Social Science Department LAP - MIT

Social Science Department LAP - MIT

Share

Social Science Department, Liberal Arts Program, Myanmar Institute of Myanmar, Yangon, Myanmar.

01/04/2026

Bachelor of Social Science & Master in Social Science program are available now!

📣📣📣
LAP Admission for B.A./Sc. and M.A. programs
☑️ Forms opening: 15 May 2026
☑️ Forms closing: 31 July 2026
Stay tune for more details.

-27

07/03/2026

The registration for summer certificate and bridging courses are closed now. We do not accept any applications longer. We truly appreciate for your interests in our summer programs. Moreover, there is a special program announcement in very soon. So, please kindly wait and see the update information about our program.



Photos from Social Science Department LAP - MIT's post 19/01/2026

Bridging Course ရဲ့ တတိယမြောက် ဖွင့်လှစ်မဲ့ ဘာသာကတော့ Social Psychology ဖြစ်ပါတယ်။

တက်ရောက်သင့်သူများ-
Academic field ထဲဝင်ချင်သူများ
ဘွဲ့ကြိုကျောင်းသား/သူများ
လူမှုစိတ်ပညာ အပေါ် စိတ်ဝင်စားသူများ
လူတစ်ဦး၏ အတွေးအခေါ်၊ ခံစားချက်နှင့် အပြုအမူများကို လေ့လာလိုသူများ

သင်တန်းတက်ရောက်ခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူးများ-
လူမှုရေးပြဿနာများ (လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှု) ၏ ဇစ်မြစ်ကို သိရှိကာ ဖြေရှင်းနိုင်ခြင်း။
မိမိကိုယ်တိုင်နှင့် အခြားသူများ၏ အပြုအမူအပေါ် နက်ရှိုင်းစွာ နားလည်နိုင်ခြင်း။
လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းကြားရှိ အပြန်အလှန် သက်ရောက်မှုများကို လူမှုစိတ်ပညာရူထောင့်မှ သုံးသပ်နိုင်ခြင်း။
ပညာရေးနယ်ပယ်အတွက် မရှိမဖြစ်လိုအပ်သော analytical thinking နဲ့ critical reasoning ကို တိုးတက်ကောင်းမွန်လာစေခြင်း။

သင်ကြားပုံစံ-
Online သင်တန်း (Zoom မှတစ်ဆင့်)

သင်ကြားမည့်သူများ-
1. Dr. Paw Lar Say
2. Sayama Aye Thiri Myint

သင်တန်းအချိန်ဇယားနဲ့ ကြေး -
သင်တန်းကာလ – ၆ ဧပြီ ၂၀၂၆ (တနင်္လာနေ့) မှ ၂၅ ဧပြီ ၂၀၂၆ (စနေနေ့) အထိ
သင်တန်းနေ့များ – တနင်္လာမှ စနေနေ့အထိ (အပတ်စဉ် ၆ ရက်)
သင်ချိန် – နေ့စဉ်ညနေ ၆ နာရီမှ ၉ နာရီအထိ
သင်တန်းကြေး – ၂၀၀,၀၀၀ ကျပ် (ငွေပေးချေပြီးမှ စာရင်းသွင်းပြီးဖြစ်မည်)
(*၁၂ရက်နေ့မှ ၁၉ရက်နေ့ ထိ သင်္ကြန်ကာလဖြစ်သောကြောင့်ပိတ်မည်။)

လိုအပ်သောပစ္စည်းများ
Laptop သို့မဟုတ် Desktop Computer
Internet Connection ကောင်းမွန်မှု

စာရင်းသွင်းရန်လိုအပ်ချက်များ-
ကျောင်းသားအမည်အပြည့်အစုံ
ဆက်သွယ်ရန်ဖုန်းနံပါတ်
ငွေပေးချေပြီးကြောင်း ဘဏ်အတည်ပြုချက် (ဖြတ်ပိုင်း) ဓာတ်ပုံ
နောက်ဆုံးစာရင်းသွင်းရက် – ၆ မတ်လ ၂၀၂၆ (သောကြာနေ့)

အခြားအသေးစိတ်အတွက် ဆက်သွယ်နိုင်သည့်နေရာ –
လူမှုရေးသိပ္ပံဌာန (Social Science Department)
မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)
ဖုန်း – +၉၅ ၉၇၅၈၁၁၃၁၆၄ (နေ့လည် ၁နာရီမှ ၅နာရီအတွင်းသာ ဆက်သွယ်နိုင်ပါသည်)
မှတ်ချက် – လူဦးရေအကန့်အသတ်ရှိသဖြင့် စိတ်ဝင်စားသူများ မြန်မြန်စာရင်းပေးသွင်းပါနော်။

Photos from Social Science Department LAP - MIT's post 09/01/2026

Summer Certificate & Bridging Courses

Bridging Course ရဲ့ ဒုတိယမြောက် ဘာသာရပ်ကတော့ Social Science Research ဘာသာရပ် ဖြစ်ပါတယ်။

တက်ရောက်သင့်သူများ-
1. Academic field ထဲဝင်ချင်သူများ
2. ဘွဲ့ကြို/လွန် ကျောင်းသား/သူများ
3. သုတေသနအပေါ် စိတ်ဝင်စားသူများ
4. လူမှုရေးသိပ္ပံနယ်ပယ်ကိုအခြေခံပြီး သုတေသနပြုလုပ်မည့် ကျောင်းသား/သူများ

သင်တန်းတက်ရောက်ခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူးများ-
1. သုတေသနစာတမ်းများအား ပိုမိုနက်ရှိုင်းစွာနားလည်နိုင်ခြင်း။
2. Academic writing နဲ့ research methodology အခြေခံသဘောတရားများ သိရှိလာခြင်း။
3. ပညာရေးနယ်ပယ်အတွက် မရှိမဖြစ်လိုအပ်သော analytical thinking နဲ့ critical reasoning ကို တိုးတက်ကောင်းမွန်လာစေခြင်း။

သင်ကြားမည့်အကြောင်းအရာများ-
Research Planning & Design
Analysis & Argumentation
Criticizing & Building Theories
Modeling Theories
Choosing Methods & Gathering Data
Presenting Evidence
Writing the Final Product

သင်ကြားပုံစံ-
Online သင်တန်း (Zoom မှတစ်ဆင့်)
သင်တန်းအချိန်ဇယားနဲ့ ကြေးဖြစ်ပါတယ်
သင်တန်းကာလ – ၂၃ မတ် ၂၀၂၆ (တနင်္လာနေ့) မှ ၄ ဧပြီ ၂၀၂၆ (စနေနေ့) အထိ
သင်တန်းနေ့များ – တနင်္လာမှ စနေနေ့အထိ (အပတ်စဉ် ၆ ရက်)
သင်ချိန် – နေ့စဉ်ညနေ ၆ နာရီမှ ၉ နာရီအထိ
သင်တန်းကြေး – ၂၀၀,၀၀၀ ကျပ် (ငွေပေးချေပြီးမှ စာရင်းသွင်းပြီးဖြစ်မည်)

သင်ကြားမည့်သူများ-
1. Dr. Paw Lar Say (Qualitative Research),
2. Sayama. Nwe Ni Hla (Quantitative Research)
3. Saya Nyein Chan (Qualitative Data Analysis)

လိုအပ်သောပစ္စည်းများ-
Laptop သို့မဟုတ် Desktop Computer
Internet Connection ကောင်းမွန်မှု

စာရင်းသွင်းရန်လိုအပ်ချက်များ-
ကျောင်းသားအမည်အပြည့်အစုံ
ဆက်သွယ်ရန်ဖုန်းနံပါတ်
ငွေပေးချေပြီးကြောင်း ဘဏ်အတည်ပြုချက် (ဖြတ်ပိုင်း) ဓာတ်ပုံ
နောက်ဆုံးစာရင်းသွင်းရက် – ၆ မတ်လ ၂၀၂၆ (သောကြာနေ့)

အခြားအသေးစိတ်အတွက် ဆက်သွယ်နိုင်သည့်နေရာ –
လူမှုရေးသိပ္ပံဌာန (Social Science Department)
မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)
ဖုန်း – +၉၅ ၉၇၅၈၁၁၃၁၆၄ (နေ့လည် ၁နာရီမှ ၅နာရီအတွင်းသာ ဆက်သွယ်နိုင်ပါသည်)
မှတ်ချက် – လူဦးရေအကန့်အသတ်ရှိသဖြင့် စိတ်ဝင်စားသူများ မြန်မြန်စာရင်းပေးသွင်းပါနော်။

Photos from Social Science Department LAP - MIT's post 05/01/2026

မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)၊ လူမှုရေးသိပ္ပံဌာန (Social Science Department) ကနေ ဦးဆောင်ပြီး လူမှုရေးသိပ္ပံဘာသာရပ်များကို စနစ်တကျလေ့လာလိုသူများအတွက် Summer Certificate & Bridging Course တစ်ခုကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ Bridging Course အောင်မြင်ပြီးသူများအနေနဲ့ Master of Social Science Program ကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
သင်တန်း - Social Science and Humanities (Certificate & Bridging Course)
သင်တန်း တက်ရောက်သင့်သူများ -
လူမှုရေးသိပ္ပံဘာသာရပ်ကို သိပ္ပံနည်းကျ စနစ်တကျ လေ့လာလိုသူများ
လူမှုရေးသိပ္ပံနှင့် ပတ်သက်သော အခြေခံ သဘောတရားများ၊ ဖြစ်တည်မှုများကို နားလည်လိုသူများ
လူမှုရေးသိပ္ပံ/လူထုသိပ္ပံပညာ (Social Science and Humanities) ဘာသာရပ်ဖြင့် အဆင့်မြင့် ပညာဆက်လက်ဆည်းပူးရန် စိတ်ဝင်စားသူများ (မဟာဘွဲ့အစီအစဉ်များ ဆက်တက်ရန် ရည်ရွယ်သူများ)

သင်ကြားမည့် ပုံစံ -
အွန်လိုင်း (Online) - Zoom Application မှတစ်ဆင့် သင်ကြားပေးမည်။
သင်တန်းအချိန်ဇယားနှင့် သင်တန်းကြေး -
သင်တန်းကာလ - ၉ မတ်လ၂၀၂၆ (တနင်္လာနေ့) မှ ၂၁ မတ်လ ၂၀၂၆ (စနေနေ့) အထိ
သင်တန်းနေ့များ - တစ်ပတ်လျှင် (တနင်္လာမှ စနေနေ့အထိ) (၆) ရက်
နေ့စဉ်သင်ချိန် - ညနေ (၆:၀၀) မှ (၉:၀၀) နာရီ အထိ
သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ် (ငွေပေးချေပြီးကြောင်း အတည်ပြုချက်ရမှသာ စာရင်းသွင်းပြီးဖြစ်မည်)
လိုအပ်သော ပစ္စည်းများ -
လက်တော့ပ်ကွန်ပြူတာ (Laptop) သို့မဟုတ် ဒက်စ်တော့ကွန်ပြူတာ (Desktop)
ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှု (Internet Connection)
စာရင်းသွင်းရန်လိုအပ်ချက်များ -
၁။ ကျောင်းသား/သူ အပြည့်အစုံအမည်
၂။ ဆက်သွယ်ရန် ဖုန်းနံပါတ်
၃။ ငွေပေးချေပြီးကြောင်း ဘဏ်မှ အတည်ပြုချက် (ဖြတ်ပိုင်း) ဓာတ်ပုံ
နောက်ဆုံးစာရင်းသွင်းရက် - ၆ မတ်လ၂၀၂၆ (သောကြာနေ့)
အသေးစိတ်သိရှိလိုပါက စာရင်းပေးသွင်းလိုပါက ဆက်သွယ်ရန် -
လူမှုရေးသိပ္ပံဌာန (Social Science Department)၊ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT)
ဖုန်း (Viber) +၉၅ ၉၇၅၈၁၁၃၁၆၄ (နေ့လည် ၁ နာရီမှ ၅ နာရီအတွင်း ဆက်သွယ်နိုင်ပါသည်)
page Messenger ကနေတဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
(မှတ်ချက် - လူဦးရေ အကန့်အသတ်ရှိပါသဖြင့် စိတ်ဝင်စားသူများ မြန်မြန်စာရင်းပေးသွင်းကြပါနော်။)**

03/01/2026

အားလုံးဘဲ မင်္ဂလာနှစ်သစ်ပါ။

ကျွန်တော်တို့ Social Science Department ကနေ ဒီနှစ်အတွင်း Master of Social Science Program ကို စတင် ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

ဘယ်သူတွေ တက်ရောက်နိုင်မလဲဆိုင်ရင်တော့…လူမှုရေးသိပ္ပံနှင့် ဆက်စပ်ဘာသာရပ်များမှ Bachelor Degree ပြီးမြောက်ထားသူများ Master of Social Science Program ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး။ အခြားနယ်ပယ်မှ ကျောင်းသူ/သား များ (Non-Social Science ကျောင်းသားများ) အတွက် Bridging Courses များကို စီစဉ်ပေးထားပါတယ်။ Master Program တက်ရောက်လိုပါက Bridging Courses ကို အရင်ပြီးမြောက်အောင် တက်ရောက်ရမှာဖြစ်ပြီး၊ အောင်မြင်ပါက Master Program သို့ တိုက်ရိုက်တက်နိုင်မှာဖြစ်ပါတယ်။

🎓Bridging Courses များကို (Non-Social Science) ကျောင်းသားတွေဘဲတက်လို့ရတာလား။
အဖြေကတော့ လုံးဝမဟုတ်ပါဘူး။ အခြားကျောင်းသူ/သားများကလည်း မိမိစိတ်ဝင်စားသည့် ဘာသာရပ်ကို Summer Certificate Courses အနေနဲ့ ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🎓 Bridging Courses မှာ ဘာတွေသင်မှာလဲ?
Bridging Courses ထဲမှာသင်ကြားသွားမဲ့ဘာသာရပ်တွေကတော့…

1️⃣ Social Science and Humanities
👩‍🏫 သင်ကြားပေးသူ - Dr. Paw Lar Say & Dr. Salai Vanni Bawi

2️⃣ Social Science Research
👩‍🏫👨‍🏫 သင်ကြားပေးသူ - Dr. Paw Lar Say (Qualitative Research), Sayama. Nwe Ni Hla (Quantitative Research) & Saya Nyein Chan (Qualitative Data Analysis)

3️⃣ Social Psychology
👩‍🏫👩‍🏫 သင်ကြားပေးသူ - Dr. Paw Lar Say & Sayama. Aye Thiri Myint

Course နဲ့ပတ်သက်တဲ့ အသေးစိပ်အချက်အလက်များကို နောက်ထပ် ပို့စ်များတွင် ဆက်လက်ဖော်ပြသွားပါမယ်။

🔔 စိတ်ဝင်စားသူများအနေဖြင့် အောက်ဖုန်းနံပါတ်မှ နောက်ထပ်အချက်အလက်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Viber No. +959758113164
Email - [email protected]

01/01/2026

“New year, new courage. May 2026 be your year of growth, healing, and fresh beginnings.”

​Wishing you all the best,
Social Science Department

01/11/2025

Honoring to Social Science Department as 25th Silver Jubilee.

This is final video project, Class of 2025, Social Student.

Special Thanks to
Head of Social Science Department
Dr. PawLar Say
&
Sir Samuel for Video Editing (English Department)

10/04/2025

New Academic Year
Call for Admission 2025-2026

CALL FOR ADMISSIONS
2025-2026.

31/03/2025

Donate for earthquake area.

⚜️LAP ကျောင်းသူ၊ ကျောင်းသားများ ထံသို့ အသိပေးကြေညာချက်⚜️

Shout out to all LAP students and alumini from all over the world‼️

🚨ငလျင်ဘေးသင့်ဒေသများ အတွက် အလှူငွေကောက်ခံခြင်း။ 🚨

🚩 (၂၈) ရက်နေ့၊ မတ်လ (၂၀၂၅)၊ သောကြာနေ့ တွင် လှုပ်ခတ်သွားသော ငလျင်ကြောင့်၊ မြန်မာပြည် နေရာဒေသ အများတွင် ကြေကွဲဖွယ်ရာ ပျက်စီးဆုံးရှုံးမှုအများအပြားနှင့် ကြုံတွေ့ရလျက်ရှိပါသည်။

🚩 ထိုကဲ့သို့ ကြီးမားသော ဘေးဒုက္ခ ရင်ဆိုင်နေရသော နေရာ အများအပြားထဲမှ သေးငယ်သော ဒေသတစ်ခုဆီသို့ ပြန်လည်မျှဝေရန် အလှူငွေများကို ကောက်ခံခြင်းဖြစ်ပါသည်။

🚩 အလှူငွေ အနည်းများ မဆို ကုသိုလ်ယူ ပါဝင်​လှူဒါန်းနိုင်ပါသည်။ တစ်ယောက်ချင်းစီမဟုတ်၊ အများ၏ ပါဝင်ပူးပေါင်းမှုဖြစ်၍၊ တစ်ဦး (၅၀၀) ကျပ် ဆိုလျှင်ပင် အများအပြား စုပေါင်းမိမှာ ဖြစ်ပါသည်။

🚩 LAPSC မှလည်း ယုံကြည်စိတ်ချရသော မြေပြင် Volunteer အဖွဲ့များကို ကြိုးစား ဆက်သွယ်နေလျက်ရှိပါသည်။

🚩 ရရှိလာသော အလှူငွေများကို ရည်ရွယ်ချက် (၂) ခုဖြင့် ပြန်လည်မျှဝေသွားမည်ဖြစ်သည်။

၁) ထိခိုက်ပျက်စီးမှုများသော ဒေသ တစ်ခုဆီသို့ အမြန်ဆက်သွယ် မျှဝေခြင်း။ (ယုံကြည်ရသော မြေပြင်လှုပ်ရှား အဖွဲ့များကို ဆက်သွယ်နေလျက်ရှိ။)

၂) အလှူငွေ၏ စုစုပေါင်း ရာခိုင်နှုန်းတစ်ခုအထိကို အထိခိုက်များ ဒေသမှ LAP ကျောင်းသား များဆီသို့ ပြန်လည်မျှဝေခြင်း။ (Damage Area မှ ကျောင်းသားများ စာရင်းကို ကောက်ယူနေဆဲ။)

🚩 ယခုလို ဘေးအန္တရာယ် ကြုံတွေ့နေရသော လူပေါင်း မရေမတွက်နိုင်တဲ့အထဲတွင် LAP ကျောင်းသားများ၊ မိသားစုဝင်များလည်း ပါဝင်နေလျက်ရှိကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။

🚩 အလှူငွေများကို စုစုပေါင်း လက်ခံရရှိသော ပမာဏနှင့်တကွ၊ မြေပြင်မျှဝေခဲ့ခြင်း မှတ်တမ်းများကိုလည်း ပွင့်လင်းစွာ ပြန်လည်မျှဝေသွားမည်ဖြစ်သည်။

🚩 အလှူငွေများကို ယနေ့မှစ၍ (၃) ရက် အတွင်း၊ ဧပရယ်လ (၂) ရက်နေ့ ညနေ (၁၁:၅၉) နာရီအထိ လက်ခံပေးသွားမည် ဖြစ်ပါသည်။

🚩 Kpay Scan များကို Comment Box တွင် ရှာဖွေ တွေ့ရှိနိုင်ပါသည်။

📞K pay Phone Number

Naw Yun Lin Hpway - 09762089783
Saw Doh Gay Thaw - 09966878647
Benedetta - 09984291848
Yin Htet - 09882266199

Wave Pay Number

Myat Moh Moh Ko - 09975414970

စိတ်နှလုံးညိုးငယ်စွာဖြင့် LAPSC ❤️‍🩹




Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Seminary Hill, Insein
Yangon
11011

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00