Shwe Sa Bwe Hospitality training

Shwe Sa Bwe Hospitality training Since 2011 - empowering Myanmar youth with free hospitality training for thriving careers.

စောင့်မျှော်နေကြတဲ့ Shwe Sa Bwe Hospitality Training Program 2026 , Batch 15 အတွက် စတင်လျှောက်ထားနိုင်ပါပြီ ~ ဒီတစ်ခေါက်...
10/07/2026

စောင့်မျှော်နေကြတဲ့ Shwe Sa Bwe Hospitality Training Program 2026 , Batch 15 အတွက် စတင်လျှောက်ထားနိုင်ပါပြီ ~

ဒီတစ်ခေါက်မှာတော့ အရင် Batch 14 နဲ့ ကွာခြားချက်လေးတွေရှိပါတယ်။

(၁) ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းမှ လူငယ်များအတွက်သာ

Batch 15 သည် ခါတိုင်းလို မြန်မာတစ်နိုင်ငံလုံး ဘယ်ဒေသကနေနေ လျှောက်လို့ရတာမဟုတ်တော့ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ လူငယ်များနဲ့ အမျိုးသမီးများ ( အသက် ၁၈ - ၃၅ နှစ်) အတွက်သာ သီးသန့်ပညာသင်ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျန်ဒေသများအတွက်တော့ ဒီတစ်ခေါက်မှာတော့ ထည့်သွင်းစဉ်းစားခြင်းပြုမှာမဟုတ်ပါဘူး။

(၂) သင်တန်းကာလ (၆) လသာ

အရင်က သင်တန်းကာလ (၁၁) လသင်ကြားရပေမယ့် ဒီတစ်ခေါက်မှာတော့ August 2026 မှ January 2027 အထိ Duration (၆) လသာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းအနေနဲ့ Service မှာ အပြောင်းအလဲမရှိပေမယ့် Kitchen ဘက်မှာတော့ Cold & Hot Kitchen အပိုင်းပါဝင်ပြီး Pastery & Bakery ပိုင်းမပါတော့ပါဘူး။

အထက်ပါ နှစ်ချက်ကတော့ Batch 15 အတွက် အဓိကပြောင်းလဲသွားမယ့် အချက် (၂) ချက်ဘဲဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းခြင်းကိုတော့ July လ (၂၅) ရက်နေ့နောက်ဆုံးထားပြီး လက်ခံသွားမှာပါ။

အောက်ပါ Form မှာ မေးခွန်းလေးတွေကိုအသေးစိတ်ဖြည့်ရင်း လျှောက်ထားနိုင်ပါပြီရှင်။

https://docs.google.com/forms/d/e/1FAIpQLSenTF32DVpUJceb1CY7adC6TqjFiK1GaFtx5_yL5vBNaD53AA/viewform?usp=dialog

အမေးများတဲ့ မေးခွန်းလေးတွေကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

✨ သင်တန်းက ဘယ်လောက်ကြာမှာလဲ ? ဘာတွေသင်ရတာလဲ ?

Training Curriculum မှာ Service & Kitchen နှစ်ပိုင်းရှိပြီး လျှောက်လွှာဖြည့်တဲ့အခါ ကိုယ်စိတ်ဝင်စားရာ Position ကို တစ်ခါထဲ ရွေးချယ်နိုင်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့အပိုင်းမှာတော့ ၆ လကြာ စာတွေ့ လက်တွေ့သင်ကြားရမှာဘဲ ဖြစ်ပါတယ်။ English Language & Life Skills တွေကိုလည်း တစ်ပတ်မှာ တစ်ရက်သင်ကြားသွားရမှာပါရှင်။

✨ သင်တန်းကဘယ်တော့စမှာလဲ ? သင်တန်းချိန်တွေကရော? နေစားငြိမ်းလား ?

August လထဲမှာ စတင်သင်ကြားပေးမှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့သူတွေအတွက် နေရာထိုင်ခင်း၊ နေ့လည်စာ & ညစာ စီစဉ်ပေးပါတယ်။ ဒါကြောင့်မို့ Training ကာလတစ်လျှောက် အဆောင်မှာ အားလုံးအတူတူနေထိုင်သွားရမှာပါ။

သင်တန်းချိန်အနေနဲ့ အစောပိုင်းမှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ စာတွေ့သင်ကြားပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ လက်တွေ့သင်ကြားရပါမယ်ရှင်။ ဒါကြောင့် Operation ဝင်တဲ့အချိန်ဆို နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျရှိနေမှာပါ။

✨ သင်တန်းကြေးကရော ?

ဒီ Program ဟာ Hospitality Industry မှာ အသက်မွေးဝမ်းကျောင်းပြုလိုပေမယ့် ခက်ခဲနေတဲ့လူငယ်တွေအတွက် ရည်ရွယ်တာကြောင့် Fee တစ်ခုလက်ခံ၍ သင်ကြားပေးနေတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် သင်တန်းကြေးဆိုတာလည်း မရှိပါဘူး။ သို့သော်လည်း ကျောင်းသားတွေရဲ့ သင်တန်းပြီးဆုံးအောင် တက်ပါမည်ဆိုတဲ့ Commitment ကိုလိုအပ်တာမို့ Deposit ငွေကောက်ခံခြင်းတော့ရှိပါတယ်။ ဒါကလည်း သင်တန်းပြီးဆုံးအောင် တက်ပြီးတာနဲ့ ၁၀၀% ပြန်လည်ပေးအပ်သွားမှာပါ။

✨ ကျောင်းသားတွေကို ဘယ်လိုရွေးချယ်လဲ ?

အရင်ဆုံး အပေါ်က Registration Form Link မှာ မေးထားတဲ့ Questions လေးတွေကို သေချာဖြေပေးဖို့လိုပါတယ်။ လျှောက်လွှာတွေကို စီစစ်ပြီးတဲ့အခါ Interview အဆင့်ပါတဲ့သူတွေကို အကြောင်းကြားပေးမှာဖြစ်ပြီး Interview Pass ဖြစ်တဲ့သူတွေဆိုလည်း ဆေးစစ်ချက်အောင်မအောင် တစ်ဖန်ပြန်ကြည့်ပါတယ်။အားလုံးအဆင်ပြေပြီဆိုရင်တော့ သင်တန်းသားအဖြစ် ရွေးချယ်ခံရကြောင်း ထပ်မံဆက်သွယ်ပေးသွားမှာပါရှင်။ ဒီ Recruitment &Selection Process တွေကိုတော့ July လအတွင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

( ဒီနေရာမှာ အကြံပေးချင်တာတော့ ပညာသင်ဆုလျှောက်မှာကျိန်းသေတယ်ဆို Medical Check Up စောစောလုပ်ထားစေချင်ပါတယ်။ ဒါဆို ပိုပြီးမြန်မြန်ဆန်ဆန် result သိနိုင်မှာပါ။ )

ဒီလောက်ဆိုရင်တော့ တော်တော်များများသိချင်နေကြမယ့် အကြောင်းအရာလေးတွေကို သိသွားကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဒီထက်သိချင်တာလေးရှိရင်လည်း Page Chat Box မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

08/07/2026

ပြီးခဲ့တဲ့အပတ်က Shwe Sa Bwe Hospitality Training ရဲ့ Batch 14 ကျောင်းသူကျောင်းသားလေးတွေ ၁၁ လကြာစာတွေ့လက်တွေ့သင်ကြားပြီးနောက် နောက်ဆုံး Final Exam ဖြေခဲ့ရပါတယ်။

Exam Day နှစ်ရက်လုံးနဲ့ Recap Video လေးကို အမှတ်တရတင်ပေးလိုက်ပါတယ်ရှင်။

Last week, our Batch 14 students at Shwe Sa Bwe Hospitality Training officially completed their final exams! After 11 months of dedicated theory and practical training, it was time to put everything they’ve learned into action.

We’re sharing these highlights from their two-day exam, along with a recap video to celebrate their journey. We are so proud of all their hard work, congratulations to the whole batch!

Shwe Sa Bwe Hospitality Training Center, Batch 14 ကျောင်းသူကျောင်းသားလေးတွေရဲ့ Final Exam ပုံရိပ်လေးတွေဖြစ်ပါတယ်။ Final ...
03/07/2026

Shwe Sa Bwe Hospitality Training Center, Batch 14 ကျောင်းသူကျောင်းသားလေးတွေရဲ့ Final Exam ပုံရိပ်လေးတွေဖြစ်ပါတယ်။

Final Exam မှာတော့ Day 1 & Day 2 နှစ်ရက်လုံးမှာ Hospitality Industry ရဲ့ Professionals တွေကိုယ်တိုင် ကျောင်းသားကျောင်းသူတွေကို အနီးကပ်စစ်ဆေးအကဲဖြတ် အမှတ်ပေးခဲ့ပါတယ်။

တကူးတက အချိန်ပေးပြီး အကဲဖြတ်စစ်ဆေးသူတွေအနေနဲ့ မေတ္တာဖြင့် ပါဝင်ကူညီပေးခဲ့တဲ့

Ms. Hnin Oo May – Owner, Blind Tiger
Mr. Thibaut Stettler – Manager, L'Opera
Mr. Aung Kyaw Zaw – Bar Manager, Novotel Hotel
Mr. Thaw Zin Tun – Food & Beverage Manager, Melia Hotel
Mr. Kyaw Swar – Restaurant Manager, Echo Fine Dining
Chef Kwano – Sous Chef, Echo Fine Dining
Mr. Monis – Master Butcher, City Mart Holdings
Mr. Nyi Nyi Ohn Myint – Director, Asian Institute of Hospitality Management
Chef Moe July Ko – Chef, Le SMASH
Chef Oliver Soe Thet – Representative, Myanmar Chef Association
Chef Zwe – Chef, Nth Degree

တို့ကို ရွှေစားပွဲမိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

Here are some highlights from the Final Examination of Batch 14 trainees at Shwe Sa Bwe Hospitality Training Center.
Over the course of the two-day final assessment, our trainees were evaluated by distinguished professionals from Myanmar's hospitality industry, who generously dedicated their time and expertise to assess their skills and performance.
We would like to extend our sincere gratitude to our esteemed juries:

Your valuable time, encouragement, and professional insights have played an important role in inspiring and shaping the next generation of hospitality professionals.
Thank you for your generous support and for being part of our trainees' learning journey.

Shwe Sa Bwe Hospitality Training Center, Batch 14 ကျောင်းသူကျောင်းသားလေးတွေရဲ့ Final Exam ပုံရိပ်လေးတွေဖြစ်ပါတယ်။ Final ...
03/07/2026

Shwe Sa Bwe Hospitality Training Center, Batch 14 ကျောင်းသူကျောင်းသားလေးတွေရဲ့ Final Exam ပုံရိပ်လေးတွေဖြစ်ပါတယ်။

Final Exam မှာတော့ Day 1 & Day 2 နှစ်ရက်လုံးမှာ Hospitality Industry ရဲ့ Professionals တွေကိုယ်တိုင် ကျောင်းသားကျောင်းသူတွေကို အနီးကပ်စစ်ဆေးအကဲဖြတ် အမှတ်ပေးခဲ့ပါတယ်။

တကူးတက အချိန်ပေးပြီး အကဲဖြတ်စစ်ဆေးသူတွေအနေနဲ့ မေတ္တာဖြင့် ပါဝင်ကူညီပေးခဲ့တဲ့

Ms. Hnin Oo May – Owner, Blind Tiger

Mr. Thibaut Stettler – Manager, L'Opera

Mr. Aung Kyaw Zaw – Bar Manager, Novotel

Mr. Thaw Zin Tun – F&B Manager, Melia

Mr. Kyaw Swar – Restaurant Manager, Echo Fine Dining

Chef Kwano – Sous Chef, Echo Fine Dining

Mr. Monis – Master Butcher, City Mart Holdings

Mr. Nyi Nyi Ohn Myint – Director, Asian Institute of Hospitality Management

Chef Moe July Ko – Chef, Le SMASH

Chef Oliver Soe Thet – Myanmar Chef Association

Chef Zwe – Chef, Nth Degree

တို့ကို ရွှေစားပွဲမိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

Here are some highlights from the Final Examination of Batch 14 trainees at Shwe Sa Bwe Hospitality Training Center.

Over the course of the two-day final assessment, our trainees were evaluated by distinguished professionals from Myanmar's hospitality industry, who generously dedicated their time and expertise to assess their skills and performance.

We would like to extend our sincere gratitude to our esteemed juries:

Ms. Hnin Oo May – Owner, Blind Tiger

Mr. Thibaut Stettler – Manager, L'Opera

Mr. Aung Kyaw Zaw – Bar Manager, Novotel Hotel

Mr. Thaw Zin Tun – Food & Beverage Manager, Melia Hotel

Mr. Kyaw Swar – Restaurant Manager, Echo Fine Dining

Chef Kwano – Sous Chef, Echo Fine Dining

Mr. Monis – Master Butcher, City Mart Holdings

Mr. Nyi Nyi Ohn Myint – Director, Asian Institute of Hospitality Management

Chef Moe July Ko – Chef, Le SMASH

Chef Oliver Soe Thet - Myanmar Chef Association

Chef Zwe – Chef, Nth Degree

Your valuable time, encouragement, and professional insights have played an important role in inspiring and shaping the next generation of hospitality professionals.

Thank you for your generous support and for being part of our trainees' learning journey.

16/06/2026

ဒီ Video လေးက Batch 14 Students လေးတွေ Heineken စက်ရုံကို သွားရောက်လေ့လာရတုန်းကပါ။

Service Lesson ရဲ့ တစ်စိတ်တစ်ပိုင်းမှာ Students တွေ Bar Section ဝင်ရတာလေးပါပါတယ်။ Cocktail, Mocktails ဖျော်နည်းတွေသင်ရသလို Beer Pour လုပ်နည်းကအစ သေချာသင်ရပါတယ်။

ကျောင်းသားတွေအနေနဲ့ Factory Visit သွားရတုန်းက Beer ဘယ်လိုချက်တယ်၊ ဘယ်လို ingredients တွေသုံးတယ်၊ Alcohol Limit အကြောင်း ဆောင်ရန်ရှောင်ရန် စတဲ့ Product Knowledge တွေ Safety အကြောင်းတွေအပြင် ထုတ်လုပ်ပုံအဆင့်ဆင့် အစမှသည် Packaging အဆုံးအထိ စက်ရုံအတွင်းပိုင်းထိ ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့ပါတယ်။

ဒီ Trip လေးကို စီစဉ်ခွင့်ပေးခဲ့တဲ့ Heineken Myanmar ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

This video captures Batch 14 students during their educational visit to the Heineken factory.

As part of their Service Lesson, students also spend time in the bar section, where they learn cocktail and mocktail preparation, along with proper beer pouring techniques.

During the factory visit, they gained in-depth product knowledge, including how beer is brewed, the ingredients used, alcohol limits, safety precautions, and responsible service practices. They also had the opportunity to observe the full production process from brewing all the way to packaging.

A special thank you to Heineken Myanmar for making this valuable learning experience possible.

05/06/2026

ရွှေစားပွဲ Hospitality Training Center ရဲ့ Mock Exam Footage လေးတွေကတော့ မကုန်သောပါဘဲ ~ kitchen ဘက်က 3 Course Set Menu & Bread Making ကို Limited Time အတွင်းချက်ပြုတ်ပြခဲ့ရသလို Service အနေနဲ့လည်း Cocktail ဖျော်တာကနေ ဝိုင်းကိုင်တာ၊ Wine ထည့်တာအထိ လက်တွေ့လုပ်ပြခဲ့ရပါတယ်။

We still have plenty of footage from the Shwe Sar Pwe Hospitality Training Center Mock Exam! ✨

Our Kitchen students were challenged to prepare a 3-course set menu and bread-making within a limited timeframe, while our Service students demonstrated their practical skills in cocktail mixing, table service, and wine pouring.

A great showcase of the hands-on training and industry-standard skills our students develop throughout the program.

29/05/2026

💚💛

18/05/2026

Kitchen Student လေးတွေ သင်ရမယ်မမျှော်မှန်းထားတဲ့ Kitchen Lesson လေးတွေက ဘာဖြစ်မလဲ ?

What are those unexpected kitchen lessons that culinary students never see coming?

🤍
14/05/2026

🤍

09/05/2026

ဒါလေးကတော့ Batch 11 final exam ပြီးတဲ့နေ့တုန်းက နှုတ်ဆက်သီချင်းလေးတွေ တူတူဆိုကြတုန်းက video လေးပါ။

ကျောင်းသားကျောင်းသူလေးတွေ တစ်နှစ်တာ training ကာလ ပြီးဆုံးသည်ထိတက်ရောက်နိုင်ခဲ့တာမို့ ဝမ်းသာပိတိဖြစ်ရသလို Hospitality Industry မှာ သူတို့ဘဝလေးတွေ အစပျိုးဖို့ ခွဲခွါရတော့မှာကြောင့် ဝမ်းနည်းခဲ့ရတဲ့အချိန်လေးတွေပါဘဲ ✨

This video was taken on the day Batch 11 completed their final exam, as we all came together to sing farewell songs.

It was a moment filled with both joy and emotion, we felt so proud and happy that our students were able to complete their one-year training journey, and at the same time, a little sad knowing it was time for them to move on and begin a new chapter in the hospitality industry.

Address

84 Pan Hlaing Street Sanchaung San Chaung Township
Yangon
11111

Alerts

Be the first to know and let us send you an email when Shwe Sa Bwe Hospitality training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category