THEC English for Young Learners

THEC English for Young Learners Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from THEC English for Young Learners, Language school, Yangon.

05/10/2025

Our Grade 4 students are confidently presenting about Thadingyut Festival — researched, prepared, and presented all by themselves! So proud of their hard work and growing confidence. 👏

THEC မှ Grade 4 ကျောင်းသူ​လေးများက သီတင်းကျွတ်ပွဲတော်အကြောင်းကို ကိုယ်တိုင်ရှာဖွေ​ လေ့လာပြင်ဆင်ပြီး တင်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ယုံကြည်မှုများ တိုးတက်လာတာကို ဂုဏ်ယူမိပါတယ်။ 👏

The classroom is more than textbooks.It's a space to explore, share, and grow.
15/09/2025

The classroom is more than textbooks.
It's a space to explore, share, and grow.

Our SLOGAN
09/02/2025

Our SLOGAN

28/01/2025

Our Students' Christmas & New Year Gift Exchange

THEC Level 3 နှင့် Level 4 မှ ကျောင်းသားကျောင်းသူလေးများရဲ့ Secret Santa အစီအစဥ်လေးပဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်လေးမှတစ်ဆင့် ကျောင်းသားကျောင်းသူလေးများရဲ့ sharing and cooperation ဆိုတဲ့ Social Skills လေးတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

29/12/2024

Today, our little kids start practising 5-minute dialogue so that they can be more confident in speaking English.

ယနေ့ကတော့ THEC ရဲ့အငယ်ဆုံးအတန်းမှသားသားမီးမီးလေးများရဲ့ ပထမဆုံး dialogue လေ့ကျင့်တဲ့နေ့လေးပါ။

THEC ရဲ့ The Best Student Award ရသွားတဲ့ ကျောင်းသားကျောင်းသူလေးများဖြစ်ပါတယ်။The Best Student Award ကို ရတဲ့ကျောင်းသားမျ...
22/12/2024

THEC ရဲ့ The Best Student Award ရသွားတဲ့ ကျောင်းသားကျောင်းသူလေးများဖြစ်ပါတယ်။
The Best Student Award ကို ရတဲ့ကျောင်းသားများဟာ

1. clever - စာမှာလည်းထူးချွန်တယ်။

2. responsible - အိမ်စာများလည်းမှန်မှန်လုပ်ပြီး ကိုယ့်တာဝန်ကိုယ်သိတယ်။

3. attentive - စာသင်ချိန်မှာအာရုံစူးစိုက်ပြီး အမှားကင်းအောင်ဂရုစိုက်တယ်။

4. helpful and kind - အတန်းဖော်များကိုကူညီပေးတတ်တယ်။

5. neat and tidy - လက်ရေးလက်သားရှင်းလင်းပြီး school materials များကိုလည်းရိုသေစွာကိုင်တွယ်တယ်။

THEC မှာ ကျောင်းသားကျောင်းသူလေးများကို စာသင်ကြားရုံတင်မဟုတ်ပဲ good behaviours လေးတွေရှိအောင်ပါ အမြဲပံ့ပိုးအားပေးနေပါတယ်။

English

THEC ကျောင်းသားများ အကြိုက်ဆုံးအချိန်ထဲမှာ Writing သင်တဲ့အချိန်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။Academic Writing ဆို ကျောင်းသား...
15/12/2024

THEC ကျောင်းသားများ အကြိုက်ဆုံးအချိန်ထဲမှာ Writing သင်တဲ့အချိန်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
Academic Writing ဆို ကျောင်းသားတော်တော်များများစိတ်ပူတတ်ကြပါတယ်။ ဒါကြောင့် Writing ကို ငယ်စဥ်အရွယ်ထဲကလေ့ကျင့်ပေးထားဖို့ လိုအပ်ပါတယ်။ အခု သားသားမီးမီးတို့ကို Writing စတင်ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာလေး ဝေမျှပေးချင်ပါတယ်ရှင်။

- သားသားမီးမီးတို့ကို စာများများပေးဖတ်ပါ။ စာဖတ်ခြင်းက စိတ်ကူးစိတ်သန်းကောင်းများ ဖန်တီးမှုစွမ်းရည်များတိုးတက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ THEC မှာ Essay Writing စမရေးခင် ထို Topic နဲ့သက်ဆိုင်သော Short Story or Reading Comprehension များဖတ်စေပြီးလေ့ကျင့်ပေးပါတယ်။

- တစ်နေ့ကို Writing Prompts များပေးပြီး sentences နည်းနည်းစီရေးတဲ့အကျင့်လေးလုပ်ပေးပါ။ ဥပမာ "What is your favourite food? Why do you like it?"

- Sentences လေးတွေ ကောင်းကောင်းရေးနိုင်ပြီဆိုရင် Writing ရဲ့ Basic Structure လေးတွေစသင်ပေးပါ။ Writing တစ်ခုရဲ့ beginning, middle, end ကို သားသားမီးမီးတို့ဆီက Idea လေးများတောင်းပြီး တူတူရေးပြီးလေ့ကျင့်ပေးပါ။

- လွတ်လပ်စွာဖန်တီးခွင့်ပေးပါ။ စာချည်းသီးသန့်ရေးတာထက်စာရင် သားသားမီးမီးတို့ကို နှစ်သက်ရာနည်းလမ်းများဖြင့် ပေါင်းစပ်ရေးသားခြင်းက Writing ကိုပိုမိုတိုးတက်စေပါတယ်။ ပန်းချီလေးများဆွဲခြင်း၊ ကာတွန်းများဖန်​တီးခြင်း၊ ပုံပြင်များရေးသားခြင်း စသည်ဖြင့် နှစ်သက်ရာနည်းလမ်းဖြင့် ဖန်တီးခွင့်ပေးပါ။

- မှားခွင့်ပေးပါ။ Writing စလေ့ကျင့်တဲ့အခါ စာလုံးပေါင်းသတ်ပုံ Spelling အမှားများ၊ Grammar အမှားများပါတတ်ပါတယ်။ ထိုအခါ အမှားကိုထောက်ပြတာထက် သားသားမီးမီးတို့ဖန်တီးထားတဲ့ Writing လေးကို ချီးမွမ်းခြင်း၊ idea လေးများကို ဆင့်တွေးတတ်အောင်ကူညီပေးခြင်းဖြင့် အားပေးပါ။

အထက်ပါ ၅ ချက်ကတော့ အများအားဖြင့် THEC မှာ သားသားမီးမီးတို့ Writing ရေးရဲလာအောင် လေ့ကျင့်ပေးသော အချက်များဖြစ်ပါတယ်ရှင်။ Short Essays လေးတွေ စတင်လေ့ကျင့်ခြင်းက သားသားမီးမီးတို့အတွက် Academic Writing မှာ အများကြီးအထောက်အကူပြုပါတယ်ရှင်။ ခုဆိုသားသားမီးမီးတို့အတွက် Writing စပြီးဘယ်လိုလေ့ကျင့်ရမယ်ဆိုတဲ့ နည်းလမ်းတစ်ချို့တင်ပြရင်း THEC မှာ Writing စပြီးသင်ယူနေတဲ့ သားသားမီးမီးတို့ရဲ့ ဖန်တီးမှုလေးတွေပါ ဖော်ပြပေးလိုက်ပါတယ်ရှင်။

English

Address

Yangon

Website

Alerts

Be the first to know and let us send you an email when THEC English for Young Learners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share