Taxila College

Taxila College

Share

universities.

Taxila is Myanmar’s only higher education institution offering American-accredited bachelor’s degrees in Computer Science, Business Administration, and English Teaching, with options for single or dual degrees through partnerships with U.S.

22/05/2026

🎉 𝗧𝗮𝘅𝗶𝗹𝗮 𝗙𝗿𝗶𝗱𝗮𝘆 𝗤𝘂𝗶𝘇! အပတ်စဉ်မေးခွန်းဖြေရင်း ဖုန်းဘေ (၁၀၀၀၀) ကံထူးနိုင်မဲ့အခွင့်အရေး 🎉

Taxila Friday Quiz ကို အားတက်သရော ပါဝင်ဖြေဆိုပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီအပတ်မှာလည်း အမေရိကန်ပညာရေးအကြောင်း ဗဟုသုတတွေလည်းရ၊ ဖုန်းဘေလ် (၁၀၀၀၀) ကျပ်စီကိုလည်း ကံထူးနိုင်ဖို့ အခုပဲ ပါဝင်ဖြေဆိုလိုက်ရအောင်။ 🤩

ပါဝင်ရမဲ့ပုံစံလေးကတော့ -
📌 ယခု Page ကို Like & Follow ပြုလုပ်ထားရပါမယ်။
📌 ဖော်ပြပါမေးခွန်းရဲ့ အဖြေမှန်ကို ရွေးချယ်ပြီး Comment မှာ ဖြေဆိုပေးရမှာဖြစ်ပါတယ်။
📌 ယခု Post ကို Public နဲ့ Share ပေးထားရုံနဲ့တင် ကံစမ်းမဲစာရင်းထဲမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။
🏆 အဖြေမှန်ရရှိသူတွေထဲကမှ (၂) ဦး ကို ဖုန်းဘေလ် (၁၀၀၀၀) ကျပ်စီ မဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပြီး၊ ကံထူးရှင်တွေကိုတော့ နောက်တစ်ပတ်သောကြာနေ့မှာ ကြေညာပေးသွားပါမယ်။

ဒါကြောင့် ပညာရေးဆိုင်ရာ ဗဟုသုတလေးတွေ မျှဝေရင်း ဖုန်းဘေ (၁၀၀၀၀) ကံထူးရှင် ဖြစ်နိုင်ဖို့ Taxila Friday Quiz အစီအစဉ်မှာ အခုပဲ ဝင်ရောက်ဖြေဆိုလိုက်ပါ။ 👇

📌 အမေရိကန်ပညာရေးကို စိတ်ဝင်စားသူများအနေနဲ့ တက်စီလာမှာ ဘွဲ့ပရိုဂရမ်များအပြင် ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာသင်တန်းတွေကိုပါ တက်ရောက်သင်ကြားနိုင်ပါပြီ။

22/05/2026

🎉 𝗧𝗮𝘅𝗶𝗹𝗮 𝗙𝗿𝗶𝗱𝗮𝘆 𝗤𝘂𝗶𝘇 - ကံထူးရှင်များ ကြေညာခြင်း 🎉

ပြီးခဲ့တဲ့အပတ်က တင်ဆက်ပေးခဲ့တဲ့ Taxila Friday Quiz မှာ ပါဝင်ဖြေဆိုပေးခဲ့ကြသူများအားလုံးကို တက်စီလာက အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အထက်တန်းပညာရေးစနစ်နဲ့ပတ်သက်တဲ့ မေးခွန်းရဲ့ အဖြေမှန်ကတော့ (C) Grade 9 မှ Grade 12 ပဲဖြစ်ပါတယ်။ အဖြေမှန်ဖြေဆိုသူ အများအပြားထဲကမှ စနစ်တကျ မဲနှိုက်ရွေးချယ်ထားတဲ့ ကံထူးရှင် (၃) ဦးကို ကြေညာပေးလိုက်ပါတယ်။

ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်တို့ကို Messenger (Chat Box) မှာ (၁) ပတ်အတွင်း လာရောက်ဆက်သွယ်ပေးဖို့ အကြောင်းကြားအပ်ပါတယ်။

ဒီတစ်ခါမှာ ကံထူရှင်မဖြစ်သေးတဲ့သူတွေလည်း စိတ်မကောင်းမဖြစ်ပါနဲ့ဦးနော်။ ဗဟုသုတလည်းရ၊ ဖုန်းဘေလ်လည်း ရရှိနိုင်မဲ့ Taxila Friday Quiz အစီအစဉ်လေးကို အပတ်စဉ် သောကြာနေ့တိုင်းတင်ဆက်ပေးမှာဆိုတော့ ဒီကနေ့ည (၈) နာရီမှာလည်း စောင့်မျှော်ကြည့်ရှုပြီး ပါဝင်ဖြေဆိုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🎓 အမေရိကန်ပညာရေးကို စိတ်ဝင်စားသူများအနေနဲ့ တက်စီလာမှာ အမေရိကန်အစိုးရတက္ကသိုလ်မှ တိုက်ရိုက်ချီးမြှင့်တဲ့ ဘွဲ့သင်တန်းများကို တက်ရောက်သင်ယူနိုင်ပါပြီ။

Photos from GED Authorized Preparation Center - Yangon's post 22/05/2026

နိုင်ငံတကာတက္ကသိုလ် တက်ရောက်ဖို့ အိပ်မက်တွေရှိလား?
အချိန်တိုအတွင်း 𝗚𝗘𝗗 ဖြေဆိုပြီး အနာဂတ်ကို အကောင်အထည်ဖော်ချင်လား?
တက်စီလာက ဖွင့်လှစ်မဲ့ မေလ Yangon GED တန်းခွဲသစ်ကို 𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 ရယူပြီး တက်ရောက်ပါ။

21/05/2026

💼🚀 Bridging Theory and Practice: Taxila BBA Students Explore Inya Lake Hotel

စာတွေ့တင်မက လက်တွေ့လုပ်ငန်းခွင်ဗဟုသုတတွေ ရရှိဖို့အတွက် တက်စီလာရဲ့ BBA Management ကျောင်းသား/သူတွေဟာ ရန်ကုန်မြို့ရဲ့ Inya Lake Hotel သို့ Technical Visit အဖြစ် သွားရောက်လေ့လာခဲ့ကြပါတယ်! 🚌✨

General Manager Mr. Peter Oung Myo ကိုယ်တိုင် ဟိုတယ်ရဲ့ သမိုင်းကြောင်းတွေနဲ့ ရှေ့ဆက်ပြင်ဆင်မဲ့ အစီအစဉ်တွေကို ဝေမျှပေးခဲ့သလို၊ ဌာနအသီးသီးက မန်နေဂျာတွေကလည်း လုပ်ငန်းလည်ပတ်ပုံတွေကို အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

ဟိုတယ်ပရဝုဏ်တစ်ခုလုံးကို လိုက်လံကြည့်ရှုရင်း လက်တွေ့ကျတဲ့ Professional Skills တွေနဲ့ အတွေ့အကြုံကောင်းတွေ အများကြီးရရှိခဲ့တဲ့ Taxila ကျောင်းသား/သူတွေရဲ့ တက်ကြွလှုပ်ရှားစရာ လေ့လာရေးခရီးကို အခုဗီဒီယိုလေးကတစ်ဆင့် မျှဝေပေးလိုက်ပါတယ်။ 🎬👇

19/05/2026

လက်ရှိမှာ GED® Authorized Preparation Center - Bago ရဲ့ RLA Instructor တစ်ဦးအဖြစ် သင်ကြားရေး Career ကို စမတ်ကျကျ လျှောက်လှမ်းနေတဲ့ ဆရာမဇင်မာထွန်းဟာ Taxila ရဲ့ 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽, 𝗣𝗲𝗱𝗮𝗴𝗼𝗴𝘆, 𝗮𝗻𝗱 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 (𝗗𝗶𝗽. 𝗶𝗻 𝗘𝗟𝗣𝗧) သင်တန်းကို အပြည့်ပညာသင်ဆုနဲ့တက်ရောက်ခဲ့တဲ့ သင်တန်းသူဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဆရာမက ELPT သင်တန်းကနေတစ်ဆင့် ခေတ်မီသင်ကြားရေးနည်းစနစ်တွေ၊ Professional ဆန်တဲ့ အရည်အချင်းတွေကို အမိအရဆုပ်ကိုင်ပြီး သူ့ရဲ့ Teaching Career ကို အောင်မြင်အောင် ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့တယ်ဆိုတာကို ယခုဗီဒီယိုလေးထဲမှာ မျှဝေပေးထားပါတယ်။

ဒါ့အပြင် သင်တန်းက ရရှိလိုက်တဲ့ အကျိုးကျေးဇူးတွေနဲ့အတူ ဒီသင်တန်းက ဘယ်လိုလူမျိုးတွေအတွက် မဖြစ်မနေ လိုအပ်တာလဲဆိုတာကို ဆရာမကိုယ်တိုင် Feedback ကောင်းတွေနဲ့အတူ မျှဝေပေးထားပါတယ်။

♦️ ELPT တန်းခွဲအသစ်အချက်အလက်
▪️ အချိန် - ညနေ (၇:၀၀) နာရီမှ (၈:၃၀) နာရီအထိ။
▪️ သင်တန်းကာလ - (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ (အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ည)
▪️ သင်ကြားမှုပုံစံ - Synchronous Zoom with an LMS
▪️ သင်တန်းကြေး
- တက်စီလာ ကျောင်းလခ (ခရက်ဒစ်ခြောက်ခုစာ) - (၇၀၀,၀၀၀) ကျပ်
- စာရင်းသွင်းကြေး - (၁၅၀,၀၀၀) ကျပ်
- အမှတ်စာရင်းစာရွက်ကြေး - (၄၅,၀၀၀) ကျပ်
📌 လစဥ်ကျောင်းလခ (၁၄၀,၀၀၀) ကျပ်သာ ပေးသွင်းတက်ရောက်နိုင်ပါတယ်။
📌 လျှောက်ထားရန်လင့်ခ် - https://forms.gle/SLYVa1Rj86cCGk1Y8
📌 နောက်ဆုံးလျှောက်ထားရမဲ့ရက် - (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်။

🔺 ပညာသင်ဆုများ လျှောက်ထားတက်ရောက်နိုင်ပါသည်။

♦️မေးမြန်းစုံစမ်းရန် (𝗜𝗻𝗾𝘂𝗶𝗿𝘆)
ဖုန်း - ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Photos from Taxila College's post 16/05/2026

🎯 𝗦𝗵𝗮𝗽𝗶𝗻𝗴 𝗙𝘂𝘁𝘂𝗿𝗲 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗟𝗲𝗮𝗱𝗲𝗿𝘀: 𝗕𝗕𝗔 𝗣𝗿𝗲𝘀𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 𝗗𝗮𝘆 𝗮𝘁 𝗧𝗮𝘅𝗶𝗹𝗮

လေ့လာသင်ယူခဲ့တဲ့ သင်ခန်းစာတွေကို လက်တွေ့အသုံးချပြီး ကိုယ်ပိုင် Idea တွေကို ယုံကြည်မှုရှိရှိ ချပြနိုင်ခဲ့တဲ့ နေ့တစ်နေ့! ✨

ဒီကနေ့မှာတော့ တက်စီလာရဲ့ အမေရိကန်-မြန်မာဘွဲ့သင်တန်း BBA in Management အတန်းမှ ကျောင်းသား၊ ကျောင်းသူတွေဟာ THMG 620 ဘာသာရပ်အတွက် Presentation တွေကို အားတက်သရော ပြုလုပ်ခဲ့ကြပါတယ်။ Dr. Thet Lwin Toh (Asst. Professor of Tourism & Hospitality Management) ရဲ့ လမ်းညွှန်မှုနဲ့အတူ ကျောင်းသား၊ ကျောင်းသူတွေဟာ အဖွဲ့ (၃) ဖွဲ့ခွဲပြီး သူတို့ရဲ့ သက်ဆိုင်ရာ Project တွေကို အသေးစိတ် ပြင်ဆင်တင်ပြခဲ့ကြပါတယ်။

ယခု Presentation မှတစ်ဆင့် ကျောင်းသား/သူတွေဟာ မိမိတို့ရဲ့ Project တစ်ခုချင်းစီအတွက် အချက်အလက်တွေကို စနစ်တကျ ရှာဖွေစုဆောင်းပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းဖြစ်တဲ့ Critical Thinking & Research skill တွေ အားကောင်းလာပြီး ပရိသတ်အရှေ့မှာ မိမိရဲ့ အယူအဆတွေကို ယုံကြည်မှုရှိရှိနဲ့ ရှင်းလင်းပြတ်သားစွာ တင်ပြနိုင်စွမ်းဖြစ်တဲ့ Public Speaking Skill တွေလည်း တိုးတက်လာခဲ့ပါတယ်။

ဒါ့အပြင် အဖွဲ့အလိုက် အောင်မြင်အောင် အတူတူ အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် Team Collaboration Skill လည်းကောင်းမွန်ခဲ့ပြီး ဆရာ့ထံမှ တိုက်ရိုက်ရရှိတဲ့ အပြုသဘောဆောင်တဲ့ Feedback များကြောင့် မိမိတို့ရဲ့ လိုအပ်ချက်တွေကို သိရှိပြီး ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဒီလို Presentation တွေဟာ ကျောင်းသား/သူတွေကို အနာဂတ် Professional နယ်ပယ်ထဲ ရောက်တဲ့အခါ အမှန်တကယ် လိုအပ်လာမဲ့ Leadership နဲ့ Communication Skills တွေကို ပျိုးထောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ယူပါတယ်! 👏🎓

📌 𝟮𝟬𝟮𝟲 𝗙𝗮𝗹𝗹 𝗦𝗲𝗺𝗲𝘀𝘁𝗲𝗿 အတွက် အမေရိကန်အစိုးရတက္ကသိုလ်မှ တိုက်ရိုက်ချီးမြှင့်တဲ့ 𝗕𝗕𝗔 𝗶𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 ဘွဲ့သင်တန်းများကို အောက်ပါလင့်ခ်မှတစ်ဆင့် စတင်လျှောက်ထားနိုင်ပါပြီ။
Link: https://forms.gle/gmyHhQ33813NCNhY6

15/05/2026

🎉 𝗧𝗮𝘅𝗶𝗹𝗮 𝗙𝗿𝗶𝗱𝗮𝘆 𝗤𝘂𝗶𝘇! အပတ်စဉ်မေးခွန်းဖြေရင်း ဖုန်းဘေ (၁၀၀၀၀) ကံထူးနိုင်မဲ့အခွင့်အရေး 🎉

Taxila Friday Quiz ကို အားတက်သရော ပါဝင်ဖြေဆိုပေးကြသူတွေ များပြားလာတဲ့အတွက် ဒီတစ်ပတ်မှာတော့ ကံထူးရှင် (၃) ဦး အထိ တိုးမြှင့်ပြီး မဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ 🤩

အမေရိကန်ပညာရေးအကြောင်း ဗဟုသုတတွေလည်းရ၊ ဖုန်းဘေလ် (၁၀၀၀၀) ကျပ်စီကိုလည်း ကံထူးနိုင်ဖို့ အခုပဲ ပါဝင်ဖြေဆိုလိုက်ရအောင်။

ပါဝင်ရမဲ့ပုံစံလေးကတော့ -
📌 ယခု Page ကို Like & Follow ပြုလုပ်ထားရပါမယ်။
📌 ဖော်ပြပါမေးခွန်းရဲ့ အဖြေမှန်ကို ရွေးချယ်ပြီး Comment မှာ ဖြေဆိုပေးရမှာဖြစ်ပါတယ်။
📌 ယခု Post ကို Public နဲ့ Share ပေးထားရုံနဲ့တင် ကံစမ်းမဲစာရင်းထဲမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

🏆 အဖြေမှန်ရရှိသူတွေထဲကမှ (၃) ဦး ကို ဖုန်းဘေလ် (၁၀၀၀၀) ကျပ်စီ မဲဖောက်ရွေးချယ်ပေးသွားမှာဖြစ်ပြီး၊ ကံထူးရှင်တွေကိုတော့ နောက်တစ်ပတ်သောကြာနေ့မှာ ကြေညာပေးသွားပါမယ်။

ဒါကြောင့် ပညာရေးဆိုင်ရာ ဗဟုသုတလေးတွေ မျှဝေရင်း ဖုန်းဘေ (၁၀၀၀၀) ကံထူးရှင် ဖြစ်နိုင်ဖို့ Taxila Friday Quiz အစီအစဉ်မှာ အခုပဲ ဝင်ရောက်ဖြေဆိုလိုက်ပါ။ 👇

📌 အမေရိကန်ပညာရေးကို စိတ်ဝင်စားသူများအနေနဲ့ တက်စီလာမှာ ဘွဲ့ပရိုဂရမ်များ တက်ရောက်သင်ကြားနိုင်ပါပြီ။

15/05/2026

🎉 𝗧𝗮𝘅𝗶𝗹𝗮 𝗙𝗿𝗶𝗱𝗮𝘆 𝗤𝘂𝗶𝘇 - ကံထူးရှင်များ ကြေညာခြင်း 🎉

ပြီးခဲ့တဲ့အပတ်က တင်ဆက်ပေးခဲ့တဲ့ Taxila Friday Quiz မှာ ပါဝင်ဖြေဆိုပေးခဲ့ကြသူများအားလုံးကို တက်စီလာက အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အမေရိကန်ပညာရေးစနစ်မှာ အထူးအလေးထားတဲ့ အချက်နဲ့ပတ်သက်တဲ့ မေးခွန်းရဲ့ အဖြေမှန်ကတော့ (B) Discussion နှင့် Critical Thinking ပဲဖြစ်ပါတယ်။ အဖြေမှန်ဖြေဆိုသူ အများအပြားထဲကမှ စနစ်တကျ မဲနှိုက်ရွေးချယ်ထားတဲ့ ကံထူးရှင် (၂) ဦးကို ကြေညာပေးလိုက်ပါတယ်။

ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ ဖုန်းနံပါတ်တို့ကို Messenger (Chat Box) မှာ (၁) ပတ်အတွင်း လာရောက်ဆက်သွယ်ပေးဖို့ အကြောင်းကြားအပ်ပါတယ်။

ဒီတစ်ခါမှာ ကံထူရှင်မဖြစ်သေးတဲ့သူတွေလည်း စိတ်မကောင်းမဖြစ်ပါနဲ့ဦးနော်။ ဗဟုသုတလည်းရ၊ ဖုန်းဘေလ်လည်း ရရှိနိုင်မဲ့ Taxila Friday Quiz အစီအစဉ်လေးကို အပတ်စဉ် သောကြာနေ့တိုင်းတင်ဆက်ပေးမှာဆိုတော့ ဒီကနေ့ည (၈) နာရီမှာလည်း စောင့်မျှော်ကြည့်ရှုပြီး ပါဝင်ဖြေဆိုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🎓 အမေရိကန်ပညာရေးကို စိတ်ဝင်စားသူများအနေနဲ့ တက်စီလာမှာ အမေရိကန်အစိုးရတက္ကသိုလ်မှ တိုက်ရိုက်ချီးမြှင့်တဲ့ ဘွဲ့သင်တန်းများကို တက်ရောက်သင်ယူနိုင်ပါပြီ။

Photos from Taxila College's post 13/05/2026

🚎 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗥𝗲𝗮𝗹-𝗪𝗼𝗿𝗹𝗱 𝗜𝗻𝘀𝗶𝗴𝗵𝘁𝘀: 𝗧𝗮𝘅𝗶𝗹𝗮 𝗕𝗕𝗔 𝗦𝘁𝘂𝗱𝗲𝗻𝘁𝘀 𝗩𝗶𝘀𝗶𝘁 𝗜𝗻𝘆𝗮 𝗟𝗮𝗸𝗲 𝗛𝗼𝘁𝗲𝗹 𝗬𝗮𝗻𝗴𝗼𝗻

တက်စီလာရဲ့ အမေရိကန်-မြန်မာ ဘွဲ့သင်တန်းမှ BBA in Management ကျောင်းသား/သူများအတွက် စာတွေ့သာမက ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံသစ်များ ရရှိစေရန်ရည်ရွယ်ပြီး Inya Lake Hotel Yangon သို့ Technical Visit အဖြစ် မေလ (၁၁) ရက်၊ တနင်္လာနေ့က သွားရောက်လေ့လာခဲ့ကြပါတယ်။

လေ့လာရေးခရီးကို Dr. Thet Lwin Toh (Asst. Professor of Tourism & Hospitality Management) က ဦးဆောင်ကာ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး၊ ဟိုတယ်ဘက်မှ Cluster General Manager Mr. Peter Oung Myo နှင့် ဌာနဆိုင်ရာ မန်နေဂျာများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

General Manager ကိုယ်တိုင် ဟိုတယ်ရဲ့ သမိုင်းကြောင်း၊ ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစခန်း Water Supply အဖြစ် အရေးပါခဲ့တဲ့ အခန်းကဏ္ဍနှင့် ရှေ့ဆက် ပြောင်းလဲပြင်ဆင်သွားမဲ့ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များအကြောင်းကို ဝေမျှပေးခဲ့ပါတယ်။ ဌာနအသီးသီးမှ မန်နေဂျာများကလည်း ဟိုတယ်တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်တာများ အဆင့်မြင့်ဝန်ဆောင်မှု ပေးနိုင်ရန် ပြင်ဆင်ရတဲ့ နည်းလမ်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကျောင်းသား/သူများကလည်း လုပ်ငန်းခွင်နှင့် ပတ်သက်၍ သိရှိလိုသည်များကို တက်ကြွစွာ မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီး ဟိုတယ်တာဝန်ရှိသူတစ်ဦးက ဟိုတယ်ရှိ ရေကူးကန်၊ GYM နှင့် ဟိုတယ် ပရဝုဏ်အနှံ့ လိုက်လံပြသခဲ့တာကြောင့် ကျောင်းသား/သူများအနေနဲ့ လက်တွေ့ကျတဲ့ ဗဟုသုတများစွာကို ရရှိခဲ့ကြပါတယ်။

တက်စီလာအနေနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ Professional Skill များ တိုးတက်စေဖို့အတွက် အခုလို လုပ်ငန်းခွင်လေ့လာရေး ခရီးစဉ်တွေကို စဉ်ဆက်မပြတ် ဖန်တီးပေးလျက်ရှိပါတယ်။ အခုလို Technical Visit မှာ အသိပညာဗဟုသုတများရရှိအောင် လေ့လာခွင့်ပေးခဲ့တဲ့ Inya Lake Hotel နှင့် တာဝန်ရှိလူကြီးများကို Taxila က အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Photos from Taxila College's post 09/05/2026

❓ သင်ပြနည်း၊ ပညာရေးနည်းပညာနဲ့ ခေါင်းဆောင်မှုအပိုင်းတွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာတစ်ဦးအဖြစ် မိမိအရည်အသွေးကို မြှင့်တင်ချင်ပါသလား။

ဒါဆိုရင် စာမေးပွဲကြေး ထပ်မံပေးသွင်းစရာ မလိုအပ်တဲ့ လစဉ်ကျောင်းလခ (၁၄၀,၀၀၀) ကျပ်နှုန်းနဲ့ တက်ရောက်နိုင်မဲ့ 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽, 𝗣𝗲𝗱𝗮𝗴𝗼𝗴𝘆, 𝗮𝗻𝗱 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 (𝗗𝗶𝗽. 𝗶𝗻 𝗘𝗟𝗣𝗧) သင်တန်းကို ရွေးချယ်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် အပြည့်ပညာသင်ဆုအထိ လျှောက်ထားပြီးတက်ရောက်နိုင်တာဆိုတော့ အခွင့်အရေးကို လက်လွှတ်မခံဘဲ အခုပဲ လျှောက်ထားနိုင်ပါပြီ။
📌 လျှောက်ထားရန်လင့်ခ် - https://forms.gle/SLYVa1Rj86cCGk1Y8
📌 နောက်ဆုံးလျှောက်ထားရမဲ့ရက် - (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်။

ဒီသင်တန်းဟာ တက်စီလာကနေ အမေရိကန် သင်ရိုးနဲ့ ဖွင့်လှစ်တဲ့ နိုင်ငံတကာအဆင့်မီ ဒီပလိုမာတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာ/မ ထောင်ပေါင်းများစွာကို အရည်အသွေးပြည့်ဝစွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ခေတ်မီပညာရေး၏ လိုအပ်ချက်များနှင့်အညီ ပညာရေးခေါင်းဆောင်မှု၊ သင်ကြားနည်းစနစ်များနှင့် နည်းပညာတို့ကို ပေါင်းစပ်ပြီး ဘာသာရပ် (၃) ခုသင်ကြားရမဲ့ ဒီပလိုမာသင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။

⏩ သင်ကြားပေးမည့် ဘာသာရပ်များ
1. Educational Leadership & Management (2 credits)
2. Teaching Methods & Materials (2 credits)
3. Instructional Design & Technology (2 credits)

⏩ ELPT ကို ရွေးချယ်သင့်သည့် အဓိကအချက် (၄) ချက်:
(၁) အမေရိကန်နိုင်ငံရှိ မြောက်ဒါကိုတာတက္ကသိုလ်မှ ခရက်ဒစ် (credits) နဲ့ အမှတ်စာရင်း (transcript) ရရှိနိုင်ခြင်း။
(၂) ပညာရှင်တစ်ဦးတည်းက ပို့ချတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အတွေ့အကြုံမြင့်ဝါရင့်ပါမောက္ခများက ဝိုင်းဝန်းပို့ချခြင်း။
(၃) အပြည့်ပညာသင်ဆုနှင့် တစ်စိတ်တစ်ပိုင်းပညာသင်ဆုများဖြင့် လျှောက်ထားတက်ရောက်နိုင်ခြင်း။
(၄) အလုပ်အကိုင်ရရှိစေဖို့ အခွင့်အလမ်းကောင်းမွန်ခြင်း။

⏩ ဘယ်သူတွေ တက်ရောက်သင့်လဲ ❓
✔️ ထိရောက်သော သင်ကြားရေးနည်းစနစ်များနဲ့ သင်ရိုးရေးဆွဲခြင်းအကြောင်း လေ့လာလိုသူများ၊
✔️ ကောင်းမွန်ပြည့်စုံသော ပညာရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုများအကြောင်း လေ့လာလိုသူများ၊
✔️ (၂၁) ရာစုရဲ့ ခေတ်မီသင်ရိုးညွှန်းတမ်းများနဲ့အညီ ထိရောက်စွာ သင်ကြားလိုသူများ၊
✔️ ကျွမ်းကျင်ပိုင်နိုင်သော ဆရာ/မတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊

♦️ သင်တန်းအချက်အလက်
▪️ အချိန် - ညနေ (၇:၀၀) နာရီမှ (၈:၃၀) နာရီအထိ။
▪️ သင်တန်းကာလ - (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ (အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ည)
▪️ သင်ကြားမှုပုံစံ - Synchronous Zoom with an LMS
▪️ သင်တန်းကြေး
- တက်စီလာ ကျောင်းလခ (ခရက်ဒစ်ခြောက်ခုစာ) - (၇၀၀,၀၀၀) ကျပ်
- စာရင်းသွင်းကြေး - (၁၅၀,၀၀၀) ကျပ်
- အမှတ်စာရင်းစာရွက်ကြေး - (၄၅,၀၀၀) ကျပ်
📌 လစဥ်ကျောင်းလခ (၁၄၀,၀၀၀) ကျပ်သာ ပေးသွင်းတက်ရောက်နိုင်ပါတယ်။

အထူးအစီအစဉ်များ
✅ တက်စီလာရဲ့ ကျောင်းသားဟောင်းများ လျှောက်ထားတက်ရောက်ပါက 10% ကျောင်းလခကင်းလွတ်ခွင့်။
✅ တက်စီလာနှင့် MOU ထိုးထားသော မိတ်ဖက်ကျောင်းများမှ ဆရာ/မများ လျှောက်ထားပါက ကျောင်းလခမှ (၁) သိန်းကျပ် ကင်းလွတ်ခွင့် တို့နဲ့ တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် (၂၁) ရာစုမှာ ထူးချွန်တဲ့ဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့အတွက် (https://forms.gle/SLYVa1Rj86cCGk1Y8) ကတစ်ဆင့် အခုပဲလျှောက်ထားလိုက်ပါ။

📌မေးမြန်းစုံစမ်းရန် (𝗜𝗻𝗾𝘂𝗶𝗿𝘆)
ဖုန်း - ၀၉ ၉၅၄ ၂၃၀ ၄၆၈ ၊ ၀၉ ၉၅၄ ၂၃၀ ၄၆၉ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

✔️သတင်းသစ်တွေ စောင့်ကြည့်ဖို တယ်လီဂရမ်ချန်နယ် -Telegram Link: https://t.me/uoftaxila

သင့်ရဲ့ပညာရေးအိပ်မက်တွေ တကယ်ဖြစ်လာမည့်နေရာ - တက်စီလာ

08/05/2026

🎉 𝗧𝗮𝘅𝗶𝗹𝗮 𝗙𝗿𝗶𝗱𝗮𝘆 𝗤𝘂𝗶𝘇! အပတ်စဉ်မေးခွန်းဖြေရင်း ဖုန်းဘေ (၁၀၀၀၀) ကံထူးနိုင်မဲ့အခွင့်အရေး 🎉

အမေရိကန်ပညာရေးအကြောင်း သင်ဘယ်လောက်သိထားလဲ? ဗဟုသုတလည်းရ၊ ဖုန်းဘေလည်းရမဲ့ Taxila Friday Quiz အစီအစဉ်လေး လာပါပြီ။

ပါဝင်ရမဲ့ပုံစံလေးကတော့ -
📌 ယခု Page ကို Like & Follow ပြုလုပ်ထားရပါမယ်။
📌 ဖော်ပြပါမေးခွန်းရဲ့ အဖြေမှန်ကို ရွေးချယ်ပြီး Comment မှာ ဖြေဆိုပေးရမှာဖြစ်ပါတယ်။
📌 အဲ့ဒီနောက် ယခု Post ကို Public နဲ့ Share ပြီး အဲ့ဒီ Screen Shot ကို အဖြေနဲ့အတူ တင်ပေးရမှာဖြစ်ပါတယ်။

🏆 အဖြေမှန်ရရှိသူတွေထဲကမှ (၂) ဦးကို ဖုန်းဘေလ် (၁၀၀၀၀) ကျပ်စီမဲဖောက်ရွေးချယ်ပေးပြီး အဖြေမှန်ရရှိသူတွေကိုတော့ နောက်တစ်ပတ်သောကြာနေ့မှာ ကြေညာပေးပါမယ်။

ဒါကြောင့် ပညာရေးဆိုင်ရာ ဗဟုသုတလေးတွေ မျှဝေရင်း ဖုန်းဘေ (၁၀၀၀၀) ကံထူးရှင် ဖြစ်နိုင်ဖို့ Taxila Friday Quiz အစီအစဉ်မှာ အပတ်စဉ်ဖြေဆိုလိုက်ပါ။

📌 အမေရိကန်ပညာရေးကို စိတ်ဝင်စားသူများအနေနဲ့ တက်စီလာမှာ ဘွဲ့ပရိုဂရမ်များ တက်ရောက်သင်ကြားနိုင်ပါပြီ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00