23/05/2025
ကိုယ်တိုင်English စာ self study ကို appတွေသုံးပြီး လေ့လာချင်ပေမဲ့ ဘယ် app တွေကောင်းလဲဆိုတာ မသိတဲ့သူတွေအတွက်🙅♀️
အခမဲ့ အသုံးပြုလိုရတဲ့ app လေးတွေကို ✅
BEH education က sharing လေး လုပ်ပေးချင်ပါတယ်✨
အင်္ဂလိပ်ဘာသာရပ် ကို ကိုယ်တိုင် လေ့လာချင်သူတွေအတွက် အခမဲ့ အသုံးပြုလိုရတဲ့ App များ:
BEH Education က ဒီနေ့မှာတော့ ကိုယ်တိုင်အင်္ဂလိပ်စကား လေ့လာချင်တဲ့သူတွေအတွက် အခမဲ့သင်ယူ လေ့လာရတာ အရမ်းကိုအသုံးဝင်တဲ့ App ၉ ခုကို မိတ်ဆက်ပေးချင်ပါတယ်🤗
အခုမှစလေ့လာမဲ့ သူတွေအများစုအတွက် အထူးသင့်တော်ပြီး တခြားlevel တွေအတွက်လည်း လေ့ကျင့်လို့ရတယ်နော်😻
---
1. Duolingo
မေး*ဘယ်သူ တွေအတွက် သင့်တော်လဲ?
ဖြေ။ အထူးအနေနဲ့ စစချင်းလေ့လာတဲ့သူတွေကနေ intermediate levelအထိ လေ့လာမဲ့သူတွေအတွက်သင့်တော်ပါတယ်🙏
မေး* Duolingo က ဘယ်လိုအထောက်အကူပြုပီးသင်ပေးတာလဲ?
ဖြေ။ ပုံတွေ audio တွေနဲ့ အခန်း တစ်ခန်းချင်းစီ စနစ်တကျ သင်ခန်းစာတွေကို သင်ပေးတာမို မရမှာစိတ်ပူစရာမလိုပါဘူးနော်🫶
2. LingQ
မေး* ဘယ်သူ တွေအတွက် သင့်တော်လဲ?
ဖြေ။ beginners က နေ advanced အဆင့်ထိသင်ကြားလိုသူတွေ အတွက် သင့်တော်ပါတယ်✅
မေး*ဘယ်လိုသင်ပေးတာလဲ?
ဖြေ။ English စာတွေဖတ်တာနဲ့ audio အသံနားထောင်ပြီး လေ့လာနိုင်တာ တွေအတွက် အသုံးပြုနိုင်တဲ့အပြင် vocabulary တွေလဲတစ်ခုပြီးတစ်ခု သင်ယူနိုင်ပါတယ်။
နေ့စဉ် အသုံးပြမှုကိုကန့်သတ်ထားပေမဲ့ အခမဲ့ အသုံးပြုလို့ရပါတယ်နော်🫶
---
3. BBC Learning English
မေး *ဘယ်သူ တွေအတွက် သင့်တော်လဲ?
ဖြေ။ စလေ့လာတဲ့သူကနေ level အဆင့်ဆင့် လေ့လာချင်သူများအတွက် သင့်တော်ပါတယ်❤️
မေး *ဘယ်လိုသင်ပေးတာလဲ?
ဖြေ။ Video တွေ vocabulary တွေနဲ့ ဗျည်းသဒ္ဒါနဲ့ အသံထွက်ကို တကယ်လေ့လာနိုင်တဲ့အပြင် တကယ့်သင်တန်းဆရာတွေကသင်ပြတာမို့ ယုံကြည်စိတ်ချရတယ် 💯
အပြည့်အဝ အခမဲ့ သုံးနိုင်ပါတယ်နော် 👍
---
4. Hello English
မေး *ဘယ်သူအတွက် သင့်တော်လဲ?
ဖြေ။Beginner တွေနဲ့ Intermediate တန်းအဆင့်ရောက်သူတွေအတွက် သင့်တော်ပါတယ်။
မေး*ဘယ်လိုသင်ပေးတာလဲ?
ဖြေ။ English သင်ခန်းစာတွေဖတ်နိုင်သလို၊ စကားပြောလေ့ကျင့်ခန်းတွေလည်း ပါတာမို့ speaking အတွက်အဆင်ပြေတယ်နော်✅
အခမဲ့နဲ့ သုံးလို့ရပေမယ့် အချို့အပိုင်း တွေကတော့ ပိုက်ဆံပေးသုံးရတတ်ပါတယ်။
---
5. FunEasyLearn
မေး*ဘယ်သူအတွက် သင့်တော်လဲ?
ဖြေ။အခြေခံ (Beginner) မှ အလယ်အဆင့် (Intermediate) တန်းအထိ သင်ယူချင်တဲ့သူတွေအတွက်သင့်တော်ပါတယ်🫶
မေး* ဘယ်လိုသင်ပေးတာလဲ?
ဖြေ။ ပုံတွေနဲ့အတူ vocabulary တွေ၊ ဝါကျတွေကို အလွယ်တကူ သင်ယူနိုင်ပါတယ်။
Offline သုံးလို့ရပြီး အခမဲ့ဖြစ်တာ ကြောင့်တကယ် သုံးရအဆင်ပြေတယ်✅
---
6. Memrise
မေး *ဘယ်သူ တွေအတွက် သင့်တော်လဲ?
ဖြေ။Beginner ကနေ Advanced တန်းအထိ အားလုံးအတွက်အသုံးဝင်ပါတယ်🗣
မေး* ဘယ်လိုသင်ပေးတာလဲ?
ဖြေ။ ပုံတွေ video တွေနဲ့ English စာအတွေ့ အကြုံ ရှိသူတွေပြောတဲ့ စကားလုံးအသုံးအနှုန်းတွေကို သင်ကြားပေးပါတယ်နော်👁
အခမဲ့အသုံးပြုလို့ရတဲ့ ဗားရှင်းရှိပါတယ်🫵🗣
---
7. Busuu
မေး *ဘယ်သူအတွက် သင့်တော်လဲ?
ဖြေ။Beginner တွေနဲ့ Intermediate တွေအတွက် အထူးသင့်တော်ပါတယ်❣
မေး *ဘယ်လိုသင်ပေးတာလဲ?
စိတ်ဝင်စားဖို့ ကောင်းတဲ့သင်ခန်းစာတွေနဲ့ စကားပြောလေ့ကျင့်နိုင်ပါတယ်နော်✅
အခမဲ့အသုံးပြုလို့ရပေမယ့် အချို့ feature တွေက ကန့်သတ်ချက်ရှိပါတယ်‼️
---
8. Cake
မေး* ဘယ်သူအတွက် သင့်တော်လဲ?
ဖြေ။Beginner ကနေ Advanced အထိ အားလုံးအတွက်အသုံးဝင်ပါတယ်💛
မေး* ဘယ်လိုသင်ပေးတာလဲ?
YouTube, ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေက Video Clip တွေကို အသုံးပြုပြီး တကယ့် native speaker တွေသုံးတဲ့ စကားလုံးနဲ့ ဝါကျတွေကို သင်ကြားပေးပါတယ်📌
သုံးရတာ အခမဲ့ဖြစ်လို့အဆင်ပြေ တယ်နော်🔗
---
9. Speak English Conversation – Listen and Talk
မေး *ဘယ်သူအတွက် သင့်တော်လဲ?
ဖြေ။စစလေ့လာသူ Beginner တွေနဲ့ Intermediate တွေအတွက် သင့်တော်ပါတယ်။
မေး *ဘယ်လိုသင်ပေးတာလဲ?
ဖြေ။အင်္ဂလိပ်စကားပြောနားထောင်ပြီး၊ ကိုယ်တိုင် ပြန်ပြောပြီး လေ့ကျင့်နိုင်တာမို့ English စကားပြောပိုင်း အတွက် အရမ်းကောင်းပါတယ်🎞
---
BEH Education မှာ မကြာခဏ အင်္ဂလိပ်သင်ခန်းစာလေးတွေ၊ အသုံးဝင်တဲ့ idea တွေ၊ အခမဲ့ Zoom သင်တန်းများကိုလည်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
လိုအပ်သူတွေအတွက်လည်း Share လုပ်ပေး ခဲ့ဖို့ မမေ့ပါနဲ့နော်❤️
BEH Education Page ကို Like & Follow လုပ်ထားဖို့လည်း မေ့မနေပါနဲ့👍🎞
– BEH Education
---