01/06/2026
𝐌𝐨𝐧𝐝𝐚𝐲 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧🌟
ဒီကနေ့ရဲ့ Monday Motivation ကတော့ Walt Disney ရဲ့ အဆိုတစ်ခုဖြစ်တဲ့ “အလုပ်တစ်ခုကိုလုပ်ဆောင်ဖို့ အကောင်းဆုံးနည်းလမ်းက ပြောနေတာကို ရပ်ပြီး အမှန်တကယ် စတင်လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။” ဆိုတဲ့ အဆိုလေးပဲဖြစ်ပါတယ်။
🌟သင့်ရဲ့ဉာဏ်အလင်းကို MSI ဖြင့်တောက်ပလိုက်ပါ🌟
29/05/2026
✨Research စွမ်းရည်ကို အခြေခံကနေ စနစ်တကျ မြှင့်တင်ပြီး ပညာရေးနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ရယူလိုက်ပါ✨
Thesis, assignment တွေ ရေးဖို့ ခေါင်းခဲနေလား? ဒါမှမဟုတ် လုပ်ငန်းခွင်မှာ Data-based ဆုံးဖြတ်ချက်တွေ တိတိကျကျ ချနိုင်ဖို့ Research Skill ကို အသုံးချချင်နေပြီလား?
သင့်ရဲ့ Research စွမ်းရည်တွေကို အဆင့်အတန်းတစ်ခုသို့ မြှင့်တင်ပေးမယ့် "Certificate in Business Research Methods (Basic Level)" Onlineတန်းခွဲသစ်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။
🎯 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
* Research skill များကို အခြေခံမှစတင်၍ တိုးတက်လိုသူများ
* Thesis, Assignment, Research Project များ ပြုလုပ်နေရသူများ
* Academic Research ကို စနစ်တကျ ထိရောက်စွာ ပြုလုပ်လိုသူများ
* Teaching & Research Quality ကို မြှင့်တင်လိုကြသည့် ဆရာ/ဆရာမများနှင့် Academic သမားများ
* လုပ်ငန်းခွင်တွင် Data-based decision making အသုံးပြုပြီး ဆုံးဖြတ်ချက်ချလိုသူများ
💡 သင်တန်းမှ ရရှိမယ့် အကျိုးကျေးဇူးများ
ဒီသင်တန်းကို တက်ရောက်ခြင်းဖြင့် Research အကြောင်း အခြေခံမှစတင်ကာ လက်တွေ့အသုံးချနိုင်သည်အထိ အောက်ပါအကျိုးကျေးဇူးများကို တစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ် -
1. စနစ်ကျသော Research Method အသိပညာများ - Research တစ်ခုကို အစမှအဆုံး လမ်းမပျောက်ဘဲ စနစ်တကျ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ Theory နှင့် နည်းလမ်းကောင်းများကို အပိုင်ရရှိစေခြင်း။
2. လက်တွေ့အသုံးချနိုင်မည့် Analytical Skills - ရရှိလာတဲ့ အချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်မယ့် Practical Analytical Skills များကိုပါ ထည့်သွင်းသင်ကြားပေးခြင်း။
3. တိုက်ရိုက်ဆွေးနွေးနိုင်မည့် အခွင့်အရေး (Live Teacher Support) - သင်ခန်းစာများနှင့် ပတ်သက်ပြီး နားမလည်တာ၊ မိမိ Research Project တွင် ကြုံတွေ့ရတဲ့ အခက်အခဲများကို ဆရာနှင့်တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ခြင်း။
4. အချိန်မရွေး တက်ရောက်နိုင်မည့် အစီအစဉ် (Flexible Online Schedules) - အလုပ်မပျက်၊ ကျောင်းမပျက်ဘဲ မိမိအိမ်ကနေ အဆင်ပြေပြေ တက်ရောက်နိုင်မယ့် ညနေပိုင်း Zoom Live အတန်းများ ဖြစ်ခြင်း။
5. E-Certificate ပေးအပ်ခြင်း - သင်တန်းပြီးဆုံးပါက မိမိ၏ CV Form တွင် ဂုဏ်ယူစွာ ထည့်သွင်းဖော်ပြနိုင်မည့် E-Certificate ကို ချီးမြှင့်ပေးသွားခြင်း။
📚 သင်ကြားပေးသွားမည့်ခေါင်းစဉ်များ
* Introduction to Research Studies
* Research Approaches
* Types of Data
* Determining Data Size
* Data Collection Methods
* Research Design
📅 သင်တန်းအသေးစိတ် အချက်အလက်များ
* Duration: 3 Weeks (၃ ပတ်)
* Class Starts: June 20, 21, 27, 28 & July 4, 5 (2026)
* Days: Every Saturday & Sunday (စနေ၊ တနင်္ဂနွေတိုင်း)
* Time: 🕒 7:30 PM - 9:00 PM
* Platform: 💻 Online via Zoom
* Course Fees: 70,000 MMK
👨🏻🎓သင်ကြားပေးမည့်ဆရာ
U Atar Thaung Htet
BBA, MBA (YUEco)
PhD (Candidate)
College of Innovation Management
Suan Sunanda Rajabhat University (Thailand)
စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါ Google Form မှတစ်ဆင့် Register လုပ်နိုင်သလို page Messenger နှင့် Myanmar Synergy Institute ၏ Admission Phone Number: 09-425357192 (သို့မဟုတ်) 09-756388675ကိုလည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံးဆက်သွယ်လိုက်ပါ။
Google Form Link 👇
https://forms.gle/2qUkt9GAHTTraoar5
🌟သင့်ရဲ့ ဉာဏ်အလင်းကို MSI ဖြင့် တောက်ပလိုက်ပါ🌟
28/05/2026
မဂ်လာရှိသော အီဒုလ်အဿွဟာ (ကုရ်ဘာနီအီဒ်း) နေ့မြတ်အခါသမယ ဖြစ်ပါစေကြောင်း Myanmar Synergy Institute - MSI မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
26/05/2026
အားလုံးပဲ မဂ်လာပါ
Myanmar Synergy Institute - MSI မှ 23.5.2026 (စနေနေ့) “How Can You Conduct Quality Research?” ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့သော Webinar လေးအောင်မြင်စွာပြီးမြောက်ခဲ့တဲ့ ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါတယ်။
တက်ရောက်ပေးခဲ့သူတစ်ဦးတစ်ယောက်ချင်းစီနှင့် webinar အတွင်း တက်ကြွစွာ ဝင်ရောက်ဆွေးနွေးပေးခဲ့သူတစ်ဦးတစ်ယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။
Webinar လေးကို အင်တိုက်အားတိုက် မျှဝေပေးခဲ့ပါသော ဆရာ ဦးအတာသောင်းထက်ကိုလည်း Myanmar Synergy Institute - MSI မှကျေးဇူးအထူးတင်ရှိပါတယ်။
ဤ webinar လေးမှတဆင့် သုတေသန တစ်ခုပြုလုပ်ရာတွင်လိုအပ်သော အချက်အလက်များနှင့် အစိတ်အပိုင်းများကို သေချာဆွေးနွေးပေးခဲ့တဲ့အတွက် တက်ရောက်သူများအနေဖြင့် များစွာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
ထိုကဲ့သို့သော Research တစ်စောင်ကောင်း မွန်စွာရေးသားနိုင်ရန်၊ ပြုစုနိုင်ရန်နှင့် Research တစ်စောင်ရေးသားရာတွင် ဆောင်ရန်ရှောင်ရန်နှင့် Research တစ်စောင်ကို မည့်သို့အစပြုရမည်နှင့်ပတ်သက်၍လည်း အသုံးဝင်နိုင်သော Certificate in Business Research Methods အတန်းကိုလည်းမကြာခင်ဖွင့်လှစ်သွားဖို့ရှိပါသဖြင့် အသေးစိတ်သိရှိနိုင်ရန် MSI page ကို Like and Follow လုပ်ထားဖို့ကိုလည်း အကြောင်းကြားအပ်ပါတယ်။
🌟 သင့်ရဲ့ ဉာဏ်အလင်းကို MSI ဖြင့်တောက်ပလိုက်ပါ 🌟
25/05/2026
𝐌𝐨𝐧𝐝𝐚𝐲 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧🌟
ဒီကနေ့ရဲ့ Monday Motivation ကတော့ Barack Obama ရဲ့ အဆိုတစ်ခုဖြစ်တဲ့ “အနာဂတ်ဆိုတာ ဆက်လက်ကြိုးစားပြီး ရှေ့ဆက်သွားသူတွေကို ဆုလာဘ်ပေးတတ်တယ်။” ဆိုတဲ့ အဆိုလေးပဲဖြစ်ပါတယ်။
🌟သင့်ရဲ့ဉာဏ်အလင်းကို MSI ဖြင့်တောက်ပလိုက်ပါ🌟
22/05/2026
❗️Kindly Reminder❗️
Myanmar Synergy Institute - MSI မှ “How Can You Conduct Quality Research?”ခေါင်းစဉ်ဖြင့် မကြာခင်ပြုလုပ်သွားမည့် Online Free Webinar ၏ Registration Form ပိတ်ရန် အချိန် ၁ ရက် သာလိုပါတော့သည်။
Webinar နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ Link မှတစ်ဆင့်ဝင်ရောက်ကာ Register လုပ်နိုင်ပါကြောင်းလေးစားစွာအသိပေးအကြောင်းကြားအပ်ပါသည်။
Webinar Link
https://m.facebook.com/story.php?story_fbid=122183205128712618&id=61571378563376
🌟 သင့်ရဲ့ ဉာဏ်အလင်းကို MSI ဖြင့်တောက်ပလိုက်ပါ 🌟
20/05/2026
🎓✨ Myanmar Synergy Institute မှ ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေလိုက်ပါသည် ✨🎓
Myanmar Synergy Institute ၏ လေးစားအပ်သော Instructor များဖြစ်ကြသည့် ဆရာ ဦးအတာသောင်းထက် နှင့် ဆရာ ဦးထင်ကျော်လင်း တို့သည် Cambodia နိုင်ငံရှိ Paragon International University တွင် (15.5.2026) သောကြာနေ့တွင် ကျင်းပပြုလုပ်သော INTERNATIONAL CONFERENCE ON CAMBODIA IN THE MEKONG NEXUS: PATHS TO A SUSTAINABLE FUTURE သို့ ကိုယ်တိုင်တက်ရောက်ကာ ၎င်းတို့၏ သုတေသနစာတမ်းများကို နိုင်ငံတကာပညာရှင်များရှေ့တွင် ဂုဏ်ယူစွာ Presentation ပြုလုပ်ခဲ့ကြပါသည်။ 🌏📚
ထို့အပြင် International Scholars များနှင့် Academic Networking Session များပြုလုပ်ကာ အတွေ့အကြုံများ၊ သုတေသနအမြင်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို မျှဝေဖလှယ်နိုင်ခဲ့ခြင်းမှာ Myanmar Synergy Institute အတွက် အလွန်ဂုဏ်ယူစရာကောင်းသော အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။ 🤝✨
နိုင်ငံတကာအဆင့်မီ Research, Academic Excellence နှင့် Professional Networking များကို အလေးထားသော အရည်အချင်းပြည့်ဝသည့် Lecturers & Instructors များဖြင့် သင်ကြားပေးနေသော Myanmar Synergy Institute သည် ကျောင်းသားများ၏ အနာဂတ်ပညာရေးနှင့် Career Development အတွက် အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုကြောင်းကိုလည်းထပ်လောင်းကြေငြာအပ်ပါသည်။
🌟 သင့်ရဲ့ ဉာဏ်အလင်းကို MSI ဖြင့်တောက်ပလိုက်ပါ 🌟