Thomas Bhone

Thomas Bhone Never stop your learning…

08/03/2025

ORDERING FOODS

Официант: Здравствуйте, что вы будете заказывать?
Waiter: မင်္ဂလာပါ၊ လူကြီးမင်းတို့ ဘာသုံးဆောင်မလည်းဗျ။

Гость: Здравствуйте! Я хочу суп и салат.
ဧည့်သည်: မင်္ဂလာပါ၊ ကျွန်တော် စွပ်ပြုတ်ဟင်းရည်နဲ့ အသုပ်မာချင်ပါတယ်။

Официант: Какой суп?
Waiter: ဘယ်လို စွပ်ပြုတ်ဟင်းရည်လိုချင်ပါသလဲ။

Гость: Борщ, а салат Оливье, пожалуйста.
ဧည့်သည်: ဘော့ရှ် ဟင်းရည်နဲ့ အိုလီဗီရာ အသုပ်ပေးပါ၊

Официант: Хорошо, скоро ваш заказ будет готов.
Waiter: ဟုတ်ကဲ့ ၊လူကြီးမင်းတို့ အော်ဒါမကြာခင်ရပါမယ်

Гость: Спасибо!
ဧည့်သည်: ကျေးဇူးတင်ပါတယ်။

Tips from VIDEO
Салат 《 Оливье 》
အိုလီဗီရယ်အသုပ်

Суп 《 Борщ 》
ဘော့ရှ် ဟင်းရည်

🇷🇺 ရုရှားနိုင်ငံ၏အထင်ရှားဆုံးဖြစ်သော 🟥ရင်ပြင်နီ(red square)၏စိတ်ဝင်စားဖွယ်ရာများ                ရင်ပြင်နီ(red square) သည...
13/02/2025

🇷🇺 ရုရှားနိုင်ငံ၏အထင်ရှားဆုံးဖြစ်သော 🟥ရင်ပြင်နီ(red square)၏စိတ်ဝင်စားဖွယ်ရာများ

ရင်ပြင်နီ(red square) သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင်တည်ရှိပြီး ရုရှားနိုင်ငံ၏အထင်ကရ ဖြစ်သော အမှတ်အသားလည်းဖြစ်သည်။ ရင်ပြင်နီ(red square) ၏လူသိနည်းပြီး စိတ်ဝင်စားစရာအကြောင်းအရာများကိုအနည်းငယ်မျှဝေပေးလိုပါသည်။

😱အနီရောင်မဟုတ်သော ရင်ပြင်
"Red Square" (красная площадь ) ဟူသောအမည်သည် မူလရုရှားစကားလုံး красивый မှဆင်းသက်လာကာ မူလ စကားလုံး၏ အဓိပ္ပါယ်မှာ"လှပသော" ဖြစ်သည်။ "အနီရောင်" မဟုတ်ပါ။

📌နိုင်ငံ့အမှတ်အသားတစ်ခု
ရုရှားဟုဆိုလိုက်လျှင် водка(vodka) နှင့် медведь (bear) တို့ကို ယှဉ်တွဲမြင်တတ်ကြသည်။ သို့သော် Red Square ရင်ပြင်နီသည် နိုင်ငံ့အမှတ်သင်္ကေတတစ်ခုဖြစ်ပြီး ဘေးပတ်ပတ်လည်တွင်လည်း St. Basil's Cathedral၊ Kremlin၊ Lenin's Mausoleum နှင့် GUM တို့ကို ရင်သပ်ရှုမောဖွယ်အဆောက်အအုံများနှင့် ဝန်းရံထားသည်။

🕳️ထင်မှတ်မထားသောနေရာတစ်ခုဖြစ်ခဲ့ခြင်း
အလယ်ခေတ်ကာလတွင်၊ ရင်ပြင်နီ(red square) သည် အလွန်စည်ကားသောကုန်သွယ်ရေးနေရာတစ်ခုဖြစ်ပြီး၊ တော်ဝင်အမိန့်တော်များနှင့် ပြစ်မူကျူးလွန်သူများကိုလည်း အများပြည်သူအရှေ့ ကွပ်မျက်ခြင်းများပြုလုပ်သောနေရာတစ်နေရာဖြစ်ခဲ့သည်။ထို့အတူ အများပြည်သူအခမ်းအနားကျင်းပရာနေရာတစ်ခုလည်းဖြစ်သည်။

✉️ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်ခြင်း
၁၉၉၀ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း တွင် ရင်ပြင်နီ(red square)နှင့် Kremlin တို့ကို ထည့်သွင်းအသိအမှတ်ပြုခဲ့သည်။

✨ သင့်အတွေးအမြင်များကို မျှဝေလိုက်ဖို့ကြိုဆိုပါတယ် ⬇️

#КраснаяПлощадь

12/02/2025

ရုရှားဘာသာစကားကို ဘာကြောင့် လေ့လာသင့်သလဲ?

သင့်အနေနဲ့ နိုင်ငံတကာအဆင့်မှာ အခွင့်အလမ်းတွေကို ဖန်တီးလိုပါသလား? ရုရှားဘာသာစကားကို လေ့လာခြင်းက သင့်အနာဂတ်အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

✅ ကမ္ဘာပေါ်တွင် အများဆုံး ပြောဆိုကြသည့် ဘာသာစကားများထဲမှ တစ်ခု

ရုရှားဘာသာစကားသည် ကမ္ဘာ့ လူဦးရေ၂၅၈ သန်းကျော်ပြောဆိုနေကြပြီး ကမ္ဘာကုလသမဂ္ဂ ၏ရုံးသုံးဘာသာစကား ၆ ခုမှတစ်ခုဖြစ်သည်။ ဗဟုသုတ၊ သိပ္ပံနှင့် နည်းပညာအနယ်နယ်အရပ်ရပ်တွင်လည်း အရေးပါသော ဘာသာစကားဖြစ်သည်။

✅ပညာရေးနှင့် စားဝတ်နေရေး အခွင့်အလမ်းများ

ရုရှားနိုင်ငံတွင် ပညာသင်ကြားလိုသူများအတွက် ပညာသင်ဆုများစွာ ရရှိနိုင်သည်။ ထို့အပြင် ရုရှားဘာသာစကားကို သိထားခြင်းဖြင့် နိုင်ငံတကာတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှာဖွေနိုင်သည်။

✅ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း

ရုရှားနိုင်ငံသည် Saint Petersburg၊ Moscow တို့အပါအဝင် ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ ရုရှားဘာသာစကားကို သိထားခြင်းဖြင့် ခရီးသွားချိန်တွင် ပိုမိုအဆင်ပြေစေသည်။ယခုနောက်ပိုင်း ကာလများတွင်လည်း မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်းများပိုမိုကျယ်ပြန့်မည်ဖြစ်သောကြောင့်တတ်မြောက်ထားသင့်သော ဘသာစကားတစ်ခုဖြစ်လာသည်။

✍✍ ✍ ရုရှားဘာသာစကားကို လေ့လာခြင်းသည် သင်၏ပညာရေး၊ အလုပ်အကိုင်၊ လုပ်ငန်းအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုအနုပညာအသိပညာများကို တိုးမြှင့်ပေးနိုင်ပါသည်။ ယနေ့ကစပြီး လေ့လာကြည့်လိုက်ပါ!

31/01/2025

ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုတာ
လုပ်ချင်တယ့် အတွေးတွေများ
နေလို့ပါ..

တစ်ကယ်တစ်ခုခုကိုတကယ်လုပ်လိုက်ပီဆို အယ့်အတွေးတွေ ဘယ်ရောက်သွားမှန်းမသိ...

#သောမတ်စ်

29/01/2025

ဘာသာစကားသင်ကြားတယ်ဆိုတာ အခုဆယ်ရာစုပိုင်းအတွင်းတွင်ကျယ်လာတာပါ...

ဒါပေမယ့် အခု နှစ်ပိုင်းအတွင်းအသုံး၀င်လာမယ့် အသုံးများလာမယ့် ဘာသာစကားဆိုရင် ဘာဖြစ်မလည်း..

#သောင်တင်

2025 ခုနှစ်ရဲ့ ပထမ တစ်လတော့ကုန်တော့မယ်..ပြောင်းလဲဖို့အတွက် planတွေချပြိးကျပြီလား?ဘာတွေလုပ်ချင်နေလည်း??- လုပ်နေရတာတွေကလုပ...
28/01/2025

2025 ခုနှစ်ရဲ့ ပထမ တစ်လတော့ကုန်တော့မယ်..
ပြောင်းလဲဖို့အတွက် planတွေချပြိးကျပြီလား?

ဘာတွေလုပ်ချင်နေလည်း??
- လုပ်နေရတာတွေကလုပ်ချင်တာတွေနဲ့ ထပ်တူမညီဘူးဖြစ်နေလား..
- ပျော်ရာမှာမနေ တော်ရာမှာနေရ ဆိုတဲ့ စကားပုံထဲက မထွက်နိုငိတော့ဘူး

ဒါဆိုရင်ဘာတွေလုပ်ရတော့မလည်း?

27/01/2025

အားလုံးပဲ မင်္ဂလာပါ...
အနာဂတ်မှာ အသုံးဝင်လာမယ့် ဘာသာစကားတွေထဲကတစ်ခုဖြစ်ပြိး လူသိနည်းနေသေးတယ့် ဘာသာစကား တစ်ခုဆို ဘာဖြစ်မလည်း.....

ရုရှားဘာသားစကားဆိုတာ အခုလက်တွေ့ အချိန်မှာတင် လူစိတ်၀င်စားမူ အများဆုံး တွေထဲက တစ်ခုဖြစ်လာပါပြိး..

နောက်မကျသေးခင်မာ အတူတူလေ့လာလိုက်ကြမလား???

ဒါဆို....ПОЕХАЛИ

27/01/2025

ကြောက်စိတ်တွေကြောင့်.....ဆုံးရူံးခံတော့မှာလား?

ငါ..အသက်တွေကြီးလာပြီ...
ငါ..အသက်ငယ်သေးတယ်
ငါ့..ကိုဘာတေပြောမလည်း..
ငါ..အရမ်းကြည့်ရဆိုးနေမလား..
ငါ့..ကိုဘာတွေပြောနေမလည်း..

ဒီလို..ဒါတွေကိုသာဂရုစိုက်နေရင်......

27/01/2025

Let's learn together with me..

27/01/2025

***နောက်ကျနေပြီ..မလုပ်နဲ့တော့…

လူတစ်ယောက်ထွန်းပေါက်ဖို့ဆိုတာ သူနေတယ့်ပတ်ဝန်းကျင်နဲ့ဆိုင်တယ်လို့ပြောကြတယ်….

ကျွန်တော်လက်မခံပါဘူး…..

လူတစ်ယောက်ထွန်းပေါက်ဖို့ဆိုတာ ထိုသူကိုယ်တိုင်နဲ့ပဲဆိုင်တယ်…

#သောမတ်စ်

Address

Yangon

Alerts

Be the first to know and let us send you an email when Thomas Bhone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category