲ့ "ငါမလုပ်နိုင်ဘူး" ဆိုတဲ့စိတ်ကို ဖျောက်လိုက်နော်။ အခုခေတ်မှာ လူငယ်တွေက စီးပွားရေးသူရဲကောင်းတွေဖြစ်နေပြီလေ! သူငယ်ချင်းတို့မှာ Idea ရှိရင် စာရွက်တစ်ရွက်ယူပြီး အခုချက်ချင်း စတင်အကောင်ထည်ဖော်လို့ ရပါတယ်။ 🚀

တကယ်လို့ Business Plan ဆွဲတဲ့နေရာမှာ အကူအညီလိုနေတယ်ဆိုရင်လည်း Myanmar Youth Platform ရဲ့ စွန့်ဦးတီထွင်သင်တန်းက Module တစ်ခုဖြစ်တဲ့ Business Planning အတန်းက အဆင်သင့်ရှိနေပါတယ်။

ဒီအတန်းမှာဆိုရင်
✅စီးပွါးရေးစတင်ဖို့ အစီအစဉ်ရေးဆွဲပြင်ဆင်ရာမှာ Business Model Canvas ကို အသုံးပြုပြီး မိမိရဲ့ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲမယ့် ဖောက်သည်တွေက ဘယ်သူဖြစ်မလဲ၊
✅ကိုယ်ထုတ်ကုန်ကနေ ဝယ်ယူသူတွေအတွက် ဘယ်လိုတန်ဖိုးပေးမှုတွေ ပေးမလဲ၊
✅ဝယ်ယူသူတွေဆီကိုရောက်အောင် ဘယ်လိုကြော်ငြာမလဲ၊
✅ဝယ်ယူသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်မလဲ၊
✅ကိုယ့်လုပ်ငန်းရဲ့ အဓိက အရင်းအမြစ်တွေက ဘာတွေဖြစ်မလဲ၊
✅ကိုယ့်လုပ်ငန်းမှာ လုပ်ဆောင်ရမယ့် အဓိကအလုပ်တွေက ဘာတွေဖြစ်မလဲ၊
✅မိတ်ဖက်တွေက ဘယ်သူတွေလဲ၊
✅ဝင်ငွေလမ်းကြောင်းနဲ့
✅ကုန်ကျစရိတ် အကြောင်း

စတဲ့ တစ်ပိုင်းချင်းစီအလိုက် လေ့လာပြီး ကိုယ်ရည်ရွယ်ထားတဲ့ လုပ်ငန်းတစ်ခုအတွက် Business Model Canvas မှာ စဉ်းစားဖြည့်စွက်နိုင်စေဖို့ ပြောပြပေးသွားမှာပါ။

Entrepreneurship နဲ့ပတ်သက်ပြီး လုံးဝပိုင်နိုင်တဲ့ အခြေခံတစ်ခု ရသွားမှာဖြစ်သလို ဘယ်နေရာမဆို အသုံးချနိုင်တဲ့ Skill တစ်ခုကိုလည်း ရသွားမှာပါ။

ပိုကောင်းတာက July လ ၂၅ ရက်နေ့မတိုင်ခင် ဒီ Entrepreneurship သင်တန်းပြီးတဲ့ ကျောင်းသူ/သား (၂၀) တိတိကို မိုးရာသီအတွက် MYP ထီး ဒါမှမဟုတ် ကော်ဖီခွက်ဆုတွေပေးသွားမယ့် အစီအစဉ်လည်း ရှိတာမို့လို့ မြန်မြန်လေ့လာပြီး Myanmar Youth Platform page မှာ လက်ဆောင်သွားယူလိုက်ပါ။

ဒီအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့
၁။ အခု Post ကို Like and Share လုပ်ပေးပါ။
၂။ MYP က ဖွင့်လှစ်တဲ့ Entrepreneurship သင်တန်းကို ပြီးဆုံးအောင်တက်ပါ။
၃။ သင်တန်းပြီးဆုံးကြောင်း certificate ကို MYP Facebook မတ်ဆင်ဂျာကနေ ပို့ပေးပါ။

ဒါဆို သင်လည်း ကံထူးမယ့် အယောက် (၂၀) ထဲ ပါဝင်သွားပြီးပေါ့။ အခုပဲ MYP Entrepreneurship သင်တန်းတွေကို တက်လိုက်ကြတော့နော်။

သင်တန်းအကြောင်းအသေးစိတ်ကို ကောမန့်မှာ ကြည့်လို့ရပါတယ်။


13/07/2025

ငယ်ငယ်တည်းက အားပေးမှုနဲ့
မကြီးပြင်းခဲ့တဲ့သူတွေရှိတယ်။

အမေက အပြစ်တင်၊
အဖေက အပြစ်တင်၊
အဒေါ် အပြစ်တင်၊
ဦးလေး အပြစ်တင်၊
ဆရာ၊ ဆရာမက အပြစ်တင်။

အားပေးမှုနဲ့ မကြီး
အပြစ်တင်မှုနဲ့ ကြီးလာတဲ့သူတွေရှိတတ်တယ်။

ဒီထဲမှာ ဒီအပြစ်တင်မှုကို
အပြုံးလေးနဲ့ ချွဲပြီး
အားလုံးနဲ့အဆင်ပြေအောင်
ပေါင်းသင်းကြီးပြင်းလာသူတွေရှိတယ်။

ဒီအပြစ်တင်မှုတွေကြား
အားတင်းပြီး ရှင်သန်မှုခဲ့သူတွေရှိတယ်။

အားတင်းရှင်သန်ခဲ့သူတွေမှာ
ကိုယ့်ကိုကိုယ် အကြီးအကျယ်ဝေဖန်တတ်တဲ့
အကျင့်တစ်ခု အမြဲရှိတတ်တယ်။

ဘဝရဲ့ တချို့အစိတ်အပိုင်းတွေမှာ
ကိုယ့်ကိုအမြဲဝေဖန်သူနဲ့ ချစ်ကျွမ်းဝင်တဲ့အခါ
ဘဝက သံကြိုးနဲ့ရှေ့ဆက်ရသလိုဖြစ်တတ်တယ်။

ကိုယ့်ကိုကိုယ်မြင်တာထက်
ပိုကောင်းအောင်မြင်တဲ့
သမီးရည်စားနဲ့တွေ့လာတဲ့အခါ
ဘဝက ထင်မှတ်မထားလောက်အောင်
ပိုကောင်းလာတတ်တယ်။

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။

Phyo Paing @ Derek

13/07/2025

စိတ်ဒဏ်ရာပေးတဲ့မိဘ မဖြစ်စေဖို့ သတိပြုပါ

မိဘတစ်ယောက်ရဲ့အောင်မြင်မှုက ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ ပျော်ရွှင်မှုနဲ့ လုံခြုံမှုကို ခံစားရခြင်းပါ

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ချစ်တယ်၊ ဂရုစိုက်တယ်ဆိုပေမယ့် တစ်ခါတလေမှာ မသိလိုက်တဲ့ စကားလုံးတွေ၊ အပြုအမူတွေက ကလေးတွေရဲ့စိတ်ကို နာကျင်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို စိတ်ဒဏ်ရာမပေးမိစေဖို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

ကလေးရဲ့ခံစားချက်ကို အလေးထားပါ
"ဒါလောက်နဲ့ ဘာဖြစ်တာလဲ"၊ "ငိုနေစရာမလိုဘူး အခုတိတ် စတဲ့စကားမျိုးက ကလေးရဲ့ခံစားချက်ကို လျစ်လျူရှုသလို ဖြစ်စေပါတယ်။

သူတို့ဝမ်းနည်းနေရင်၊ စိတ်ဆိုးနေရင် "ခံစားရတာ နားလည်ပါတယ်" ဆိုတဲ့စကားမျိုးနဲ့ အရင် အားပေးပါ။

နှိုင်းယှဉ်ပြောဆိုခြင်းကို သတိထားပြီး ရှောင်ကြဉ်ပါ
"အခြားကလေးတွေက မင်းထက်တော်တယ်"၊ "ညီမလေးက မင်းထက် အရမ်းတော်တယ်" စတဲ့စကားမျိုးက ကလေးကို ယှဉ်ပြိုင်လိုစိတ်ဖြစ်စေပြီး တစ်ဖက်မှာလည်းစိတ်အားငယ်၊ သိမ်ငယ်စေနိုင်ပါတယ်။

သူတို့ရဲ့ အားသာချက်ကို မြှင့်တင်ပေးပြီး အားနည်းချက်ကို ဖြည်းဖြည်းချင်းပြုပြင်ပေးဖို့ အရေးကြီးပါတယ်။

အပြစ်တင်ဝေဖန်တာထက် အားပေးပါ
"မင်းက အဲ့နေရာမှာတော့ အရမ်း ညံ့တယ်" ဆိုတာထက် "ဒီတစ်ခါမှားသွားတယ်၊ နောက်တစ်ခါကြိုးစားကြည့်ပါ" လို့ ပြောပါ။

ကလေးတွေဟာ အမှားလုပ်မိရင် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ မိဘအုပ်ထိန်းသူတွေရဲ့အားပေးမှု လိုအပ်ပါတယ်။

ကြောက်စိတ်နဲ့ ထိန်းကျောင်းတာမျိုး ရှောင်ပါ
"ငါ့စကားနားမထောင်ရင် ရိုက်မယ်"၊ "အပြင်မှာ မင်းကိုသွားပစ်လိုက်မယ်" စတဲ့စကားမျိုးက ကလေးကို စိတ်ဒဏ်ရာရစေနိုင်ပါတယ်။

အစားထိုးအနေနဲ့ "ကိုယ့်အပြစ်ကိုသိပြီး နောက်တစ်ခါဆိုရင် မလုပ်မိအောင် ကတိပေးပါ" လို့ ပြောလို့ရပါတယ်။

ကလေးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို လေးစားပါ
ကလေးတွေမှာလည်း သူတို့ရဲ့ရွေးချယ်မှုနဲ့ စိတ်ကြိုက်လုပ်ချင်တဲ့အရာတွေရှိပါတယ်။

"မင်းကြိုက်တာ ကိုပြောပါ"၊ "ဖြစ်ချင်တာပြောပါ" ဆိုတဲ့စကားမျိုးက သူတို့ကို ယုံကြည်မှုပိုရှိစေပါတယ်။

ကလေးတစ်ယောက်ရဲ့စိတ်ဟာ အရမ်းနုနယ်ပါတယ်။ မိဘတွေရဲ့စကားတစ်ခွန်း၊ အပြုအမူတစ်ခုက သူတို့ရဲ့ဘဝတစ်လျှောက်လုံးကို သက်ရောက်မှုရှိနိုင်တယ်ဆိုတာကို သိပေးပါ။ နားလည်ပေးပါ။

ဒါကြောင့် "စိတ်ဒဏ်ရာမပေးတဲ့မိဘ" ဖြစ်ဖို့ ကြိုးစားကြည့်မယ်နော်

Crd

09/07/2025

ဒေါက်တာထူး ဂရုမှ ကူးယူဖော်ပြလိုက်ပါတယ်။ကိုယ်လည်းခွဲမွေးထားတဲ့မေမေမို့ တခြားသူတွေလည်း ပြန်ဖတ်လို့ရအောင်shareထားကြပါ။

■ ခွဲ​​​မွေးပြီး ​ဆောင်ရန် /ရှောင်ရန် သို့မဟုတ် ကျန်ရှိအ​ကြွေးတပုဒ်

- မှတ်မိလိုက်​သေးတယ် လွန်ခဲ့​သောတစ်ပါတ်​လောက်က ​မေ​မေတစ်​ယောက်ကို ခွဲ​မွေးပြီး ​ဆောင်ရန်/​ရှောင်ရန် ​ရေး​ပေးပါမယ်ဆိုပြီး ကတိ​ပေးထားတာ။ ပျင်းရင်း ပျင်းရင်းနဲ့ ဒီ​​နေ့​တော့ မ​ရေးလို့မရ​တော့ဘူး၊ မနက်ဖန် ခွဲ​တော့မှာဆို​တော့ 😬။

- ဒီတစ်ခါ ကျွန်​တော် အ​​ခြေပြု​ရေးမှာက Uk က Enhanced Recovery Pathway ပဲဗျ။ ရှင်း​နေ​အောင်​ပြောရရင် ခွဲပြီး အမြန်သက်သာ​အောင် ဘယ်လိုလုပ်မလည်း​ပေါ့။ ဒီစာ​ရေးရတာက စိန်​ခေါ်မှုများတယ်။ မြန်မာပြည်က ဆရာဝန်အများစုနဲ့လည်း ကိုက်မယ် မထင်ဘူး။ ​ဘာလို့ဆို ဒီအ​လေ့အကျင့်တစ်ခု ​ကောင်းပါတယ်ဆိုတာ​တောင်မှ Uk မှာ အ​ပြောင်းလဲလုပ်ဖို့ ​ကြိုးစား​နေရတုန်းပဲ။

(၁) အစာဖြတ်ခြင်း

- မနက်ခွဲမယ်ဆို ညကတည်းက အစာဖြတ်ထား​လေ့ရှိတယ်ဗျ။ ခု​နောက်ပိုင်းမှာက မခွဲခင် ၆ နာရီ​လောက်ထိ အစာမာလက်ခံပြီး၊ ​ရေကို မခွဲခင် ၂ နာရီ​​လောက်ထိ ​ပေး​သောက်ပါတယ်။ Carbohydrate အစာ​တွေဖြစ်တဲ့ ဆန်၊ ဂျုံ၊ ​ပြောင်း​တွေကို အား​​ပေးတယ် (ဆီးချိုသမား​တွေ အတွက် သတိထားပါ)။ Ensure မှာထင်တယ် complex carbohydrate diet ဗူး​တွေရှိတယ်။ Sponsor မယူထားဘူး​နော်။ ဖတ်ဖူးတာ​ပြောပြတာ။

(၂) အစာဘယ်အချိန်ပြန်စားမလည်း

- ခွဲခန်းထဲကထွက်တာနဲ့ ပြသနာမရှိရင် ​ရေတန်းတိုက်ပါတယ်။ ထုံ​ဆေးအာနိသင်​ကြောင့် မထနိုင်​သေးရင်​တောင် အရည်မှန်သမျှ မပျို့ မအန်ရင်​သောက်ပါ။ အချို့ ​ဆေး​ကြောင့်မှိန်း​နေရင်​တော့ မသင့်​တော်ပါဘူး။ ဒါ​ကြောင့် ခွဲပြီးရင်လည်း အ​နောက်နိုင်ငံမှာ မှိန်း​စေတဲ့ အနာသက်သာ​ဆေး​တွေ မ​ပေးပါဘူး။

- ပီ​ကေဝါးပါ။ အစာအိမ် အလုပ်မြန်မြန်လုပ်​စေပါတယ်။

(၃) ဆီးပိုက်

- ထလို့ရပြီ လမ်း​လျောက်လို့ရပြီဆိုတာနဲ့ ဖြုတ်ခိုင်းပါတယ်။ လမ်း​လျောက်ပါ။ ခွဲပြီး ည​နေ​ဆို လမ်း​လျောက်လို့ရပါတယ်။ အိမ်ရာထဲ ​တောက်​လျောက်လှဲအိပ်​နေတာဟာ မသင့်​တော်ပါဘူး။ ​သွေးခဲ​တွေဖြစ်​စေတယ်၊ recovery ကို​နှေး​စေပါတယ်။ အိမ်သာကို အကူနဲ့ သွားပါတယ်။ များ​သောအားဖြင့် အဆင်​ပြေပါတယ်။ Og တစ်ဦး တစ်ဦး မတူတတ်လို့ ​ပြောသမျှ လိုက်လုပ်ရမယ်​တော့ မဟုတ်ပါ။

(၄) ​ရေချိုးပါ၊ ​ခေါင်း​လျော်ပါ။

- ၄၅ရက် မီးတွင်း​နေမယ်ဆိုသူ​တွေ အတွက်ပါ။ ကိုယ်ညစ်ပတ်ရင် ကိုယ်​ရောဂါထူမယ်၊ က​လေး​ရောဂါထူပါမယ်။ ဆပ်ပြာကိုင်လို့ရပါတယ်။

(၅) ဧည့်သည်အများကြီး မ​ခေါ်ပါနဲ့။

- လူများ​လေ၊ ​ရောဂါများ​​လေ၊ က​လေးပြသနာများ​လေပါ။ မိဘ​တွေ ကိုယ်တိုင်ကလည်း က​လေးကို မကိုင်ခင် လက်​ဆေးပါ။ လုံးဝ (လုံးဝ) မနမ်းရပါ။

(၆) နို့ကို တက်နိုင်သ​လောက်တိုက်ပါ။

- နို့မထွက်တဲ့ လူဆိုတာ မရှိပါဘူး။ နို့တိုက်မမှန်တဲ့ လူပဲရှိပါတယ်။ ​မွေးကတည်းက နို့​တွေအများကြီးထွက်မှာပဲထင်ရင် ​မေ့လိုက်ပါ။ က​လေးစို့မှသာ နို့လိုက်လာပါမယ်။ မလိုလားအပ်ပဲ ဗူးနို့ကူတာ​တွေဟာ နို့လည်း မထွက်​တော့သလို၊ ဗူးပါ dependent ဖြစ်တတ်ပါတယ်။ က​လေးဝါမှာ​ကြောက်လို့ ဗူးကူရင်​တောင် အထူးကု အကြံဥာဏ်ယူပါ။ ဝါတာသည် ကုလို့ရပါတယ်။ နို့တိုက်တာ ပုံမကျရင် ​နောင် ၆လ​လောက် ဒုက္ခ​ရောက်ပါတယ်။

(၇) ​ချွေးထုတ်တာ၊ ​​ချွေး​အောင်းတာ

- လုံးဝ မလိုပါဘူး။ Fluid loss များပြီး သတိလစ်​ရောက်လာတာ​တွေ အများကြီး​တွေ့ခဲ့ရပါတယ်။

(၈) အစာ​ရှောင်တာ

- ဒီအချိန်ထိ ဘာ​ရှောင်ရမလည်း ​မေး​နေရင် စိတ်​တွေလည်း ညစ်လာပါတယ်။ ဘာမှ မ​ရှောင်ပါနဲ့။ စားပါ။ နို့နှင့် အစာအိမ်တခြားစီပါ။

(၉) ဆနွင်း

- မလိမ်းခိုင်းပါဘူး။ ရိုးရာ​တွေ ကျန်းမာ​တာ​တွေ​တော့ မသိပါဘူး။ အ​နောက်နိုင်ငံ​တွေမှာလည်း မသုံးပါဘူး။ ခု​နောက်ပိုင်း ​သေနှုန်းမြင့်လာရတဲ့ အ​ကြောင်းက ကင်ဆာလို၊ ဆီးချို၊ ​သွေးတိုးလို ​ရောဂါ​တွေပါ။ ဆနွင်းနဲ့လည်း မကာကွယ်နိုင်ပါဘူး။

(၁၀) အနာဘယ်​တော့ကျက်လည်း။

- များ​သောအားဖြင့် အပြင် အ​ရေပြားနာက ၂ ပါတ်​လောက်​ဆို ​ကောင်း​ကောင်းကျက်ပါတယ်။ အတွင်းအနာပြန်ကွဲတယ်ဆိုတာလည်း မရှိသ​လောက်ပါပဲ။ ၃လခန့် စစ်စစ်ကိုက်တတ်ပါတယ်။ ​လေ့ကျင့်ခန်းကို ၆ လ​ကျော်မှ လုပ်ပါ။

Crd Dr Htoo

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yankin
Yangon
11081