05/02/2025
WoW ( World Of Words ) သင်တန်းကြီး အောင်မြင်စွာ ပြီးမြောက်သွားပါပြီ ။
မိတ်ဆွေတို့အားလုံးလည်း တကယ် အကျိူးရှိလိမ့်မယ်လို့ ယုံကြည်တယ် ။
💭 အတွေးတွေဖန်တီးနိုင်တာ စကားလုံးပါ 🤔
“တကယ်တော့ စကားလုံးဆိုတာ ကျွန်မတို့ရဲ့ အိမ်ပါဘဲ ။
ကျွန်မတို့ရဲ့ “အိမ်” သာယာမှ အရာရာလှပနိုင်ပါမယ်။”
အတွေးတွေကို စီစစ် တွေးခေါ်ပြီး စကားလုံးတွေပြောင်းလဲခြင်းဟာ သပ်ကိုပြောင်မြောက်လှတဲ့ အင်္ဂါရပ်တစ်ခုပါ။
May Xing ( MMA )
NLP Trainer ( ABNLP)
Diploma in NLP ( KA, US )
Diploma in Positive Psychology ( Irish )
Diploma in Brain and Behavior - Advanced ( Irish )
Diploma in professional educational management (UK)
Certified Master Coach of NLP
Certified Timeline Therapy®
Certified ECCD & ECCE
Certified Child Psychology
Certified Practitioner Hypnotherapy
02/02/2025
စကားလုံးဆိုတာ နေ့စဉ်သုံးနေကြဘဲတဲ့ ။
စကားလည်းပြောတတ်တာဘဲတဲ့ ။
စကားလုံးတွေပြောင်းရင် ဘာဖြစ်မှာလဲ ?
ကျွန်မကိုမေးကြတယ် ။
စကားလုံးဆိုတာ နေ့စဉ်သုံးနေတာမှန်ပါတယ်။
တချိန်တည်းမှာဘဲ မိမိရဲ့ Emotional အတိုင်း
မိတ်ဆွေတို့က စကားလုံးတွေကို ဖြစ်သလို
နေ့စဉ်နဲ့အမျှ သုံးနှုန်းနေကြတယ်ဆိုတာ
သတိမထားမိကြဘူး ဟုတ်တယ်မလား ။
အားလုံးသိထားကြတဲ့အတိုင်း စကားဆိုတာ
လူတိုင်းပြောတတ်ကြပါတယ်။
အားလုံး မသိကြသေးတာက စကားလုံးတွေရဲ့
အကြောင်းနဲ့ စကားလုံးတွေရဲ့ Frequency ပါ။
အဲ့တော့ စကားလုံးတွေပြောင်းရင်ဘာဖြစ်မှာလဲ?
စကားလုံးတွေပြောင်းရင် သင့်အတွေးပြောင်းမယ် ။
အတွေးပြောင်းတာနဲ့ စိတ်ခံစားချက်တွေပြောင်းလာမယ်။
စိတ်ခံစားချက်ပြောင်းရင်သင့်ကိုယ်တွင်းကဆဲလ်တွေပြောင်းမယ်။
ကိုယ်တွင်းကဆဲလ်တွေပြောင်းလာတာနဲ့အမျှအသားရည်တွေ ကြည်လာမယ် ။
အသားရည်တွေကြည်လာတာနဲ့အမျှ ကျန်းမာရေးကောင်းလာမယ် ။
ကျန်းမာရေးကောင်းလာတာနဲ့အမျှအလုပ်တွေမှာအာရုံစိုက် မှုပိုကောင်းလာမယ် ။
အလုပ်မှာအာရုံစိုက်မှုပိုကောင်းလာတာနဲ့ ငွေကြေးလွှတ်မြှောက်မှု တွေ ရလာမယ် ။
ငွေကြေးလွှတ်မြောက်မှုရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေတိုးပြီး Relationship နှင့်ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းလာမယ်။
Relationship နှင့် ပေါင်းသင်းဆက်ဆံရေးတွေကောင်းလာတာနှင့်အမျှ ဘဝဟာ အေးချမ်းလာမယ်။
အေးချမ်းလာတာ နှင့်အမျှ Mindfulness ဖြစ်လာမယ်။
ဘဝရဲ့ ရှင်သန်ခြင်းကို ပိုပြီး တန်ဖိုးထားတတ်လာမယ် ။
အဲ့တာကြောင့် စကားလုံးတွေကို အထင်မသေးလိုက်ပါနဲ့။
“သင့်ရဲ့မနက်ဖြန်တိုင်းသည် သင်ပြောသော စကားလုံးများအတိုင်းဖြစ်ရန် ၇၇ % မျှရှိပါတယ်လို့တောင် ပညာရှင်များက သုံးသပ်ထားတာပါ။ “
စကားလုံးတွေကတဆင့် အရာရာကိုပြောင်းလဲနိုင်
တာကြောင့် စကားလုံးတွေကတဆင့် သင်ရှာဖွေနေ
တာတွေ တွေ့နိုင်တယ််။
လူတွေသိပ် အလေးမထားပေမယ့် အားပြင်းတဲ့အစွမ်းရှိတဲ့စကားလုံးတွေကိုအခြေခံကာ ဦးနှောက်နဲ့နှလုံးသား ကြားက စိတ်ရဲ့ ဆက်နွယ်ပုံ နဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုတော့ ….
နက်ဖြန်ကစပြီး 'world of words'-''wow'' Training မှာ ၂ ရက်တာ သင်ကြား မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
တကယ်လို့ စိတ်ဝင်စားရင် နောက် အတန်းအတွက်
စာရင်းကြိုပေးထားလို့ရပါတယ် ။
အခုလိုခေတ်ကာလမှာ မသိသေးတာတွေရှာဖွေပါ။
မိမိကိုယ်ကို မိမိ ရင်းနှီးမြုပ်နှံ လေ့လာပါ။
“စကားလုံးတွေအကြောင်းသာ သင်တကယ်သိရင်
စကားအပိုတွေပြော ဖြစ်တော့မှာမဟုတ်ပါဘူး။”
နက်ဖြန် အားလုံးနဲ့တွေ့ဆုံကြပါမယ်။
May Xing मणि पद्मे हुं
30/01/2025
What is NLP? (Neuro-Linguistic Programming)
NLP ဆိုတာ လူတိုင်းအတွက် ရိုးရှင်းပြီး
စိတ်ဝင်စားဖို့ထိုက်တန်တဲ့ နည်းလမ်းတစ်ခုပါ။
“စိတ်၊ စကားနှင့် အပြုအမူအကြားက
ပြောင်းလဲမှု ရရှိစေမယ့် နည်းပညာ” ဖြစ်ပြီး,
သင့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်
ဖော်ဖို့၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို
ကျော်လွှားဖို့ အတွက် အသုံးဝင်တဲ့
နည်းပညာဆိုလည်း မမှားပါဘူး ။
NLP ကို လူတိုင်းဘာကြောင့်စိတ်ဝင်စားကြလဲဆိုရင်
NLP ဟာ “စိတ်ကို ပြောင်းလဲပြီး အောင်မြင်မှု
ဆီရောက်စေတဲ့ စိတ်ပညာနည်းလမ်း” ဖြစ်ပါတယ်။
NLP ရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့
ပျော်ရွှင်မှုကို တိုးတက်စေတယ်။ စိတ်ကူးများကို အကောင်အထည်ဖော်စေတယ်။ ဆက်ဆံရေးတွေအောင်မြင်စေတယ်။ကိုယ့်ရဲ့စွမ်းရည်ကို အမြှင့်ဆုံး
ဖြစ်စေတယ်။
NLP ဘာသာရပ်ကို ကျွန်မရဲ့အတူလေ့လာမယ်
ဆိုရင် ဘာအကျိူးတွေရနိုင်မလဲ ?
အားလုံးသိတဲ့အတိုင်း ယခုခေတ်မှာက Trainer တွေ
မှိုလိုပေါက်နေတဲ့ခေတ်ပါ ။ NLP Trainer တွေဆိုတာ
မိုးကျခါကစ ဖလူပျံသလိုကို ဖြစ်နေတာပါ ။
ဒီအတွင်းမှာ လူတိုင်း မိမိစိတ်ကြိုက်နှစ်သက်မယ့်
Trainer ကို ရွေးချယ်လို့ရပါတယ် ။
အားလုံးသိကြတဲ့အတိုင်း ကျွန်မရဲ့သင်တန်းတွေက
တစ်ခြားနှင့် မတူဘဲ သီးသန့်ထူးခြားမှုရှိတာကတော့
ကျွန်မရဲ့ အားသာချက်ပေါ့နော် ။
ဒါ့အပြင် Brain and Behavior ကို စနစ်တကျ
လေ့လာသင်ယူထားသူဖြစ်ပြီး Advanced Diploma
လည်းရရှိထားသည့် ပညာရှင်တစ်ဦးဖြစ်သလို၊
သင်ကြားသော နည်းလမ်းများကို ကိုယ်တိုင်လည်း
တွေ့ကြုံကျင့်သုံးပြီး လက်တွေ့ပြောင်းလဲမှုများကို
ခံစားရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ် ။
ကျွန်မရဲ့ ကိုယ်တိုင် အတွေ့အကြုံများအပြင်
သိပ္ပံနှင့်ပေါင်းစပ်ထားသည့် နည်းလမ်းများနှင့်
စနစ်တကျ သင်ကြားပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။
ကျွန်မ၏ သင်တန်းသည် ရိုးရှင်း၊ လွယ်ကူပြီး
အသက်အရွယ်မရွေး တက်ရောက်နိုင်ဖို့ လည်း
ရည်ရွယ်ထားပါတယ်။
သင်တန်းမှာ ကျွန်မပေးစွမ်းနိုင်မယ့်အရာများ:
• သင့်ရဲ့ စိတ်နှင့် ကိုယ်အကြား ရှုထောင့်အသစ်တွေ ဖော်ထုတ်ပေးမယ်။
• သင့်ရဲ့ ပျော်ရွှင်မှုနှုန်းကို တိုးမြှင့်နိုင်မယ်။
• သင့်ဘဝအတွက် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ရင်း အမှန်တရားပေါ်ရောက်နိုင်မယ်။
“ဘဝကို ပိုမိုလွယ်ကူပြီး ပျော်ရွှင်စေဖို့ သင့်ရဲ့စိတ်ကို ပြောင်းလဲဖို့ ပြင်ဆင်ပြီးပြီလား?”
ကျွန်မသင်တန်းမှာ သင့်ရဲ့ဘဝကို သက်တောင့်သက်သာနဲ့ အောင်မြင်မှုဆီရောက်ဖို့ အားလုံးပေးပို့ပါမယ်။
NLP ဘာသာရပ်ကိုသင်ချင်တယ်ဆို ၊ လေ့လာချင်ရင်ဆို
3 လပိုင်းထဲမှာ NLP Practitioners အတန်းဖွင့်မို့ရှိပါတယ်။
☀️သင်တန်းပြီးသွားရင် American Board of NLP က အသိမှတ်ပြု Certificate ကိုရရှိမှာဖြစ်ပါတယ်☀️
ကြိုတင်စာရင်းသွင်းထားနိုင်ပါတယ် ။
အားလုံးဟာ သင့်စိတ်အတွင်းမှာပဲစတင်တာပါ!
17/01/2025
MMA သင်တန်းကျောင်းမှာ မိမိဘဝ တိုးတတ်ပြောင်းလဲရေးအတွက် ဒီသင်တန်းတွေလည်းရှိပါတယ်နော် ။
လက်ရှိဖွင့်ထားသောအတန်းများ
======================
“World of Words”
~~~~~~~~~~~~~~
သင့်စိတ်ကို သက်သာစေတဲ့ စကားလုံး
စကားလုံးတွေကနေ Negative Emotions
တွေကို ဖြေလျှော့ပြီး ကိုယ့်ကိုယ်ကို ပိုမို
နားလည်စေတယ်။
ပိုက်ဆံနဲ့ ကိုယ့်အပြန်အလှန်ဆက်ဆံရေး
တွေကို လေးနက်စေသလို၊ လူမှုဆက်ဆံရေး
တွေကိုလည်း ပိုပြေပြစ်ပြီး အောင်မြင်မှုဆီ
လမ်းဖန်တီးပေးစေမယ့်အတန်း ။
“Coaches Outline and Methodology”
~~~~~~~~~~~~~~~~~~~~~~~~~~~
Client ၏လိုအပ်ချက်များနှင့် ရည်မှန်းချက်
များကို နားလည်ပြီး, သင့်တော်သောနည်းလမ်း
ဖြင့် လမ်းပြနိုင်အောင် နှင့်ရိုးရှင်းသောဆွေးနွေး
မှုများမှ ရလဒ်အထိ ပြောင်းလဲမှုဖန်တီးပေးနိုင်
အောင်လေ့ကျင့်သင်ကြားပေးခြင်း ။
ထပ်ဖွင့်လှစ်သွားမယ့်အတန်းများ
========================
1. NLP (Neuro-Linguistic Programming)
~~~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ကို ပြောင်းလဲပြီး ရည်မှန်းချက်များအကောင်အထည်ဖော်စေခြင်း လူတိုင်းအတွက်
စိတ်ပညာနဲ့ ရည်ရွယ်ချက်တိုးတက်စေရန်
ဘဝကိုအကျိူးရှိစွာနေထိုင်နိုင်ရန် ဘဝနေနည်း။
2. Stress Management & Mindfulness
~~~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ဖိစီးမှုလျော့ချဖို့နည်းလမ်းများ
ယနေ့ခေတ် လူတိုင်း စိတ်ဖိစီးမှုနဲ့ ရင်ဆိုင်နေရ
တဲ့အတွက် Mindfulness (စေတသိက်လေ့ကျင့်မှု)
နဲ့ Stress Management သင်တန်း။
3. Career Development & Goal Setting
~~~~~~~~~~~~~~~~~~~~~~~~~~~~
လုပ်ငန်းခွင်အတွက် အောင်မြင်ရေးနှင့်
ရည်မှန်းချက်များ သတ်မှတ်ခြင်း
လုပ်ငန်းခွင်အောင်မြင်မှုရရှိစေဖို့ Skills
Development, Career Mapping, Time
Management လုပ်ဆောင်နိုင်အောင်လေ့ကျင့်ပေးခြင်း။
အတန်းအားလုံးမှာ GIFT အနေဖြင့်
Emotional Freedom Techniques (EFT)
~~~~~~~~~~~~~~~~~~~~~~~~~~
စိတ်ဓာတ်လွတ်မြောက်ရေးနည်းများ
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ စိတ်ပျက်မှု
တွေကို ကျော်ဖြတ်ပြီး Inner Peace ရရှိစေမယ့်
နည်းလမ်းများကို လေ့ကျင့်ခြင်းစနစ်များ ။
====================
သင်ကြားပေးနေတဲ့ Trainer’s Profile
MMA သင်တန်းကျောင်းရဲ့ Founder လည်းဖြစ်တဲ့
May Xing @ Liu Mei Xing
NLP Trainer ( ABNLP)
Diploma in NLP ( KA, US )
Diploma in Positive Psychology ( ALISON,Irish )
Diploma in Brain and Behavior - Advanced ( ALISON,Irish )
Diploma in professional educational management (UK)
Certified Master Coach of NLP
Certified Timeline Therapy®
Certified ECCD & ECCE
Certified Child Psychology
Certified Practitioner Hypnotherapy
09/01/2025
World of Words (3- 4 FEB 2025) ရန်ကုန် သင်တန်းရဲ့ Ticket အားလုံး SOLD OUT ဖြစ်သွားပါပြီရှင် ။
World of Words WoW Training သင်တန်းသည် လူပေါင်းများစွာ၏ အောင်မြင်မှုများနှင့် ပျော်ရွှင်မှုများအတွက် အပြောင်းအလဲပေးစွမ်းနိုင်ရန်ရည်ရွယ်သလို ကိုယ့်ရဲ့ အကောင်းဆုံးပုံစံအစစ်အမှန်ကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။
“ကိုယ့်အတွင်းစွမ်းအားကိုဖွင့်မယ်၊ ထိမိစွာအသုံးချမယ်၊ ပြောင်းလဲပြီး ဘဝကို WoW ဖြစ်အောင် မြှင့်တင်ပါ”
ကျွန်မအနေနဲ့ကတော့ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုအကောင်းဆုံး မျှဝေမှုတွေ ပေးနိုင်တော့မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။
မိတ်ဆွေတို့လည်း စိတ်လှုပ်ရှားနေကြပြီမလား ?
အားလုံးချစ်တဲ့ , အားလုံးကိုချစ်တဲ့
May Xing
28/12/2024
ပြောင်းလဲမှုစတင်ချင်ရင် အခုဘဲအပ်လိုက်ပါ
မိသားစု၊ သူငယ်ချင်း၊ ချစ်သူ ၊ လင်မယား တို့အကြားမှာ စကားလုံး တစ်လုံး နဲ့ တစ်လုံးဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်မ ခံစားရတဲ့ အတွေ့အကြုံလေးတွေကို မျှဝေချင်ပါတယ်။
ကျွန်မဟာ စကားလုံးအဆိုးတွေရဲ့ အကျိုးသက်ရောက်မှုကို အနီးကပ်တွေ့ခဲ့ရသူတစ်ယောက်ပါ။ ကိုယ်ချစ်တဲ့လူဆီက ပြောတဲ့ စကားလုံးတွေကနေ မျိုးစုံသော နာကျင်မှုတွေကိုကျွန်မက အပြင်းထန်ဆုံး ခံစားခဲ့ရသူပါ ။ အဲ့အတွက် ကျွန်မ ဘယ်လောက်ပဲတော်ပါစေ ၊ ကြိုးစားနေပါစေ ၊ အဲ့ဒီနာကျင်မှုတွေဟာ ကျွန်မကို အကြိမ်ကြိမ် ပြိုလဲစေခဲ့တယ်။
တချိန်တည်းမှာဘဲ စကားလုံးတွေဟာ နာကျင်မှုတစ်ခုထက် ပို၍ အင်အားပေးနိုင်စွမ်းလည်းရှိတယ်ဆိုတာကို လည်း တပြ်ိုင်နက်ထဲမှာဘဲ ကြုံတွေ့ ရပြန်တယ်။
ကျွန်မ သားလေးတွေရဲ့ မေတ္တာတရားပြည့်လျက်နေသော စကားပြောသောမျက်ဝန်းတွေနဲ့ အတူ မိသားစု သူငယ်ချင်းတွေရဲ့ အားပေးစကားလုံးတွေဟာ ကျွန်မရဲ့ဘဝကို ပြန်လည်တည်ဆောက်ဖို့ အားအင် နဲ့ စိတ်ခွန်အားတွေ ပေးခဲ့တယ်။
ဒါကြောင့်လည်း ယနေ့ထိ ရှင်သန်နေတာဖြစ်တယ် ။
ဒီလိုဘဝအတွေ့အကြုံတွေကြားကနေ ကျွန်မက သက်ဆိုင်ရာ စကားလုံး အကြောင်းတွေကို လေ့လာပြီး၊ စကားလုံးတွေရဲ့ပါဝါ ကို လူတိုင်းနားလည်နိုင်အောင် “World of Words (WoW)” သင်တန်းကို ပြုလုပ်တာဘဲဖြစ်ပါတယ် ။
ဒါဟာ ငွေဆိုတဲ့ တန်ကြေးထက် ဘယ်မှာမှ ရှာမရတဲ့ အတွေ့ကြုံတွေနဲ့အတူ …..
စကားလုံး အဆိုးတွေကြားမှာပိတ်မိနေတဲ့ သူတွေကို ကူညီရာ လက်တကမ်းအနေနဲ့ ပြုလုပ်တာဖြစ်တယ် ။
WOW Training (World of Words) ဆိုတာက ကျွန်မလိုမျိူး ဘဝရဲ့ တစ်ဆစ်ချိူး အကွေ့ကောက်ကြားမှာ ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ချင်သူတွေ ၊ အဆိုးဆုံးအခြေအနေတွေကို အစွမ်းကုန် ပြောင်းလဲ ချင်သူတွေ အတွက် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
နာကျင်မှု တွေနဲ့ ရှင်သန်နေတဲ့ အချိန်တွေကို ကြင်နာမှုအင်အားတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ်။
ကိုယ့်လိုခက်ခဲ နာကျင်နေကြတဲ့ အခြားသူတွေကို အားပေးရင်း စကားလုံးတွေနဲ့ ဘဝတွေကို ပြောင်းလဲဖို့ကူညီနိုင်မယ်။
ကျွန်မရဲ့ WOW Training ဟာ နာကျင်စေတဲ့စကားတွေနဲ့ ပိတ်လှောင်ခံနေရပြီး ကိုယ့်ကိုယ်ကို ပျောက်ဆုံးရင်းက ဘဝ အချိူးအကွေ့ ဒဏ်တွေကြားမှာ အောင်မြင်မှုတွေနဲ့အတူ မိမိလိုချင်တဲ့ ဘဝပုံစံအတိုင်း ကိုယ့်ကိုယ်ပြန်လည်တည်ဆောက် ချင်သူတိုင်းအတွက်ပါ ။
စကားလုံးတွေရဲ့ အလှတရားနဲ့ စကားလုံးအဆိုးတွေကြားက ကွာခြားမှုတွေကို ပြန်လည်သုံးသပ်ပြီး၊ သင့်ဘဝအတွက် အပြောင်းအလဲတစ်ခုကို တည်ဆောက်ပါ။
ကျွန်မကိုယ်တိုင်က အဲ့အရာတွေနဲ့ ကျွမ်းကျင်မှုမရှိသလိုနားလည်မှုမရှိ ခဲ့တဲ့အချိန်မှာ ဘဝကို ဘယ်လိုဆက်ရှင်သန်ရမလဲဆိုတာ မသိခဲ့ပါဘူး။
တချိန်တည်းမှာဘဲ ကျွန်မ သိရှိသွားပြီးတဲ့အချိန်မှာတော့ အားလုံးကိုလည်း WOW Training နဲ့အတူ လမ်းကြောင်းတစ်ဖက်တစ်လမ်းကနေ အသစ်တစ်ခုကို ရှာဖွေပေးမို့ ကူညီပေးချင်တာ ။
WOW Training ကနေ အားလုံးအတူတူ ကြိုဆိုပါတယ်။
သင့်ဘဝကို တစ်ကျော့ပြန် ရှင်သန်ထွန်းတောက်မို့ 2025 ရဲ့ WOW က သင့်အတွက်ပါ ။
23/12/2024
Coaches Outline and Methodology Branch 2 ကို စိတ်ဝင်စားကြတဲ့ သူများ အတွက် ….
Coach ၊ Coaching လို့ပြောလိုက်ရင် လူတွေထင်ကြတဲ့အဓိပ္ပါယ်က အမျိူးမျိူးကွဲပြားပါတယ် ။
တချို့လည်း ငါမှ Coach မလုပ်တာမလိုအပ်ပါဘူးပေါ့ ။
တကယ်တမ်းတော့ မိမိရဲ့ နယ်ပယ်အသီးသီးမှာ Coaching က လိုအပ်တဲ့အရာတစ်ခုပါ ။ Coaching လုပ်တယ်ဆိုတာ ဆရာစားတာ လုံး၀ မဟုတ်ပါဘူး ။ မိမိရဲ့ လက်အောက်ငယ်သားတွေ ၊ Team Members တွေ ၊ ဝန်ထမ်းတွေ ၊ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၊ မိမိရဲ့ အိမ်ထောင်ဖက် စတာတွေနဲ့ ဆက်ဆံပြောဆိုရတဲ့အရာ စကားလုံး အသုံးနှုန်း ၊ မိမိရဲ့ Target ကို ထိရောက်အောင် မည်သို့ဆောင်ရွက်မလဲ ? Team members တွေအားလုံး တစ်ညီတစ်ညွတ် လိုက်ပါလာအောင် မည်သို့ စနစ်တကျပြောဆိုမလဲ ? ဆောင်ရွက်မလဲ စတာတွေအားလုံးအတွက် အထူးလိုအပ်ပါတယ် ။
Coaches Outline and Methodology Training မှာ ဘာတွေ ပါဝင်မှာလဲမေးတဲ့အခါ …
- Self Life Style Coaching
- Life Skills Coaching ( Life Coaching )
- Team Coaching
- Leadership Coaching
- Group Coaching
- Career Coaching
- Performance Coaching
- Business Coaching
- Relationships Coaching
- Self Relationship Coaching
- Making the Planner with system စတာတွေကို စနစ်ကျစွာ ၂ ရက်တာ ပို့ချပေးမှာဘဲ ဖြစ်ပါတယ် ။
⚡️သင်တန်းဦးရည်အတွက် ၇ ယောက်တိတိသာ လက်ခံ သင်ကြားပေးမှာဖြစ်ပါတယ် ။
ကျွန်မအနေနဲ့က Universe Number တွေကို အရမ်းလေးစားပါတယ် ။ အဲ့အတွက် ကျွန်မနဲ့ ဆုံးဆည်းရတယ်ဆိုတာ မတော်တဆ ဆုံဆည်းရတာမဟုတ်ပါဘူး ။
အကျိုးအကြောင်း အဖြစ်အပျက်တိုက်ဆိုင်ပြီး မိတ်ဆွေတို့ဘဝအတွက် အရေးကြီးတဲ့ message တစ်ခု ရမို့ အတွက် အချိန်ကျရတဲ့ အကြောင်း တရားဖန်လာမှ ကျွန်မ နဲ့ ဆုံဆည်းရတာပါ ။
ကျွန်မရဲ့ soul value တစ်ခုအနေဖြင့် ဒီ Training အတွက် တန်ဖိုးကတော့ ၇ သိန်း ကျပ် ပါ ။
ဒီ Value ကိုမြင်တဲ့အခါ မိတ်ဆွေတို့ ရဲ့ value နဲ့လည်း ကိုက်ညီတယ် ၊ တချိန်တည်းမှာဘဲ ကျွန်မရဲ့ value ကိုလည်း ယုံကြည်တယ်လို့ ယူဆလက်ခံကြ သူများကို နွေးထွေးစွာ ကြိုဆိုလျက်ပါ ။
ဒီ coaching methodology အတန်းကို ကျွန်မက အမြဲ ဖွင့်လှစ်ဖြစ်မှာမဟုတ်ပါဘူး တစ်နှစ်မှာ ၂ ကြိမ်သာ ဖွင့်လှစ်မှာဖြစ်တာကြောင့် ဘယ်သူတွေရဲ့ Value နဲ့ ကျွန်မ ထပ်တူညီမလဲဆိုတာ အရမ်းရင်ခုန်ရပါတယ် ။
Training စမည့်ရက်က - ဖေဖော်ဝါရီ ၂၇ ၊ ၂၈ ၊ ၂၀၂၅ ဖြစ်ပါတယ် ။
နေရာကိုတော့ Training ရက်နီးတဲ့အခါအသေးစိတ်ပြောပြမှာဖြစ်ပါတယ် ။
အားလုံးရဲ့ Value များကို လေးစားလျက် ….
16/12/2024
“ အတိတ်ဟာ ပြောင်းလဲလို့ မရသလို အနာဂတ်ကိုလည်း ကြိုတင်ထိန်းချုပ်လို့ မရဘူး “
အရေးကြီးတာက ယခုအချိန်မှာ ဘာလုပ်နေသလဲဆိုတာပဲ။
နောက်ထပ် ဘယ်လိုတိုးတက်ရမလဲ ဆိုတဲ့ စိတ်ပူစရာတွေ၊
အတိတ်က အမှားတွေမှာ အတွေးစိုက်မနေဘဲ ……
ယခုခြေလှမ်းမှာ အာရုံစိုက်ပြီး အကောင်းဆုံး လှမ်းသွားပါ။
“ယခု လှမ်းခြေက သင့်အတွက် အနာဂတ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ် “
May Xing (MMA) ॐ