07/01/2021
သင်တန်းတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများအခမဲ့ရယူလိုက်ပါ😱😱😱
Design Agency များတွင် Graphic Designer အဖြစ်ရပ်တည်ချင်သူများ၊ In-house designer, Freelance Designer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ Digital Marketing Agency များတွင် Social Media Designer အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများ တက်ရောက်သင့်သည့် သင်တန်းဖြစ်သည်။
သင်တန်းပြီးဆုံးပါ ပြည်တွင်း Graphic Design Company များတွင် အလုပ်ရရှိရေးအတွက် အလုပ်အခမဲ့ ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်😱😱
ယနေ့ လုပ်ငန်းခွင်နယ်ပယ်မှာ professional ကျကျနဲ့ Graphic Design ပညာရပ်တွေ ကို သင်ကြားချင်တယ်ဆိုရင်တော့ FOC ပညာရေးမိသားစုဆီ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်..
Online Zoom Meeting ဖြင့် သင်ကြားပေးမည့်အပြင်Professional ကျကျနဲ့ Graphic Designer တစ်ယောက်အဖြစ် လုပ်ငန်းခွင်မှာ ရပ်တည်နိူင်ရန်အလေးပေးသင်ကြားပေးမှာဖြစ်ပါသည်..
သင့်အနေနက် အိမ်မှာနေရင်း အချိန်တွေကိုး အကျိုးရှိစွာအသုံးချချင်တယ်ဆိုရင်တော့ Online Zoom Meeting အတန်းလေးကို လက်လွှတ်မခံသင့်ပါဘူးနော်...
အဆင်ပြေပြေနဲ့လွယ်လွယ်ကူကူလေ့လာလို့ရမဲ့အပြင်ကျောင်းသားတစ်ယောက်ချင်းရဲ့လိုအပ်ချက်တွေ မရှင်းတာတွေနားမလည်တာတွေမရှိရလေအောင်ဆရာကအနီးကပ်သင်ကြားပေးမှာဖြစ်ပါတယ်။
သင်ကြားထားသော သင်ခန်းစာများကိုလည်း Recordလုပ်ပြီး Facebook Private Groupတွင်လည်း တင်ပေးသွားမှာဖြစ်ပါတယ်
သင်ကြားပေးမည့်သူကတော့ ကျွန်တော်တို့ FOC ရဲ့ Founderဖြစ်တဲ့ ဆရာရဲထက်ကျော်ကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်း တက်ရင်ဘာတွေခံစားခွင့်ရှိသေးလဲ?
သင်တန်းစတက်တယ်ဆို သက်ဆိုင်ရာ သင်တန်းရဲ့စာအုပ်ကို ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။စာအုပ်ကို Yangon မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်သလို့ နယ်က သင်တန်းသားတွေအတွက် ကားဂိတ်အရောက် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
Delivery ခတော့ ပေးရပါမယ်ခင်ဗျာ။
သင်တန်းပြီးဆုံးသွားရင်လဲ သင်တန်းပြီးဆုံးကြောင်း Certificate ကိုလည်းထပ်မံရရှိမှာဘဲဖြစ်ပါတယ်။😱😱😱😱
Zoom Class ဖြစ်တဲ့အတွက် လူဉီးရေ ကန့်သတ်ထားလို့ အမြန်ဆုံး Registerလုပ်ထားဖို့လိုပါမယ်နော်
Time Table
Graphic Design
Sat - Sun 7:00 PM To 9:00 PM
တစ်ပတ်၂ရက်သင်ကြားမှာဖြစ်ပြီး ၃လကြာမြင့်မှာဖြစ်ပါတယ်...
Zoom meeting Class လေးမှာသင်ကြားပေးမဲ့ Subject လေးတွေကတော့.......
Adobe Photoshop CC 2019
Adobe Illustrator CC 2020
Adobe InDesign CC 2020
သင်တန်းတက်ရောက်လိုပါက Comment တွင် FOCလို့ မန့်ခဲ့ပါခင်ဗျာ။ ကျွန်တော် Admin Team ကနေ အမြန်ဆုံးပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။သို့မဟုတ် FOC ၏Page Messenger
m.me/foundationofcomputing တွင်လည်းသင်တန်းအပ်နိုင်သလို အောက်ပါPhone Noများအားဆယ်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
သင်တန်းစမည့်ရက်-ဇန်နဝါရီလ ၂၅ရက်
09 766 094 992/ 09 978975121
03/01/2021
Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေရဲ့ အသုံးပြုပုံလေးတွေပါ ခင်ဗျာ
F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..
F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..
F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...
F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..
F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...
F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...
F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..
F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..
F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...
F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..
F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..
F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...
😊အားလုံးအဆင်ပြေပါစေ ခင်ဗျာ✍️
မူရင်းရေးသားသူ
28/12/2020
သင်တန်းတက်ရုံြဖင့်အလုပ်အကိုင်အခွင့်အလမ်းများ အခမဲ့ရယူလိုက်ပါ😱😱
FOC ပညာရေး မိသားစုကနေ လူကြီးမင်းတို့အတွက် Korea Language Basic + level1 အတန်းလေးကို Zoom Online class လေး အိမ်မှာနေရင်း လေ့လာလို့ရအောင်ဖွင့်လှစ်ပေးလိုက်ပါပြီနော်..😍😍
ပြည်တွင်းပြည်ပမှာ ကိုရီးယားဘာသာစကားဖြင့် အလုပ်လုပ်ကိုင်လိုသူတွေ မဖြစ်မနေတက်သင့်တဲ့အတန်းလေးဖြစ်ပါတယ်...
သင်တန်းကျောင်းကို လူကိုယ်တိုင်လာရောက်စရာမလိုပဲ ဆရာမနဲ့ Face to Face သင်ကြားရမဲ့ Zoom Online Class
လေးပါ...
ကျောင်းသားများနားမလည်သော သင်ခန်းစာများကိုဆရာမကိုတိုက်ရိုက် မေးမြန်းနိုင်မှာဖြစ်ပြီး သင်ကြားထားသော သင်ခန်းစာများကို ပြန်လည်လေ့လာလို့ရအောင် Groupအတွင်း Video
Recording ဖြင့်ပြန်လည်လေ့လာလို့ရအောင်စီစဥ်ပေးထားပါတယ်......😘
သင်တန်းပြီးဆုံးရင်လည်း ပြည်တွင်းကိုရီးယားလုပ်ငန်းများနက်ချိတ်ဆက်ပေးခြင်း၊ ကိုရီးယားနိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသူတွေအတွက် အလုပ်ချိတ်ဆက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးပါသည်..
Zoom Class ဖြစ်တဲ့အတွက် လူဉီးရေ ကန့်သတ်ထားလို့ အမြန်ဆုံး Registerလုပ်ထားဖို့လိုပါမယ်နော်...
Time Table
Korea language basic + Level 1
Fri & Sun 7:30 PM To 9:00 PM
တစ်ပတ်ရက် ၂ရက်သင်ကြားမှာဖြစ်ပြီး၃လကြာမြင့်မှာဖြစ်ပါတယ်။
Zoom Meeting Class လေးမှာသင်ကြားပေးမဲ့ Subject လေးတွေကတော့.......
korea basic language + level 1
Course Outline
-------------------------
Korean 4 Skills
Basic Class
--------------
1.The Names and Sounds of Consonants - 자음
2.Writing Forms of Consonants
3.Sounds of Vowels - 모음
4.Writing Forms of Vowels
5. 받침
6. Consonant plus Vowel sounds
Level 1 Class
-----------------
1. 자기소개 -Self introduction
2. 일상생활 - DailyLife 1
3. 물건 사기 - Shopping
4. 일상생활 -DailyLife 2
5 .위치 - Location
6. 음식 - Food
7. 약속 - Appointment
8. 날씨- Weather
9. 주말 활동 - Weekend activities
10. 교통- Transportation
11.전화 - Telephone
12. 취미 - Hobby
13 . 가족 - Family
14. 우체국,은행- Post office, Bank
15. 야국 - Pharmacy
---------------
သင်ကြားပေးမဲ့ဆရာမကတော့
Yangon University Of Foreign Languages(YUFL)ေကျာင်းဆင်းတီချယ် သုသုထက်ထွန်း ကိုယ်တိုင်သက်ကြားပေးမှာဖြစ်ပါတယ်...
သင်တန်းတက်ရောက်လိုပါက Comment တွင် FOCလို့ မန့်ခဲ့ပါခင်ဗျာ။ ကျွန်တော် Admin Team ကနေ အမြန်ဆုံးပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။သို့မဟုတ် FOC ၏Page Messenger
m.me/foundationofcomputing တွင်လည်းသင်တန်းအပ်နိုင်သလို အောက်ပါPhone Noများအားဆယ်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
သင်တန်းစမည့်ရက်-ဇန်နဝါရီ ၁၅ရက်
09 766 094 992/ 09 978975121
28/12/2020
ဒီနေ့မှာတော့ အင်္ဂလိပ်စာ ဉာဏ်စမ်းလေးမေးမယ်နော်.......😘😘
Professional Native Spaker တစ်ယောက်ဖြစ်ဖို့ စာလုံးပေါင်းမည်မျှသိထား
ရသဲဆိုတာကိုမေးထားပေးပါတယ်။ အားလုံးဖြေပေးသွားပါဉီးနော်် မသိသေးသော သူများလဲ မသိသေးဘူးလို့ရေးထားခဲ့ပါ သိတဲ့သူတွေရော အဖြေမှန်ကိုဖြေပေးခဲ့ကြပါနော်😍😍😍
#လူငယ်များရဲ့အောင်မြင်မှုအတွက်FOC
27/12/2020
ဒီနေ့ရုံးပိတ်ရက် မှာတော့ ဉာဏ်စမ်းလေးမေးမယ်နော်..🤗🤗
ကမ္ဘာအဆင့်မြင့် Graphic Designer တစ်ယောက်ဖြစ်ဖို့အတွက် အကြမ်းဖျင်းအားဖြင့် software ဘယ်နှစ်မျိုးလောက် လေ့လာထားရမလဲ?အောက် မှာ ရွေးချယ်ဖို့ အဖြေလေးခုပေးထားပါတယ် ကြိုက်နှစ်သက်ရာ အဖြေတစ်ခုကိုရွေးချယ်ပြီး အဲ့Softwareတွေက ဘာတွေလဲဆိုတာပါဖြေးပေးခဲ့ပါနော် 😘😘 မသိသေးတဲ့သူတွေလဲ သိသွားတာပေါ့ တကယ်လို့ မသိသေးဘူးဆိုလဲ မသိသေးဘူးလို့ရေးသွားပေးပါ မင်းမင်း ပြောပြပေးမယ်နော်😍😍
#လူငယ်များရဲ့အောင်မြင်မှုအတွက် FOC #
23/12/2020
" Online zoom meeting လေးမှာပါဝင်ဆွေးနွေးရင်း
Japan Language 100 % free တက်ရောက်ခွင့်ရယူရ
အောင်...."
ဂျပန်နိုင်ငံသို့ မြန်မာကနေ သွားရောက်မည့်အခါ လူကြီးမင်းတို့အနေ
ဖြင့် ပြင်ဆင်ရထားရမည့်အချက်လေးတွေကို တီချယ် အိသဲမွန်ကိုယ်
တိုင် ဆွေးနွေးပေးသွားမည့်အစီအစဥ်လေးပါနော်...
အစီအစဥ်လေးကတော့ ဂျပန်နိုင်ငံသို့ သွားရောက်မဲ့လူကြီးမင်းတို့
အတွက် အရမ်းအသုံးဝင်တဲ့ အစီအစဥ်လေးဖြစ်သလို japan language scolarship 100 % Free သုံးယောက်မဲဖောက်
ပေးမဲ့ အစီအစဉ် လေးဖြစ်ပါတယ်...
Live အစီအစဉ်ကတော့ December 24 ည၈နာရီနော်😊😊
အစီအစဥ်လေး သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးကတော့
လူကြီးမင်းတို့ကိုယ်တိုင်ပါဝင်ဆွေးနွေးရမည်အပြင် live stream
ကို postအား like & share လုပ်ပေးပြီး ယခုpostရဲ့အောက်မှာ
Comment မန့်ပေးရပါမယ်နော် Pageလေးကိုလည်း like မလုပ်
ရသေးရင် လုပ်ပေးခဲ့ပါနော်... 😘😘😘
https://www.facebook.com/518330958539314/posts/1272193043153098/
23/12/2020
Best Google fun tricks list 😃😃😃
အိမ်မှာပဲ နေနေရ ရင်း Internet သုံးရတာပျင်းလာရင် Google Search Engine မှာ ဒီ keywords လေးတွေ ရိုက်ထည့်ပြီး အပျင်းပြေလျှောက်စမ်း လို့ရပါတယ်။
1. Do a barrel roll - Search page လေး ၃၆၀ တစ်ပတ်လည် သွားစေတာပါ။
2. Atari breakout - Google Image search page မှာ 70’s တုန်းက game လေးပေါ်လာမှာပါ။
3. Askew - ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုစောင်းစောင်းလေးပေါ်လာမှာပါ။
4. Google gravity - ဒါလေးရိုက်ထည့်လိုက်ရင်တော့ search engine မှာ စာလုံးတွေ အာကသမှာလို ဆွဲအင်အားမရှိတော့သလိုတွေ့ရမှာပါ။
5. Thanos - Avengers movie tribute အနေနဲ့ ဒီ keyword လေးကိုရိုက်ထည့်လိုက်ပြီး infinity gauntlet လေးကို နှိပ်လိုက်ရင် search results က websites တွေအကုန် ပျောက်သွားမှာပါ။ ပြန် snap လုပ်လိုက်ရင်တော့ပြန်ပေါ် လာမှာပေါ့။
6. Recursion - ဒီဟာကတော့ programmer တွေ အတွက် ရယ်စရာ လေးတစ်ခုပါ။ recursion ဆိုပြီး စာလုံးပေါင်းမှန်မှန်နဲ့ရိုက်ထည့်လိုက်လဲ “Did you mean recursion ” ဆိုတဲ့ ဟာလေးပြလာမှာပါ။ Recursion means repeating ဆိုတော့ programming လုပ်တဲ့လူတွေ Google ရဲ့ဟာသလေးကိုမြင်မှာပါ။
7. Anagram - ဒါလေးကတော့ ဒီစကားလုံးရဲ့အဓိပ္ပာယ် ကိုသိတဲ့လူတွေအတွက် ဘာကြောင့် ဒီ keyword ရိုက်ထည့်လိုက် ရင် “did you mean: nag a ram” ပေါလာမှာလည်းဆိုတာသိမှာပါ။ 😄
8. Zerg Rush - ဒီ keyword ရိုက်ထည့်လိုက်ပြီး search results မှာ ပထမဆုံးပေါ် လာတဲ့ website ကို နှိပ်လိုက် ပြီး Google စကားလုံးက “o” တွေသောင်းကျန်းတာကိုကြည့်လိုက်ကြတော့။
9. Google Sky - ဒီဟာတော့ အပျင်းပြေ အာကသ ကြယ်တွေနဲ့ ဂြိုလ်တွေကို ကြည့်လို့ရတဲ့ website လေးပါ။
10. Friends - ဒါကတော့ “Friends” ဆိုတဲ့ TV show ကိုကြည့်ဖူးတဲ့သူတွေ အတွက် Easter egg ဟာလေးပါ။ TV show က main characters တွေ ရဲ့နာမည်နဲ့ နောက်က friends ဆိုတဲ့ keyword လေးရိုက်ထည့်လိုက်ပြီး search result မှာပေါ်လာတဲ့ logo လေးကိုနှိပ်လိုက်ပါ။ မကြည့်ဖူးတဲဆိုတဲ့သူတွေအတွက် လည်း Google ရဲ့ cool trick လေးကိုစမ်းကြည့်လို့ ရအောင် နာမည်တွေကိုရေးပေးထားပါတယ်။ “Chandler, Monica, Ross, Rachel, Phoebe, Joey”
ဒါလေးတွေ က တော့ အများကြီး ရှိတဲ့ tricks and Easter eggs တွေထဲက လူကြိုက်များတဲ့ဟာ လေးတွေ ပါ။ နောက်ထပ် သိတဲ့ ဟာတွေ ရှိရင် comment မှာ မျှဝေခဲ့လို့ ရပါတယ်။
မူရင်းရေးသားသူ
18/12/2020
Computerကို စတင်လေ့လာနေသူများအနေနဲ့ Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘာတွေသိထား သင့်သလဲ
Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။
PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။ Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။ laptop တစ်လုံးဝယ်မယ်ဆိုရင် i3 လား i5 လား၊ generation ဘယ်လောက်လဲ၊ ram ဘယ်လောက်လဲ၊ graphic ကရောဘယ်လောက်ပါလဲ၊ HDD/SSD ရောဘယ်လောက်လဲ စသည်ဖြင့် မေးတတ်ကြပါတယ်။ နောက်ပီး ကိုယ်က ဘာအတွက်သုံးချင်တာလဲ သိရပါမယ်။ ပုံမှန် ရုံးသုံး Software/ဆိုင်သုံး Software လေးတွေသုံးချင်တာလား၊ ပုံမှန် game လေးတွေပဲ ဆော့ချင်တာလား။ ဒါမှမဟုတ် photoshop တို့လို၊ video editing တို့လို၊ ပြီးတော့ အတန်အသင့်မြင့်တဲ့ဂိမ်းမျိုးတွေ ဆော့ချင်တာလား ဆုံးဖြတ်ရပါမယ်။
Laptop ဝယ်မယ်ဆိုရင် Laptop အကြောင်းလေးတော့ သိထားသင့်ပါတယ်။ Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။
PROCESSOR (CPU)
Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့်အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့ အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။
CPU ဆိုတာ Central Process Unit ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ Computer ဝယ်တော့မယ်ဆိုရင် Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Processor ကို အဓိကထားပြီး ရွေးချယ်ရပါတယ်။ လက်ရှိမှာ အများဆုံး အသုံးပြုနေတဲ့ Computer CPU တွေကတော့ Intel CPU နဲ့ AMD CPU ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီ CPU နှစ်မျိုးမှာ Intel ကို အသုံးပိုများပြီး AMD ကိုလည်း သုံးကြပါတယ်။ Intel နဲ့ AMD နဲ့ ဘာကွာသလဲဆိုရင် Intel က ပါဝါစားသုံးမှု AMD ထက်ပိုနည်းပါတယ်။
ဒါပေမယ့် ဈေးနှုန်းအရဆိုရင် Intel က AMD ထက်ပိုများပါတယ်။ CPU တွေမှာ Core ဘယ်လောက်ပါတယ်ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။ Core များရင်ပိုကောင်းပါတယ်။ Core i3/Core i5/Core i7 စသဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် ရှိပါတယ်။ Core i7 ကတော့အမြင့်ဆုံး ဖြစ် ပါတယ်။
MEMORY (RAM)
Memory ဆို Computer ရဲ့ ဒုတိယ အသက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု CPU ဆီကိုရောက်ဖို့ Memory ပေါ်ကနေ ဖြတ်သန်းလုပ်ဆောင်ရပါတယ်။ CPU လိုအပ်တာတွေကို Storage ကနေပြီး Memory ပေါ်ကို တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Memory ပမာဏနဲ့ Memory speed များလေ CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အသုံးချနိုင်လေ ဖြစ်ပါတယ်။ CPU များပြီး Memory နည်းနေမယ်ဆိုရင် CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ ခံစားရနိုင်မှာ မဟုတ်ပါဘူး။ Memory များလေ ကောင်းလေပဲ ဖြစ်ပါတယ်။ Memory အနည်းဆုံး 4 GB ရှိသင့်ပါတယ်။
STORAGE
Storage မှာ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ Hard Disk Drive (HDD) နဲ့ Solid State Drive (SSD) တို့ပဲ ဖြစ်ပါတယ်။ HDD နဲ့ SSD မှာ HDD က အစစ အရာရာမှာ အားနည်းတယ်လို့ ဆိုရမှာပါ။ အားသာချက်အနေနဲ့ ဈေးသက်သာတာ တစ်ခုပဲ ရှိပါတယ်။ HHD က Data input/output transfer လုပ်တဲ့အခါမှာ 200 MB/s ပဲ ရရှိပါတယ်။ SSD ကတော့ 200 MB/s ကနေ 2500 MB/s အထိ ရရှိနိုင်တဲ့အတွက် HHD ထက် ဆယ်ဆကျော် မြန်တယ်လို့ ဆိုရမှာပါ။
GRAPHIC
Graphic ကတော့ ပိုကောင်းတဲ့ 3D ရုပ်ထွက်ကို ရရှိစေ ဖြစ်ပါတယ်။ Graphic card ပါတာနဲ့ Onboard graphic ပါတာကို ဒီဇိုင်းလုပ်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှသာ သိသိသာသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Graphic card သီးသန့်ထည့်ထားတာနဲ့ Onboard graphic နဲ့ ဘာကွာသလဲဆိုရင်တော့ Onboard graphic က Graphics Processing Unit (GPU) အတွက် PC ရဲ့ Memory (RAM) ကို အသုံးပြုရပါတယ်။ ဒီတော့ Memory ကို မျှသုံးရတဲ့အတွက် PC ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းစေပါတယ်။ Graphics card သီးသန့်ထည့်သုံးတာကတော့ Graphics card မှာ GPU အတွက် သီးသန့် Memory ပါပြီးသား ဖြစ်တဲ့အတွက် GPU ကလည်း သီးသန့်၊ Memory ကလည်း သီးသန့်ဆိုတော့ PC ရဲ့ လုပ်ဆောင်ချက်ကို မထိခိုက်စေပဲ Graphics အတွက် သီးသန့် အလုပ်လုပ်ခိုင်းသလို ဖြစ်စေပါတယ်။ ဒါကို ဂိမ်းကြီးတွေနဲ့ ဒီဇိုင်းကြီးတွေ လုပ်တဲ့အခါမှာ သိသာစေပါတယ်။
BATTERY
Laptop ဝယ်တော့မယ်ဆိုရင် ဘက်ထရီကိုလည်း မေ့ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Laptop ဝယ်ပြီဆိုကတည်းက အလွယ်တကူ သယ်ယူပြီး ရောက်တဲ့နေရာ မီးရှိရှိ မရှိရှိ ပါဝါဖွင့် သုံးဖို့အတွက်ပါ။ ဒါကြောင့် Laptop ရဲ့ ဘက်ထရီ ဘယ်လောက်ကြာကြာခံတယ်ဆိုတာလည်း Laptop ဝယ်ယူရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Laptop battery ရွေးချယ်တဲ့အခါမှာ Battery cell ဘယ်လောက်ပါလည်းဆိုတာ ကြည့်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။
ဥပမာ – Battery ဆိုတဲ့နေရာမှာ Li-ion 4 Cells သို့မဟုတ် 3 Cells battery ဆိုပြီး ဖော်ပြတတ်ကြပါတယ်။ Cell များလေ ကြာကြာအသုံးခံလေ ဖြစ်ပါတယ်။ ဒါပေမယ့် batteryရဲ့ အမျိုးအစားနဲ့ mAh အပေါ်လည်း မူတည်ပါသေးတယ်။ batteryမှာ mAh များများပါတာက ပိုပြီးကြာကြာ အသုံးခံပါတယ်။ ဒါကြောင့် mAh များပြီး Cell များများပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘတ်ဂျတ် ဘယ်လောက်သုံးမှာလဲ။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကိုယ်လုပ်ခိုင်းရမယ့် အလုပ်နဲ့ ကိုက်ညီမလားဆိုတာ ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ သုံးဖို့၊ အင်တာနက် သုံးဖို့လောက်ဆိုရင် Celeron, Pentium 2.4 GHz မြန်နှုန်းလောက်ဆိုရင် အဆင်ပြေပါတယ်။ ရုံးသုံးဖို့ဆိုရင်တော့ အနည်းဆုံး Pentium 2.4 GHz ကနေ Core i3 2.4 လောက်ကို သုံးသင့်ပါတယ်။
ရုံးသုံးက Excel တွေ သုံးမှာ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ရုံးသုံးကိုမှ ဖိုင်တွေအများအပြားဖွင့်ပြီး အလုပ်လုပ်ဖို့လိုတယ်ဆိုရင်တော့ Memory ကို 8 GB ထားရှိပြီး OS ကို 64 bit အသုံးပြုဖို့ လိုအပ်မှာပါ။ အနည်းဆုံးအနေနဲ့ ပြောရရင်တော့ Core i3 2.4 GHz, Graphic 2 GB card, Memory 8 GB, Storage 1 TB (HDD သုံးနိုင်ပါတယ်။
မိမိ တို့အနေ နဲ့ လိုအပ်ချက် အပေါ်မူတည်ပီး Computer စတင်လေ့လာ နေသူများအနေ နဲ့ Laptop တစ်လုံးကို ဘယ်လို ရွေး ချယ်ဝယ်ယူ ရမလဲဆိုတာကို နားလည်လောက် ပီလို့ထင်ပါ တယ်.....
@@@
Credit မူရင်းရေးသားသူ
15/12/2020
ကွန်ပြူတာကို အသုံးပြုနေရတဲ့သူတိုင်း နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုက စက်ဟန်းတာပါ။ Temp files, Old files တွေ ကိုရှင်းလင်းပေးနေသည့်တိုင်အောင်စက်က ဟန်းနေသေးရင်တော့ တခုခုလုပ်ပေးသင့်နေပါပြီ၊
တစ်ခါတလေသုံးနေရင်းနဲ့ Not responding ဆိုပြီး ရပ်သွားရင် အလုပ်လုပ်ရာမှာ အရမ်း အနှောက်အယှက်ဖြစ်တယ်။ ကိုယ်က အလုပ်ထဲမှာ ဈာန်ဝင်နေပြီဆို စက်ကဟန်းပြီးရပ်သွားရင် အခြားသူတော့မသိဘူး ကျွန်တော်တော့ တော်တော်စိတ်အနှောက်အယှက်ဖြစ်တယ်ဗျ။
အဲ့ဒီလို စက်ရပ်သွားတိုင်း ကျွန်တော်တို့အများဆုံးလုပ်ဖြစ်တာ ပါဝါခလုတ်ကို အကြာကြီးဖိပြီး ပိတ်လိုက်ကြတယ်။ စက်ဟန်းရခြင်း အကြောင်းရင်း တော်တော်များများ ရှိတယ်။ အဲ့ဒီအကြောင်းရင်းတွေကို ရှောင်နိုင်ရင် စိတ်ချမ်းချမ်းသာသာသုံးလို့ရပါပြီ။
(၁) ကိုယ်သုံးတဲ့ စက်ကို သနားပါ။
စကားလေးကနည်းနည်းလေးတော့ဆန်းတယ်နော်..။ဟုတ်တယ်..ဗျ။ သုံးတဲ့စက်က i3 , 6 Gen, RAM 4 Gb လောက်နဲ့ ဖွင့်ထားတဲ့ program တွေက photoshop တို့၊ အခြား CPU ကိုအသားကုန်ခိုင်းတဲ့ Programsတွေ နှစ်ခုသုံးခုလောက်တစ်ပြိုင်တည်းဖွင့်ထားရင် ဘယ်စက်က မဟန်းပဲနေမလည်းဗျာ။ စက်ဟန်းပြီးရပ်နေရင် ctrl+shift+Esc နှိပ်ပြီး Task Manager ထဲဝင်ကြည့်ကြည့် CPU, RAM, Hard disk, internet, GPU တွေနဲ့နောက်ကွယ်က Runနေတဲ့ program တွေကို တွေ့ရမှာပါ။ CPU ကလည်း ၅၀% ထက်ကျော်နေမယ်၊ HDD Usage ကလည်း ၁၀၀% အပြည့်၊ Ram ကိုလည်း အပြည့်တွေခိုင်းထားမယ်ဆိုရင် စက်ဟန်းတာ ကွန်ပြူတာ အပြစ်မဟုတ်တော့ပါဘူး။ အဲ့ဒီထဲမှာ မလိုတဲ့ Programs တွေကို end task လုပ်ပြီး စက်ရပ်တဲ့ ပြဿနာကို လတ်တလော ဖြေရှင်းနိုင်ပါတယ်။
(၂) သုံးပြီးသား Files အဟောင်းတွေရှင်းပါ။
Programs တစ်ခုကို အသုံးပြုပြီးတိုင်း သုံးခဲ့သမျှ programs တွေရဲ့ Temp Files တွေမမြင်နိုင်တဲ့နေရာမှာကျန်ခဲ့ပါတယ်။ ဒီTemps files တွေကလည်း စက်ဟန်းရခြင်းမှာ အစိတ်တပိုင်းသက်ဆိုင်ပါတယ်။ Run box ပေါ်မှာ အောက်ပါ (recent, temp, %temp%, prefetch ) command တွေကိုတစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီးShift Delete နဲ့ဖျက်လိုက်ပါ။ ဖျက်လို့မရတာတွေကို Skip လုပ်ပါ။
(၃) Background Programs တွေရှင်းပါ။
ကျွန်တော်တို့ ကွန်ပြူတာမှာ install လုပ်ထားတဲ့ တချို့ programsတွေက အသုံးမပြုရင်တောင်မှ နောက်ကွယ်မှာ auto Run နေတတ်ပါတယ်။ ဒါတွေကို ပိတ်ဖို့လို့ပါတယ်။ ခုနပြောတဲ့ task manager က services မှာ ပိတ်နိုင်သလို၊ Run box မှာ services.msc လို့ရိုက်ထည့်ပြီး သွားပိတ်နိုင်ပါတယ်။ တချို့ပြောနေကျတဲ့ ဖုန်းနဲ့အင်တာနက်ချိတ်လိုက်ရင် ဘေအရမ်းဖြတ်တယ်ဆိုတာ အဲ့ထဲက တစ်ကောင်ကောင်က auto update တွေလုပ်နေလို့ပါ။အကြောင်းရင်းမဲ့ ဘေဖြတ်ကြမ်းနေတဲ့ ကွန်ပြူတာတွေရဲ့ အဖြေတစ်ခုလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီထဲမှာ update တွေကို ပိတ်ထားပေါ့။
(၄) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။
ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်တော့ Virus ရှိလို့လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scannerတွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်uးpdate ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့တိုင်း စက်ဖွင့်တိုင်း Virus Scanrun ပေးပါ။ တစ်ချို့Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာတွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်ကိုအဆင့်မြင့်ပါတယ်။
အခြား စက်ဟန်းရခြင်းအကြောင်း တော်တော်များများလည်း ရှိနိုင်ပါသေးတယ်။ ကွန်ပျူတာသမားများ စက်ဟန်းခြင်းကင်းဝေးကြပါစေ.
Crd. မူရင်းရေးသားသူ