25/07/2026
စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ကြတဲ့ Journaling Workshop 🌿
ATOM’s Women Club ရဲ့ 2 Years Anniversary တုန်းက Avanty Myanmar နဲ့အတူတူ ဦးဆောင်ပြုလုပ်ပေးခဲ့တဲ့ Journaling Workshop လေးရဲ့ အမှတ်တရတွေကို ပြန်ကြည့်ရင်း စိတ်ထဲမှာ နွေးထွေးမှုတွေ ပြန်ရလာပါတယ်။ 💛
နေ့စဉ် ဘဝရဲ့ ရှုပ်ထွေးမှုတွေကြားမှာ ခဏတာ ရပ်တန့်ပြီး ကိုယ့်အတွင်းစိတ်ဆီ ပြန်လည်လျှောက်လှမ်းခွင့် ရခဲ့တဲ့ အချိန်လေးတစ်ခုပါ။ စာရွက်ပေါ်မှာ မဖုံးကွယ်ဘဲ လွတ်လပ်စွာ ရေးသားရင်း၊ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာကြတဲ့ Participant တွေရဲ့ အပြုံးတွေကို မြင်ရတာ တကယ့်ကို ကျေနပ်စရာ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 📝🌱
💫ဒီလိုမျိုး စိတ်ခွန်အားဖြစ်စေမယ့် Workshop တွေ၊ ဒါမှမဟုတ် ☘️Mental Health and Well-being ☘️နဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကို ကိုယ့်ရဲ့ ဝန်ထမ်းတွေ/ အဖွဲ့အစည်းတွေအတွက် ပြုလုပ်ချင်တယ်ဆိုရင်တော့ ☘️ ရဲ့ Page Chatbox ကနေ တစ်ဆင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 🤍