09/10/2025
ဒီနေ့ Excel function တွေအကြောင်းသင်နေရင်းနဲ့ တွေးမိတဲ့ အတွေးတစ်စ
Function တွေဟာ မတူကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ မတူခြားနားတဲ့ လုပ်ဆောင်ပုံ အမျိုးမျိုး ရှိကြပေမဲ့ အားလုံးမှာ တူညီတဲ့ အချက်တစ်ခုလည်း ရှိပါတယ်
အဲ့တာကတော့
Function တိုင်းကို Input, Criteria, Output ဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ် ဆိုတာပါပဲ
ဥပမာ
IF function ကို နမူနာကြည့်ပါ
IF(your mark >=40, "Pass","Fail")
IF က function ဖြစ်တယ်
Your mark က သင်ရရှိတဲ့ အမှတ်ကို ထည့်သွင်းတွက်ချက်ထားတာဖြစ်လို့ Input ဖြစ်တယ်
>=40 --> 40 ထက်ကြီးခဲ့ရင် (သို့) 40 နဲ့ ညီခဲ့ရင် ဆိုတာကတော့ သက်မှတ်ချက် Criteria ဖြစ်တယ်
"Pass", "Fail" ကတော့ ရလာဒ် Output ဖြစ်ပါတယ်
အထက်မှာ ပြောခဲ့သလိုပါပဲ
Function တွေဟာ မတူကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ မတူခြားနားတဲ့ လုပ်ဆောင်ပုံ အမျိုးမျိုး ရှိကြပေမဲ့ အားလုံးကို အခြေခံ အချက် ၃ ခုပေါ် အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားတယ် ဆိုတာပါပဲ
တစ်ချို့ Function တွေမှာ မြင်သာတဲ့ Input နဲ့ Output ကိုပဲ ပေးထားတတ်ပြီး Criteria ကို ဖျောက်ထားတတ်တယ်
ဥပမာ
If you try the best, you will pass the exam.
If က function ဖြစ်တယ်
you try the best, က Input ဖြစ်တယ်
you will pass the exam. က output ဖြစ်တယ်
Criteria ကို hide ထားတယ်
Criteria ကို မမြင်တဲ့အခါမှာ
ကြိုးစားရင် အောင်မြင်မှာပဲလို့ အလွယ် တွေးတတ်ကြတယ်
ကြိုးစားပေမဲ့ မအောင်မြင်တဲ့အခါ ကံမကောင်းလို့ စာမေးပွဲ မေးခွန်းလှည့်လို့ စာမေးပွဲ နတ်ကြီးလို့ စသဖြင့် အကြောင်းပြချက်တွေ ရှာတတ်ကြတယ်
အဓိကကျတဲ့ သတ်မှတ်ချက် Criteria မပြည့်မီလို့ ကျရှူံးရတယ် ဆိုတဲ့ အချက်ကို ကျော်သွားကြတယ်
စာမေးပွဲ အောင်ချင်ရင် ကြိုးစားတယ်ဆိုတဲ့ Input တစ်ခုတည်း သွင်းရုံနဲ့ မရပါဘူး သတ်မှတ်ချက် Criteria ပြည့်မီဖို့လည်း လိုပါတယ်
ဒီနေရာမှာ
Criteria ဆိုတာက ဘာသာရပ်တစ်ခုချင်းစီ အောင်မှတ် ၄၀ ပြည့်မီရမယ်
ဘာသာရပ်တစ်ခုခု ၄၀ အောက်ကျရင် Criteria မပြည့်မီလို့ ကျရှူံးပါမယ်
စာမေးပွဲ ကျရှူံးရတဲ့ အကြောင်းရင်းဟာ ကံမကောင်းလို့ မေးခွန်းလှည့်လို့ နတ်ကြီးလို့ မဟုတ်ပါဘူး
သတ်မှတ်ချက် Criteria မပြည့်မီလို့ ကျရှူံးရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ်
စာကို ဒီအတိုင်းကြိုးစားလို့ မရဘူး သတ်မှတ်ချက် Criteria ပြည့်မီအောင် ကြိုးစားရမယ် ဆိုတာကို နားလည်သဘောပေါက်မှသာ လိုချင်တဲ့ Output ကို အရယူနိုင်ပါလိမ့်မယ်
အတွေးတစ်စကို ဒီနေရာမှာ ရပ်ပါမယ်
ဒီ post လေး ဖတ်ပြီး အတွေးတစ်ချို့ ရသွားတယ်ဆို Like and share လုပ်ပေးလို့ရပါတယ်
ကျေးဇူးတင်ပါတယ်