UVS - Universe Vocational School

UVS - Universe Vocational School

Share

弊社は、ミャンマーにて、日本国での就労を希望する若くて優秀な人材を集め、語学教育を行う「日本語学校」を5校、介護の知識と技術を教育する「介護研修センター」を運営する送り出し機関でございます。

Photos from UVS - Universe Vocational School's post 28/11/2024

အကုန်ကျ အလွန်အလွန်သက်သာပြီး ဂျပန်တွင် ဘွဲ့ယူကာ Work Visa ဖြင့်ရေရှည် အလုပ်ချင်သူများအတွက်

Nishikyushu University. Nishikyushu Junior College Scholarship

အကောင်းဆုံးထဲ တစ်ခုမှမို့ ကြိုတင်ပြင်ကြနော်


UNIVERSE KHIN KHIN CO.,LTD နှင့် Nishikyushu University. Nishikyushu Junior College တို့ ပူးပေါင်း၍ မြန်မာပြည်ရှိ ထူးချွန်ကျောင်းသားများကို တိုက်ရိုက် Scholarship ပေးနေပါပြီ

Nishikyushu Junior College တွင် တက်ရောက်နိုင်သော Course မှာ
Multicultural Course Scholarship 2 Years Course ဖြစ်ပြီး နှစ်စဉ် 4 လပိုင်း အသုတ်အတွက်သာ ခေါ်ဆိုလေ့ရှိပြီး လူဦးရေ ၂၀~၃၀ နီးပါး ခေါ်ယူလျှက်ရှိသည်

💙💙Multicultural Course Scholarship တွင် သင်ကြားမည့် 2 Years Course တွင်

🔥Language skills Course
🔥Business Course
🔥Tourism/ Culture Course

အထက်ပါ ဘာသာရပ်များကို ၂ နှစ် သင်ကြား၍ ကျောင်းပြီးပါက

▪ [Airport staff]
▪ [Hotel staff/ Inn staff]
▪ [Tour planner]
▪ [Japanese language school/ foreign company]
▪ [Public service]
▪ [General]
▪ [Long term Employee]

အထက်ပါ ကုမ္ပဏီများတွင် Work Visa ကိုင်ဆောင်၍ တရားဝင်ဝန်ထမ်းအနေဖြင့် ဝင်ရောက်လုပ်ကိုင် နိုင်မည်ဖြစ်ပါသည်..

💙💙Scholarship Plan လျှောက်ထားရန် ကုန်ကျငွေ

- တက္ကသိုလ်မှ ဂျပန်စာ အရည်အချင်းပေါ်မူတည်ပြီး
ကျောင်းလခ ၃၀% မှ ၅၀% အထိပေးသွားပါမည်

N2 အောင်ထားသူ

ကျောင်းလခ တစ်နှစ်စာ ကုန်ကျငွေ ၆၂,၇၀၀၀ ယန်း သာကုန်ကျပြီး

နှစ်ဝက်(၆လ)စာ ဆိုလျှင်သောင်း ၃၀ ကျော်သာကုန်ကျမည်

အဆောင်လခ ၆ လစာ

လေယာဉ်စရိတ် နှင့် ဂျပန်ရောက်ပြီး အချိန်ပိုင်းအလုပ်မရခင် ကာလအတွက် အသုံးစရိတ်ပြင်ဆင်ထားရမည်

ကျောင်းမှတိုက်ရိုက်ပေးသော Scholarship အပြင်
- ခရိုင်မှ ပေးသော Scholarship များ
- မြို့နယ်မှ ပေးသော Scholarship များကို လျှောက်ထားနိုင်ခြင်း
- မြန်မာနိုင်ငံတွင်ရှိနေစဉ်အတွင်း တစ်လက်စတည်း ကျောင်းပြီးလျှင်အလုပ်လုပ်ကိုင်ရမည့် ကုမ္ပဏီသတ်မှတ်ထားခဲ့ပါက ကုမ္ပဏီမှပေးအပ်သည့် ထောက်ပံ့ကြေးများကိုလဲ ခံစားနိုင်ခြင်း၊ အခြားစကော်လာများကိုပါ ပူးတွဲလျှောက်ထားခွင့် ရှိသည့်အတွက် စကော်လာ အနည်းဆုံး ၂ ခုရှိထားပါက ကျောင်းလခ ၆၀% မှ ၈၀% ထိခန့် သက်သာသွားမည်ဖြစ်ပြီး ၁နှစ်လျှင် ယန်းသောင်း ၂၀ ကျော်သာ ကုန်ကျပါမည်..

Junior College / University ပေးသော Scholarship များတွင် အကုန်ကျနည်းပြီး အကောင်းဆုံးထဲမှ တစ်ခုဖြစ်ပါသည်..

💙💙ကျောင်း၏အားသာချက်မှာ 🔥🔥

- ကျောင်းမှပေးသည့် Scholarship 30%~50% ရရှိမည်ဖြစ်ပြီး ၁၀၀% FREE Scholar ပေးတာမို့ ပြန်လည် ပေးဆောင်စရာ လုံးဝမလိုအပ်ပါ

- ကျောင်းလခ စကော်လာအပြင် ကျောင်းလခအား ၆ လစာခွဲ သွင်း၍ရသည့်အတွက် မြန်မာပြည်မှ သွားရန် ကုန်ကျစရိတ် ယန်းသောင်း ၃၀ ကျော်သာ ကုန်ကျခြင်း
- နှစ်စဉ် ၈ လပိုင်းခန့်တွင် အင်တာဗျူး ကျင်းပ ပြီး N3 အောင်ရုံဖြင့် အင်တာဗျူး ဝင်ရောက်ဖြေဆို နိုင်ခြင်း
- ကျောင်းမှာ လက်ရှိအချိန်ထိ နှစ်စဉ်နှစ်တိုင်း ၁၀၀% အောင်ချက်ရရှိနေခြင်းကြောင့် COE အောင်ချက် ကောင်းခြင်း
- ကျောင်း ၂ နှစ်တက်ရုံဖြင့် Diploma ရရှိပြီး ကျောင်းပြီးသည့်နှင့် Work Visa ရရှိခြင်း
- ကျောင်းမှပေးသော Scholarship အပြင် ခရိုင်အဖွဲ့အစည်းမှပေးသော Scholarship များလျှောက်ထားနိုင်ခြင်း
စသည့်အားသာချက်များအပြင် အခြားအခွင့်အရေးများစွာလည်း ရှိပါသည်..

💙💙ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ💙💙

နှစ်စဉ် ၈ လပိုင်း တွင် အင်တာဗျူး လေ့ရှိသည့်အတွက်
ဂျပန်စာ အနိမ့်ဆုံး N3 အောင်ထားရန်လိုအပ်ပါသည်

ပညာအရည်အချင်း ဆယ်တန်းအောင်၊ ၁၂ တန်းအောင်
-------------------------------------------------

Nishikyushu University Scholarship ကတော့ Nishikyushu Junior College Scholarship နဲ့ ကုန်ကျငွေ နှင့် လုပ်ဆောင် ပုံတူညီပြီး တက္ကသိုလ် နှင့် ကာလတို တက္ကသိုလ်သာကွဲပြားပါမည်

-ကာလတို တက္ကသိုလ်သည် ၂ နှစ်တာ တက်ရောက်ရမည်ဖြစ်ပြီး Diploma သာရရှိမည်ဖြစ်ပြီး
-တက္ကသိုလ်မှာ ၄ နှစ်တက်ရောက်ရမည်ဖြစ်ကာ Degree ရရှိမည်ဖြစ်ပါသည်
မြန်မာပြည်တွင် ဘွဲ့မရသေးသောကျောင်းသားများအတွက် ဂျပန်တွင် ကျောင်းလခ နည်းနည်းဖြင့် အဆင့်မြင့်ဘွဲ့ ရယူလိုသူ များအတွက် အထူးသင့်တော်သော တက္ကသိုလ်ဖြစ်ပါသည်.

သင်ကြားမည့်ဘာသာရပ်
Main Course
- Global course
- Media information course Digital

Minor Course
- လူမှုဗေဒ စိတ်ပညာဗေဒ
- လူမှုဝန်ထမ်းအခြေခံမှုI စိတ်ပညာဗေဒ မိတ်ဆက်ခြင်း
- လူမှုဖူလုံရေးသီအိုရီI စိတ်ပညာနှင့်လူမှုရေးဘာသာ
- လူမှုရေးသုတေသနအခြေခံစက်မှုအဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ
- အာကာသနှင့်စိတ်ပညာ
- ယဉ်ကျေးမှုပေါင်းစုံ နားလည်ဆက်သွယ်မှု
- Introduction to digital communication support science
- English communication I.II
- Telecommunication SDGs English
- Introduction to Tourism Global Studies
- Digital အဓိကဘာသာရပ်များ
- Information Media Introductory Data Science Exercise
- Information media exercise metaverse theory
- E-sports theory

❇️❇️ကျောင်း၏အားသာချက် ❇️❇️

- လဝက အသိအမှတ်ပြုကျောင်းဖြစ်သောကြောင့် COE အောင်ချက်ကောင်းခြင်း
- ဂျပန်လူမျိုးများ၊ နိုင်ငံတကာကျောင်းသားများဖြင့် အတူတူတက်ရောက်ရမည်ဖြစ်သောကြောင့် တက္ကသိုလ်ကျောင်းသား တစ်ဦး၏ Lifestyle အပြည့်အဝ ရရှိခြင်း
- ယခုတက်ရောက်မည့်ကျောင်းသည် အလုပ်ရရှိမှု ၁၀၀% ဖြစ်သောကြောင့် ကျောင်းပြီးပါက Work Visa ဖြင့် အလုပ်ရရှိရန် သေချာမှုရှိခြင်း
- ကျောင်းတွင် နိုင်ငံခြားသားကျောင်းသားများအတွက် Support ပေးသောအဖွဲ့အစည်း ရှိခြင်းကြောင့် ကျောင်းတက်နေစဉ် အခက်အခဲများနှင့် ကျောင်းပြီးလျှင် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များအတွက် တိုင်ပင်ဆွေးနွေးနိုင်ခြင်း
- ကျောင်းဝင်ကြေးကို ၁၀၀% Scholarship ရရှိခြင်း၊ ကျောင်းလခ ၅၀% Scholarship ပေးသွားမည့်အပြင် ကျန်ရှိသည့် ကျောင်းလခများကို ခွဲသွင်းခွင့်ပေးထားသောကြောင့် မြန်မာနိုင်ငံမှသွားရောက်ရန် ကုန်ကျစရိတ်မများခြင်း

❇️❇️ကျောင်းပြီးလျှင် ဝင်ရောက်လုပ်ကိုင်နိုင်သော လုပ်ငန်းအမျိုးအစားများ ❇️❇️

▪ [Airport staff]
▪ [Hotel /Inn staff]
▪ [Tour planner]
▪ [Japanese language school/foreign company]
▪ [Public service]
▪ [General]
▪ [Long term Employee]
▪ IT Company Office Staff
▪Employment Company Office Staff
▪ Supermarket Office Staff & Sale
စသည့် အလုပ်အကိုင်များအပြင် ပုံမှန်ရိုးရိုး Company များနှင့် စက်ရုံများတွင်လည်း ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းကြောင့် မိမိ ဝါသနာပါသည့် အလုပ်အမျိုးအစားလုပ်ကိုင်ခွင့်မရှိမည်ကို စိတ်ပူရန်မလိုအပ်ပါ
ကုန်ကျစရိတ်အနေဖြင့် Nishikyushu Junior Collage နှင့်ကွာခြားမှုသိပ်မရှိပါ

💙💙ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ💙💙

နှစ်စဉ် ၈ လပိုင်း တွင် အင်တာဗျူးလေ့ရှိသည့်အတွက်
-ဂျပန်စာ အနိမ့်ဆုံး N3 အောင်ထားရန်လိုသည်
-ပညာအရည်အချင်း ဆယ်တန်းအောင် ၁၂ တန်းအောင်

28/11/2024

ကျောင်းဖြင့်သွားချင်သူများအတွက်

Photos from UVS - Universe Vocational School's post 27/11/2024

အရမ်းကောင်း ပြီး ဈေးသက်သာသည့် ရုံးချုပ် သတင်းစာ ကို လိုချင်ရင် ဒါတွေ ကြိုတင်ပြင်ဆင်ရမည်..

26/11/2024

ဘဝ တိုးတက် ပြောင်းလဲ ဖို့

UVS နဲ့ လက်တွဲပြီး

Scholarshipယူကာ ဂျပန်တွင်

ဘွဲ့ကောင်းကောင်း တစ်ခု ယူကြစို့ ...

Photos from UVS - Universe Vocational School's post 26/11/2024

Universe Vocation School - UVS Japanese Language Center

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

အမှတ်/၃၀ (A)၊ ၄ လွှာ(ယာ)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00