SociScope

SociScope Rich in quality and professionalism, we are to help you learn English in correct and efficient ways.

01/03/2025

𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙑𝙚𝙧𝙗 𝙏𝙚𝙣𝙨𝙚 များ (𝙀𝙣𝙜𝙡𝙞𝙨𝙝 ဘာသာစကားကို လေ့လာလိုက်စားသူတိုင်း မသိမဖြစ်သိထားရမယ့် 𝙂𝙧𝙖𝙢𝙢𝙚𝙧)

ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတိုင်းမှာ Verb Tense တွေရှိကြပါတယ်...

Verb ဆိုတာက ပြုတာ၊ လုပ်တာ၊ ဖြစ်တာ၊ ရှိတာ တွေကိုဖော်ပြတဲ့ စကားလုံးပါ...
ဥပမာ - play, go, do, bake, know, believe, have, own, hold စတာတွေပါ...

Verb tense တွေကတော့ ပြုတဲ့၊ လုပ်တဲ့၊ ဖြစ်တဲ့၊ ရှိတဲ့ အချိန်ကာလကို ဖော်ပြပေးတဲ့အရာပါ... အရင်ကပြုခဲ့၊ လုပ်ခဲ့၊ ဖြစ်ခဲ့၊ ရှိခဲ့တာလား၊ အခုလား၊ အမြဲတမ်းလား၊ အခုမဟုတ်ဘဲ နောက်တော့မှလား ဆိုတာတွေကို ဖော်ပြပေးတဲ့အရာပါ...

တစ်ခုရှိတာက ဘာသာစကားတိုင်းမှာ Verb tense တွေရှိပေမယ့် ဘာသာစကားတိုင်းက အဲ့ဒီ tense တေ့ကို သုံးပုံသုံးနည်းတွေမတူကြပါဘူး... ဒါကြာင့်မို့ English verb tense တွေက English ကိုလေ့လာလိုက်စားသူတွေအတွက် ခေါင်းစားစရာတခုပါ...

ကဲ... Verb tense တွေကိုကြည့်လိုက်ကြရအောင်...

1. 𝙋𝙧𝙚𝙨𝙚𝙣𝙩 𝙎𝙞𝙢𝙥𝙡𝙚
ဒီ Tense က အရမ်းအသုံးများပါတယ်... သူ့ကို ပုံမှန်လုပ်နေကျ (routine actions) တွေ၊ အချက်အလက်တွေနဲ့ အမြဲတမ်း(ယေဘုယျ)အမှန်တရားတွေအတွက် သုံးပါတယ်...

Examples:
1. She 𝙧𝙚𝙖𝙙𝙨 books every day. (Routine)
2. I 𝙠𝙣𝙤𝙬 Brian well. (Fact)
3. The car 𝙗𝙚𝙡𝙤𝙣𝙜𝙨 𝙩𝙤 him.
4. The river 𝙛𝙡𝙤𝙬𝙨 through the city. (Fact/General Truth)
5. In my country, summer 𝙡𝙖𝙨𝙩𝙨 three months. (Fact/General Truth)

2. 𝙋𝙧𝙚𝙨𝙚𝙣𝙩 𝘾𝙤𝙣𝙩𝙞𝙣𝙪𝙤𝙪𝙨 (𝙋𝙧𝙤𝙜𝙧𝙚𝙨𝙨𝙞𝙫𝙚)
ဒီ Tense ကို အခုလောလောလတ်လတ် (ဒါမှမဟုတ် လက်ရှိကာလဝန်းကျင်) မှာ လုပ်နေဆဲ၊ ဖြစ်နေဆဲတွေကို ဖော်ပြဖို့အတွက် သုံးပါတယ်...

သူ့ရဲ့ ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙖𝙢/𝙞𝙨/𝙖𝙧𝙚 + 𝙑-𝙞𝙣𝙜 ပါ...

Examples:
1. I 𝙖𝙢 𝙙𝙤𝙞𝙣𝙜 my homework right now. (အခုလောလောလတ်လတ်)
2. We 𝙖𝙧𝙚 𝙝𝙚𝙖𝙙𝙞𝙣𝙜 𝙛𝙤𝙧 the beach. (အခုလောလောလတ်လတ်)
3. I 𝙖𝙢 𝙨𝙩𝙪𝙙𝙮𝙞𝙣𝙜 for my exams. (အခုလောလောလတ်လတ်)
4. She 𝙞𝙨 𝙡𝙚𝙖𝙧𝙣𝙞𝙣𝙜 French. (အခုကာလဝန်းကျင်)
5. We 𝙖𝙧𝙚 𝙗𝙪𝙞𝙡𝙙𝙞𝙣𝙜 a tiny house. (အခုကာလဝန်းကျင်)

3. 𝙋𝙧𝙚𝙨𝙚𝙣𝙩 𝙋𝙚𝙧𝙛𝙚𝙘𝙩
ဒီ Tense ကိုတော့ လုပ်လို့ပြီးစီးတဲ့အရာတွေကို ဖော်ပြဖို့သုံးပါတယ်... ပြီးတော့ ရောက်ဖူးတာ၊ လည်ပတ်ဖူးတာ၊ ဖတ်ဖူးတာ၊ ကြားဖူးတာ၊ စားဖူးတာ အစရှိတဲ့အတွေ့အကြုံကို ဖော်ပြတဲ့အခါမှာလည်း သုံးပါတယ်...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙝𝙖𝙨/𝙝𝙖𝙫𝙚 + 𝙋𝙖𝙨𝙩 𝙋𝙖𝙧𝙩𝙞𝙘𝙞𝙥𝙡𝙚 ပါ...

Examples:
(လုပ်နေခဲ့တာတွေကို လုပ်လို့ပြီးစီးတာတွေအတွက်)
1. I 𝙝𝙖𝙫𝙚 𝙛𝙞𝙣𝙞𝙨𝙝𝙚𝙙 all my homework.
2. He 𝙝𝙖𝙨 𝙬𝙖𝙩𝙚𝙧𝙚𝙙 the plants.
3. The plane 𝙝𝙖𝙨 𝙡𝙖𝙣𝙙𝙚𝙙.

(အတွေ့အကြုံတွေအတွက်)
1. They 𝙝𝙖𝙫𝙚 𝙫𝙞𝙨𝙞𝙩𝙚𝙙 London twice.
2. I 𝙝𝙖𝙫𝙚 𝙗𝙚𝙚𝙣 to Mandalay.
3. She 𝙝𝙖𝙨 𝙧𝙚𝙖𝙙 the book.
4. I 𝙝𝙖𝙫𝙚 𝙨𝙚𝙚𝙣 the flowers.

4. 𝙋𝙧𝙚𝙨𝙚𝙣𝙩 𝙋𝙚𝙧𝙛𝙚𝙘𝙩 𝘾𝙤𝙣𝙩𝙞𝙣𝙪𝙤𝙪𝙨
အချိန်တစ်ခုခုကနေ အခုထိ တောက်လျှောက်လုပ်နေ၊ ဖြစ်နေတာကို ပြောချင် ဖော်ပြချင်ရင် ဒီ Tense ကို သုံးပါတယ်... ဒါမှမဟုတ် တောက်လျှောက်လုပ်နေခဲ့ပြီး အခုလေးတင်ပြီးတာကို ဖော်ပြချင်ရင်လည်း ဒီ Tense ကို သုံးပါတယ်...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙝𝙖𝙨/𝙝𝙖𝙫𝙚 + 𝙗𝙚𝙚𝙣 + 𝙑-𝙞𝙣𝙜 ပါ...

Examples:
1. She 𝙝𝙖𝙨 𝙗𝙚𝙚𝙣 𝙬𝙤𝙧𝙠𝙞𝙣𝙜 all day.
2. I 𝙝𝙖𝙫𝙚 𝙗𝙚𝙚𝙣 𝙧𝙚𝙖𝙙𝙞𝙣𝙜 this book for two hours.
3. We 𝙝𝙖𝙫𝙚 𝙗𝙚𝙚𝙣 𝙬𝙖𝙞𝙩𝙞𝙣𝙜 𝙛𝙤𝙧 the bus for twenty minutes.
4. He 𝙝𝙖𝙨 𝙗𝙚𝙚𝙣 𝙥𝙡𝙖𝙮𝙞𝙣𝙜 soccer with his friends.
5. We 𝙝𝙖𝙫𝙚 𝙗𝙚𝙚𝙣 𝙩𝙖𝙡𝙠𝙞𝙣𝙜 for hours, now it's time to go.
6. She 𝙝𝙖𝙨 𝙗𝙚𝙚𝙣 𝙘𝙧𝙮𝙞𝙣𝙜, but she calmed down now. (ငိုတာ အခုရပ်သွားပြီဆိုတာကို ဖော်ပြတာပါ)
7. နံပါတ် 6 က ဝါကျလိုဘဲ... He 𝙝𝙖𝙨 𝙗𝙚𝙚𝙣 𝙟𝙤𝙜𝙜𝙞𝙣𝙜, and now he's taking a break.

5. 𝙋𝙖𝙨𝙩 𝙎𝙞𝙢𝙥𝙡𝙚
အခုလက်ရှိအချိန်မတိုင်ခင်က လုပ်ခဲ့တာတွေ၊ ဖြစ်ခဲ့တာတွေ၊ ရှိခဲ့တာတွေကို ပြောချင်ရင် ဖော်ပြချင်ရင် Past Tense ကို သုံးပါတယ်...

Examples:
1. He 𝙬𝙚𝙣𝙩 𝙩𝙤 the store yesterday.
2. She 𝙘𝙡𝙚𝙖𝙣𝙚𝙙 the living room this morning.
3. I 𝙗𝙤𝙪𝙜𝙝𝙩 this laptop six months ago.
4. I 𝙜𝙧𝙚𝙬 𝙪𝙥 in Hanoi.
5. Gabriel 𝙝𝙖𝙙 a bicycle when he was young.
6. Sue 𝙘𝙤𝙤𝙠𝙚𝙙 a delicious meal for us.
7. She 𝙫𝙞𝙨𝙞𝙩𝙚𝙙 Paris during the summer.

6. 𝙋𝙖𝙨𝙩 𝘾𝙤𝙣𝙩𝙞𝙣𝙪𝙤𝙪𝙨 (𝙋𝙧𝙤𝙜𝙧𝙚𝙨𝙨𝙞𝙫𝙚)
အရင်အချိန် (အခုမတိုင်ခင်) တခုခုမှာ လုပ်နေခဲ့တာ ဖြစ်နေခဲ့တာကို ပြောရင် ဖော်ပြရင် Past Continuous Tense ကို သုံးပါတယ်...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙬𝙖𝙨/𝙬𝙚𝙧𝙚 + 𝙑-𝙞𝙣𝙜 ပါ...

Examples:
1. They were watching TV when I called.
2. We were talking about novels.
3. They were travelling around Europe last summer.
4. She was walking to the store when it started to rain.
5. He was studying all night for the exam.
6. We were discussing the project when the meeting ended.
7. I was preparing for the presentation all day yesterday.
8. She was decorating the house when I arrived for the party.
9. I was fixing my bicycle's brakes when he phoned me.

7. 𝙋𝙖𝙨𝙩 𝙋𝙚𝙧𝙛𝙚𝙘𝙩
ဒီ Tense က အရင်ကလုပ်ခဲ့ဖြစ်ခဲ့တဲ့အရာတစ်ခုမတိုင်ခင်မှာ (တနည်းအားဖြင့် သူ့ထက်အရင်) လုပ်ခဲ့ဖြစ်ခဲ့တဲ့အရာကို ပြောဖို့၊ ဖော်ပြဖို့သုံးတာပါ...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙝𝙖𝙙 + 𝙋𝙖𝙨𝙩 𝙋𝙖𝙧𝙩𝙞𝙘𝙞𝙥𝙡𝙚 ပါ...

Examples:
1. She had finished her homework before dinner.
2. I had lived in Berlin before I moved to Bangkok. (ဘန်ကောက်ကို မပြောင်းရွှေ့ခင်က Berlin မှာ အရင်နေခဲ့တယ် လို့ပြောတာပါ... အရင်နေခဲ့တာကို had lived ဆိုပြီး Past Perfect Tense နဲ့ ပြောရ၊ ရေးရပါတယ်...)
3. By the time I got to the station, the train had already left. (ဘူတာကိုရောက်တော့ ရထားကထွက်သွားနှင့်ပြီ... ရထားမမှီလိုက်တာကိုပြောတာပါ... ဘူတာရောက်တာနဲ့ ရထားထွက်သွားနှင့်တာ ဆိုတဲ့ ဖြစ်ရပ် ၂ ခုမှာ ရထားက အရင်ထွက်သွားနှင့်တာကို Past Perfect Tense နဲ့ ပြောရ၊ ရေးရပါတယ်...)

8. 𝙋𝙖𝙨𝙩 𝙋𝙚𝙧𝙛𝙚𝙘𝙩 𝘾𝙤𝙣𝙩𝙞𝙣𝙪𝙤𝙪𝙨
အပေါ်ကနံပါတ် 7 က လိုမျိုးပါဘဲ... အခုမတိုင်ခင် အရင်က လုပ်ခဲ့၊ ဖြစ်ခဲ့တဲ့ အရာ ၂ ခုမှာ အရင်စောပြီးလုပ်ခဲ့၊ ဖြစ်ခဲ့တာကို ရည်ညွှန်းဖော်ပြဖို့ ဒီ Tense ကို သုံးပါတယ်... ကွာတာကတော့ ဒီ Tense မှာက အရင်စောပြီးလုပ်ခဲ့၊ ဖြစ်ခဲ့တာရဲ့ လုပ်နေဆဲ၊ ဖြစ်နေဆဲ (ongoing) အခြေအနေကို ဖော်ပြတာပါ...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙝𝙖𝙙 𝙗𝙚𝙚𝙣 + 𝙑-𝙞𝙣𝙜 ပါ...

Examples:
1. I had been talking with my boss when she called me.
2. He had been waiting for an hour when the train arrived.
3. We had been cleaning the compound before the rain.
4. Jornet had been feeling ill before he went to the doctor.
5. She had been practicing the violin lessons for hours. She needed a break.
6. We had been travelling for three weeks.
7. We had been waiting at the station for over an hour. Then the train arrived.

9. 𝙁𝙪𝙩𝙪𝙧𝙚 𝙎𝙞𝙢𝙥𝙡𝙚
အခုလက်ရှိရဲ့နောက်ပိုင်း (အနာဂတ်) မှာ လုပ်မယ့်၊ ဖြစ်မယ့်၊ ရှိမယ့်အရာတွေကို ပြောရင်၊ ဖော်ပြရင် Future Tense ကို သုံးရပါတယ်...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙬𝙞𝙡𝙡 + 𝙑-𝙞𝙣𝙛𝙞𝙣𝙞𝙩𝙞𝙫𝙚 ပါ...

Examples:
1. I will tell her when she arrives.
2. She will help her sister with her homework.
3. I will fix the bicycle tomorrow.
4. I will travel to Japan next year.
5. She will start her new job next week.
6. They will organize a party for her birthday.
7. We will enjoy the cruise and the dinner this evening.

10. 𝙁𝙪𝙩𝙪𝙧𝙚 𝘾𝙤𝙣𝙩𝙞𝙣𝙪𝙤𝙪𝙨 (𝙋𝙧𝙤𝙜𝙧𝙚𝙨𝙨𝙞𝙫𝙚)
ဒီ Tense ကိုတော့ အခုလက်ရှိအချိန်ရဲ့နောက် (အနာဂတ်) မှာ လုပ်နေ၊ ဖြစ်နေမယ့်အရာတွေကို ဖော်ပြဖို့အတွက် သုံးပါတယ်...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙬𝙞𝙡𝙡 𝙗𝙚 + 𝙑-𝙞𝙣𝙜 ပါ...

Examples:
1. I will be swimming around 4 PM tomorrow.
2. He will be studying at 7 PM tonight.
3. She will be visiting her grandmother this weekend.
4. I will be attending the conference all day next Tuesday.
5. We will be having dinner at 7 PM.

11. 𝙁𝙪𝙩𝙪𝙧𝙚 𝙋𝙚𝙧𝙛𝙚𝙘𝙩
အခုလက်ရှိရဲ့နောက်ပိုင်း (အနာဂတ်) တချိန်မှာ ပြီးစီးနေမယ့် အရာတွေကိုပြောချင်ရင် ဒီ Tense ကို သုံးရပါတယ်... အဲ့ဒီအချိန်မှာ လုပ်လို့ပြီးစီးပြီးသားဖြစ်နေလိမ့်မယ်လို့ အဓိပ္ပါယ်ရပါတယ်...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙬𝙞𝙡𝙡 𝙝𝙖𝙫𝙚 + 𝙋𝙖𝙨𝙩 𝙋𝙖𝙧𝙩𝙞𝙘𝙞𝙥𝙡𝙚 ပါ...

Examples:
1. We will have finished the decorations by Friday.
2. He will have read the whole book when the exam starts.
3. By the time you arrive, I will have finished all the cooking.
4. I will have saved enough money for the journey by July.
5. She will have learned all the lessons before the test.
6. We will have painted the house in a couple of days.
7. We will have prepared everything for the festival before the opening day.

12. 𝙁𝙪𝙩𝙪𝙧𝙚 𝙋𝙚𝙧𝙛𝙚𝙘𝙩 𝘾𝙤𝙣𝙩𝙞𝙣𝙪𝙤𝙪𝙨
ဒီ Tense က အပေါ်မှာပြောခဲ့တဲ့ Tense တွေထက် အနည်းငယ်အသုံးပိုနည်းပါတယ်...
အခုမဟုတ်တဲ့ နောက်တချိန်ချိန် (အနာဂတ်) မှာ တောက်လျှောက်လုပ်နေပြီးသား၊ ဖြစ်နေပြီးသားဆိုတဲ့ အရာကိုပြောဖို့အတွက် ဒီ Tense ကို သုံးပါတယ်... အဓိကက လုပ်ရပ်၊ ဖြစ်ရပ်ရဲ့ ကြာချိန် (duration) ကို ဖော်ပြဖို့ပါ...

သူ့ရဲ့ပုံစံက 𝙎𝙪𝙗𝙟𝙚𝙘𝙩 + 𝙬𝙞𝙡𝙡 𝙝𝙖𝙫𝙚 𝙗𝙚𝙚𝙣 + 𝙑-𝙞𝙣𝙜 ပါ...

Examples:
1. At 9 PM, we will have been swimming for two hours.
2. They will have been building the house for five months by the time they finish it.
3. By next year, they will have been living here for five years.

ဒါက 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙑𝙚𝙧𝙗 𝙏𝙚𝙣𝙨𝙚 တွေ အကြောင်းပါ... အကြမ်းဖျဥ်းဖော်ပြချက်တွေကို သေချာလေးဖတ်ကြည့်ရင် အတော်အတန်နားလည်နိုင်ပါတယ်...

ဒါပေမယ့် အမျိုးအစားများတာရယ်၊ သေချာသိဖို့လုပ်ရမှာရယ်ကြောင့် တကြိမ်တည်းနဲ့မရနိုင်ပါဘူး... ဒီ Post ကို အကြိမ်ကြိမ်လေ့လာကြည့်မှရမှာပါ... စိတ်ရှည်ဖို့လိုပါတယ်.. တကြိမ်တည်းမှာ အများကြီးကို မှတ်တာမျိုးထက် Tense တမျိုးဆိုတမျိုး ကျေညက်အောင် သေချာအချိန်ယူလုပ်ကြည့်တာက အများကြီးပိုအကျိုးရှိပါတယ်...

ပိုနားလည်ဖို့ကတော့ ထပ်လေ့လာရမှာပါ...

Verb Tense က English မှာ အရမ်း၊ အရမ်းကိုအရေးကြီးပါတယ်... နည်းနည်းလေးမှ မှားလို့မရနိုင်တဲ့ Grammar အစိတ်အပိုင်းတခုပါ... Verb Tense ကို မကျေညက်ရင် Level အမြင့်တွေကို မရောက်နိုင်ပါဘူး... Admin တို့ရဲ့ မြန်မာဘာသာစကားနဲ့ အတော့်ကိုကွာခြားတာတွေပါတဲ့အတွက် English ကို လိုက်စားနေတဲ့မြန်မာများ အထူးသတိပြုရမယ့်၊ အားစိုက်ရမယ့် အစိတ်အပိုင်းပါ...

ကိုယ့်ရဲ့ English အခြေအနေကိုသေချာသိချင်တယ်၊ လက်ရှိကနေဘယ်လိုဆက်လုပ်ရမယ်၊ အကြမ်းဖျဥ်းဘယ်လောက်ကြာအုံးမယ်ဆိုတာတွေကို သိချင်ရင် 𝙎𝙤𝙘𝙞𝙎𝙘𝙤𝙥𝙚 မှာ 𝙇𝙚𝙫𝙚𝙡 𝙏𝙚𝙨𝙩 စစ်ပြီး အကြံဥာဏ်ရယူနိုင်ပါတယ်...







01/03/2025

𝘾𝙀𝙁𝙍 𝙇𝙚𝙫𝙚𝙡 များနဲ့ သူတို့ရဲ့အနေအထားများ (အပိုင်း ၄)

𝘾1: 𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙇𝙚𝙫𝙚𝙡
ဒီအဆင့်မှာ English ကို လေ့လာရတာက စိန်ခေါ်မှုပြင်းထန်ပါတယ်... ဒါပေမယ့် အခြေခံပိုင်းတွေကနေစပြီး B2 (Upper-Intermediate) အထိ လုပ်ပြီးသားဆိုရင် ဒီ Level ကို ကိုင်တွယ်နိုင်ပါတယ်...

ဒီအဆင့်မှာ ထိတွေ့ရမယ့် Reading ပိုင်းက ရှည်လျားတဲ့၊ ခက်ခဲတဲ့၊ သိမ်မွေ့သွယ်ဝိုက်တဲ့စာသားတွေပါတဲ့ စာပုဒ်တွေနဲ့ပါ... စာပေဆန်တဲ့စာသား (literary texts) တွေကိုလည်း ထိတွေ့ရမှာပါ... ပညာရပ်တခုဆိုတခုအကြောင်း ပိုပြီးနက်နက်ရှိုင်းရှိုင်း ရေးသားထားတာတွေကိုဖတ်ပြီး လေ့ကျင့်ခန်းတွေလုပ်ရမှာမို့ အရမ်းမလွယ်လှပါဘူး...

Listening မှာဆိုရင် အကြောင်းအရာပေါင်းအများကြီးရဲ့ lecture တွေ၊ discussion တွေကို နားထောင်တာတွေပါမယ်... အဲဒါတွေနားထောင်တဲ့နေရာမှာ English လေယူလေသိမ်းအမျိုးမျိုးကို ကြားရမှာဖြစ်ပြီး အဲ့ဒီကြားရတာတွေကနေ အချက်အလက်တွေ၊ main point တွေကို ဆွဲထုတ်ယူရတာတွေကို လေ့ကျင့်ရမှာပါ...

Writing မှာတော့ ရှင်းလင်းတဲ့အရေးအသား၊ ကောင်းမွန်တဲ့စာအဖွဲ့အစည်းနဲ့ ကိုယ်ရေးချင်တဲ့ (သို့မဟုတ်) ကိုယ်ရေးရမယ့် အရာတွေ၊ ကိုယ့်အမြင် (point of view) တွေကို ရေးသားတာတွေလုပ်ရမှာပါ... အကြောင်းအရာပိုင်းအမျိုးမျိုးကိုလည်း မိနစ်ပိုင်းအတွင်း ဖွဲ့စည်းရေးသားနိုင်စွမ်းရှိဖို့ လေ့ကျင့်ရပါတယ်...

Speaking ပိုင်းမှာလည်း တခြား skill တွေလိုပါဘဲ... အကြောင်းအရာအမျိုးမျိုးကို စကားလုံး၊ Grammar နဲ့ အသံထွက် (Pronunciation) အမှားအယွင်းတွေမပါဘဲ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ပြောနိုင်အောင်လေ့ကျင့်ရတဲ့ Level ပါ...

ဒီအဆင့်ကိုပြီးရင်တော့ အခုပြောခဲ့တဲ့ skill တွေနဲ့ English ကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်စွမ်းရှိသွားပါပြီ... User Level အနေနဲ့ဆို Proficient User ဖြစ်လာပါပြီ...

ဒီ Level ပြီးရင် IELTS လိုမျိုး Test တွေမှာလည်း အမှတ်အမြင့်ပိုင်းတွေကို စိန်ခေါ်ရယူနိုင်စွမ်းရှိလာပါပြီ... တကယ်က ဒီအဆင့်ကို လုပ်နေရင်းမှာတင် IELTS အမှတ်အမြင့်ပိုင်းတွေကို ရနိုင်နေပါပြီ... IELTS နဲ့ပြောရင် ဒီ C1 အဆင့်က IELTS Band Score 7 ကနေ 7.5 မှာ ရှိပါတယ်... လေ့ကျင့်ရတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ့်မှာရှိတဲ့ English က အဲ့ဒီ Band Score အဆင့်မှာပါ...

ဒီအဆင့်က ခက်ခဲပေမယ့် စိတ်ရှည်ရင်၊ တကယ်လုပ်ရင် လူတိုင်းရောက်နိုင်ပါတယ်... Pre-Intermediate ကနေ ဒီအဆင့်ကိုရောက်ဖို့ဆို နေ့စဥ်နီးပါး ၃-၄ နာရီ မှန်မှန်လေးလုပ်ရင် အချိန် ၁ နှစ်ကနေ ၂ နှစ်အထိ ကြာနိုင်ပါတယ်... တနေကုန်အားတိုက်ခွန်တိုက် နေ့တိုင်းလုပ်ရင် ၁ နှစ်အတွင်း Pre-Intermediate ကနေ C1 ကို ရောက်နိုင်ပါတယ်... ဒါကယေဘုယျပြောတာပါ... တကယ်တမ်းလုပ်တဲ့အခါ ကြာချိန်က အခြေအနေတချို့အပေါ်မူတည်ပြီး တယောက်နဲ့တယောက် မတူကြပါဘူး...

𝘾2: 𝙋𝙧𝙤𝙛𝙞𝙘𝙞𝙚𝙣𝙘𝙮
ဒီအဆင့်ရောက်တဲ့သူတွေက English မှာ ဘာဖတ်ဖတ် ဘာကြားကြား အလွယ်တကူနားလည်ပါတယ်... ပြီးတော့အကြောင်းအရာအမျိုးမျိုးတွေ၊ ကိုယ်ပြောချင် ကိုယ်ရေးချင်တာတွေကို တိတိကျကျ ချက်ချင်းပြောဆိုရေးသားနိုင်စွမ်းရှိပါတယ်... IELTS နဲ့ကြည့်ရင် Band Score 8 နဲ့ အထက်ပါ... တကယ်လုပ်ရင် လူတိုင်းရနိုင်တဲ့ Skill နဲ့ Level ပါ... ရဖို့လိုအပ်သလားလို့မေးရင် 'မရမဖြစ်လိုအပ်တာတော့မဟုတ်ပါဘူး... ဒါပေမယ့် ဒီ Level က ကျွမ်းကျင်မှုကိုရရင် အကျိုးကျေးဇူးအရမ်းများပါတယ်... ဒါကြောင့်မို့ ဒီအဆင့်ရောက်အောင် လုပ်နေကြတဲ့သူတွေ အများကြီးရှိပါတယ်' လို့ဘဲ ဖြေရမှာပါ...




ဒီ Post က အခြေခံအပိုင်း English လေ့ကျင့်မှုလေးပါ... Parts of Speech တွေ၊ အသံထွက်အနိမ့်အမြင့်တွေနဲ့ ဝါကျတွေမှာသုံးတာတွေကိ...
01/03/2025

ဒီ Post က အခြေခံအပိုင်း English လေ့ကျင့်မှုလေးပါ... Parts of Speech တွေ၊ အသံထွက်အနိမ့်အမြင့်တွေနဲ့ ဝါကျတွေမှာသုံးတာတွေကို လေ့ကျင့်ဖို့ပါ...

အဖြေတွေကို Comment မှာ ပေးထားပါတယ်...

လေ့ကျင့်ကြည့်ပါ...

01/03/2025

𝘾𝙀𝙁𝙍 𝙇𝙚𝙫𝙚𝙡 များနဲ့ သူတို့ရဲ့အနေအထားများ (အပိုင်း ၃)

𝘽2: 𝙐𝙥𝙥𝙚𝙧-𝙄𝙣𝙩𝙚𝙧𝙢𝙚𝙙𝙞𝙖𝙩𝙚
B2 မှာ ထိတွေ့လေ့လာရမှာတွေက အရမ်းကြီးမလွယ်နေပါဘူး...

ဒီအဆင့်ကို သေချာလေ့လာတတ်မြောက်ပြီးရင် အရင်ထက် ပိုခက်ခဲရှုပ်ထွေးတဲ့ စာသားတွေရဲ့ main point တွေကို နားလည်နိုင်ပါပြီ...

English ဘာသာစကားကိုလည်း အရင်ထက်ပိုပြေပြေပြစ်ပြစ်လေးပြောနိုင်လာပါပြီ... ပြောရတာ ပိုချောလာသလို ပိုလွယ်ကူလာပါပြီ... ဒါပေမယ့် ပြောတဲ့စကားတွေမှာ grammar ပိုင်း အမှားတချို့ပါနိုင်ပါသေးတယ်...

အရေးပိုင်းမှာဆိုရင် topic အတော်များများ ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်ရေးနိုင်လာပါတယ်... ကိုယ့်ရဲ့စိတ်ကူးတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိမိမိဖော်ပြနိုင်စွမ်း ရှိလာပါတယ်... ဒါပေမယ့် ဒီအပိုင်းမှာလည်း အမှားအယွင်းလေးတွေ အနည်းငယ် ရှိနိုင်ပါသေးတယ်...

ဒီအဆင့်မှာ ဝါကျတိုတွေဆို 'Psychologists have identified several causes of the phenomenon.' လို စာသားမျိုးတွေ၊ ဝါကျရှည်တွေဆိုရင် 'The more exposure that women's sport is given, the more it will be able to generate extra income, attract increased advertising revenue and make professional careers more possible for more women.' လိုမျိုးတွေကို ထိတွေ့ပြီး ဖတ်ပြီး လေ့ကျင့်ခန်းတွေ လုပ်ရမှာပါ...

ပြောရရင် ဒီအဆင့်မှာ ပိုကြီးမားတဲ့စကားလုံးတွေ၊ ပိုခက်ခဲတဲ့ စကားစုတွေ၊ idiom တွေကို မြင်တွေ့ရ ကြားရမှာမို့ ကိုယ့်ရဲ့ English ဘာသာစကားအတွေ့အကြုံက အရင်အဆင့်တွေထက်ပိုပြီး မြင့်လာမှာပါ...

အသစ်လေ့လာထားတဲ့ စကားလုံးတွေ၊ စကားစုတွေနဲ့ idiom တွေကို ရင်းရင်းနှီးနှီးချောချောမွေ့မွေ့သုံးစွဲနိုင်အောင် လေ့ကျင့်ဖို့က ကိုယ့်ရဲ့တာဝန်ပါဘဲ...

နိုင်ငံတကာအသိအမှတ်ပြု English Test တွေ (ဥပမာ - IELTS လိုမျိုး) ကို ဝင်ဖြေချင်ရင် အနည်းဆုံး ဒီအဆင့်မှာရှိနေဖို့ လိုအပ်ပါတယ်... ဒီ Level ကို ကျေကျေညက်ညက်လေ့လာပြီးလို့ IELTS ကို သေချာပြင်ဆင်ပြီးဝင်ဖြေရင် Band Score 6 ကနေ 6.5 အထိ မျှော်မှန်းနိုင်ပါတယ်... ဒီရမှတ်တွေက ယေဘုယျအားဖြင့် နိုင်ငံတကာက တက္ကသိုလ်တွေကို လျှောက်ဖို့မှီတဲ့ အမှတ်တွေပါ (ဆေးပညာလိုင်းကတော့ ဒီအမှတ်ထက်ပိုမြင့်မှရမှာပါ)...

B2 အဆင့်ပြီးရင်တော့ English ဘာသာစကားနဲ့ Grammar ပိုင်း အင်အားပိုကောင်းလာပြီမို့ ကိုယ့်ဟာကိုယ် self-study လုပ်မယ်ဆို စလုပ်လို့ရပါပြီ... ဒီအဆင့်ကိုမပြီးခင် self-study လုပ်ရင် နားလည်နိုင်မှုစွမ်းရည်တွေမှာ အကန့်အသတ်ရှိနေလို့ ပိုကြန့်ကြာနိုင်သလို နားလည်မှုလွဲချော်တာမျိုးတွေဖြစ်နိုင်ပါတယ်... ဒါက သတိပြုဖို့ ပြောတာပါ...

SociScope မှာ B2: Upper Intermediate Level ကို English ဘာသာစကားတခုတည်းကိုဘဲ 100% အသုံးပြုပြီး သင်ကြားပါတယ်...





ဒီ Post လေးက Pre-Intermediate အဆင့် English ကို လေ့ကျင့်ဖို့အတွက်ပါ... အောက်က လေ့ကျင့်ခန်းလေးက နိုင်ငံတွေနဲ့ အဲ့ဒီနိုင်င...
01/03/2025

ဒီ Post လေးက Pre-Intermediate အဆင့် English ကို လေ့ကျင့်ဖို့အတွက်ပါ...

အောက်က လေ့ကျင့်ခန်းလေးက နိုင်ငံတွေနဲ့ အဲ့ဒီနိုင်ငံတွေတည်ရှိတဲ့ continent (တိုက်ကြီး) တွေကို ရင်းနှီးအောင်ပါ...

အဖြေတွေကို Comment မှာပေးထားပါတယ်...

လေ့ကျင့်ကြည့်ပါ...

28/02/2025

𝘾𝙀𝙁𝙍 𝙇𝙚𝙫𝙚𝙡 များနဲ့ သူတို့ရဲ့အနေအထားများ (အပိုင်း ၂)

𝘽1: 𝙄𝙣𝙩𝙚𝙧𝙢𝙚𝙙𝙞𝙖𝙩𝙚
ဒီအဆင့်မှာ English ကို ဘာသာစကားတစ်ခုအနေနဲ့ ပိုပြီးထိတွေ့ရတော့မယ်... 4 skills စလုံးကို ပိုပြီးထိတွေ့ရမယ်လို့ပြောတာပါ... ဒီအဆင့်က အခြေခံတွေရဲ့အလွန်ကဆိုတော့ A1 နဲ့ A2 ရဲ့ အခြေခံတွေ အားမကောင်းဘဲ ဒီအဆင့်ကိုတန်းပြီးလေ့လာဖို့ကမလွယ်ပါဘူး... အထူးသဖြင့် A2 ရဲ့ Elementary နဲ့ ဒီ B1 ရဲ့ကြားမှာ ကွာဟမှုက အတော်လေးရှိနေပါတယ်...

ဒီအဆင့်ကိုလေ့လာသင်ယူနေရင် ထိတွေ့ရမှာတွေက Reading မှာဆိုရင် ပိုပြီးရှည်လျားတဲ့စာပုဒ်တွေ၊ Listening မှာဆို အရင်အဆင့်တွေထက် ပိုပြီးကျယ်ပြန့်တဲ့ topic (အကြောင်းအရာ)တွေ၊ Writing မှာဆို ရိုးရှင်းတဲ့ စာသားတွေကိုကို အသုံးပြုပြီး (ဥပမာ - informal email ရေးတာလောက်အထိ) ရေးတာတွေ၊ Speaking ပိုင်းမှာဆို ကိုယ့်မှာရှိပြီးသား English ရယ်၊ ဒီအဆင့်မှာ ထပ်လေ့လာထားတဲ့ စကားလုံးတချို့နဲ့ စကားစု (phrase) တချို့ရယ်ကိုသုံးပြီး အတိုလေးတွေနဲ့ တုံ့ပြန် (respond) တာတွေ စသဖြင့်တွေပါ...

ဝါကျပိုင်းမှာဆိုရင် 'He takes a photo for his page with everyone he meets and persuades them to give to his charity, and he has already raised more than $3,000.' လိုမျိုး၊ 'Once there, the couple got off the beaten track and headed for Quirimbas National Park, where they found a tiny stretch of white sand close to a village called Guludo.' လိုမျိုး စသဖြင့် အရင်အဆင့်တွေမှာတုန်းကထက် ပိုရှည်တဲ့ဝါကျတွေနဲ့ နပန်းလုံးရမှာပါ... ဒီအဆင့်မှာ ကိုယ်ပြန်ရေးတဲ့အခါ အဲ့လိုတွေမရေးနိုင်သေးပေမယ့် ဖတ်တဲ့အခါ အဲ့လိုစာသားတွေ၊ ဝါကျတွေကို ဖတ်ရှုလေ့လာပြီး လေ့ကျင့်ခန်းတွေလုပ်ရမှာမို့ ဒီ Level က အရင်ထက် ပိုပြီးစိန်ခေါ်မှုပြင်းထန်ပါတယ်...

Vocabulary (ဝေါဟာရ) ပိုင်းမှာဆိုရင် boutique, chic, stylish, elegant, plump, stunning, slender, temptation, multitasking အစရှိတဲ့ စကားလုံးမျိုးတွေကို ကိုင်တွယ်ရမှာပါ... Phrase (စကားစု) ဘက်မှာဆိုရင် off the beaten track, in addition, take time out, soak up the sun, get on, get off, find out, head for စသဖြင့် အသုံးများပြီး အရင်အဆင့်တွေမှာမပါတဲ့ စကားစုတွေကို လေ့လာရမှာပါ...

ပြီးတော့ ဒီအဆင့်က IELTS လိုမျိုး နိုင်ငံတကာအသိအမှတ်ပြု English ဘာသာစကားစွမ်းရည်စစ်ဆေးမှုကို စတင်ချဥ်းကပ်ဖို့အတွက် အခြေခံ Level တစ်ခုပါ... 'အခြေခံ' လို့ပြောတာပါ... Intermediate အဆင့်ကိုလေ့လာပြီးရုံနဲ့တော့ IELTS လို Test မျိုးတွေကို ဝင်ဖြေဖို့အဆင်မပြေသေးပါဘူး... ကိုယ့်အတွက်လိုအပ်တဲ့ အမှတ်တွေရနိုင်ဖို့အတွက်က မလုံလောက်သေးပါဘူး...

ဒီအဆင့်ကို သေသေချာချာလေ့လာပြီးရင်တော့ ကိုယ်ရင်းနှီးပြီးသားအကြောင်းအရာတွေကို ဖတ်တဲ့အခါ၊ နားထောင်တဲ့အခါ main point (အဓီကအချက်) တွေကို နားလည်နိုင်ပါတယ်... ပြီးတော့ English စကားပြောတဲ့နေရာတွေကိုခရီးသွားပြီး စကားစမြည်တချို့ပြောဆို တာတွေနဲ့ ကိုယ်ဘယ်သွားတယ်၊ ဘာလိုအပ်တယ်ဆိုတာတွေကို ပြောနိုင်ပါပြီ... ရေးတဲ့အခါလည်း ရိုးရိုးရှင်းရှင်းတွေရေးနိုင်လာပါပြီ... အတွေ့အကြုံတွေ၊ ဖြစ်ရပ်တွေ၊ အိပ်မက်နဲ့မျှော်လင့်ချက်တွေ၊ အတွေးတွေ၊ ရည်မှန်းချက်တွေကိုပါ English ဘာသာစကားနဲ့ အတော်အတန်ဖော်ထုတ်နိုင်စွမ်းရှိလာပါပြီ...

SociScope မှာ B1: Intermediate ကိုသင်ကြားတဲ့အခါ အတန်းချိန်တိုင်းမှာ အစကနေအဆုံးထိ English လိုဘဲပြောပြီး သင်ကြားပါတယ်... တခြားဘာသာစကားတွေကို တဆင့်ခံသုံးပြီး ဘာသာပြန်တာ၊ ရှင်းပြတာတွေ မရှိပါဘူး... ဒါကြောင့်မို့ SociScope ရဲ့ Intermediate ကျောင်းသူကျောင်းသားတိုင်းလောက်က English လို နားထောင်စွမ်းရည်မှာ အသားကျပြီး မိမိရဲ့ဘာသားစကားလိုနားလည်နေကြတာများပါတယ်...

SociScope ရဲ့ Intermediate အဆင့်သင်ကြားမှုတွေမှာ English ဘာသာစကားတစ်ခုတည်းကိုဘဲ အသုံးပြုလို့ ထိရောက်မှုမြင့်မားပါတယ်...



ဒီ Post လေးက Pre-Intermediate အဆင့် English ကို လေ့ကျင့်ဖို့နဲ့ ဘာသာစကားကို ပိုရင်းနှီးအောင် ထိတွေ့ဖို့ပါ...အဖြေတွေကို C...
28/02/2025

ဒီ Post လေးက Pre-Intermediate အဆင့် English ကို လေ့ကျင့်ဖို့နဲ့ ဘာသာစကားကို ပိုရင်းနှီးအောင် ထိတွေ့ဖို့ပါ...

အဖြေတွေကို Comment မှာပေးထားပါတယ်...

လေ့ကျင့်ကြည့်ပါ...

27/02/2025

𝘾𝙀𝙁𝙍 𝙇𝙚𝙫𝙚𝙡 များနဲ့ သူတို့ရဲ့အနေအထားများ (အပိုင်း ၁)

𝘼1: 𝘽𝙚𝙜𝙞𝙣𝙣𝙚𝙧
ဒီအဆင့်မှာ နေ့စဥ်သုံး English စကားလုံးတချို့နဲ့ အခြေခံကျတဲ့ စကားစုတချို့ကို နားလည်နိုင် သုံးနိုင်ပါတယ်... ဥပမာ - holiday... dinner... summer... Good morning... Goodbye... fruit juice... hot weather... good food... a good man/woman တို့လိုမျိုး အစရှိတာတွေပါ...

အဲ့ဒီအပြင် My name is .... ဆိုတာမျိုးကို ပြောနိုင်ပြီး ဘယ်မှာနေတယ်ဆိုတာကို စကားလုံးတလုံး နှစ်လုံး (သို့မဟုတ်) တချို့နဲ့ ပြောနိုင်ဖြေနိုင်စွမ်းပါတယ်...

A1 ရဲ့ English က လုံးဝကို Basic Level ပါ... အခြေခံစကားလုံးတွေ၊ အခြေခံအကျဆုံး grammar နဲ့ အခြေခံဝါကျတိုလေးကို ထိတွေ့လေ့လာသုံးစွဲတဲ့ အဆင့်တခုပါ...

Admin တို့ မြန်မာပြည်မှာက ဒီအဆင့်ဆိုတာ ကလေးလေးတွေရဲ့ အရွယ်မှာတွေ့ရပါတယ်... ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားလူတွေမှာတော့ English ကို ဘာသာစကားအနေနဲ့ တခါမှသေချာမလိုက်စားဖူးတဲ့သူတွေလောက်မှာသာ ဒီအဆင့်ကိုတွေ့ရပါတယ်... ဆယ်ကျော်သက်တွေနဲ့အရွယ်ရောက်ပြီးသားသူတွေမှာ English ကို အနည်းနဲ့အများလေ့လာဖူးသူတိုင်း ဒီအဆင့်ရဲ့အထက်မှာ ရှိနေတတ်ကြပါတယ်...

𝘼2: 𝙀𝙡𝙚𝙢𝙚𝙣𝙩𝙖𝙧𝙮
ဒီအဆင့်က A1 ထက် သိသိသာသာပိုမြင့်ပါတယ်... ဒီအဆင့်မှာ English ဝါကျတွေကို ထိတွေ့ရလို့ ဝါကျတချို့၊ Grammar တချို့၊ ပိုအားကောင်းလာတဲ့စကားလုံးတချို့ကိုပါ ပြောနိုင်ရေးနိုင်လာပါတယ်... ဥပမာ - My uncle is an engineer. ဆိုတာမျိုးတွေ၊ My home is in downtown. လိုမျိုးတွေ၊ The city is not small. လိုမျိုးဝါကျတွေ၊ I like travelling. ဆိုတာမျိုး I don't like the hot weather. ဆိုတာမျိုးတွေကို ရေးနိုင်ရုံတင်မဟုတ်ဘဲ ပြောနိုင်တဲ့အဆင့်ပါ...

မြန်မာပြည်အနေနဲ့ဆို English သာသာစကားကို အရမ်းမလိုက်စားထားပေမယ့် အထိုက်လျောက်စိတ်ပါ ဝါသနာပါတဲ့ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားသူတွေကို ဒီ Level မှာ တွေ့ရတတ်ပါတယ်...

ဒီအဆင့်မှာ ဘာသာစကားရဲ့အခြေခံပိုင်းတွေကို အခြေခံကျကျလေ့လာရမှာဖြစ်သလို နောက်ထပ်တက်မယ့်အဆင့်တွေအတွက်လည်း ဒီ step က အရေးပါပါတယ်...

𝘼2: 𝙋𝙧𝙚-𝙄𝙣𝙩𝙚𝙧𝙢𝙚𝙙𝙞𝙖𝙩𝙚
Elementary ကိုလေ့လာသင်ယူပြီးသူတွေက A2 Level အတွင်းထဲမှာဘဲ ရှိနေပါသေးတယ်... ပြီးတာနဲ့ အရမ်းကြီးမကွားခြားလွန်းတဲ့အဆင့်တဆင့်ဖြစ်တဲ့ Pre-Intermediate Level ကို ဆက်ပြီးလေ့လာရမှာပါ..

Pre-Intermediate မှာတော့ ပိုပြီးအားကောင်းတဲ့ ဝါကျတွေ၊ အသုံးအနှုန်းတွေကို ထိတွေ့ရမှာပါ... ဥပမာ - 'I am learning English because I want to travel around the world.' လို ဝါကျမျိုး၊ 'My friend lives in a small apartment near the park.' လိုမျိုး၊ 'I usually wake up early on weekdays.' စတဲ့ ဝါကျမျိုးတွေကို ရေးတာ၊ ပြောတာတွေကို ဒီအဆင့်မှာလေ့လာလေ့ကျင့်ရမှာပါ...

ဒီ Level မှာ always, usually, often, sometimes, from time to time, every now and then, rarely, hardly ever, never အစရှိတဲ့ adverb of frequency တွေကို ထိထိရောက်ရောက်လေ့လာရမယ်... အဲ့ဒီလိုဘဲ verb တွေရဲ့ tense တွေကိုလည်း ထိတွေ့ရမှာပါ... အဲ့ဒီလိုအစိတ်အပိုင်းတွေကို သေချာလေ့လာပြီးရင်တော့ အခြေခံအဆင့်ကို ကျေညက်ပြီလို့ပြောရမှာပါ...

ဒီ Level ကို သေချာလေ့လာပြီးရင် ကိုယ်နဲ့မစိမ်းတဲ့ အကြောင်းအရာတွေကို ရိုးရှင်းတဲ့ဝါကျတိုတွေနဲ့ အနည်းငယ် (တခွန်းစ နှစ်ခွန်းစ) ပြောဆိုနိုင်လာပါလိမ့်မယ်... စကားစမြည်ပြောတဲ့အခါ အတိုအထွာအနည်းငယ်နဲ့ နည်းနည်းပါးပါးပြောဆိုတာတွေ လုပ်နိုင်လာပါလိမ့်မယ်...

အခက်အခဲတွေက conversation ကို ကြာရှည်နားမလည်နိုင်တာ၊ ဘယ်လိုထပ်ဆွဲဆန့်ပြီး ကြာရှည်ပြောရမလဲမသိတာ၊ ပြောနိုင်တဲ့ English မြန်မြန်ကုန်ခမ်းသွား ပြီး နောက်ထပ်မသိတော့တာမျိုးတွေ ဖြစ်ပါတယ်...

နောက်ထပ် Level တွေဖြစ်တဲ့ B1, B2, C1 နဲ့ C2 တွေကို နောက် post တွေမှာ ဆက်ကြည့်ပေးပါ...





25/02/2025

𝗘𝗻𝗴𝗹𝗶𝘀𝗵 ဘာသာစကားကို လေ့လာတဲ့အခါ သိနားလည်ထားရမယ့် အဆင့် (𝗟𝗲𝘃𝗲𝗹) တွေရဲ့အကြောင်း

English က ကမ္ဘာပေါ်မှာအကျယ်ပြန့်ဆုံး ဘာသာစကားဆိုတာ သိကြပြီးသားပါ... အဲ့ဒီအပြင် အင်တာနက်ပေါ်မှာ အရာရာတိုင်းလောက်ကို သိနိုင် နားလည်နိုင်ဖို့အတွက်လည်း ဒီဘာသာစကားက အရမ်းအဓိကကျပါတယ်...

English ကို လေ့လာတဲ့အခါ ဘာသာရပ် (subject) တခုလိုမချဥ်းကပ်ဘဲ ဘာသာစကား (language) လို လေ့လာမှ အကျိုးရှိမှာပါ... ဘာသာစကားဆိုတဲ့နေရာမှာ Reading၊ Writing၊ Listening နဲ့ Speaking ဆိုပြီး 4 skills အပြင် Thinking ဆိုတဲ့ အရာလည်းပါဝင်ပါတယ်... အဲ့ဒီအပြင် ဝေါဟာရ (vocabulary)၊ သဒ္ဒါ (grammar) နဲ့ expression တွေကိုပါ လေ့လာမှ ရပါမယ်...

ဒီအစိတ်အပိုင်းတွေကို လေ့လာတဲ့အခါ နှစ်ချီကြာမြင့်တတ်ပါတယ်... နက်နက်နဲနဲစိတ်ဝင်စားလို့ လေ့လာလိုက်စားမယ်ဆို တသက်လုံးလေ့လာလို့မကုန်နိုင်ပါဘူး... ဒါပေမယ့် ဘယ်အတိုင်းအတာအထိလေ့လာရင် ဘယ်လောက်အကျိုးဖြစ်ထွန်းတယ်... ဘယ်အဆင့်လောက်ရှိနိုင်တယ်ဆိုတာကိုတော့ သိနားလည်ဖို့လိုပါတယ်...

အဲ့လိုနားလည်ဖို့အတွက်က အရမ်းမခက်ခဲပါဘူး... ဘာလို့ဆို CEFR လို့ အတိုခေါ်တဲ့ The Common European Framework of Reference for Languages (ဘာသာစကားတွေအတွက် ရည်ညွှန်းချက်ပြ ဘုံဥရောပကန့်သတ်မှုဘောင်) ဆိုတာနဲ့ တိုင်းတာကြည့်လို့ရပါတယ်...

CEFR မှာက အဆင့် ၆ ဆင့်ပါပါတယ်... ကိုယ်ရဲ့ English ဘာသာစကားကို သုံးစွဲနိုင်စွမ်းကို ဒီအဆင့်တွေက ဖော်ပြပေးပါတယ်... အဲ့လိုသိရင် ကိုယ်ရောက်နေတဲ့ level ကနေ နောက်အဆင့်တွေကို ထပ်တက်တာ၊ လေ့လာတာတွေကို အချိန်နဲ့ကုန်ကျစရိတ်ထိထိရောက်ရောက်သုံးပြီး လုပ်နိုင်တာမို့ CEFR အဆင့်တွေက အရေးပါလှပါတယ်...

ကဲ... အဆင့်တွေကို ကြည့်လိုက်ကြရအောင်...

A1: Beginner Level
A2: Elementary Level & Pre-Intermediate Level
B1: Intermediate Level
B2: Upper Intermediate Level
C1: Advanced Level
C2: Proficient Level ဆိုပြီး အဆင့် ၆ ဆင့်ရှိပါတယ်...

ဒါပေမယ့် သင်ကြားရေးမှာတော့ A2 နဲ့ B1 ကြားမှာ Pre-Intermediate ဆိုတာကို အဆင့်တဆင့်အနေနဲ့ သတ်မှတ်သင်ကြားတာရှိပါတယ်... ဘာလို့ဆို A2 နဲ့ B1 ကြားက ကွာဟမှုက အနည်းငယ်ကျယ်ပြီး လေ့လာသူတချို့အတွက် အခက်အခဲတွေရှိနိုင်တာမို့ပါ... ဒါကြောင့်မို့ Pre-Intermediate အဆင့်ကို ထည့်သွင်းသင်ကြားတာက လေ့လာသူတွေနဲ့ ကျောင်းသူကျောင်းသားတွေအဖို့ အကျိုးရှိပါတယ်... Pre-Intermediate ကို A2 ရဲ့ Level မှာ ထည့်သွင်းသတ်မှတ်ပါတယ်...

နောက်တချက်က ကျောင်းတွေ၊ သင်တန်းတွေနဲ့ လုပ်ငန်းတွေက CEFR သတ်မှတ်ချက်ကို သုံးကြပါတယ်... ဒါကြောင့်မို့ ကိုယ်ရောက်နေတဲ့ CEFR Level ဝန်းကျင်က ကိုယ့်ရဲ့လက်ရှိ English အနေအထားနဲ့ ကိုယ်ထပ်လေ့လာမယ့်လမ်းကြောင်းအတွက် အရေးကြီးပါတယ်...

SociScope ရဲ့ နောက်ထပ် post မှာ 'CEFR Level များနဲ့ သူတို့ရဲ့အနေအထားများ' ကို ထပ်ပြီးဖော်ပြပေးပါမယ်... English ကို သေချာလေ့လာလိုက်စားပြီး တိတိကျကျနဲ့အကျိုးရှိချင်တယ်ဆိုရင် CEFR ရဲ့ အဆင့်တွေကို သေချာနားလည်ဖို့လိုပါတယ်...

ကိုယ့်ရဲ့ လက်ရှိ English Level ကို သိချင်ရင် SociScope မှာ Level Test စစ်ပြီး ကိုယ့်လက်ရှိအနေအထားကနေ နောက်ထပ်အဆင့်ဆင့်တွေကို SociScope မှာ အချိန်နဲ့ကုန်ကျစရိတ်ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက်လေ့လာနိုင်ပါတယ်...

SociScope မှာ English ကိုသင်ကြားတဲ့အခါ English ဘာသာစကားကိုဘဲ အသုံးပြုသင်ကြားပါတယ်... SociScope မှာ English ကိုလေ့လာဖူးသူတိုင်းက များပြားလှတဲ့အကြောင်းအရာအမျိုးမျိုးကို English ဘာသာစကားနဲ့ဘဲ ပြောဆိုကြတာမို့ SociScope နဲ့ဘဲ အမြဲရေရှည်လက်တွဲလေ့လာဖြစ်သွားကြပါတယ်...

25/02/2025

𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗘𝘀𝘀𝗮𝘆 တပုဒ်မှာ ပါသင့်တဲ့အရာများ

ဘယ်လို အက်ဆေးဖြစ်ဖြစ် မပါမဖြစ်ပါရမှာက introduction (နိဒါန်း)၊ body (စာကိုယ်) နဲ့ conclusion (နိဂုံး) တို့ပါဘဲ...

Introduction ရဲ့အလုပ်က စာဖတ်သူရဲ့ အာရုံကို ဆွဲဆောင်ရမယ်... ရေးနေတဲ့ topic (အကြောင်းအရာ)ရဲ့ background information (နောက်ခံ)ကို အကြမ်းဖျဥ်းပေးရမယ်... အသေးစိတ်မဟုတ်ပါဘူး... ပြီးတော့ ပိုအရေးကြီးတာတခုရှိပါသေးတယ်... ကိုယ်ရေးမယ့် ကိုယ်ပြောမယ့် အကြောင်းအရာ (thesis statement) ကို တိတိကျကျ ရှင်းရှင်းလင်းလင်းဖော်ပြတာပါရမယ်...

Body (စာကိုယ်) မှာတော့ စာပိုဒ်ရေတခုမက ရေးသားလို့ရပါတယ်... ကန့်သတ်ထားတဲ့ စာလုံးအရေအတွက်ဘောင်အတွင်းမှာ စာကိုယ်တပိုဒ်ဖြစ်စေ၊ နှစ်ပိုဒ်ဖြစ်စေ၊ သုံးပိုဒ်ဖြစ်စေ ကိုယ်ဖော်ပြချင်သလို ရေးလို့ရပါတယ်...

Body ရေးတဲ့နေရာမှာလည်း ရေးသားနည်းရှိပါတယ်... ကိုယ်ရေးတာကို ဖတ်သူနားလည်စေဖို့အတွက် topic sentence (စာပိုဒ်ရဲ့ပင်မအကြောင်းအရာ) နဲ့ အဲ့ဒီ topic sentence ကို အထောက်အပံ့ပေးမယ့် အသေးစိတ်အချက်အလက်တွေ ပါဝင်ရပါမယ်... စာတပိုဒ်ဆီမှာ အဲ့ဒီ ၂ ခုပါဝင်ရပါတယ်... အဲ့လိုပါတဲ့စာပိုဒ်တွေကို ကိုယ်ဖော်ပြချင်သလောက် (စာလုံးရေကန်သတ်မှုဘောင်အတွင်းကနေ) ရေးလို့ရပါတယ်...

Conclusion (နိဂုံး) ကတော့ အပေါ်မှာပြောထားတဲ့ introduction နဲ့ရော၊ body နဲ့ရော ကွဲပြားပါတယ်... နိဂုံးမှာတော့ အက်ဆေးရဲ့အပေါ်မှာ ပြောခဲ့တဲ့အကြောင်းအရာတွေကို အကျဥ်းချုပ်ပြန်ဖော်ပြရပါတယ်... ပြီးတော့ ကိုယ့်ရဲ့နောက်ဆုံးထင်မြင်ချက်ကို ပေးလို့ရပါတယ်...

အဲ့ဒီအချက်အလက်တွေမပါတဲ့၊ မပြည့်စုံတဲ့ အက်ဆေးတွေကို အက်ဆေးကောင်းတစ်ခုလို့ သတ်မှတ်လို့မရပါဘူး... စာဖတ်သူကို ပြည့်ပြည့်ဝဝနားလည်အောင် မလုပ်နိုင်တာမို့ပါ...

ကျောင်းသူကျောင်းသားတွေအနေနဲ့ အပေါ်မှာပြောထားတဲ့ အက်ဆေးတခုရဲ့ frame (ဘောင်) တွေ မပြည့်စုံရင် ရနိုင်တဲ့အမှတ်တွေ မရဘဲ ဆုံးရှုံးရပါမယ်...

အဲ့ဒီအပြင် ရေးသားမှုအတွက် ဘာသာစကားအခြေခံတွေဖြစ်တဲ့ စကားလုံး (vocabulary) နဲ့ သဒ္ဒါပိုင်း ကောင်းမွန်ရပါမယ်... တိတိကျကျနဲ့ ပိုပြီးသဘာဝကျကျ ဖော်ပြဖို့အတွက် အီဒီယမ် (idiom) တချို့ကိုလည်း သေချာသိရှိပြီး ကျွမ်းကျွမ်းကျင်ကျင် သုံးနှုန်းနိုင်ဖို့လိုပါတယ်... ပြီးတော့ ရှင်းရှင်းလင်းလင်းတွေးပြီး အဲ့ဒီအတွေးကို တိတိကျကျ ပြတ်ပြတ်သားသားဖော်ပြနိုင်ရပါမယ်...

အက်ဆေးက စာကျက်ပြီးဖြေလို့မရပါဘူး... အလွတ်ကျက်မှတ်ပြီး ရေးချရတဲ့ ဖြေရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး... အက်ဆေးမေးရခြင်းရည်ရွယ်ချက်က ၂ ခုရှိပါတယ်...

တစ်ခုက ကျောင်းသူကျောင်းသားတွေရဲ့ အကြောင်းအရာတခုကို နားလည်နိုင်စွမ်းနဲ့ တွေးတောနိုင်စွမ်းကို စစ်ဆေးတာပါ... နောက်တခုက ကျောင်းသူကျောင်းသားတွေရဲ့ သီကုံးရေးသားနိုင်စွမ်းကို စစ်တာပါ... အဲ့ဒီတော့ ကိုယ့်ရဲ့အားထုတ်မှုကိုသာ အမှတ်ပေးတာပါ...

ကျက်မှတ်ပြီးရေးတာက အရမ်းသိသာပါတယ်... ကိုယ်က တခြားမေးခွန်းတွေကို ဖြေတာရယ်၊ ရေးတာရယ်နဲ့ ကိုယ့်အက်ဆေးအရေးအသားမှာ ကွာခြားမှုရှိနေလို့မရပါဘူး... တခြားအဖြေတွေမှာ ကိုယ့်ရဲ့အဖြေကို ရေးသားဟန်က သူများအက်ဆေးကိုကျက်မှတ်ပြီးရေးသားမှုနဲ့ အရမ်းကွာခြားဖို့အလားအလာများပါတယ်... ဒါကြောင့်မို့ ကျက်မှတ်မဖြေဘဲ ကိုယ်တိုင်ရေးတတ်အောင်လေ့လာသင်ယူရမှာပါ...

ကျောင်းသူကျောင်းသားတွေအနေနဲ့ Essay တွေကို ကျွမ်းကျွမ်းတွေးခေါ်ရေးသားတတ်ချင်ရင် SociScope မှာ ထိထိရောက်ရောက် လေ့လာသင်ယူနိုင်ပါတယ်...

Address

Yangon

Telephone

+959761362059

Website

Alerts

Be the first to know and let us send you an email when SociScope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share