Tr Hsu

Tr Hsu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr Hsu, Tutor/Teacher, No (3) Damaparla Street, Sayarsan/Bahan Township, Yangon.

30/04/2024
လှည့်ထွက်ခဲ့လိုက်ပါ....ကိုယ့်ဘက်က အတတ်နိုင်ဆုံး စေတနာ ထားရဲ့သားနဲ့ ကိုယ့်စေတနာတွေ ဖြူစင်ရဲ့သားနဲ့ ဘာကြောင့်များ နားမလည်ရ...
02/01/2024

လှည့်ထွက်ခဲ့လိုက်ပါ....

ကိုယ့်ဘက်က အတတ်နိုင်ဆုံး စေတနာ ထားရဲ့သားနဲ့ ကိုယ့်စေတနာတွေ ဖြူစင်ရဲ့သားနဲ့ ဘာကြောင့်များ နားမလည်ရတာလဲဆိုပြီး ၀မ်းနည်းမနေတဲ့တော့ ။

ကျွန်မ ခုဆိုရင် ပါးစပ်ပိတ်ပြီးနေတယ် ကိုယ့်စေတနာနဲ့ မတန်တဲ့လူကို ဘာမှ မပြောမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်သလိုမျိုးပေါ့ ။

မမြင်သလိုနေတယ် ။လျစ်လျူရှုလိုက်သလိုမျိုးဥပေက္ခာပြုလိုက်တာမျိုးပေါ့

ကိုယ်ပေးတဲ့စေတနာက ဘယ်လောက်ပဲ အဖိုးတန်တန် နားမလည်တဲ့သူက နားမလည်တာပါပဲ ဒါကြောင့် ကိုယ့်ကိုယ် အပြစ်တင်ပြီး ၀မ်းနည်းနေတာထက်စာရင် လှည့်ထွက်ခဲ့လိုက်ပါ အနည်းဆုံးတော့ သင့်စေတနာတွေ အလာဟသ ဖြစ်မသွားဘူး

ပြီးတော့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေဖို့လဲ မလိုဘူးလေ ကိုယ်နဲ့မထိုက်တန်လို့သာ

#မိန်းမသားတို့အတွက်
#သျှင်ယွန်း

28/12/2023

ဘာမှ လုပ်စရာ မရှိရင် စာဖတ်ခြင်းဟာ အကောင်းဆုံးအလုပ်ပဲ
(ဆရာဦးအောင်သင်း)

ပျင်းနေမယ့်အတူ စာဖတ်ပါ......

စာမဖတ်ရင် အကန်းဘဝရောက်သလို၊ စာမဖတ်ရင်
လူစင်မမှီတဲ့ ဘဝ ရောက်တတ်တယ်။

ဘယ်လောက် အဆင့်မြင့် ဘွဲ့ ဒီဂရီ တွေ ရရ၊
ဘယ်လို အဆင့်မြင့် ရာထူး ကိုင်ထား ကိုင်ထား၊
ဘယ်လောက်ပဲ ကျိကျိတတ် ချမ်းသာ ချမ်းသာ၊
စာပေအဟာရ လုံလောက်စွာ ဖြည့်မထားလျှင်.....
အတွေးအခေါ် အယူအဆတွေ အဆင့်မမှီပဲ၊
အများနဲ့စကားပြောတဲ့အခါကျရင် အကျိုးအကြောင်း မဆီလျော် ဆုံးဖြတ်ချက်တွေချဖို့ တွေဝေနေလိမ့်မယ်။

လူတစ်ယောက်ရဲ့ ဘဝတိုးတက်ရေး မှာ စာဖတ်ခြင်းက "ခွန်အား" ဖြစ်ပါတယ်။

ဒါကြောင့်...
မိမိရောက်တဲ့ နေရာတိုင်းမှာ လူငယ်ရော လူကြီးတွေပါ
စာဖတ်ဖို့ တိုက်တွန်းပါ။ ခေတ်ဟာ အမြဲ တိုးတတ်ပြောင်းလဲနေတယ်။ ဒါကြောင့်... လူဟာလည်း တိုးတတ်ပြောင်းလဲနေဖို့ လိုပါတယ်။

အနားယူတာနဲ့ ပျင်းတာ ကွဲပြားဖို့လိုပါတယ်။
မလုပ်နိုင်တာနဲ့ မလုပ်ချင်တာ ကွဲပြားဖို့လိုပါတယ်။
ဝေဖန်တာနဲ့ အပြစ်ရှာတာ ကွဲပြားဖို့လိုပါတယ်။
သုံးတာနဲ့ ဖြုန်းတာ ကွဲပြားဖို့လိုပါတယ်။
သတင်းနဲ့ အတင်း ကွဲပြားဖို့လိုပါတယ်။
တာဝန်နဲ့ အာဏာ ကွဲပြားဖို့လိုပါတယ်။
လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားဖို့လိုပါတယ်။
ဘာပဲလုပ်လုပ် အမြဲ သတိနဲ့အသိ ရှိပါ။
ကောင်းတဲ့အရာတွေကိုသာ ပိုကောင်းပါစေ။
ဆိုးတဲ့အရာတွေကိုတော့ ပိုဆိုးမလာပါစေနဲ့။

သိချင်ရင်၊အမြင်ကျယ်ချင်ရင် စာဖတ်ပါ။
တော်ချင်ရင်၊ တတ်ချင်ရင် စာဖတ်ပါ။
လိမ္မာချင်ရင်၊ယဉ်ကျေး ချင်ရင် စာဖတ်ပါ။
ငွေမရှိလည်း၊ လူ့အောက်မကျချင်ရင် စာဖတ်ပါ။
ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းချင်ရင် စာဖတ်ပါ။
ဘဝ အဆင့်အတန်း မြင့်ချင်ရင် စာဖတ်ပါ။
မအချင်ရင်၊ အညာမခံချင်ရင် စာဖတ်ပါ။
အနိုင်ကျင့် အစော်ကားမခံချင်ရင် စာဖတ်ပါ။
အဆင့်ရှိရှိ စကားပြောတတ်ချင်ရင် စာဖတ်ပါ။
ဟန်မဆောင်ပဲ ပြုံးတတ်ချင်ရင် စာဖတ်ပါ။

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ဘဝမရောက်ချင်ရင် စာဖတ်ပါ။

ကြားသမျှ လိုက်ပြောတဲ့ သာလိကာ လို အာမညောင်းရအောင် စာဖတ်ကြပါ။

မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်လို ဦးနှောက်မမဲ့အောင် စာဖတ်ကြပါ။

ဆီဆုံမှာ တပ်ထားတဲ့ နွားတို့လို အလှည့်အပတ်မခံရအောင် စာဖတ်ကြပါ။

မျက်မမြင် ပုဏ္ဏားတွေလို အမြင်မရှိပဲ ရမ်းမတုတ်ရအောင် စာဖတ်ကြပါ။

လေယူရာ ယိမ်းတဲ့ ကောက်ပင်လို သူများဆွယ်တိုင်းမပါရအောင် စာဖတ်ကြပါ။

စာဖတ်ပါ.. အတွေးတွေ လေးနက်လာလိမ့်မယ်။

စာဖတ်ပါ...စကားလုံးတွေ ကျစ်လစ်လာလိမ့်မယ်။

စာဖတ်ပါ..အရာရာကို တိုးတတ်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။

ဒါကြောင့်.....
"စာဖတ်ဖို့" အချိန်ပေးပါ။
စာဖတ်ပါ ဘယ်တော့မှ ဘက်မလိုက်တဲ့ အရာတစ်ခုရှိတယ်။
အဲ့ဒါကို "အချိန်" လို့ ခေါ်ပါတယ်။ ဘက်မလိုက်သလိုပဲ ဆုံးရှုံးသွားပြီးရင်လည်း ပြန်မရနိုင်ဘူး။
ဘယ်တော့မှ ရပ်တန့်မနေအောင်လူကို တွန်းအားပေးပြီး
တိုးတတ်ပြောင်းလဲစေတဲ့ အရာတစ်ခုရှိတယ်။
အဲ့ဒါကို "စာဖတ်ခြင်း" လို့ခေါ်ပါတယ်။
ရှင်သန်နေသမျှ မိတ်ဆွေနဲ့အနီးဆုံးမှာ ရှိပေးနိုင်တာ
ခွန်အားပေးနိုင်တာဆိုလို "စာအုပ်စာပေ" တွေပါပဲ။

မူရင်းစာရေးဆရာအားလေးစားလျက်
ဆရာရဲလင်းမောင်မှ ပြန်လည်မျှဝေပါတယ်။

"ကျွန်မက ကျွန်မပါပဲ"------------------ကျွန်မက ကျွန်မပဲမို့ ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမကြိုက်ဘူး။ကျွန်မရဲ့ ဘဝဟာ ကျွန်မအပိုင...
04/12/2023

"ကျွန်မက ကျွန်မပါပဲ"
------------------

ကျွန်မက ကျွန်မပဲမို့ ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမကြိုက်ဘူး။ကျွန်မရဲ့ ဘဝဟာ ကျွန်မအပိုင်မို့ ဘယ်သူမှ ဝင်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိဘူး။

ကိုယ့်အနာဂတ်ကိုယ်လျှောက်လှမ်းနေတဲ့အချိန်မှာ ကိုယ့်ကြောင့်ဘယ်သူ့နောက်ကျောမှာမှ ဓားဒဏ်ရာမရှိဘူး။

လိပ်ပြာလုံပြီး သိက္ခာကိုခြုံထားလို့ ကိုယ်ချင်းစာနာခြင်းမဲ့တဲ့ လုပ်ရပ်ကိုလည်းဘယ်တော့မှ မလုပ်ဘူး။

အသိဥာဏ်မမဲ့ သတိမှန်ကပ်နေလို့ မေတ္တာတရားလည်း ဘယ်တော့မှမပျက်ဘူး။

ရှင်သန်ခြင်းရဲ့ မနက်ဖြန်တိုင်းဟာ လိပ်ပြာလုံနေလို့ မိုးခါးရေကို ဘယ်တော့မှမသောက်ခဲ့ပါဘူး။

တစ်ပွင့်ထဲလည်း တောက်ပမယ်။
တစ်ပွင့်ထဲလည်း ရဲ့ရင့်တယ်။
တစ်ပွင့်ထဲလည်း ရှင်သန်မယ်။

လဲသွားတဲ့အခါ ပြန်ထမယ်
အားငယ်တဲ့အချိန်တိုင်း စာတွေဖတ်မယ်
ဝမ်းနည်ခဲ့ရင် ငိုပစ်လိုက်မယ် ပြီးရင်ပြန်ပြုံးနိူင်အောင် ကြိုးစားမယ်။

ဘဝက ခဏပဲ ဆိုတာသိတဲ့နောက်ပိုင်း ပျော်ရွှင်ဖို့ ကျန်းမာဖို့က ပိုအရေးကြီးလာတယ်။ဒါကြောင့်ပျော်အောင်နေတယ်
ကျန်းမာရေးဂရုစိုက်တယ်။
ချစ်ရတဲ့သူတွေကို ပျော်ရွှင်စေတယ်။
ကိုယ့်ကို မပျော်ရွှင်စေတဲ့ရပ်ဝန်းကိုရှောင်တယ်။

"ကျွန်မက ကျွန်မပါ "ဘယ်တော့မှ သူများဖြစ်မသွားတဲ့အတွက် ဘယ်သူနဲ့မှမနှိုင်းယှဉ်ပါနဲ့။

#မေဆု(ရာမညမြေ)


17/07/2023

ဖိနပ် 🩴
ဖိနပ်လေးကလှတယ်နော်
ဒါပေမဲ့ခေါင်းမှာပန်လို့ မရဘူး။

မာန်
ဘယ်လောက်ပဲ
ပညာတတ်တတ်မာန်ရှိနေရင်
ပညာရှိမဟုတ်ပြန်ဘူး။

နေရာ 🏞
ဆံပင်ကိုခေါင်းပေါ်မှာရှိရင်မြတ်နိုးစွာတန်ဖိုးထားကြတယ်။
ဒါပေမဲ့ ဆံပင်မွှေးထမင်းခွက်ထဲ
ရောက်တဲ့အခါ ရွံစရာဖြစ်သွားရော။
လောကမှာ
တန်ဖိုးရှိဖို့အတွက်နေရာမှန်ဖို့ကလဲအရေးကြီးပြန်တယ်။

နား 👂🏻
ကိုယ်ပြောတာထက်သူပြောတာကို
နားထောင်ပေးတာ
ပိုပြီးအကျိုးရှိတယ်။

ချစ်သူ ❤️
ဘယ်လောက်ဘဲချစ်ချစ်
နာကျင်မှုတွေပေးနေရင်လမ်းခွဲသင့်တယ်။

မိသားစု 👩‍👩‍👧‍👦
ဘယ်လောက်သဘောထားတွေကွဲလွဲနေပါစေ
သွေးတော့မကွဲသင့်ဘူး။

ချစ်တဲ့
ဖူး

22/05/2023

" သူတို့မသိတဲ့ ဆရာ/ဆရာမတို့အကြောင်း "
=======================

အတန်းဝင်တိုင်း မျက်နှာလေးတွေ
လိုက်ကြည့်ပြီး လူစုံမှ ရင်အေးတတ်တဲ့
ဆရာ/ဆရာမတို့အကြောင်း သူတို့ မသိဘူး...

မျက်နှာမကောင်း၊နေမကောင်းရင်
ဘာဖြစ်လို့လဲလို့ အမြဲတွေးပြီး စိတ်ပူနေတတ်တဲ့
ဆရာ/ဆရာမတို့အကြောင်း သူတို့ မသိဘူး...

သူတို့ကို ဘယ်လိုသင်ရင်
သူတို့စာကြည့်ရတာ ပိုလွယ်မလဲလို့
အမြဲတွေးနေတတ်တဲ့ ဆရာ/ဆရာမတို့အကြောင်း
သူတို့ မသိဘူး...

စာသင်ခန်းထဲမှာ စာတစ်ခုတည်းတင် မဟုတ်ဘဲ
ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းအတွက်
လိုအပ်တဲ့အရာတွေပါ သင်ပေးပြီး
အမြဲဆုံးမချင်တတ်တဲ့ ဆရာ/ဆရာမတို့အကြောင်း
သူတို့ မသိဘူး...

သူတို့ ' နောင်တ' ဆိုတဲ့ စကားလုံးနဲ့ တွေ့ရမှာစိုးလို့
ပြင်းပြင်းပြင်းထန်ထန်ပြောဆိုဆုံးမပြီးတိုင်း
ငါပြောတာလွန်သွားလားဆိုတဲ့
စိတ်နဲ့ စိတ်မကောင်းဖြစ်တတ်တဲ့
ဆရာ/ဆရာမတို့အကြောင်း သူတို့ မသိဘူး...

မင်းသား မင်းသမီး သရုပ်ဆောင်တာကိုသာ
သူတို့မြင်တယ် စာသင်ခန်းထဲမှာ ပျော်အောင်၊
အတန်းတက်ချင်အောင် စိတ်ညစ်စရာရှိရင်တောင်
သူတို့မွတ္ထားတဲ့ ဆရာ/ဆရာမတို့ရဲ့ တက်ကြွတဲ့ပုံစံပျက်စီးသွားမှာစိုးလို့
မျိုးစုံသရုပ်ဆောင်ပြီး စာသင်နေတဲ့
ဆရာ/ဆရာမတို့အကြောင်း သူတို့မသိဘူး...

သူတို့စာဖြေထားတာတွေ စစ်ရတိုင်း
အားမလိုအားမရဖြစ်ပြီး ရင်နာနေရတတ်တဲ့
ဆရာ/ဆရာမတို့အကြောင်း သူတို့မသိဘူး...

ဆရာ/ဆရာမတို့က သူတို့ကို
အရမ်းချစ်တယ်ဆိုတာတော့ သိမယ်လို့
မျှော်လင့်ရင်း..........

; Original Uploader

17/05/2023

👩‍🏫စာသင်ကြားခြင်းအနုပညာ

အခုတလောတွေ့နေရတဲ့ အကြောင်းအရာလေး
တွေ အများစုက စာသင်တယ်ဆိုတာကို
အလွယ်လေးထင်ပြီး အထင်သေးကြတဲ့ ပုံစံ
လေးတွေနဲ့ သာမန်ဝန်ထမ်းတစ်ယောက်ကို
အလုပ်ခေါ်သလိုဆရာ/မကို သတ်မှတ်လာကြ
တယ်ဆိုတာပါပဲ။

တကယ်တော့ ဆရာ/မဆိုတာ ဆရာဝန်၊
အင်ဂျင်နီယာတွေလို Professional တစ်
ယောက်ပါပဲ။ဆရာဝန်တစ်ယောက်က စာဖတ်
ပြီး ဆေးကုလို့မရသလို ဆရာ/မဆိုတာလည်း
ကိုယ်ဖတ်ထားတဲ့စာကို အခြားသူနားလည်
အောင် ဘယ်လိုရှင်းပြမလဲ၊ လက်တွေ့အသုံး
ဝင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဥ်းစား
ရှာဖွေပြီး သင်ကြားပေးရသူပါ။ အလုပ်မရှိ
စာသင်ကြည့်လို့ ဆိုတဲ့အမြင်တွေက တကယ်
တမ်းတော့ သင်ကြားရေးကိုဂဃဏနမသိသူ
တွေ ပြောတတ်ကြတဲ့ စကားမျိုးပါ။

တစ်ချို့ဆိုရင် မူကြိုဆရာမလေးတွေကို
အင်မတန် နှိမ့်ချဆက်ဆံတတ်ကြတယ်။
အဂ်လိပ်စာညံ့လို့ မူကြိုမှာ သင်ရတယ်၊ ဘွဲ့တွေအများကြီးမရှိလို့ မူကြိုပိုင်းကို ရွေးချယ်ကြ
တယ်ဆိုပြီးပြောကြတာရှိသလို A-Z သင်ကြား
တာလောက်ကတော့ ဘယ်သူမဆို သင်တတ်
တာပဲကို ဆိုပြီးအလွယ်တွေး၊ အလွယ်ပြော
တတ်ကြပါတယ်။တကယ်တော့ နိုင်ငံတကာမှာ Early Childhood ပိုင်းကို သင်ကြားပေးတဲ့
ဆရာမတွေကို လစာအမြင့်ဆုံးပေးထားသလို အများစုကလည်းသူတို့ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲလေးစားကြပါတယ်။

ကျွန်မ မိတ်ဆွေ ရုရှားသူ မူကြိုဆရာမလေး
တစ်ယောက်ဆိုရင် ဘွဲ့တွေလည်းအများကြီး
ရထားသလို English Proficiencyလည်း
အတော်လေးကောင်းပါတယ်။ ဘာလို့မူကြို
ပိုင်းမှာပဲ ဆက်လုပ်နေသလဲဆိုတော့ ငယ်ရွယ်
တဲ့ ကလေးတွေနဲ့ နေရာတာကို သဘောကျလို့၊
မတူညီတဲ့ ကလေးတွေရဲ့ သဘောသဘာဝကို
လေ့လာပြီး သူတို့လေးတွေအတွက် တစ်နေ့
တစ်မျိုးမတူညီတဲ့ ပုံစံလေးတွေနဲ့ သင်ပေးချင်
လို့ဆိုပြီး ဖြေသွားတယ်။ ဘယ်လောက်တောင်
ချစ်ဖို့ကောင်းလိုက်သလဲနော်။

Letter A သင်မယ်ဆိုရင်လည်း ပုံမှန် down-
down-right ဆိုပြီး တိုက်ရိုက်ရေးနည်းသင်တာ
ကို လူတိုင်းသင်တတ်ကြပေမယ့် Letter A ကို
သင်ရင်း ကိုယ်ခန္ဓာသန်စွမ်းမှုဖြစ်လာအောင်
A ဆိုတာလေးတွေကို ကြမ်းပြင်မှာကပ်ပြီး
ကလေးတွေကို ခုန်ခိုင်းရင်း ဆိုခိုင်းမှာလား၊
လက်ချောင်းလေးတွေ သန်မာလာအောင်
ပဲစေ့လေးတွေ ပေးထားပြီး Letter A ပုံစံပြန်
လုပ်ခိုင်းမှာလား၊ လေထဲမှာ A ဘယ်လိုရေးမလဲ
ဆိုတာ အတူတူလုပ်ကြည့်ကြမှာလား၊ A နဲ့စတဲ့
အသီးလေးတွေကို အရောင်ခြယ်မလား၊
Science သဘောတရားအရ Red Apple and Green Apple ဘာတွကွာလဲဆိုတာ လက်တွေ့
စားကြည့်ခိုင်းတာမျိုး၊ Phonics တွေ အတူတူ
ဆိုရင်း သင်ယူကြမှာလား၊ Knowledge အတွက်
ဆိုရင်လည်း A နဲ့စတဲ့ ကျော်ကြားတဲ့ သူတွေအကြောင်း (eg - Albert Einstein ) အကြောင်း
တွေ ပြောပြရင်း ဗဟုသုတတိုးစေမှာလားဆိုတဲ့ သင်နည်းတွေအများကြီးရှိပါတယ်။

အဲလိုတွေ သေချာသင်တယ်ဆိုရင် ကျွန်မတို့
ကိုယ်တိုင်တောင် ခရေစေ့တွင်းကျမသိသေးတဲ့ အကြောင်းအရာတွေ အများကြီးပါပဲ။ ကျွန်မက
မူကြိုပိုင်းကို အလုပ်မဝင်ဖူးပေမယ့် မူကြိုဆရာမ
တွေနဲ့တော့မစိမ်းတာမို့ သူတို့သင်ကြားတာလေး
တွေကြည့်တဲ့အခါမှာ တစ်ခါတလေ ကိုယ်မသိ
တဲ့အရာတွေပါ လိုက်မှတ်ရတာမျိုးတွေ အများ
ကြီးပါပဲ။ သူတို့ကိုယ်တိုင်လည်း စာတွေအများ
ကြီးဖတ်ပြီး activities ပြင်ရတာ၊ဗဟုသုတမျှဝေ
ရတာတွေလုပ်ရတာမို့ တကယ်ကို လေးစားထိုက်
တဲ့သူတွေပါ။ အပေါ် ယံကြည့်ရင်တော့ သီချင်း
ဆိုလိုက် Games ဆော့လိုက်များ သင်ရတာ
မခက်ပါဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်းတော့ မလွယ်ပါဘူး။

ဒါသင်ကြားရေးအပိုင်းကိုပဲ ပြောပြသေးတာပါ။ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ စာရိတ္တပိုင်း
ဖွံ့ဖြိုးမှုတွေအပြင် တစ်ကိုယ်ရည်သန့်ရှင်းရေး
ကိစ္စတွေအပြင် အခြားအခြားသော တာဝန်ယူ
ရတဲ့ကိစ္စတွေလည်း အများကြီးပါပဲ။ ဒါကြောင့်
ကလေးထိန်းနဲ့ မူကြိုဆရာမဆိုတာ လုံးဝမတူ
ဘူးဆိုတာကို အဓိကသိစေချင်တာပါ။

မူကြိုလောကအပြင် ESL ဆရာ/မ တွေဆိုရင်
လည်း English ရတိုင်း စာသင်ကောင်းဖို့ မလွယ်
ဘူး။ ကိုယ့်ရဲ့ Language Proficiency က
အတော်လေးကောင်းလို့ ဆရာကပဲ တစ်ချိန်လုံး Englishလို ပြောပြီးစာတွေကို အသေးစိတ်ရှင်း
ပြပေးနေမယ်ဆိုရင် TTT (Teacher Talking
Time) တွေများပြီး STT (Student Talking
Time) ကို လျော့သွားစေတာမို့ အကျိုးမရှိနိုင်
ပါဘူး။

အတန်းထဲမှာ ဘာသာစကားလေ့ကျင့်ဖို့ အဓိက
လိုအပ်သူဟာ ကျောင်းသားတွေဖြစ်တာကြောင့်
သူတို့ဘာသာပြောနိုင်အောင် နဲ့ ဆရာကိုအမြဲ
အားမကိုးနေစေအောင် အခြေအနေတွေ ဘယ်
လိုဖန်တီးပေးမလဲ၊ သိပြီးသားအရာတွေကိုကော
ဘယ်လိုအသုံးချခွင့်ပေးမလဲ၊ တစ်နေ့နဲ့တစ်နေ့
တူညီတဲ့ သင်ကြားရေးနည်းစနစ်ပဲ သုံးနေမှာ
လား။

ကိုယ်က English ကောင်းလို့ ကိုယ်ပြောတာကို ကျောင်းသားစိတ်ဝင်တစားနား​ထောင်တယ်
ဆိုတာ ခဏပါပဲ။ ကိုယ့်ကို အမြဲစိတ်ဝင်တစား
ဖြစ်စေချင်ရင်တော့ English ကောင်းရုံသာမက
ဘဲ Pedagogy ကိုပါ နားလည်ဖို့လိုပါတယ်။
ဘယ်နေရာဘယ်လိုလေးလုပ်လိုက်မလဲဆိုတာ ဆရာတစ်ယောက်ရဲ့ စာဖတ်အားနဲ့​အတွေ့
အကြုံတွေပေါ် အများကြီးမူတည်ပါတယ်။
ဒါ့ကြောင့် စာသင်တယ်ဆိုတာ မလွယ်ပါ။

အရင်ခေတ်တုန်းကလို ကြိမ်လုံးကိုကိုင် ဆရာ
ဆိုတဲ့ အာဏာအပြည့်ယူပြီး ကိုယ်သင်ချင်တာ
ကို သင်မယ်ဆိုရင်တော့ တစ်ခဏတာ ရ
ကောင်းရပါလိမ့်မယ်။ ဒါပေမယ့် အခုခေတ်ကျောင်းသားအများစုကတော့ ဒီလိုအာဏာ
ရှင်ဆန်တဲ့သင်ကြားနည်းကို လက်ခံတော့မယ့် မျိုးဆက်မျိုးမဟုတ်ကြတော့ဘူးဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ ဒါ့ကြောင့် ဒီဘက်ခေတ်
မှာဆိုရင်ဆရာအများစုဟာ ဆရာဆိုတဲ့ ပုံစံမျိုးထက်အကြံပေးသူ၊ ပံ့ပိုးကူညီသူဆိုတဲ့ ပုံစံမျိုးနဲ့
ဖေးမပေးလာကြတာများပါတယ်။ ဒါ့ကြောင့်
စာဖတ်ပြီး စာပြန်သင်တဲ့ခေတ်ဟာ တဖြည်း
ဖြည်းပျောက်ကွယ်ပြီး ဆရာမှန်ရင် ဖော်ပြပါ
အရည်အသွေး ၅ ရပ်နဲ့ ပြည့်စုံဖို့ လိုတယ်လို့
သုတေသီတွေကလည်း ပြောလာကြပါပြီ။

ဒါ့ကြောင့် သင်ကြားရေးဆိုတာ အင်မတန် အနုပညာဆန်ပြီး နူးညံ့သိမ်မွေ့လွန်းလှပါတယ်။

ဆရာဆိုတာ Professional တစ်ယောက်ပါ။

Professional Teacher ဆိုတာ သင်ကြားရေး
ကို အလုပ်တစ်ခုအနေနဲ့ လုပ်တယ်ဆိုတာထက်
အဲဒီအလုပ်ပေါ် မှာ ကျွမ်းကျင်မှု၊ စိတ်စေတနာ၊
မေတ္တာတွေအပြင် ပြောင်းလဲလာတဲ့ အသစ်
အသစ်တွေကိုပါ စဥ်ဆက်မပြတ်လုပ်နေရသူ
တွေပါ။ ဒါ့ကြောင့် သင်ကြားရေးနယ်ပယ်က
မဟုတ်တဲ့ ပြင်ပကသူတွေအနေနဲ့လည်း စာသင်
တယ်ဆိုတာကို ခပ်ပေါ့ပေါ့လေးမတွေးစေချင်
သလို ဆရာ/မ တွေကလည်း ကိုယ့် Profession
ကို တန်ဖိုးထားပြီး စဥ်ဆက်မပြတ်လေ့လာနေဖို့
တိုက်တွန်းပါရစေ။

Teaching is a profession, not just a job.

Teaching is a beautiful art.

Teaching through the heart is the most effective.

13/05/2023

စာသင်တာ အရင်းအနှီးမလိုဘူးထင်သူများသို့

စာသင်ရတာ အရင်းအနှီးမလိုဘူးလို့ တချို့က ထင်ကောင်းထင်မယ်။ စာသင်နေတဲ့အခါ စာအုပ်တစ်အုပ်လောက်ကိုင်၊ ဒါမှမဟုတ် စာအုပ်တောင် မကိုင်ဘဲ လေကလေးနဲ့ ပြောနေတာကို အများတွေ့ဖူးကြတာကိုး။ ဒါပေမဲ့ စာသင်တာကို professional ကျကျလုပ်သူတိုင်းမှာ အရင်းအနှီးတွေ အများကြီး လိုအပ်ပါတယ်။

အရင်းအနှီးတွေထဲမှာ အရေးအကြီးဆုံး အရင်းအနှီးက ပညာအရင်းအနှီးပါ။ စာသင်တယ်ဆိုတာ ကိုယ်တတ်သမျှ တဆင့်ပြန်သင်ပေးရတာပဲ။ ကိုယ်က မတတ်တတတ်ဆို တပည့်တွေကို ဘယ်လိုများ ပြန်သင်ပါ့မလဲ။ ဒီတော့ ပညာတွေ စဉ်ဆက်မပြတ် ဆည်းပူးရပါတယ်။ ပညာအရင်းအနှီးအပြင် လိုအပ်တဲ့ တခြားအရင်းအနှီးတွေ ရှိသေးတယ်။

(၁) ငွေကြေးအရင်းအနှီး
Professional ဆရာတစ်ယောက် ငွေကြေးအရင်းအနှီးမရှိဘူးလို့ ထင်တဲ့ အထင်က တက်တက်စင်အောင် လွဲပါတယ်။ စာအုပ်တွေ ဝယ်ရပါတယ်။ မေးခွန်းအယူအဆ တစ်ချက်ကလေးသိရဖို့တင် စာအုပ်လေးငါးအုပ်လောက် ဝယ်ဖတ်ကြည့်ရတာ ရှိတယ်။ စာအုပ်တွေ အစအဆုံး ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မယ် ဒါပေမဲ့ လိုတာလေးတွေ ညှိနှိုင်းဖို့ ဝယ်ရတယ်။ ဖတ်ကြည့်ရတယ်။ ကိုယ်တတ်ဖို့ပါ လုပ်ရတော့ ပညာဖြည့်ဆည်းရတာ စာအုပ်စာတမ်း၊ အခွေ၊ software စတာတွေ ဝယ်ရပါတယ်။ ကျွန်တော်ဆို စာသင်တာနဲ့မဆိုင်တဲ့ စာအုပ်တွေမပါ စာသင်ဖို့ စာအုပ်သက်သက်နဲ့တင် တစ်လကို ငါသောင်းလောက် ကုန်ကျပါတယ်။ တချို့ဆရာတွေ စာသင်ဖို့ ဝယ်ရတာ တစ်လကို သိန်းချီကုန်တာ မြင်ရပါတယ်။ ဒီလို စုဆောင်းလေ့လာထားတဲ့အခါ နယ်ပယ်အစုံကို ထိတွေ့သင်ကြားနိုင်ပါတယ်။ တစ်နည်းပြောရရင် ဘယ်စာမဆို သင်နိုင်၊ အသက်မွေးဝမ်းကျောင်းနိုင်ပါတယ်။

စာအုပ်ဖိုး တစ်ခုတည်းနဲ့တင် ပြီးသလားဆိုတော့ မပြီးသေးဘူး။ အင်တာနက်ဖိုးရှိသေးတယ်။ လိုအပ်တဲ့ video fileတွေ၊ အသံဖိုင်တွေ၊ software တွေ၊ ပုံတွေ ရှာဖွေ download လုပ်တာ အင်တာနက်ဖိုး ဘယ်လောက် ကုန်လိုက်မလဲ တွေးကြည့်ပေါ့။

တချို့ သင်တန်းတွေ online/offline တက်ရပါတယ်။ အခမဲ့သင်တန်းဆို စရိတ်ကုန်ပါတယ်။ အခပေးသင်တန်းဆို သင်တန်းကြေးကုန်ပါတယ်။ နည်းစနစ်သိရဖို့ ပိုထိရောက်ဖို့ အရင်းအနှီးပြုရပါတယ်။

(၂) အချိန်အရင်းအနှီး
စာကို သာမန်ဝတ်ကျေတန်းကျေသင်သူမဟုတ်ဘဲ professional သင်တဲ့သူမှန်သမျှ ကြည့်လိုက်ပါ။ မေးမြန်းကြည့်ပါ။ လေ့လာဆည်းပူး၊ တွေးတောကြံဆ၊ တိုင်ပင်နှီးနှောတာတွေ မရှိတဲ့သူ လုံးဝမရှိပါဘူး။ ကျွန်တော့် account ထဲမှာ စာသင်ကောင်းသူတွေ အများကြီးရှိပါတယ်။ တစ်ယောက်မှ အေးအေးလေးနေပြီး စာသင်ချိန်မှ ထသင်သူမရှိပါဘူး။ ကြိုးစားကြံဆနေပုံများ အားရစရာကောင်းလွန်းလို့ အဲဒီလိုမကြိုးစားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိတဲ့အထိပါပဲ။

(၃) အားထုတ်မှုအရင်းအနှီး
professional ဆရာတစ်ယောက်က အားစိုက်ထုတ်ရတာတွေ အင်မတန်များပါတယ်။ လေ့လာဖို့ အားစိုက်ရတယ်။ သင်တဲ့အခါ အားစိုက်ရတယ်။ ကိုယ့်အလုပ်ကို လေးစားဖို့ အားစိုက်ရတယ်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ စိတ်ညစ်ပါစေ အားစိုက်ထုတ်ပြီး သင်ရပါတယ်။

တချို့က ပြောပါလိမ့်မယ်။ မင့်ဟာက လွန်ပါတယ်။ ငါတို့မြင်နေတဲ့ ဆရာ/မတွေများ သာသာယာယာပါပဲ။ ဘာမှ အရင်းအနှီးမရှိပါဘူးဆိုပြီး။ အဲဒါမှားပါတယ်။ ကိုယ်မသိ၊ မမြင်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သူတို့က professional ဆရာ/မ မဟုတ်လို့ ဖြစ်ပါလိမ့်မယ်။ ဘာသာရပ်တစ်ခုမှာ နာမည်ရနေတဲ့ ဆရာ/မ ဘယ်သူမဆို ပညာအရင်းအနှီး၊ ငွေအရင်းအနှီး၊ အချိန်အရင်းအနှီး၊ အားစိုက်မှုအရင်းအနှီး စိုက်ထုတ်ရပါတယ်။

စာသင်တာက အတတ်ပညာတစ်ခုဖြစ်ပါတယ်။ အနုပညာတစ်ခုဖြစ်ပါတယ်။ လွယ်လွယ်လေး မရဘူး။ လွယ်လွယ်ကလေး သင်ရတာမဟုတ်ဘူးဆိုတာ ရှင်းလင်းစေချင်ပါတယ်။

မူရင်းပို့်စ်ပိုင်ရှင်ကို လေးစားစွာဖြင့်
credit

11/05/2023

ဆရာစိတ္ဆိုတာ ...

တပည့္အေပၚ
ဆူလိုက်ပြီးပေမယ့် ပြန်တွေးပြီး
စိတ်မကောင်းဖြစ်နေတတ်သူပါ

ရိုက်လိုက်ပြီးပေမယ့် ပြန်တွေးပြီး
သနားနေတတ်သူပါ

ကိုယ်ပြောလိုက်လို့ ငိုသွားတဲ့တပည့်ကို
ပြန်ချော့ အားပေးချင်နေတတ်သူပါ

မျက်နှာတင်းနေပေမယ့်
ရင်ထဲမှာ ပြုံးနေတတ်သူပါ

ကိုယ်ပြောလို့ တပည့်လေး
ပြောင်းလဲသွားရင်
လိုက်ကြွားနေတတ်သူပါ

တပည့်လေး ကြိုးစားနေရင်
ကြိတ်ပြုံးပြီး ပီတိဖြစ်နေတတ်သူပါ

တပည့်လေး စိတ်ဆိုးသွားရင်တောင်
အပြစ်မတင်ရက်
ငါမှားသွားတယ်လို့ ဖြေမရ ဖြစ်တတ်သူပါ

တပည့်က ရိုင်းပျသွားရင်တောင်မှ
အညှိုးမထားတတ်သူပါ

တပည့်က ကံသုံးပါးပြစ်မှားခဲ့မိရင်တောင်
မတောင်းပန်ခင်က ခွင့်လွှတ်တတ်သူပါ

တပည့်တွေကို စာသင်တဲ့အခါ မတတ်တတ်အောင် ကိုယ်စွမ်းရှိသမျှ ကိုယ်တတ်သမျှ ကြိုးစားရှင်းပြ သင်ပြပေးသူပါ

လောကမှာ သွေးသားမတော်စပ်ဘဲ
ကလေးလေးတွေကို
ခွင့်လွှတ်တတ်သူ
စိတ်ပူတတ်သူ
စောင့်ရှောက်တတ်သူ
ကာကွယ်ပေးသူ
ကူညီတတ်သူ
အားပေးတတ်သူ
အသိပညာ ဗဟုသုတ အတတ်ပညာပေးသူ
ဘယ်သူလဲလိုမေးရင်
ဆရာစိတ်ရှိသော ဆရာစစ် ဆရာမြတ်များသာလျှင်ပါ

ဆရာ ဆရာမအားလုံးကို
ဂုဏ်ပြု လေးစားလျက်

)

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09250151678

Website

Alerts

Be the first to know and let us send you an email when Tr Hsu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tr Hsu:

Shortcuts

Share

Category