𝐒. 𝐄. 𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥

  • Home
  • Myanmar
  • Yangon
  • 𝐒. 𝐄. 𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥

𝐒. 𝐄. 𝐒  𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 Join The Journey of Education Excellence!

25/08/2026

📚Singapore Math Challenge (SMC) ဆိုတာ ဘာလဲ?

Singapore Math Challenge (SMC) သည် ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာတွက်ချက်နိုင်စွမ်းတစ်ခုတည်းကိုသာ စမ်းသပ်ခြင်းမဟုတ်ဘဲ Mathematical Thinking, Logical Reasoning နှင့် Problem-Solving Skills များကို အဓိကထား တိုင်းတာပေးသည့် နိုင်ငံတကာအဆင့် သင်္ချာပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

🎯 SMC ဖြေဆိုခြင်းဖြင့် ဘာတွေတိုးတက်လာနိုင်လဲ?

🔹 Mathematical Thinking – သင်္ချာပြဿနာများကို နည်းလမ်းမျိုးစုံဖြင့် စဉ်းစားသုံးသပ်နိုင်စွမ်း တိုးတက်လာစေပါတယ်။
🔹 Logical Reasoning – အချက်အလက်များကို ချိတ်ဆက်စဉ်းစားပြီး မှန်ကန်သော အဖြေကို အကြောင်းပြချက်နှင့်တကွ ရှာဖွေနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
🔹 Problem-Solving Skills – မရင်းနှီးသေးတဲ့ မေးခွန်းများနှင့် ရှုပ်ထွေးတဲ့ ပြဿနာများကို အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်စွမ်း ရရှိစေပါတယ်။
🔹 Accuracy & Speed – အချိန်အကန့်အသတ်အတွင်း မေးခွန်းများကို တိကျမြန်ဆန်စွာ ဖြေဆိုနိုင်အောင် လေ့ကျင့်ပေးပါတယ်။
🔹 Confidence in Mathematics – ပုံမှန်စာသင်ခန်းထဲမှာ သင်ယူရတဲ့ သင်္ချာထက် ပိုမိုစိန်ခေါ်မှုရှိတဲ့ မေးခွန်းများကို ဖြေဆိုခြင်းအားဖြင့် သင်္ချာဘာသာရပ်အပေါ် ယုံကြည်မှု ပိုမိုတိုးတက်လာစေပါတယ်။

👨‍🎓 ဘယ်သူတွေ ပါဝင်‌ဖြေဆိုနိုင်မလဲ?
Government School မှ ကျောင်းသားများအနေဖြင့် Grade 1 မှ Grade 10 အထိ ပါဝင်နိုင်ပြီး International School မှ ကျောင်းသားများအနေဖြင့် KG မှ Secondary 3 အထိ ပါဝင်နိုင်ပါတယ်။

📌 မှတ်ချက် – ကျောင်းသားများသည် လက်ရှိတက်ရောက်နေသော Grade အလိုက် သတ်မှတ်ထားသည့် Level အတိုင်းသာ Exam ဖြေဆိုရမည်ဖြစ်ပါတယ်။

S.E.S International School မှ SMC Exam Registration Service နှင့် SMC Exam Training Class နှစ်မျိုးလုံးကို ဆောင်ရွက်ပေးနေပါတယ်။ Training Class တွင် SMC Exam ပုံစံနှင့် သင့်လျော်သော မေးခွန်းများကို လေ့ကျင့်ပေးပြီး ကျောင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ Logical Reasoning နှင့် Problem-Solving Skills များ တိုးတက်လာစေရန် အဓိကထား သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Exam ဖြေဆိုမည့် ကျောင်းသားများအနေဖြင့် September 1st နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။

📅 Class Start Date – 16th August 2026
📝 October SMC Exam အတွက် Registration ပြုလုပ်နိုင်ပါပြီ။
⏰ Registration Deadline – 1st September
▪️Exam Date - 4th October

📞 အသေးစိတ်အချက်အလက်များနှင့် Registration အတွက် S.E.S International School သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📚CAMBRIDGE ENGLISH LANGUAGE ASSESSMENT EXAM CLASS📚 📌Registration Open For Sep-Nov Batchမိမိ၏ သားသားမီးမီးများကို English...
22/08/2026

📚CAMBRIDGE ENGLISH LANGUAGE ASSESSMENT EXAM CLASS📚

📌Registration Open For Sep-Nov Batch

မိမိ၏ သားသားမီးမီးများကို English Language Skills များတွင် ထူးချွန်စေလိုပြီး နိုင်ငံတကာအသိအမှတ်ပြု Cambridge English စာမေးပွဲများအတွက် အကောင်းဆုံး ပြင်ဆင်ပေးလိုပါက S.E.S International တွင် ဖွင့်လှစ်ထားသော Cambridge English Language Assessment Exam Class သို့ တက်ရောက်နိုင်ပါသည်။

British Council မှ ကြီးမှူးကျင်းပသော Cambridge English Language Assessment Exam များကို ထူးချွန်စွာဖြေဆိုနိုင်ရန် Listening, Speaking, Reading နှင့် Writing Skills (4 Skills) ကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး Cambridge Exam Format များ၊ Question Types များနှင့် စာမေးပွဲဖြေဆိုနည်းများကိုပါ ကျွမ်းကျင်လာစေရန် လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။

✨ ထို့အပြင် Saturday & Sunday ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးချနိုင်စေရန် English Skill များကို မြှင့်တင်ရင်း စည်းကမ်း၊ ယုံကြည်မှုနှင့် ကိုယ်လက်ကြံ့ခိုင်မှုတို့ကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးစေမည့် Taekwondo Training ကိုလည်း အခမဲ့ တက်ရောက်သင်ယူနိုင်မည်ဖြစ်ပါသည်။

📚 Cambridge Levels
🔹 Pre-Starters (Age 5–6)
🔹 Starters (Age 6–8)
🔹 Movers (Age 8–10)
🔹 Flyers (Age 10–12)
🔹 KET (Age 12–14)
🔹 PET / FCE (Age 14–19)

🥋 FREE Taekwondo Training

📅 New Batch Starts : 5th Sep 2026

🕒 Class Timetable
▪️Saturday
9:30AM – 12:30PM
▪️Sunday
10:00AM - 12:30PM

🏫 Class Type : On Campus

✨ English ဘာသာစွမ်းရည်၊ စာမေးပွဲအောင်မြင်မှုနှင့် အားကစားစွမ်းရည်တို့ကို တစ်နေရာတည်းတွင် မြှင့်တင်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သောကြောင့် ယခုပင် စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ။

📞 For Registration
09-456875155 / 09-443160454

📍No.107, Konzaytan Street (Lower),
Pabedan Township, Yangon.

20/08/2026

September လတွင် အပ်နှံမည့်ကျောင်းသားများအတွက် free trial class များတက်ရောက်နိုင်ပါသည်။

ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ မြို့နယ်များအနီးတဝိုက်မှာ မိမိတို့ရဲ့ သားသားမီးမီးလေးတွေအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့ Preschool တစ်ခုကို ရှာဖွေနေပါသလား?

ဒါဆိုရင်တော့ S.E.S Pre-School က သင့်ရင်သွေးလေးအတွက် စဉ်းစားသင့်တဲ့ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လာမှာပါ။

👩‍🏫 ECCD အသိအမှတ်ပြု အရည်အချင်းပြည့်မီသော ဆရာမများဖြင့် ဦးစီးသင်ကြားပေးခြင်း

S.E.S Pre-School တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ECCD သင်တန်းဆင်းလက်မှတ်ရ ဆရာမများ မှ ကလေးငယ်များ၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် စနစ်တကျ ပြုစုပျိုးထောင်သင်ကြားပေးလျက်ရှိပါသည်။

🧠 ကလေးတစ်ဦးရဲ့ ဘက်စုံဖွံ့ဖြိုးမှု (၅) ရပ်ကို အလေးထားခြင်း

ကလေးငယ်တွေရဲ့ ဉာဏ်ရည်၊ ဘာသာစကား၊ လူမှုဆက်ဆံရေး၊ ကိုယ်ကာယနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အချိုးညီညီ တိုးတက်လာစေရန် CCA နိုင်ငံတကာအဆင့်မီ Lesson Plan များ ဖြင့် သင်ကြားပေးပါသည်။

📚 Learn & Fun ဖြစ်စေမယ့် သင်ကြားရေးပုံစံရှိခြင်း

ကလေးတွေအတွက် စာသင်ခန်းထဲမှာ စာအုပ်နဲ့ထိုင်သင်ရုံမဟုတ်ဘဲ—

✨ Learning Corners
🎨 Art, Craft & Painting
🧘‍♀️ Yoga
🎯 Age-appropriate Activities
🧩 Learning through Play စတဲ့ လှုပ်ရှားမှုများမှတစ်ဆင့် ကစားရင်းသင်ယူ၊ ပျော်ရွှင်ရင်းတိုးတက် လာစေရန် ဖန်တီးပေးထားပါတယ်။

🧠 Brain Training Program

ကလေးငယ်တွေရဲ့ မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းများကို ပိုမိုအထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Brain Training School ဖြစ်သည့် Olympians Learning Hub မှ ဆရာမများ ဖြင့် Brain Training အတန်းကိုလည်း စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။

🦷 ကျန်းမာရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပေးခြင်း

ကလေးငယ်များ၏ နေ့စဉ်ကျန်းမာရေးနှင့် သန့်ရှင်းရေးအတွက်
🪥 အပတ်စဉ် သွားတိုက်ပေးခြင်း
🩺 လစဉ် Medical Check-up၊ Dental Checkup များ ပြုလုပ်ပေးခြင်း စသည့် အစီအစဉ်များလည်း ထည့်သွင်းပေးထားပါသည်။

👨‍👩‍👧‍👦 မိဘများနှင့်လည်း အမြဲတမ်းချိတ်ဆက်ထားခြင်း

မိဘများအနေဖြင့် မိမိတို့ရင်သွေးလေးရဲ့ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို သိရှိနိုင်စေရန် Parent-Teacher Meeting များ ပြုလုပ်ပေးပြီး ကျောင်းနှင့် မိဘအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အလေးထားပါသည်။ School Application အသုံးပြု၍ မိဘနှင့်ကျောင်းကြား အချိန်နှင့်တပြေးညီ ချိတ်ဆက်နိုင်ရန်လည်းဆောင်ရွက်ပေးထားပါသည်။

🌳 စာသင်ခန်းအပြင်ဘက်က အတွေ့အကြုံများရရှိစေခြင်း

ကလေးတွေရဲ့ လက်တွေ့အတွေ့အကြုံနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန် Outdoor Learning နှင့် Excursion Activities များ ကိုလည်း စီစဉ်ပေးလျက်ရှိပါသည်။

🔐 လုံခြုံပြီး သက်တောင့်သက်သာရှိတဲ့ Facilities များ

🏫 အခန်းတိုင်းတွင် CCTV တပ်ဆင်ထားခြင်း
❄️ သန့်ရှင်းကျယ်ဝန်းသော Air-Con Rooms များ
🚌 အပို့/အကြို မလုပ်နိုင်သော မိဘများအတွက် Ferry Service စီစဉ်ပေးထားခြင်း
🚌 ဒလဘက်မှ တက်ရောက်လိုသော ကလေးများအတွက်လည်း Ferry Service ရှိခြင်း

တို့ကြောင့် မိဘများအနေဖြင့် စိတ်အေးချမ်းစွာဖြင့် မိမိတို့ရဲ့ ရင်သွေးလေးတွေကို S.E.S Pre-School ထံ အပ်နှံနိုင်ပါတယ်။ 💚

🌟 ကလေးတစ်ယောက်ရဲ့ ပထမဆုံးသင်ယူမှုအတွေ့အကြုံက သူတို့ရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်။ စာသင်ပေးရုံသာမက သင်ယူချင်စိတ်ရှိလာအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်၊ ပေါင်းသင်းဆက်ဆံတတ်လာအောင်နဲ့ ဘက်စုံဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးမယ့် Preschool တစ်ခုကို ရွေးချယ်လိုက်ပါ။ 🌱

📍 Center (1)
No.17, 1st Floor, 28th Street (Lower), Pabedan Township, Yangon.

📍 Center (2)
No.107, Konzaytan Street (Lower), Pabedan Township, Yangon.

📞Contact us
09-456875155, 09-443160454

🎵 TikTok
https://www.tiktok.com/.e.sinternational

💬 Viber Channel
https://invite.viber.com/?g2=AQBbuahD7IDQ11Ud%2BoBYTIOmDtqLhk7n5z5IbgFGRKYhSYwy2w1InQh0YJKlD3W5

📣 Telegram Channel
https://t.me/sesinternationalschool2024

17/08/2026

Our students explored the exciting reaction between vinegar and baking soda through a hands-on science experiment! 🔬

By mixing these two substances, students observed bubbles forming and learned that a chemical reaction had taken place, producing a new substance — carbon dioxide gas. 🫧

#

📚Singapore Math Challenge (SMC) ဆိုတာ ဘာလဲ? Singapore Math Challenge (SMC) သည် ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာတွက်ချက...
13/08/2026

📚Singapore Math Challenge (SMC) ဆိုတာ ဘာလဲ?

Singapore Math Challenge (SMC) သည် ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာတွက်ချက်နိုင်စွမ်းတစ်ခုတည်းကိုသာ စမ်းသပ်ခြင်းမဟုတ်ဘဲ Mathematical Thinking, Logical Reasoning နှင့် Problem-Solving Skills များကို အဓိကထား တိုင်းတာပေးသည့် နိုင်ငံတကာအဆင့် သင်္ချာပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

🎯 SMC ဖြေဆိုခြင်းဖြင့် ဘာတွေတိုးတက်လာနိုင်လဲ?

🔹 Mathematical Thinking – သင်္ချာပြဿနာများကို နည်းလမ်းမျိုးစုံဖြင့် စဉ်းစားသုံးသပ်နိုင်စွမ်း တိုးတက်လာစေပါတယ်။
🔹 Logical Reasoning – အချက်အလက်များကို ချိတ်ဆက်စဉ်းစားပြီး မှန်ကန်သော အဖြေကို အကြောင်းပြချက်နှင့်တကွ ရှာဖွေနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
🔹 Problem-Solving Skills – မရင်းနှီးသေးတဲ့ မေးခွန်းများနှင့် ရှုပ်ထွေးတဲ့ ပြဿနာများကို အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်စွမ်း ရရှိစေပါတယ်။
🔹 Accuracy & Speed – အချိန်အကန့်အသတ်အတွင်း မေးခွန်းများကို တိကျမြန်ဆန်စွာ ဖြေဆိုနိုင်အောင် လေ့ကျင့်ပေးပါတယ်။
🔹 Confidence in Mathematics – ပုံမှန်စာသင်ခန်းထဲမှာ သင်ယူရတဲ့ သင်္ချာထက် ပိုမိုစိန်ခေါ်မှုရှိတဲ့ မေးခွန်းများကို ဖြေဆိုခြင်းအားဖြင့် သင်္ချာဘာသာရပ်အပေါ် ယုံကြည်မှု ပိုမိုတိုးတက်လာစေပါတယ်။

👨‍🎓 ဘယ်သူတွေ ပါဝင်‌ဖြေဆိုနိုင်မလဲ?
Government School မှ ကျောင်းသားများအနေဖြင့် Grade 1 မှ Grade 10 အထိ ပါဝင်နိုင်ပြီး International School မှ ကျောင်းသားများအနေဖြင့် KG မှ Secondary 3 အထိ ပါဝင်နိုင်ပါတယ်။

📌 မှတ်ချက် – ကျောင်းသားများသည် လက်ရှိတက်ရောက်နေသော Grade အလိုက် သတ်မှတ်ထားသည့် Level အတိုင်းသာ Exam ဖြေဆိုရမည်ဖြစ်ပါတယ်။

📍S.E.S International School မှ SMC Exam Registration Service နှင့် SMC Exam Training Class နှစ်မျိုးလုံးကို ဆောင်ရွက်ပေးနေပါတယ်။
📍Training Class တွင် SMC Exam ပုံစံနှင့် သင့်လျော်သော မေးခွန်းများကို လေ့ကျင့်ပေးပြီး ကျောင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ Logical Reasoning နှင့် Problem-Solving Skills များ တိုးတက်လာစေရန် အဓိကထား သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📍Exam ဖြေဆိုမည့် ကျောင်းသားများအနေဖြင့် September 1st နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။

📅 Class Start Date – 16th August 2026
📝 October SMC Exam အတွက် Registration ပြုလုပ်နိုင်ပါပြီ။
⏰ Registration Deadline – 1st September
▪️Exam Date - 4th October

📞 Contact Us
09-456875155 / 09-443160454

📍 Location
No.107, Konzaytan Street (Lower), Pabedan Township, Yangon.

📞 အသေးစိတ်အချက်အလက်များနှင့် Registration အတွက် S.E.S International School သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

13/08/2026

🔤Phonics Time!
Our little learners are exploring letters, practicing their sounds, and building the foundation for confident reading and speaking. 📚🌟

12/08/2026

IELTS ဆိုတာဘာလဲ?
IELTS (International English Language Testing System) သည် အင်္ဂလိပ်ဘာသာစကားကို နိုင်ငံတကာစံနှုန်းများနှင့်အညီ စစ်ဆေးအကဲဖြတ်ပေးသည့် အထူးအရေးပါသော English Proficiency Test တစ်ခုဖြစ်ပြီး Listening, Reading, Writing နှင့် Speaking ဟူသော English 4 Skills ကို အဓိကထား စစ်ဆေးပေးခြင်းဖြစ်ပါတယ်။

👩‍🎓 IELTS ကို ဘယ်လိုလူတွေ တက်သင့်လဲ?
နိုင်ငံခြားတက္ကသိုလ်များတွင် ပညာသင်ယူလိုသူများ၊ Scholarship လျှောက်ထားလိုသူများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ရန် သို့မဟုတ် ဆက်လက်နေထိုင်ရန် ရည်ရွယ်ထားသူများအပြင် မိမိတို့၏ English 4 Skills ကို နိုင်ငံတကာအဆင့်အထိ တိုးတက်ကောင်းမွန်လိုသူများအတွက် IELTS ဟာ အရေးကြီးတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

S.E.S International School မှ IELTS Class တွင် IELTS Exam အတွက် အခြေခံလိုအပ်သော English Skills များကို စနစ်တကျ လေ့လာနိုင်ရန် Foundation Course နှင့် စာမေးပွဲဖြေဆိုရာတွင် လိုအပ်သော Question Types, Exam Techniques, Time Management နှင့် Practice များကို အဓိကထား လေ့ကျင့်နိုင်ရန် Exam Practice Course ဟူ၍ သင်တန်းနှစ်မျိုးဖြင့် ဖွင့်လှစ်ပေးထားပါတယ်။

Foundation Course မှာ IELTS ကို စတင်လေ့လာမည့်သူများအတွက် အခြေခံအဆင့်မှ စတင်ပြီး Listening, Reading, Writing, Speaking Skills များကို တစ်ဆင့်ချင်းစီ တိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ Exam Practice Course မှာတော့ IELTS Exam ဖြေဆိုရန် ပြင်ဆင်နေသူများအတွက် စာမေးပွဲပုံစံများနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ မေးခွန်းများကို ထိရောက်စွာ ဖြေဆိုနိုင်ရန်နှင့် မိမိရရှိနိုင်မည့် Band Score ကို တိုးတက်လာစေရန် Practice များဖြင့် အဓိကထား လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

သင်တန်းများကို Online / In-class နှစ်မျိုးလုံး တက်ရောက်နိုင်ပြီး မိမိ၏ အချိန်ဇယားနှင့် ကိုက်ညီသည့် Weekday သို့မဟုတ် Weekend Class ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

📅 Class Timetable

🔸Weekday (Online / In-class)
Foundation Course — (Tue / Wed / Thurs) | 1:00 PM – 2:30 PM
Exam Practice Course — (Tue / Wed / Thurs) | 10:00 AM – 11:30 AM
📌 Start Date — 18th August

🔸Weekend (Online / In-class)
Foundation Course — (Sat & Sun) | 1:00 PM – 3:00 PM
Exam Practice Course — (Sat & Sun) | 10:00 AM – 12:30 PM
📌 Start Date — 15th August

For Registration
📞 09-456875155
📍 No.107, Konzyatan (Lower Street), Pabedan Township, Yangon

၂၀၂၆–၂၀၂၇ ပညာသင်နှစ်၏ ပထမဆုံးအကြိမ်အဖြစ် မိဘနှင့်ဆရာ၊ ဆရာမများတွေ့ဆုံဆွေးနွေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ...
11/08/2026

၂၀၂၆–၂၀၂၇ ပညာသင်နှစ်၏ ပထမဆုံးအကြိမ်အဖြစ် မိဘနှင့်ဆရာ၊ ဆရာမများတွေ့ဆုံဆွေးနွေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲရလဒ်များနှင့် လက်ရှိသင်ယူတိုးတက်မှုများကို မိဘများနှင့် ဆရာ၊ ဆရာမများအကြား အတူတကွ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ ကလေးတစ်ဦးချင်းစီ၏ အားသာချက်များနှင့် ဆက်လက်တိုးတက်ကောင်းမွန်ရန် လိုအပ်သည့်အချက်များကိုလည်း အလေးထားမျှဝေခဲ့ကြပါသည်။ ✨

ကလေးများ၏ ပညာရေးတိုးတက်မှုသာမက ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မိဘနှင့်ဆရာ၊ ဆရာမများ၏ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးအားပေးမှုသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများ၏ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အချိန်ပေးတက်ရောက်ကာ ဆရာ၊ ဆရာမများနှင့်အတူ ဆွေးနွေးပေးခဲ့ကြသော မိဘများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ 💚

For the first Parents–Teacher Meeting of the 2026–2027 Academic Year, parents and teachers came together to review and discuss students’ exam results and current learning progress. The meeting also provided an opportunity to share each student’s strengths and the areas where they can continue to improve.

Beyond academic progress, the collaboration, support, and encouragement of both parents and teachers play an important role in helping students develop their personal qualities, abilities, and overall potential.

We would like to extend our heartfelt thanks to all the parents who took the time to attend the meeting and actively engage in meaningful discussions with our teachers for the better future of our students. 💚

10/08/2026

Time to paint 🎨 🖌️

Address

Center (1) : No. 17, 1st Floor, 28th Street (Lower), Pabedan Township, Yangon. , Center (2) : No. 107, Konzaytan Street (Lower), Pabedan Township, Yangon
Yangon
11143

Website

Alerts

Be the first to know and let us send you an email when 𝐒. 𝐄. 𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category