English Concepts By MRY

English Concepts By MRY Small steps make it better 🏆🎗️🥇

Weather (ရာသီဥတု) ...climate  (ရာသီဥတု) ...အို... ဘာလို့ အဓိပ္ပာယ်တစ်ခု ကို စကားလုံးနစ်လုံးတောင်ရှိနေတာပါလိမ့်။လန်လန်(Le...
23/09/2025

Weather (ရာသီဥတု) ...
climate (ရာသီဥတု) ...
အို... ဘာလို့ အဓိပ္ပာယ်တစ်ခု ကို စကားလုံးနစ်လုံးတောင်ရှိနေတာပါလိမ့်။

လန်လန်(Learners) လေးတို့ရေ

ဒီတစ်ခါမှာတော့ မင်မင်က

Weather နဲ့ Climate တို့ရဲ့ ကွာခြားပုံလေးကို ရှင်းပြမှာ ဖြစ်တယ်နော်။

Weather ဆိုတာက နေ့တစ်နေ့ရဲ့ ရာသီဥတု အခြေအနေကို‌ ကိုယ်စားပြုတာဖြစ်ပြီး climate ကတော့ နေရာဒေသ တစ်ခုမှာ အချိန်ကြာကြာရှိနေတတ်တဲ့ ရာသီဥနေ အနေအထားကိုဆိုလိုတာဖြစ်ပါတယ်ကွယ်။

ကွာခြားချက်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိဖို့အတွက်
ဥပမာလေးတွေ ဖတ်ကြည့်လိုက်ရအောင်နော်

🤔 Climate 🤔

The climate in the dessert is very dry and harsh.
ကန္တာရထဲက ရာသီဥတုဟာ အလွန်ခြောက်သွေ့ပြီး ကြမ်းတမ်းတယ်

Climate change is one of the biggest challenges we can't neglect.

ရာသီဥတု အပြောင်းအလဲဆိုတာ ကျွန်တော်တို့ လူသားတွေ လျစ်လျူရှူလို့မရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

☁️ Weather ☁️

Today the weather is cold and the sky is cloudy.

ဒီနေ့တော့ ရာသီဥတု အေးပြီး ကောင်းကင်က တိမ်ထူထပ်တယ်နော်။

It is neither hot nor cold so we can assume that the weather is beautiful at present.

ပူလည်းမပူသလို အေးလည်းမအေးဘူးနော်။
ရာသီဥတု က လောလောဆယ်‌တော့သာယာတယ်လို့ ပြောရမယ်။

ကဲ ဒီလောက်ဆို လန်လန်လေးတို့ ကွဲကွဲပြားပြားနားလည်မယ်လို့ ယူဆပါတယ်ကွယ်။

Hello လန်လန်လေးတို့ရေဒီတစ်ခါမှာတော့ မင်မင်က Continuously နဲ့ continually ဒီ ဝေါဟာရ (adverb) နစ်ခုအကြောင်းကိုဆွေးနွေးပေးသ...
21/08/2025

Hello လန်လန်လေးတို့ရေ
ဒီတစ်ခါမှာတော့ မင်မင်က
Continuously နဲ့ continually ဒီ ဝေါဟာရ (adverb) နစ်ခုအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ကာ ဒီနစ်ခုက တူမယောင်ယောင်နဲ့ တကယ်က မတူညီပါဘူးနော်။

ဆိုတော့ကာ ဘယ်လိုကွဲပြားခြားနားလည်းဆိုရင်

Continuously က အချိန်တစ်ခုတည်းမှာ အဆက်မပြတ် တောက်လျောက်လုပ်နေတာဖြစ်တယ်။

ဥပမာ -

They continuously explored for the project yesterday night.I think they have not slept yet.

သူတို့မနေ့ညက ပရောဂျက်အတွက် တောက်လျောက်စူးစမ်းလေ့လာနေခဲ့တယ်။ သူတို့အခုထိ အိပ်တောင် မအိပ်ရသေးဘူးထင်တယ်။

Continually ကကြတော့ consistently သဘောမျိုးသက်ရောက်တယ်

ဥပမာ

He has been learning English for three years so we can assume that he continually learns English.

သူ အဂ်လိပ်စာလေ့လာနေတာ သုံးနစ်ရှိပြီ။ ဆိုတော့ကာ သူကအဆက်မပြတ်ပဲ လေ့လာတယ်လို့မှတ်ချက်ချလို့ရမယ်။

နောက်ထပ်ဥပမာ တစ်ခုက

The phone rings continually throughout the day.

ဖုန်းက တစ်နေ့လုံးကို ဆက်တိုက်လာနေတာ။
(ဒါပေမယ့် ဖုန်းက ဆက်တိုက်မလာဘူး လာလိုက်ရပ်လိုက်နဲ့မကြာမကြာလာနေတာလို့ မင်မင်တို့ကတွေးကြည့်ရမယ်။)
ဆိုတော့ကာ

Continually ကို ဆက်တိုက် မကြာခဏဆိုသလို သတ်မှတ်ထားရင်...

Continuously ကိုကြ အချိန်တစ်ခုတည်းမှာ မရပ်လိုက်ပဲ ဆက်တိုက်ဖြစ်နေတာ၊လုပ်နေတာလို့ သတ်မှတ်ထားရင်...

ဒီ ကြိယာဝိသေသန(adverb)နစ်ခုရဲ့ ကွဲပြားတဲ့အသုံးပြုပုံတွေကို စနစ်တကျအသုံးပြုနိုင်မှာဖြစ်တယ်နော်။🤗

Hi everyone.အားလုံးပဲမင်္ဂလာပါ။ဒီနေ့မှာတော့မင်မင်က ကျောင်းသားတွေအများစုခေါင်းရှုပ်တတ်တဲ့စကားစုလေးနှစ်စုကို လွယ်လွယ်ကူကူစ...
25/07/2025

Hi everyone.
အားလုံးပဲမင်္ဂလာပါ။
ဒီနေ့မှာတော့မင်မင်က ကျောင်းသားတွေအများစုခေါင်းရှုပ်တတ်တဲ့စကားစုလေးနှစ်စုကို လွယ်လွယ်ကူကူစွာနဲ့မှတ်ရလွယ်အောင် မှတ်နည်းအသစ်အဆန်းလေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်။

On time (အချိန်မှန်) vs In time (အချိန်မှီ)

😬🫨😵‍💫
မြန်မာလို switch ရင် မှီ နဲ့ မှန် ပဲကွာတယ်။
English လို switch တော့လည်း on နဲ့ in ပဲ ကွာနေပြန်ရော...🥹🥹🥹

ကဲ ဘယ်လိုမှတ်မလည်း...🤔🤔🤔

ဘယ်လိုမှတ်မလည်းဆိုတော့ ဒီလိုမှတ်ပါ့မယ်ဗျ။✍️🧐

On time ရဲ့ မူရင်း အဓိပ္ပာယ် က အချိန်မှန်ပါ ဒါပေမယ့် မင်မင်တို့က မှတ်ရလွယ်အောင်

'' Regularly or normally or at a accurate time'' ပုံမှန်အချိန်တိုင်းပဲလို့

ပြောင်းပြီးမှတ်ပါမယ်ဗျ။

In time ရဲ့ မူရင်းအဓိပ္ပာယ်က
အချိန်မှီပါ သို့သော် ဒီနေရာမှာ မင်မင်တို့တွေ ဘယ်တော့မှမရောထွေးအောင်မှတ်နိုင်မယ့်နည်းလမ်းလေးက

In time ကို

" Before a deadline " လို့ပြောင်းပြီး မှတ်မယ်ဆိုရင် အချိန်တိုင်းမှာ လန်လန်လေးတို့အနေနဲ့
On time နဲ့ In time ကို လွယ်လွယ်ကူကူ ခွဲခြားအသုံးပြုနိုင်မှာဖြစ်ပါတယ်။


နောက်ထပ်မှတ်ရလွယ်မယ့် English Concepts တွေအတွက် လန်လန်တို့ stay tuned ဖို့မ‌မေ့နဲ့နော်။

အဂ်လပ်ဘာသာစကားနဲ့ ချည်မယ့် ဘဝကကြိုးတွေမှာ အလှပဆုံးက‌ခုန်နိုင်ပြီး ဘဝရည်မှန်းချက်အိပ်မက်တွေ အမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေဗျာ။
🎗️🏆🥇

24/07/2025

Hello Everyone
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ဒီpageလေးမှာ အင်္ဂလိပ်စာကို သာမန်ရိုးကျမဟုတ်ပဲ ထူးထူးဆန်းဆန်းလေးနဲ့စိတ်ဝင်စားပြီးလွယ်လွယ်ကူကူမှတ်ရလွယ်အောင် post လေးတွေ video လေးတွေ တင်ပေးမှာပဲဖြစ်တာမို့
လန်လန်(learner)တို့က
stay tuned ပါလို့🤭🤭🤭

သင်တန်းတက်ချင်သူများအနေနဲ့လည်း
Educational English (ကျောင်းသားများအတွက်) နဲ့ Applied English (ရုံးသုံးအဂ်လိပ်/အလုပ်အကိုင်အတွက်)
တို့ကို Online class စုံစမ်းနိုင်ပါပြီဗျ။✨🫶🥳🌟

မှတ်ချက် - ဆယ့်တစ်နှစ်ကျော်ကြာကျောင်းသားအနေနဲ့ရော ဆရာအနေနဲ့ပါ
ဒီlanguage industry မှာ လေ့လာမှတ်သားထားတာမို့
သင်ယူသူတို့အနေနဲ့ ကျွန်တော့ဆီမှာ သင်တန်းတက်မည်ဆိုပါက အခြေခံမှစရ်ျ အဆင့်မြှင့်levelများအထိ ပိုင်နိုင်ကျွမ်းကျင်စေရပါမည်ဟု အာမခံပါသည်ခင်ဗျာ။✍️🥇🏆🎗️

Address

Mingalar Street, South Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when English Concepts By MRY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category