20/09/2025
လောကီရေးရာ ကူညီရာ
ဧဟိလာဘံ ဧဟိဓနံ ဧဟိသုခံ
ချမ်းမြေ့သာယာရှိကြပါစေ ။ In the age of knowledge, all business go online.
20/09/2025
03/07/2025
🔮🎇( Sunday Reading)🔮🎇
❄️နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပါ...
❄️မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန်အမှာစကားများကို ဖတ်ရှုပါ။
#ဆရာမနွယ်ဇေဝါလင်း 🌟
🌟
10/05/2025
05/11/2024
(၆.၁၁.၂၀၂၄ရက် ၊ ဗုဒ္ဓဟူးနေ့)
တစ်နေ့တာဗေဒင် ☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
#အကျိုးပေးသည့်အရောင်
နီညိုရောင်၊အဝါရောင်
#အကျိုးပေးသည့်နေ့နံ
အင်္ဂါ၊သောကြာ
#သတိထားရမည့်နေ့နံ
ကြာသပတေး ၊ တနင်္ဂနွေ
#လာဘ်ပွင့်စေရန်
အရှေ့အရပ်ကို မျက်နှာမူပြီး ဧဟိ လာဘံ ဟု ကိုးကြိမ်ရွတ် ဆုတောင်းပါ။
#လာဘ်နေအရပ်
တောင်အရပ်
#ခရီးမသွားသင့်သောအရပ်
အရှေ့အရပ်
#ခန္ဓာကိုယ်တွင်ကျက်သရေတည်ရာအရပ်
နှာခေါင်း
#တစ်နေ့တာအတွက်အညံ့အခိုက်အချိန်_ရာဟုကာလ
မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁နာရီခွဲအတွင်း
#ဗုဒ္ဓဟူးနေ့တွင်အပြင်သို့သွားလာမည်ဆိုပါက လျှာပေါ်တွင် လက်ညှိုးဖြင့် "ရ" အက္ခရာ ကို စတိ ရေးသွားပါ။အမျိုးသားဆိုပါက ညာလက်ညှိုး ၊ အမျိုးသမီးဆိုပါက ဘယ်လက်ညှိုးကို အသုံးပြုရေးပါ။
#ခုနစ်ရက်သားသမီးများအတွက်တစ်နေ့တာဗေဒင်
၁။ ယနေ့မှာ စကားပြောချိုသာယဉ်ကျေးပါ။အောက်ကျခံ ပြောစရာမလို။
၂။ မည်သည့်အခက်အခဲကြုံသည်ဖြစ်စေ ...ဖြေရှင်းနိုင်လိမ့်မည်။
၃။ မည်သည့်နေ့သားမဆို နေထိုင်ဝတ်စားဆင်ယင်မှု သပ်ရပ်စွာရှိပါစေ။
၄။ မိမိအပေါ် ရိုင်းပျသူများ၊ ပြဿနာရှာသူများနှင့်ကြုံမည်။
၅။ မိမိထံ ဧည့်သည်များရောက်ရှိပြီး ဖြေရှင်းစရာများပါ သယ်လာတတ်သည်။
၆။ ရေနှင့်ပတ်သက်သောအလှူတစ်ခု ပြုလုပ်ပါ။
၇။ကံကောင်းမှုများ ရောက်ရှိလာပါလိမ့်မည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
အဆင်ပြေကြပါစေ 🙏🙏🙏
#ဆရာမနွယ်ဇေဝါလင်း
#ရွှေရင်ကျော်
#ဧကံသဗျာကရဏဗေဒ
#အကြားအမြင်ဝိဇ္ဇာပညာ
#ထယ်ရိုဗေဒင်
#ယတြာအင်းစမအစီအရင်
#နေလဇောတိကဓာတ်နန်း
04/11/2024
🌟 🌟🌟တစ်ပတ်တာ သင့်ကံကြမ္မာ ကတ်နိမိတ်မှာအဖြေရှာ 🌟🌟🌟
(၄.၁၁.၂၀၂၄ ရက်နေ့မှ ၁၀.၁၁.၂၀၂၄ ရက်နေ့အထိ)
မိမိတို့ သဘောကျရာ ပုံလေးတစ်ပုံကို ရွေးချယ်ဖတ်ရှုနိုင်ပါတယ်။
#ဆရာမနွယ်ဇေဝါလင်း
#လောကီရေးရာကူညီရာ
03/11/2024
#ထပ်မံရေးပေးခြင်းပါ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မိမိက ကောင်းမွန်အောင်နေထိုင်ပါလျက်နဲ့ စောင်းမြောင်းနေတာတွေ ၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာတွေ ကြုံနေရပါသလား ??????
တုံ့ပြန်ပြောနေရင် ရန်များပါတယ်။
စကားတွေ အများကြီးပြိုင်ပြောနေရရင် အချိန်ကုန်၊ လူပင်ပန်းပါတယ်။
သူ့နှုတ်ဝစီ သူ့ဆီ ပြန်စေမယ့် မေတ္တာတရားနဲ့ယှဉ်တဲ့ နည်းလမ်းလေး ရှိပါတယ်။
မြတ်စွာဘုရားရှင် မယ်တော့်ဝမ်းက ကျွတ်တဲ့အချိန်မှာ မိန့်မြွက်တော်မူခဲ့တဲ့ စကား ၃ ခွန်းကို သတိရလိုက်ပါ။
"အဂ္ဂေါ ဟမသ္မိ လောကဿ"
" ဇေဌော ဟမသ္မိ လောကဿ"
"သေဌော ဟမသ္မိ လောကဿ"
မိမိကို ရန်လုပ်နေတဲ့သူရဲ့ မျက်နှာကို မြင်အောင်ကြည့်ပြီး စိတ်ထဲကဖြစ်စေ ၊ နှုတ်ကဖြစ်စေ တတ်နိုင်သလောက် ရွတ်ပါ။
ပြုသူထံ တန်ပြန် ၊ သူ့စေတနာ သူ့အကျိုးပေးပါလိမ့်မယ်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိဇ္ဇာပညာ
03/11/2024
`ငွေဝင်ကြပါစေ´
မိမိတို့ရဲ့ အိမ် ဘုရားကျောင်းဆောင် ရဲ့ အရှေ့အပေါ် နှဖူးစီးထိပ်မှာ ဆည်းလည်းသုံးလုံး ကို ချိတ်ဆွဲပူဇော်ထားပါ။ ချိတ်ဆွဲထားရမည့်အချိန်ကတော့ တနင်္လာနေ့ နံနက် (၉း၀၀)နာရီ မှာ ချိတ်ဆွဲပူဇော် ထားရင် အကောင်းဆုံးပါပဲ။ နေ့စဉ် မနက် နေ့လည် ညနေ ည စသည့်အချိန်အခါတိုင်း ထို ဆည်းလည်းလေးကို လှုပ်ခတ်၍ မြတ်စွာဘုရားကို ဆည်းလည်းသံနဲ့ ပူဇော်ပေးပါ။ ဤသို့ပြုရ ကုသလကြောင့် သိသိသာသာ ထူးထူးခြားခြား ငွေတွေဝင်လာပါလိမ့်မယ်။ ဆည်းလည်း ရဲ့ အသံဟာ အင်မတန်မှ သာယာပြီး ကြားရသူအပေါင်းကလည်း နားဝင်ချိုတဲ့အပြင် ကောင်းသောဓါတ်များကိုလည်း ဝင်လာစေပါတယ်။ ဒီနည်းက ရှေးဆရာသခင်တွေ လမ်းညွှန်ပြသခဲ့တဲ့နည်းမို့ အင်မတန်မှ ထိရောက်ပါတယ်။ လွယ်လည်း လွယ်ကူပါတယ်။ မြတ်စွာဘုရားကို ဆည်းလည်းသံနဲ့အတူ ပူဇော်ရင်း ငွေတွေလည်း အမြောက်အများ ဝင်ကြပါစေ ကြောင်း စေတနာရှေ့ထားကာ ဖော်ပြလိုက်ရပါတယ် ခင်ဗျား။
မေတ္တာများစွာဖြင့်
Credit
03/11/2024
Credit
``စီးပွားမှန်မှန်တက်ဖို့
မှန်အဝိုင်းမှာစာရေးစို့ ´´
အရင်ဦးဆုံးအနေနဲ့ ဤယတြာအစီမံကိုသင်ပြပါသော ဆရာကြီးအုန်းချစ်မြိုင် အား ဦးစွာ ပထမ ဂါရ၀ပြုပါရစေ🙏🙏🙏
တစ်ချို့တစ်ချို့တွေမှာ အလုပ် တွေသာကြိုးစားလုပ်နေကြတာ စီးပွားကတက်မလာဘူး
ငွေရှာရင်းငွေပျက် ဖြစ်နေကြတယ်
``ဖေါင်စီးရင်းရေငတ်ပေါ့´´☺️☺️
ဘယ်လို လူတွေဘဲဖြစ်ဖြစ် စီးပွားတက်ချင်တဲ့သူမှန်သမျှ ဤယတြာအစီမံကိုပြုလုပ်ထားသင့်ပါတယ်✍️✍️
ကျွန်ုပ်ကိုယ်တိုင် ၂ နှစ်တိတိအသုံးပြုခဲ့တာဖြစ်ပါတယ်
ပြုလုပ်ရမည့် ပုံစံကတော့👇👇👇
အစိမ်းရောင် မှန်အ၀ိုင်းတစ်ချက်မှာ ဆော့ပင် အနက်ရောင်နဲ့
`` စီးပွားမှန်မှန်တက်´´
ဆိုတဲ့ စာကြောင်းလေးရေးပြီး မိမိအိမ်ဘုရားစင်ပေါ်သို့မဟုတ် ငွေကောင်တာ
သို့မဟုတ် အိမ်၏ ဧည့်ခန်း
ကျွန်တော်တို့ ဆိုရင်တော့ ဗေဒင်ဟောတဲ့ စာပွဲခုံပေါ့ဗျာ😊😊
အဲ့လို့နေရာမှာ ထောင်ပြီးတင်ထားပါ
လုပ်ရမည်အချိန်က မိမိမွေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်မှာ ပြုလုပ်စီမံပါ👍👍👏👏
စေတနာဖြင့် ရေးသားခြင်း
ဆရာထက်အောင်ရှင်း
03/11/2024
#၂၀၂၄ခုနှစ်နိုဝင်ဘာလအတွက်ဆောင်ရန်_ရှောင်ရန်များ
#အထွေထွေ
နိုဝင်ဘာလမှာ မသင့်မြတ်မှုတွေ ဖြစ်ပွားပြီး အနိုင်ယူမှုတွေ ဖြစ်ပေါ်ပါလိမ့်မယ်။ အခက်အခဲတွေ ၊ အကျပ် အတည်းတွေကြားထဲမှာ ဟန်မပျက်နေထိုင်ရမဲ့ကိန်းပါ။ အဖြစ်နဲ့အပျက်ကြားမှာ တည်ငြိမ်အောင် မနည်းကြိုးစားရပါလိမ့်မယ်။
ခုနစ်ရက်သားသမီးအတွက် မျှတတဲ့အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။သတိထားရမှာက မိမိတို့ရဲ့ လုပ်ငန်း ဆောင်တာတွေဟာ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရကိန်းရှိပါတယ်။ စိတ်ရှည်သည်းခံပြီး ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။ စိတ်လှုပ်ရှားစရာကိစ္စလေးတွေ ရှိနေတဲ့ နိုဝင်ဘာလမှာ ခုနစ်ရက်သားသမီးအားလုံး အခက်အခဲများကို အောင်နိုင်ပြီး သူတပါးမျက်ခုံး မွှေးပေါ် စင်္ကြံလျှောက်နိုင်တဲ့ အာဂလူသားတွေ ဖြစ်ကြပါစေ။ ။
#နေ့သားအလိုက်ဆောင်ရန်_ရှောင်ရန်
🍀တနင်္ဂနွေ သားသမီး
ဘာမဟုတ်တဲ့ကိစ္စတစ်ခုအတွက်နဲ့ စကားများတတ်ပါတယ်။ လက်ရှိအလုပ်ကနေ ပြောင်းလဲရကိန်း ရှိနေပါတယ်။ သူတပါးအတွက် ဓားစာခံ ဖြစ်တတ်လို့ သတိထားနေထိုင်သင့်ပါတယ်။စွန့်လွှတ်မှု ၊ ပေးဆပ်မှုတွေ ကြုံတတ်ပါတယ်။
ယတြာ - ဖယောင်းတိုင် လှူပါ။ ဌက်စာ ကျွေးပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🍀တနင်္လာ သားသမီး
အပူသည်တွေရောက်လာတတ်ပါတယ်။ အထင်အမြင်လွဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီလထဲမှာ ခရီးမသွားဖို့က အဓိက ရှောင်ရမဲ့အချက်ပါပဲ။ ကျန်းမာရေးလည်း ဂရုစိုက်ပါ။ အချစ်ရေး၊အိမ်ထောင်ရေးမှာ အနှောင့်အယှက်ကြုံတတ်ပါတယ်။
ယတြာ - မိမိကိုယ်တိုင်ကစလို့ လောကတခုလုံးကို မေတ္တာပို့ပါ။ ဘဝဆက်ပုဂ္ဂိုလ်များအတွက် နဂါးစာ၊ငါးစာ ကျွေးပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🍀အင်္ဂါသားသမီး
အပျော်လွန်ပြီး စိတ်ထင်ရာတွေ လုပ်နေတတ်ပါတယ်။ စိတ်နဲ့ နှုတ်ကို ထိန်းသိမ်းပါ။ စကားပြော ဆင်ခြင်ပါ။
မိမိစကားကြောင့် အထင်လွဲမှုများ ခံရတတ်ပါတယ်။ အအေးခံလွန်းလို့ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။
မကောင်းသော နှုတ်ထွက်စကားများ ပြောနေမိတတ်ပါတယ်။
ယတြာ- ဆပ်ပြာ လှူပါ။ရေသန့် လှူပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🍀ဗုဒ္ဓဟူးသားသမီး
မနာလိုသူတွေရဲ့ ကြံစည်မှုကို သတိထား ရှောင်ပါ။ ဘာပဲလုပ်လုပ် အပြောအဆို ၊အနေအထိုင် ကျစ်လစ်ပါ။ အသက်ကို ဉာဏ်စောင့်ပါတယ်။
ရည်ရွယ်ထားတဲ့ဆန္ဒတစ်ခု အသက်ဝင်လာပါလိမ့်မယ်။ ကျန်းမာရေးက ခြေထောက်တွေ လေးလံပြီး ဒူးတွေ နာနေတတ်ပါတယ်။
ယတြာ - ဆေးဝါးလှူပါ။ငါးလွှတ်ပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🍀ကြာသပတေးသားသမီး
စိန်ခေါ်မှုများ ၊ အကဲစမ်းမှုများ ကြုံရပေမဲ့ ရတနာပုံဆိုက်သလို ကြုံရပါလိမ့်မယ်။ မပျင်းမရိဘဲ ကြိုးစားဖို့ လိုပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ကူညီမှုကို ထူးထူးခြားခြား ရရှိပါလိမ့်မယ်။ မတင်မကျတွေ ကြုံရပေမဲ့ မိမိအတွက် စမ်းသပ်မှုတစ်ခုပါပဲ။
ယတြာ - အိမ်ဘုရားအား သစ်သီးဖျော်ရည်တစ်ခွက် ကပ်လှူပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🍀သောကြာသားသမီး
မိမိရဲ့အစွမ်းတွေ ပြသနိုင်မဲ့ လတစ်လ ဖြစ်ပါတယ်။ ကြုံလာသမျှကို ပါးနပ်မှု ၊ စွမ်းရည်ပြည့်ဝမှုနဲ့ ဖြေရှင်းနိုင်မှာပါ။ကံအနည်းငယ်ညံ့နေတတ်ပါတယ်။ကြီးကဲသူတို့နဲ့ သဘောထား မတိုက်ဆိုင်တာ၊ အယူဝါဒကွဲလွဲတာတွေ ဖြစ်တတ်ပါတယ်။ သူတို့နဲ့ ပြိုင်မငြင်းတာက ဆောင်ရန် အချက်ပါ။
ယတြာ - အိမ်ရှိဘုရားအား သစ်သီးတစ်မျိုးနှင့် ဆွမ်းကပ်ပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
🍀စနေသားသမီး
စိတ်မရှည်မှုနှင့် အပြောအဆိုများကို သတိထားပါ။ နူးညံ့သိမ်မွေ့မှုက အရာရာကို အောင်နိုင်စေတာက ဆောင်ရမဲ့ အချက်ပါ။ ပုံမှန်အလုပ်ကို ပုံမှန်အတိုင်းသာ ဆောင်ရွက်ပါ။ အပိုစကားကြောင့် အမြင်စောင်းတာ ဖြစ်တတ်ပါတယ်။ ဒေါသကို ထိန်းသိမ်းပြီး ပညာသတိနဲ့ ဖြတ်ကျော်ပေးပါ။
ယတြာ - လိုအပ်နေသူအတွက် စာရေးကိရိယာ ၊ စာအုပ်များ လှူပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
#ဆရာမနွယ်ဇေဝါလင်း
#နေလဇောတိကဓာတ်နန်း
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 17:00 |