18/03/2025
Low Budget နဲ့ Europe ကို ဆေးကျောင်းသွားတက်လိုသူတိုင်းအတွက် ကူညီ Support ပေးမယ့် Grace...👩⚕️
ဝါသနာအတွက်၊ အနာဂတ်အခွင့်အလမ်းအတွက် ဆေးပညာနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို နိုင်ငံခြားသွားရောက်ပြီး သင်ယူလိုတယ်...
ဒါပေမယ့် Budget ကလည်း ချင့်ချိန်စဉ်းစားစရာ ကန့်သတ်ချက်တစ်ခုဖြစ်နေတယ်ဆိုရင်တော့ Low Budget နဲ့ တကယ့်ဆေးကျောင်းအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် ဟောဒီနိုင်ငံတွေကို စဉ်းစားရွေးချယ်ကြည့်ဖို့အတွက် အကြံပြုလိုက်ပါရစေနော်...🙆♀️
အဲ့ဒီနိုင်ငံတွေကတော့ ခုနောက်ပိုင်း International ကျောင်းသားတွေကြားထဲမှာ Safe ဖြစ်တဲ့အတွက်၊ ကုန်ကျစရိတ်သက်သာတဲ့အတွက်၊ Transportation အဆင်ပြေတဲ့အတွက်၊ Discrimination မရှိတဲ့အတွက် လူကြိုက်ရွေးချယ်မှုများနေတဲ့ Hungary နဲ့ Georgia နိုင်ငံတွေပဲဖြစ်ပါတယ်.. 🇭🇺🇬🇪
ပထမဦးဆုံးအနေနဲ့ Hungary မှာ ဆေးကျောင်းတက်မယ်ဆိုရင် ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲဆိုတာကို ပြောပြပေးချင်ပါတယ်...
💁♀️ Living Costs အနေနဲ့ ကိုယ်ရွေးတဲ့ အခန်း၊ Facilities, City Location ပေါ်မူတည်ပြီး $ 600 ~ 800 ကြားကျနိုင်ပါတယ်။
🍜 အစားသောက်ဆိုရင်လည်း ကိုယ်စားတဲ့ပေါ်မူတည်ပြီး တစ်ခါစားရင် $ 5~10 ကနေ $ 10~20 အထိ ကျနိုင်ပါတယ်။ ကုန်ကျစရိတ်ကို ချွေတာချင်တယ်ဆိုရင်တော့ Groceries မှာဝယ်ပြီး ကိုယ့်ဘာသာကိုယ်ချက်စားလို့ရပါတယ်။ အဲ့လိုဆိုရင်တော့ တစ်လကိုမှ $ 200 ~ 300 လောက်သာကုန်ကျပါလိမ့်မယ်။
🚍 နောက်တစ်ခုကတော့ Public Transportation Fees ပါ။ Hungary မှာကတော့ Transportation Fees အနေနဲ့ ကျောင်းသားတွေအတွက် Discount ရှိပါတယ်။ $ 50 လောက်ကုန်ကျနိုင်ပါတယ်။ အချို့နေရာတွေမှာ Free ရှိပါတယ်။
အခြားသော ကုန်ကျစရိတ်ကို တစ်ချက်ကြည့်ရမယ်ဆိုရင်...
◾Electric, Water တို့လို Utilities Fees က $ 50 ~ 100 ဝန်းကျင်
◾Internet အတွက် အသုံးစရိတ်က $ 10~20 ဝန်းကျင်
◾Health Insurance ကတော့ Facilities ပေါ်မူတည်ပြီး တစ်နှစ်ကို $ 600 ကနေ 1000 ဝန်းကျင်
◾စာအုပ်ကြေးတို့၊ Personal Expenses တို့ကတော့ တစ်လကို $ 100 ~ 200 ဝန်းကျင်
ဒါတွေကြောင့် အကုန်လုံးကို ခြုံငုံပြီးပြန်ကြည့်ရမယ်ဆိုရင်တော့ တစ်လကို $ 1300 ~ 1500 သုံးမယ်ဆိုရင်တော့ ပုံမှန်အတိုင်း နေထိုင်ပါမယ်။
Hungry မှာဆိုရင် ဒီလိုကုန်ကျစရိတ်သက်သာတဲ့အပြင် အခြားသောအားသာချက်တွေလည်း အများကြီးရှိပါသေးတယ်။ အဲ့တာတွေကတော့..
✅ တစ်ပတ်ကို (၂၄) နာရီ အလုပ်လုပ်လို့ရတယ်။
✅ Government ကပေးတဲ့ Scholar ကိုလျှောက်လို့ရတယ်။
✅ Medicine Foundation (2) Semester, (9) လအတွက် $ 7,000 သာကုန်ကျပါမယ်။ Foundation ပြီးရင် ဘွဲ့ရဖို့အတွက် နောက်ထပ် (5) နှစ် ဆက်တက်ရမှာဖြစ်ပြီးတော့ တစ်နှစ်ကို $ 16,700 ကုန်ကျပါမယ်။
✅ Medicine ကလွဲပြီး ကျန်တဲ့ Major အကုန်လုံးက တစ်နှစ်ကို ဒေါ်လာ $ 7,000 လောက်ပဲကုန်ကျပါမယ်။ အကယ်လို့ Intensive Foundation သာ တက်ဆိုရင် $ 4,800 ပဲကုန်ကျပါမယ်။
✅ ကိုယ်က GED ပြီးထားတယ်၊ HND Level ပြီးထားတယ်ဆိုရင်တော့ Foundation ကင်းလွတ်ခွင့်ရှိပါမယ်။ အမှတ်နည်းရင်တော့ Foundation တက်ရပါမယ်။
✅ ကျောင်းပြီးသွားပြီဆိုရင်တော့ ကျောင်းသားတွေက Hungary မှာ Work Visa နဲ့ နောက်ထပ် (9) လ တိတိအလုပ်ရှာပိုင်ခွင့်ရှိပါတယ်။ အလုပ်ရသွားရင် Work Visa နဲ့ ဆက်နေလို့ရပါတယ်။
✅ နောက်တစ်ချက်က Hungary မှာ အလုပ်ဝင်မယ်ဆိုရင်တော့ Hungry ဘာသာစကားနဲ့ License Test ဖြေရပါမယ်။ Rule & Regulations ညီတယ်ဆိုရင် Work Visa နဲ့ ဆက်နေလို့ရပါတယ်။
✅ Visa Rate ကလည်း Success ဖြစ်တာများပါတယ်။
ဒီလိုအားသာချက်တွေနဲ့ ပြည့်နှက်နေတဲ့ Hungary မှာဆေးပညာသင်ယူဖို့အတွက် တကယ်အဆင်ပြေသင့်တော်တဲ့ ကျောင်းတစ်ကျောင်းကို ညွှန်းပေးပါဆိုရင်တော့ University of DEBRECEN ကိုပဲ ညွှန်းပေးပါရစေ....
ဘာလို့လဲဆိုတော့ ဒီကျောင်းဟာဆိုရင် WHO အသိအမှတ်ပြုကျောင်းဖြစ်သလို US, UK အစရှိတဲ့ နိုင်ငံကြီးတွေမှာရှိတဲ့ Organization တွေကလည်း အသိအမှတ်ပြုတယ်။ ကျောင်းသက်တမ်း (100) ကျော်ပြီဖြစ်တဲ့အတွက် Reputation ကလည်း အရမ်းကောင်းတယ်။ အပေါ်ကပြောခဲ့သလို ဈေးနှုန်းလည်း သက်သာတယ်။ ဒါကြောင့်မို့လို့ Hungary မှာဆိုရင် ဒီကျောင်းကို Recommend ပေးပါရစေနော်...🎓
🇬🇪 Georgia မှာ ဆေးကျောင်းတက်မယ်ဆိုရင်လည်း Hungary လိုသဘောတရားမျိုးပဲ ကုန်ကျစရိတ်သက်သာတယ်၊ အဆင်ပြေတယ်၊ Scholar လျှောက်လို့ရတယ် အစရှိတဲ့ အခြေခံအချက်တွေကတော့ အတူတူပါပဲ။ ပြီးတော့ Georgia မှာ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်မယ်ဆိုရင်လည်း Hungary လိုပဲ သူတို့နိုင်ငံရဲ့ ဘာသာစကားနဲ့ License Test ဖြေရမှာပဲဖြစ်ပါတယ်။
ဒါပေမယ့် Hungary နဲ့စာရင်တော့ Georgia က ပိုဈေးသက်သာပါတယ်။ Georgia နိုင်ငံ ဆေးတက္ကသိုလ်တွေကြားထဲမှာမှ ထင်ရှားကျော်ကြားတဲ့ Caucasus International University မှာဆိုရင်တောင် တစ်နှစ်ကို $ 6,000 သာကျသင့်မှာပါ။ (၆) နှစ်တက်ရပါမယ်။
ဒီကျောင်းမှာဆိုရင် Room Service, 3 Times Meals, TV, Bathroom, Free Wifi, 24/7 Security Service, Heating/ Cooling Service အပါကိုမှ နေထိုင်စရိတ်က $ 350 သာကျသင့်မှာပါ။ နေရမှာကတော့ (၄) ယောက်တစ်ခန်းပါ။
အကယ်၍ IT ယူမယ်ဆိုရင်တော့ တစ်နှစ်ကို $ 4,000 ပဲကုန်ကျမှာမို့ အခြား Engineering Program တွေလည်း တက်လို့ရပါတယ်နော်။
💸 တကယ်လို့ ကိုယ်က ပိုက်ဆံ Amount တစ်ခုကို တတ်နိုင်တယ်။ License Test မဖြေချင်ဘူးဆိုရင်တော့ English လိုပဲသင်ကြားပေးပြီး License တန်းပေးတဲ့ Germany နိုင်ငံရဲ့ University Targu Mures Medical Campus Hamburg (UMCH) တက္ကသိုလ်ကို ညွှန်းပေးပါရစေ။ ကုန်ကျစရိတ်အနေနဲ့ကတော့ တစ်နှစ်ကို $ 47,000 လောက်ကုန်ကျနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ နိုင်ငံခြားမှာ ဆေးကျောင်းသွားတက်ဖို့အတွက် ကိုယ့် Budget နဲ့ကိုက်ညီမယ့် နိုင်ငံတွေကို စဉ်းစားရွေးချယ်နိုင်ကြမယ်လို့ထင်ပါတယ်။ ပိုမိုအသေးစိတ်ကျတဲ့ အချက်အလက်တွေကို သိရှိလိုတယ်၊ တိုင်ပင်ဆွေးနွေးလိုတယ်ဆိုရင်တော့ Grace Education Services ကို ဆက်သွယ်နိုင်ပါတယ်နော်..📲
အသေးစိတ်သိရှိလိုပါက -
☎️ 09 - 5140802 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။