SuSu Diary

SuSu Diary

Share

Welcome to SuSu Diary Welcome to "SuSu Diary". This page is sharing knowledge, cooking and other activities. Thankyou ☺️🎊.

The complete of the video can be watched from my YouTube Channel "SuSu Diary".

05/04/2025

𝑴𝒚 𝒇𝒂𝒗𝒐𝒓𝒊𝒕𝒆 𝑪𝑫 💿
💿 ကိုယ်အကြိုက်ဆုံး 𝑪𝑫ခွေ‌လေး တချပ်ရှိခဲ့ဖူးတယ်... 📀
အဲ့ 𝑪𝑫 ခွေထဲက ရုပ်ရှင်ကို ကိုယ်ကြည့်ရတာ သိပ်ကြိုက်တယ်...
ဇာတ်သိမ်းမ‌ကောင်းပေမယ့် ကိုယ်က အမြဲ ပြန်ပြန်ထုတ်ကြည့်နေတုန်း...

💿 ဇာတ်သိမ်းထက် အရှေ့က ကြည်နူးစရာဇာတ်ဝင်ခန်းတွေကို ကိုယ်က ပိုခုံမင်မိတာကိုး... 🎞️
ဒါပေမဲ့ ဇာတ်သိမ်းခန်းရောက်လာတိုင်း ကိုယ်အမြဲဝမ်းနည်းမိတာတော့ အမှန်ပဲ...

💿 အချိန်တွေ ကြာလာတာနဲ့အမျှ 𝑪𝑫 ခွေလေးဟာ ထစ်လာပြီး တချို့ဇာတ်ဝင်ခန်းတွေ ကြည့်မရတော့ဘူး...🎬💔
ကိုယ်လက်မလျော့ပါဘူး...

💿 မင်းက ကိုယ့်ရဲ့ 𝑭𝒂𝒗𝒐𝒓𝒊𝒕𝒆 𝑪𝑫 ချပ်လေးတချပ်‌ဆိုတော့ ကိုယ်မင်းကို သေချာအဝတ်လေးနဲ့ သုတ်ပေးပြီး ပြန်ကြည့်ရင်တော့ တချို့တချို့ဇာတ်ဝင်ခန်းတွေတော့ ကြည့်ရဦးမှာပါ...☺️

💿 ခက်တာက မင်းက ကိုယ်သိပ်ကြိုက်ခဲ့တဲ့ ကြည်နူးစရာဇာတ်ဝင်ခန်းတွေ ကြည့်မရတော့ပဲ ဇာတ်သိမ်းခန်းပဲ ကိုယ်ထပ်ခါထပ်ခါကြည့်နေရတာ မင်းသိပ်ရက်စက်တယ် မထင်ဘူးလား...🎞️

💿 ကိုယ်လည်း မင်းကို အရင်လိုများ အကောင်းတိုင်းဖြစ်မလားဆိုပြီး မျှော်လင့်ပြီး နေရတာ အရမ်းပင်ပန်းနေပါပြီ...
မင်းလည်း အချိန်တခုကြာခဲ့ပြီဆိုတော့ အစင်းကြောင်းတွေထင်တာ ကိုယ်နားလည်ပါတယ်...

💿 အခုတော့ 𝑪𝑫 ‌ခွေလေးကို ကိုယ်အနှစ်သက်ဆုံး 𝑪𝑫 ချပ်လေးတခုအနေနဲ့ အခန်းထဲ လုံခြုံတဲ့ တနေရာမှာ သိမ်းထားလိုက်ပါတော့မယ်...
ကိုယ်ပြန်ကြည့်ချင်လာခဲ့ရင်လည်း မင်းပြခဲ့ဖူးတဲ့ ဇာတ်ဝင်ခန်း‌တချို့ကို အတွေးထဲ ပြန်ပုံဖော်ရင်းနဲ့ပဲ နေလိုက်တော့မှာပါ...🔐

💿 ကိုယ်ဇာတ်သိမ်းတော့ မကြိုက်လို့ ပြန်တွေးဖြစ်မယ်မထင်ပါ...

26/03/2025

🅻🅾🅽🅴🅻🅸🅽🅴🆂🆂

ညတွေမှာ အထီးကျန်သလို ခံစားရတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်

🔷 တိတ်ဆိတ်ခြင်း

တနေ့လုံး မနက်မှ ညအထိ အလုပ်များ လုပ်ပြီးပါက၊ ညဘက်မှာ တိတ်ဆိတ်ပြီး တစ်ယောက်တည်းဖြစ်တဲ့အခါ ကိုယ့်စိတ်ထဲက သံသယတွေ၊ အတွေးတွေ ပိုထွက်‌ပေါ်လာနိုင်ပါတယ်။ 🌚😵‍💫

🔷 လူမှုရေးချိတ်ဆက်မှု နည်းခြင်း

နေ့ဘက်မှာ လူတွေနဲ့ စကားတွေပြောနေတာက ပျော်ရွှင်မှုကို ပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့ အထီးကျန်မှု၊ ဝမ်းနည်းမှုတွေကို မေ့ဖျောက်နေနိုင်ပါတယ်။ သို့သော် ညဘက်မှာတော့ ဘေးမှာဖြစ်ဖြစ် 𝐨𝐧𝐥𝐢𝐧𝐞 ပေါ်မှဖြစ်ဖြစ် စကားပြောဖော်မရှိလျှင် အထီးကျန်မိ‌နေနိုင်ပါတယ်။ 😔

🔷 အတိတ်အကြောင်းတွေ ပြန်စဥ်းစားခြင်း

ညဘက်က အတိတ်ကို ပြန်ထင်မြင်မိတာ များပါတယ်။ နာကျင်စရာ အဖြစ်အပျက်တွေကို ထပ်ပြန်စဥ်းစားနိုင်တဲ့အတွက် မကောင်းတဲ့ခံစားမှုတွေ ဖြစ်နိုင်ပါတယ်။ 🤔😑

🔷 စိတ်ဓာတ်ကျဆင်းခြင်း

အချို့သော စိတ်ဖိစီးမှု (𝐬𝐭𝐫𝐞𝐬𝐬) သို့မဟုတ် ဝမ်းနည်းမှု (𝐝𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧) တွေကလည်း ညဘက်တွင် ပို၍ အထီးကျန်စေတတ်ပါတယ်။ 🤷😞

🔷 ဖုန်းအသုံးများခြင်း

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 တွေမှာ သူများတွေပျော်နေတာတွေ ကြည့်နေရင်း ကိုယ့်ဘက်က အားကျမှု၊ စိတ်ဓာတ်ကျမှုတွေ မဖြစ်မနေရှိလာနိုင်ပါတယ်။ 📵📱

ဖြေရှင်းနည်းတွေ

⭐ ညဘက်မှာ စိတ်အေးအေးနဲ့ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သက်တောင့်သက်သာဖြစ်စေတဲ့ အရာတွေ လုပ်နိုင်ပါတယ်။ 📙🎶

⭐ မိသားစု၊ မိတ်ဆွေများနှင့် စကားပြောခြင်းအားဖြင့်လည်း အထီးကျန်မှုကို လျှော့ချနိုင်ပါတယ်။ 👭🫂

⭐ 𝐃𝐢𝐚𝐫𝐲 (မှတ်စုရေးသားမှု) လုပ်တာကလည်း ကိုယ့်ခံစားမှုကို ပြောပြဖို့နဲ့ ကိုယ်တိုင်နားလည်ဖို့ ကောင်းတယ်။ 📖📖

⭐ 𝐌𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 (တရားထိုင်ခြင်း) အားဖြင့် လည်း စိတ်ကို သက်သာငြိမ်းချမ်းစေပါတယ်။ 🧘‍♀️🧘

လူတိုင်းပျော်ရွှင်တဲ့နေရက်များ ပိုင်ဆိုင်နိုင်ပါစေရှင်…💙
#𝐒𝐮𝐒𝐮𝐃𝐢𝐚𝐫𝐲
#အထီးကျန်ခြင်း

25/03/2025

𝙏𝙤𝙭𝙞𝙘 𝙍𝙚𝙡𝙖𝙩𝙞𝙤𝙣𝙨𝙝𝙞𝙥 မှ ရုန်းထွက်ပါ

ချစ်သူ အရွေးမှားနေတယ်လို့ သင်သိသွားတဲ့အခါ ရုန်းထွက်ဖို့က အရမ်းနာကျင်ရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒါဟာ အခိုက်တန့်တခုပဲ ဖြစ်တဲ့အတွက် သူ့အနားကနေ ရုန်းထွက်ဖို့ပြင်ဆင်ပါ။ 🧳🧳

🔷 ၁။ သင့်ခံစားမှုတွေကို သေချာလေ့လာပါ

• သူ့နဲ့အတူရှိတဲ့အခါ သင်ပျော်နေသလား၊ အမြဲနာကျင်နေရလား။
• သူ့ကြောင့် ကိုယ့်တန်းဖိုးတွေ ကျနေပြီလား။
• သင့်ဘဝမှာ ဦးစားပေးဖို့ တန်ဖိုးရှိတဲ့ဆက်ဆံရေးလား?

🔷 ၂။ အမှားတွေကို လိုက်လံ ခွဲခြမ်းစိတ်ဖြာပါ

• သူ့နဲ့ 𝒓𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 က သင့်ကို စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဒုက္ခပေးနေလား?
• သူက ကိုယ့်အပေါ် ချစ်ပြီး ဂရုစိုက်ပေးတဲ့အချိန်မျိုး မရှိတော့ဘူးလား?
• အပြန်အလှန်ယုံကြည်မှု မရှိတော့တာလား?
• ကိုယ့်အတွက် သူ့မှာ သေချာတဲ့ အနာဂတ်𝑷𝒍𝒂𝒏 ရှိလား။
• ကိုယ်မကြိုက်ပါဘူး ဆိုတဲ့အရာတွေကို ထပ်ကာတလဲလဲ သူလုပ်နေလား။
• ကိုယ့်အပေါ် 𝒓𝒆𝒔𝒑𝒆𝒄𝒕 လုံးဝမရှိတော့တာလား။

🔷 ၃။ သင့်ဆုံးဖြတ်ချက်ကို သေချာချထားပါ။

• သူနဲ့ 𝒓𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 က သင့်အတွက် ရှေ့ဆက်နေလည်း အကျိုးမရှိနိုင်ဘူးဆိုရင် သူနဲ့ပက်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုလိုက်ပါ။
• “သူပြောင်းလဲနိုင်မယ်” ဆိုပြီး မျှော်လင့်ထားရင် သင့်အတွက် 𝒓𝒊𝒈𝒉𝒕 𝒑𝒆𝒓𝒔𝒐𝒏 နဲ့တွေ့ရဖို့ ပိုမိုနောက်ကျသွားနိုင်ပါတယ်။

🔷 ၄။ ရုန်းထွက်ပါ။

• သူနဲ့ အဆက်အသွယ်ကို အတတ်နိုင်ဆုံး တဖြည်းဖြည်းချင်း ဖြတ်ထားပါ။
• မိသားစု/မိတ်ဆွေတွေရဲ့ အကြံဉာဏ်ရယူပါ၊ တိုင်ပင်ရင်ဖွင့်ပါ။
• သင့်ကိုယ်တိုင်က ကိုယ့်တန်ဖိုးကို သိပြီး ကိုယ့်ကိုယ်ကိုချစ်နိုင်ပါ‌စေ။

🔷 ၅။ အနာဂတ်အတွက်သာ ဦးစားပေးပါ။

• အတိတ်မှာ ပိတ်မိနေခြင်းထက် အနာဂတ်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်ချင်သလဲ ဆိုတာ စဉ်းစားပြီး ကြိုးစားမှုများ စတင်ပါ။
• သင့်အနာဂတ်မှာ ပိုကောင်းတဲ့ 𝒓𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 တစ်ခုကို ထပ်‌တွေ့နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
• ရုန်းထွက်ဖို့ ခက်ခဲပြီး နာကျင်ရမှာ သိပေမယ့် သင့်ဘဝဟာ ဒီထက်ပိုကောင်းတဲ့ အရာတွေနဲ့ ပိုထိုက်တန်ပါတယ်။ 💙

ဝဋ်ကြွေးတွေ ဆပ်လို့ ကုန်တဲ့အခါ ရေစက်ကုန်ပြီး လမ်းခွဲရမယ့်နေ့ကို ရောက်လာစမြဲပဲ မဟုတ်လား....

24/03/2025

𝐇𝐞𝐥𝐥𝐨 𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞...🩵
𝐒𝐮𝐒𝐮 𝐃𝐢𝐚𝐫𝐲 မှ ကြိုဆိုပါတယ်...🙆🙆

အသက် 𝟮𝟱နှစ်ရောက်လာတဲ့ နောက်မှာတော့ ဖြစ်နိုင်ရင် အတိတ်ကို ပြန်သွားပြီး ပြန်ပြင်ချင်ခဲ့တဲ့ အရာတွေရှိလာပါတယ်...
အများစုက လုပ်မိခဲ့တာထက်စာရင် ဘဝမှာ မလုပ်ခဲ့မိတဲ့အရာတွေအတွက် နောင်တရတတ်ကြတာမလား...
ရင့်ကျက်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လာမိပြီး သူများတွေ ကိုယ့်လို မဖြစ်ရအောင် 𝘀𝗵𝗮𝗿𝗶𝗻𝗴 လုပ်ပေးချင်ပါတယ်…

🔷 ‌𝐍𝐨.𝟏 မိသားစုအ‌ပေါ် မကောင်းပေးနိုင်ခဲ့တာ

မိသားစုဆိုတာ လူတိုင်းအတွက် အဖိုးတန်တဲ့ ဆုလာဘ်တစ်ခုဖြစ်ပါတယ်...ဒါပေမဲ့ ကျွန်မဆယ်‌ကျော်သက်အရွယ်မှာ အနီးကပ်ဆုံးရှိပေးနေတဲ့ ကိုယ့်မိဘ၊ ကိုယ့်မောင်နှမတွေကို မေ့လျော့ပြီး အထီးကျန်လိုက်တာ ပြောနေခဲ့မိပြီး အပြင်ကသူတွေဖြစ်တဲ့ ချစ်သူ၊ သူငယ်ချင်းတွေဆီကနေသာ ကိုယ့်အပေါ်ကောင်းပေးဖို့၊ ချစ်ပေးဖို့ကို မျှော်လင့်နေခဲ့ပါတယ်…
တကယ်တော့ ကိုယ့်အပေါ်တကယ်ကောင်းပေးတဲ့ မိသားစုဝင်တွေဆီက ဆုံးမစကားဆို အလွယ်တကူ လက်မခံတတ်ခဲ့မိပါဘူး…
အိမ်မှာမကပ်ဘဲ အပြင်မှာနေရတာက ပိုကောင်းတယ်ထင်နေမိခဲ့ပါတယ်…
တကယ်တော့ အပြင်လူတွေက မျက်နှာဖုံးကိုယ်စီနဲ့ ကိုယ့်ကို အချိန်မရွေး သူတို့လိုချင်တာမရနိုင်တော့တာနဲ့ စွန့်ပစ်သွားနိုင်တယ်ဆိုတာ မသိခဲ့မိပါဘူး
မိသားစုအပေါ် တန်ဖိုးထားရကောင်းမှန်း သိတဲ့အချိန်မှာတော့
ကျွန်မကတော့ နောင်တတွေနဲ့ ကောင်းကင်အပေါ်မော့ ကြည့်မိတိုင်း အဖေ့ကို အမြဲတောင်းပန်ဖြစ်ပါတယ်...

🔷 𝐍𝐨.𝟐 ကိုယ့်ရဲ့ ဝါသနာကို အကောင်ထည်မဖော်နိုင်တာ

စားဝတ်နေရေးအရ ဝင်ငွေပုံမှန်ဝင်စေမယ့် 𝗰𝗼𝗺𝗽𝗮𝗻𝘆 ဝန်ထမ်းဘဝနဲ့သာ အချိန်ကို ကုန်ဆုံးရပါတယ်…ငယ်စဉ်က ကိုယ့်ဝါသနာလေးဟာ ဘဝမှာ ပျောက်ဆုံးလျက်ပေါ့...
အချိန်တွေကြာလာတာနဲ့အမျှ ကိုယ်တကယ် စိတ်မဝင်စားဘဲ ဝင်ငွေပုံမှန်ရလို့သာ လုပ်နေရတဲ့အလုပ်ကို ညည်းငွေ့လာပြီး ဆက်လည်း မကြိုးစားချင်တော့သလို သည်းခံနိုင်စွမ်းတွေ တဖြည်းဖြည်း ပျောက်ဆုံးလာပါတယ်…
အဲ့ဒါကြောင့် ကျွန်မနားလည်လာတာက ဝါသနာကို အရင်းခံတဲ့ အလုပ်ကသာ တည်မြဲစေတယ်ဆိုတာပါပဲ…
သူများလုပ်လို့ ကိုယ်လည်း လိုက်လုပ်ပြီး ကိုယ့်ကိုယ်ကို မပျောက်ဆုံးပါစေနဲ့…
ကိုယ့်ကိုယ်ကို အမြဲသုံးသပ်ပြီး မေးခွန်းထုတ်ပြီး ပြန်လာတဲ့အဖြေကို အမြဲနားထောင်နေဖို့ လိုအပ်ပါတယ်…

🔷 𝐍𝐨.𝟑 ကျန်းမာရေးကို ဂရုမစိုက်နိုင်တာ

ကျွန်မဟာ အစားအစာတွေနဲ့ ပက်သက်လာရင် အရမ်းရွေးတဲ့ သူမျိုးပါ…ဒါကြောင့် ကိုယ်စားချင်တဲ့ဟင်းဟုတ်မနေရင် အဆာခံပြီး ထမစားဘဲနေတတ်ပါတယ်…တော်တော်‌ဗိုက်ဆာလာမှသာ ထစားတာမျိုးပေါ့…
အပြင်သွားစရာ အရေးတကြီးရှိရင်လည်း အဆာခံပြီး အပြင်ထွက်သွားလေ့ရှိပါတယ်…
အဲ့သလို နေလာလိုက်တာ အခုဆို အစာမစားရင် ရင်ညွန့်အောင့်တာ၊ ဗိုက်အောင့်တာတွေ စတင်ခံစားလာရပါတယ်…
ဆေးတွေဆို အစာစားပြီးတိုင်းသောက်နေရတယ်…
နောက်ပြီး ငယ်စဉ်ကစလို့ မျက်လုံးကိုလည်း ဂရုမစိုက်မိခဲ့ဘဲ 𝗚𝗮𝗺𝗲ဆော့ 𝗺𝗼𝘃𝗶𝗲ကြည့် 𝘀𝗰𝗿𝗲𝗲𝗻 𝘁𝗶𝗺𝗲 အရမ်းများခဲ့တော့ အခုဆိုမျက်မှန်မပါရင် 𝗯𝘂𝘀 𝗻𝗼.လည်း မမြင်ရပါဘူး…
ဒါကြောင့် ဖြစ်နိုင်ရင်တော့ ဒါတွေ ပြန်ပြင်ချင်မိခဲ့တာ အမှန်ပါ…
ကျန်းမာမှ အရာအားလုံး ဆက်ကြိုးစားရုန်းကန်နိုင်မှာဖြစ်လို့ သင်တို့လည်း ဂရုစိုက်သင့်ပါတယ်နော်...

🔷 𝐍𝐨.𝟒 ယုံကြည်မှုနဲ့ ငွေချေးပေးမိခြင်း

သူတပါးကို ကိုယ်က ငွေချေးမယ်ဆိုလျှင်လည်း အရာအားလုံးက ကြိုမမြင်နိုင်တာမလို့ ကိုယ်အဆုံးခံနိုင်တဲ့ ပမာဏသာ ချေးသင့်ပါတယ်...
ကျွန်မရဲ့ဖြစ်စဉ်သာဓက တခုကို ပြောပြပေးချင်ပါတယ်…
အဖေ့မိတ်ဆွေတယောက်က လုပ်ငန်းလုပ်ဖို့ ငွေသိန်းတရာ လာချေးခဲ့ပါတယ်…
အဖေကလည်း ယုံကြည်မှုနဲ့ ချေးပေးခဲ့ရာ ပြန်တောင်းချိန်မှာတော့ ဟိုရွေ့ ဒီရွေ့နဲ့ အဖေဆုံးသွားသည့်တိုင် အကြွေးပြန်မရခဲ့ပါဘူး…
အဖေကလည်းအားနာတတ်သည်ကို သူတို့က ကောင်းကောင်းသိတော့ ကောင်းကောင်းအသုံးချသွားတာ ကျွန်မအသေချာသိလိုက်ပါတယ်…
ကျွန်မသိတတ်စအရွယ်ရောက်လာလို့ အဲ့ဒီကိစ္စကို ပြန်လိုက်တော့လည်း အရင်ကလိုပဲ မထူး။
အိပ်ချင်ယောင်ဆောင်နေတော့ နိုးရခက်သား…
ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ဒုက္ခမရောက်ရအောင် အတတ်နိုင်ဆုံးငွေချေးပေးတဲ့ အလုပ်မလုပ်ဖို့ အကြံပေးချင်ပါတယ်...

လူတိုင်း နောင်တရစေမယ့်အရာတွေနဲ့ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်.. 🩵🩵

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon