Golden Mirae Korean Language Centre

Golden Mirae Korean Language Centre 🇰🇷 Golden Mirae Korean Language Centre 🇰🇷

28/02/2026

ကိုရီးယားစကားမှာ "လက်ထပ်တယ်" ဆိုတဲ့စကားလုံးကို ကျား/မ ခွဲခြားပြီး သုံးနှုန်းတာနဲ့ ပတ်သတ်ပြီး ကွဲကွဲပြားပြား သိပြီးကြပြီလား? 🧐

🇰🇷 장가가다 vs 시집가다

ကိုရီးယားဘာသာစကားမှာ "လက်ထပ်သည်/တောင်းရမ်းသည်" ဆိုတဲ့အဓိပ္ပာယ်ကို အခြေအနေပေါ်မူတည်ပြီး…

1️⃣ 시집가다
* အမျိုးသမီး (သတို့သမီး) ဘက်ကနေ ပြောချင်ရင် သုံးပါတယ်

2️⃣ 장가가다
* အမျိုးသား (သတို့သား) ဘက်ကနေ ပြောချင်ရင် သုံးပါတယ်

3️⃣ 결혼하다
ကျား/မ မခွဲခြားဘဲ အခုခေတ်မှာတော့ ဒီစကားလုံးကို ပိုပြီး အသုံးများကြပါတယ်။

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေးလဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော် 💫



(Copyright disclaimer- I don't own the image / all the rights belong to original artists)

27/02/2026

🌸 "ပန်းခင်းလမ်းမှာ လျှောက်လှမ်းပါ" 🌸

ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ဒါမှမဟုတ် Idol တွေကို ဆုတောင်းပေးတဲ့အခါ "꽃길" ဆိုတဲ့ စကားလုံးလေးကို ကြားဖူးကြမှာပါ။ အဓိပ္ပာယ်လေးက တကယ်ကို လှပလွန်းပါတယ် 💘

"အခက်အခဲမရှိဘဲ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ဘဝခရီးလမ်းကို ပိုင်ဆိုင်ပါစေ" လို့ အဓိပ္ပာယ်ရပါတယ်

🌷 အလုပ်အသစ်စသူ၊ ကျောင်းပြီးသူ ဒါမှမဟုတ် ဘဝခရီးသစ်စမယ့်သူတွေကို နောင်အနာဂတ်အတွက် ဆုတောင်းပေးတဲ့အခါ သုံးနိုင်ပါတယ်

🌼 ကိုယ်ချစ်ရတဲ့သူကို အောင်မြင်မှုတွေပဲ ရစေချင်တဲ့အခါ "ပန်းခင်းလမ်းလေးပေါ်မှာပဲ လျှောက်လှမ်းပါ" ဆိုပြီး မေတ္တာစေတနာနဲ့ ပြောတဲ့အခါ သုံးကြပါတယ်

📝 စကားလုံးအဓိပ္ပာယ်
* 꽃 (Kkot): ပန်း
* 길 (Gil): လမ်း
* 꽃길 (Kkot-gil): ပန်းခင်းသောလမ်း (A bed of roses)

နောက်ထပ် ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကိုရီးယားစကားလုံးလေးတွေ သိချင်သေးလဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော် 💫



(Copyright disclaimer- I don't own the song / all the rights belong to original artists)

18/02/2026

နာတာနည်းနည်းကို ပိုပိုသာသာ အော်.ဟစ်.ညည်း.ညူတတ်တဲ့ "Drama Queen" တွေအတွက် ကိုရီးယားစကားလုံး 🎭
🇰🇷 엄살 [Eom-sal]

"အပိုလုပ်တာ၊ ဟန်ဆောင်ညည်းညူတာ" လို့ အဓိပ္ပာယ်ရပါတယ်။

1️⃣ သူများတွေ ပိုလုပ်နေတာကို ပြောချင်ရင်
👉 엄살 피우다 / 엄살 부리다
(အပိုတွေလုပ်တယ်၊ ပိုညည်းတယ်)

2️⃣ "တော်ပါတော့.. ပိုမလုပ်စမ်းပါနဲ့" လို့ တားချင်ရင်
👉 엄살 피우지 마! / 엄살 부리지 마!
(အပိုတွေ မလုပ်စမ်းပါနဲ့၊ မညည်းနဲ့တော့)

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright declaimed- I don't own the song / all the rights belongs to original artists)

17/02/2026

😡 "တော်သင့်ပြီနော်" လို့ ဒဲ့ပြောချင်ရင်

ကိုရီးယား drama တွေထဲမှာ မင်းသား၊ မင်းသမီးတွေ စိတ်တိုပြီး မကြာခဏ "적당히 해!" [Jeok-dang-hi hae!] စကားလုံးကို ပြောလေ့ရှိတယ်ဟုတ်?

မြန်မာလိုဆိုရင်တော့ "အတိုင်းအတာလေး ရှိပါစေ / တော်သင့်ပြီနော်" လို့ အဓိပ္ပာယ်ရပါတယ်။

၁။ တော်လိုက်တော့ လို့ ပြောချင်ရင်
တစ်ဖက်လူက ကိုယ့်ကို စနောက်တာ၊ ပြောဆိုဆက်ဆံတာတွေ "စည်းကျော်လာပြီ"၊ "လွန်လာပြီ" လို့ ခံစားရတဲ့အခါ ဒေါသသံပါပါနဲ့ သုံးပါတယ်။

၂။ အလွန်အကျွံ မလုပ်နဲ့
တစ်ခုခုကို အားစိုက်လွန်းနေတာ၊ ဒါမှမဟုတ် အလွန်အကျွံလုပ်နေတာမျိုးကို "လျှော့လုပ်ပါ/ အနေတော်ပဲ လုပ်ပါ" လို့ ပြောချင်တဲ့အခါမျိုးမှာလည်း သုံးနိုင်ပါတယ်နော်

⚠️ ဒီစကားလုံးက နည်းနည်း စိတ်ဆိုးတဲ့ လေသံ ပါတာမို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ (သို့) ကိုယ့်ထက် ငယ်တဲ့သူတွေကိုပဲ သုံးသင့်ပါတယ်နော်။ လူကြီးတွေကို သုံးရင် ရိုင်းရာကျသွားနိုင်ပါတယ် ⚠️

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright declaimed- I don't own the song / all the rights belongs to original artists)

16/02/2026

"မင်းက ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး..." 🥺✨

KDrama တွေထဲမှာ မင်းသားက မင်းသမီးကို ပြောလေ့ရှိတဲ့ ဒီစကားလေးကို ကိုရီးယားလို ဘယ်လိုပြောကြမလဲ?

🇰🇷 처음이자 마지막
(Cheo-eu-mi-ja Ma-ji-mak)

ဒီစကားစုလေးက 처음 (ပထမဆုံး) နဲ့ 마지막 (နောက်ဆုံး) ကို ~(이)자 (..လည်းဖြစ် ..လည်းဖြစ်သော) ဆိုတဲ့ သဒ္ဒါလေးနဲ့ ပေါင်းစပ်ထားတာပါ

၁။ အချစ်ရေးမှာ 💕
ကိုယ့်ချစ်သူကို "မင်းက ငါ့ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသော အချစ်ပါ" လို့ လေးလေးနက်နက် ပြောချင်တဲ့အခါ သုံးနိုင်ပါတယ်။

၂။ အလေးအနက် သတိပေးရာမှာ ⚠️
"ဒါ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်ပဲနော် (နောက်တစ်ခါ သည်းမခံဘူး)" ဆိုပြီး တစ်စုံတစ်ခုကို ပြတ်ပြတ်သားသား ပြောချင်တဲ့ အခြေအနေမျိုးမှာလည်း သုံးပါတယ်။

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright disclaimed- I don't own the song / all the rights belongs to original artists)

🧧🏮 Chinese New Year Special Promotion 🏮🧧ကိုရီးယားစာကို အခြေခံကစပြီး ကျွမ်းကျင်ချင်ပေမယ့် အချိန်မပေးနိုင်လို့ စိတ်ညစ်နေရပ...
16/02/2026

🧧🏮 Chinese New Year Special Promotion 🏮🧧

ကိုရီးယားစာကို အခြေခံကစပြီး ကျွမ်းကျင်ချင်ပေမယ့် အချိန်မပေးနိုင်လို့ စိတ်ညစ်နေရပါသလား?

ဒါဆိုရင် Golden Mirae ရဲ့ Korean Basic Level (Video Recorded Class) က မှန်ကန်တဲ့ ရွေးချယ်မှုတွေထဲက တစ်ခုဖြစ်စေမှာပါ 🎬

တရုတ်နှစ်သစ်ကူး ပရိုမိုးရှင်း အနေနဲ့ (၂) ယောက် အတူတူတက်ရင် ၅ သောင်းကျပ် ထဲနဲ့ တက်ရောက်နိုင်မယ့် အထူး Promotion ရှိတယ်နော် 🧧✨

✨ ဒီ Class ရဲ့အားသာချက်တွေက

✅ အလုပ်တွေ၊ ကျောင်းတွေ မအားလည်း ကိုယ်အားတဲ့အချိန် Video ကြည့်ပြီး လေ့လာလို့ရပါတယ်

✅ ဗျည်း၊ သရ ကစပြီး ဝါကျတည်ဆောက်ပုံအထိ အခြေခံခိုင်မာအောင် စနစ်တကျ သင်ကြားပေးမှာပါ

✅ အချိန် (၂) လအတွင်းမှာ အခြေခံကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သွားစေရမယ်။

🏮 Special Chinese New Year Promotion အနေနဲ့ ၂ ယောက်မှ - ၅၀,၀၀၀ ကျပ်ပဲမို့ အမြန်ဆုံး Register လုပ်ထားလိုက်တော့နော် 🤗

📥 အသေးစိတ်သိရှိလိုပါက Chat Box တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့် 🤍

15/02/2026

🍚 ဒီနေ့ မျှဝေပေးမဲ့ ကိုရီးယား စကားလုံးလေးကတော့
밥값 하다 (Bap-gap ha-da) ဖြစ်ပါတယ် 🍚

"ထမင်းဖိုး ကျေအောင်လုပ်သည်"၊ "ကိုယ့်တာဝန်ကိုယ်ကျေသည်" သို့မဟုတ် "အသုံးကျသည်" လို့ အဓိပ္ပာယ်ရပါတယ်။

1️⃣ သူများကို ပြောချင်တဲ့အခါ-
* "밥값 좀 해!" (Bap-gap jom hae!)
- ထမင်းဖိုးကျေအောင် လုပ်စမ်းပါ/ အသုံးကျအောင် နည်းနည်းလောက် နေစမ်းပါ
- သူငယ်ချင်းအချင်းချင်း (သို့) လူငယ်ချင်း ပြောတဲ့ပုံစံပါ။

2️⃣ ကိုယ်တိုင် ကတိပေးတဲ့အခါ
* "밥값 할게요" (Bap-gap hal-ge-yo)
- ထမင်းဖိုးကျေအောင် လုပ်ပါ့မယ်/ တာဝန်ကျေအောင် ကြိုးစားပါ့မယ်
- ကိုယ်က အလုပ်တစ်ခုခုမှာ အသုံးဝင်အောင် နေပြမယ်လို့ ပြောချင်တဲ့အခါ သုံးပါတယ်နော်

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright declaimed- I don't own the song / all the rights belongs to original artists)

14/02/2026

💍💖 Valentine's Day မှာ "မင်္ဂလာဆောင်တော့မယ်" လို့ ပြောချင်ရင် ဒီစကားလုံးလေးတွေ ကွဲပြားပုံကို သိထားဖို့ လိုမယ်နော် 💍💖

ကိုရီးယားစာလုံး "시집 (Si-jip)" ဆိုတာ "ယောကျာ်းအိမ် (သို့) ယောက္ခမအိမ်" ကို ဆိုလိုတာပါ .... ဒါကြောင့် အသုံးပြုပုံ (၂) မျိုး ကွဲသွားပါတယ်။

👰‍♀️ 1. 시집가다 [Si-jip-ga-da]
(Si-jip = ယောကျာ်းအိမ် + Ga-da = သွားသည်)
👉 မိန်းကလေး (သို့) မိန်းကလေးမိသားစုဘက် ကနေ ပြောတဲ့အခါ သုံးပါတယ်။
(မြန်မာလို - အိမ်ထောင်ပြုသည် / ယောကျာ်းနောက် လိုက်သွားသည်)

🤵‍♂️ 2. 시집오다 [Si-jip-o-da]
(Si-jip = ယောကျာ်းအိမ် + O-da = လာသည်)
👉 ယောကျာ်းလေး (သို့) ယောကျာ်းလေးမိသားစုဘက် ကနေ ပြောတဲ့အခါ သုံးပါတယ်။
(မြန်မာလို - ချွေးမ ဝင်လာသည် / အိမ်ထောင်ဘက် ရောက်လာသည်)

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright declaimed- I don't own the song / all the rights belongs to original artists)

13/02/2026

မုန့်မကျွေးချင်တဲ့ သူငယ်ချင်းကို ဒါလေးပြောပြီး စလိုက်ပါ! 🍕😜

🇰🇷 쪼잔하긴 [jjo-jan-ha-gin]
ဒီစကားလုံးက "ကပ်စီးနဲလိုက်တာ"၊ "တွက်ကပ်လိုက်တာ" လို့ အဓိပ္ပာယ်ရပါတယ်

1. 🍕 တွက်ကပ်တဲ့အခါ
- သူငယ်ချင်းက မုန့်မကျွေးချင်တာ၊ ပစ္စည်းမငှားချင်တာမျိုး (ဥပမာ- Pizza နောက်ဆုံးတစ်စိတ်ကို မပေးချင်ဘဲ နှမြောနေတဲ့အခါ) "ကပ်စီးနဲလိုက်တာကွာ" ဆိုပြီး စနောက်ပြောဖို့ အကွက်တိပါပဲနော် 🤭

2. 🤏 သဘောထားသေးတဲ့အခါ
- ကိစ္စသေးသေးမွှားမွှားလေးကအစ အရမ်းဇီဇာကြောင်ပြီး လိုက်တွက်နေတဲ့သူကို "မင်းကလည်း ဒါလေးပဲဟာကို.. သဘောထားသေးလိုက်တာ" ဆိုတဲ့ ပုံစံမျိုး ပြောချင်တဲ့အခါ သုံးပါတယ်

သူငယ်ချင်းအချင်းချင်း စနောက်ဖို့ ကောင်းတဲ့ စကားလုံးလေးပါ 😉

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright disclaimed- I don't own the song / all the rights belongs to original artists)

12/02/2026

သူငယ်ချင်း စိတ်ကောက်နေရင် ဒါလေးပြောပြီး ချော့လိုက်ပါ 😉

🇰🇷 기분 풀어 [gi-bun pu-reo]

ဒီစကားလုံးလေးက "စိတ်ပြေပါတော့ကွာ" ၊ "စိတ်မဆိုးပါနဲ့တော့" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

🥺 နှစ်သိမ့်ပေးတဲ့အခါ
- တခုခုကြောင့် စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတဲ့သူကို "စိတ်မကောင်းမဖြစ်ပါနဲ့တော့၊ ပေါ့ပေါ့ပါးပါးနေပါ" လို့ အားပေးချင်တဲ့အခါ

🥰 ချော့တဲ့အခါ
- ကိုယ့်အပေါ် (သို့) တစ်စုံတစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်နေတဲ့သူကို "စိတ်လျှော့လိုက်ပါတော့" လို့ ပြောချင်တဲ့အခါမျိုးမှာ သုံးလို့ရပါတယ်နော်

ရိုးရှင်းပေမယ့် နွေးထွေးတဲ့ စကားလုံးလေးပါ 😍

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫



(Copyright disclaimed- I don't own the song / all the rights belongs to original artists)

11/02/2026

"တော်ပြီ... တကယ်ကို စိတ်ကုန်နေပြီ!"… ဒီလိုမျိုး သည်းမခံနိုင်တော့လောက်အောင် ဖြစ်နေတဲ့ ခံစားချက်ကို ကိုရီးယားလို ဘယ်လိုပြောကြမလဲ? 😤 ✨

지긋지긋 [Ji-geut-ji-geut]

ဒါက ရိုးရိုးပျင်းတာမျိုးမဟုတ်ဘဲ တစ်ခုခုကို ထပ်ခါထပ်ခါ ကြုံတွေ့ရလို့ စိတ်ပျက်ငြီးငွေ့တဲ့အခါ သုံးပါတယ်နော်

1️⃣ အခြေအနေတစ်ခုကို သည်းမခံနိုင်တော့တဲ့အခါ
ဥပမာ - နေ့တိုင်း ဒီအလုပ်၊ ဒီပြဿနာတွေပဲ ထပ်ခါထပ်ခါ ဖြစ်နေလို့ အရမ်းငြီးငွေ့သွားတဲ့အခါ

2️⃣ တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး စိတ်ပျက်တဲ့အခါ
ဥပမာ - အမြဲတမ်း အပြစ်ရှာ၊ ရန်ရှာနေတဲ့သူ (သို့မဟုတ်) ဆင်ခြေပေးနေတဲ့သူကို ပြောချင်တဲ့အခါမျိုးမှာ သုံးပါတယ်

နောက်ထပ် ဘယ်လိုစကားလုံးတွေ သိချင်သေး လဲဆိုတာ Comment မှာ ရေးခဲ့ပေးပါဦးနော်💫




(Copyright declaimed- I don't own the song / all the rights belongs to original artists)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Golden Mirae Korean Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category