18/05/2020
ပြန်ဖွင့်တော့မလားလို့ မေးနေကြတဲ့ သရပါ ကြယ်ပွင့်တွေကို အထူးပင်ကျေးဇူးတင်ပါတယ်. လက်ရှိ ကပ်ရောဂါ ကာလ အခြေနေကြောင့် ကျနော်တို့ သရပါ အပါအဝင် ကျောင်းတွေကို ပိတ်ထားရမှာဖြစ်ပါတယ်. လူစုလူဝေးနဲ့ ဖြစ်ရင် ပိုဆိုးမှာဖြစ်တာကြောင့် ကျန်းမာရေး နဲ့ အားကစားဝန်ကြီးငှာနရဲ့ လမ်းညွှန်ချက်အတိုင်း အပြည့်အ၀ လိုက်နာရပါတယ်
မတတ်သာလို့ ဝေးဝေးနေရချိန်မှာလည်း ပညာပေးဖို့ အတွက် ကျနော်တို့ နည်းလမ်းပေါင်းများစွာရှာဖွေနေပါတယ်။ FB Group တို့ Messager Group တို့ Live လွှင့်စာသင်တာတို့ က ကျောင်းသား စာသင်ယူရာမှာ ထိရောက်မှု အားနည်းတယ်လို့ ကျနော်တို့ ဘက်က ယုံကြည်တာကြောင့် အခြေအနေ ထူးခြားခြင်းမရှိတဲ့ အနေအထားမှာ မတတ်သာလို့ ဝေးဝေးနေဖို့ ဆုံးဖြတ်ရတာကို နားလည်ပေးမယ်မျှော်လင့်လျှက်ပါ
သို့သော် အခု ကမ္ဘာ့ နိုင်ငံတော်တော်များများနဲ့ နိုင်ငံတကာ ကျောင်းတော်တော်များများမှာ အသုံးပြုလျှက်ရှိတဲ့ Zoom အကို အသုံးပြုပြီးတော့ သင်ခန်းစာတွေကို ပို့ချဖို့ကျနော်တို့တွေ သင်ကြားရေးပိုင်းနဲ့ ပြောဆို စီစဉ်နေပါတယ်
ကျနော်တို့ သဘောပေါက်ပါတယ်.. လူကိုယ်တိုင် တက်ရောက်ချင်သူများအတွက် အခက်အခဲနဲ့ စိန်ခေါ်မှု တစ်ခုပါ..
ဒီကပ်ရောဂါ ပြသာနာက ပြီးတော့မလားမေးရင် အဖြေကို တိတိကျကျမပေးနိုင်သေးတဲ့ ကာလမှာ ဒီလမ်းကပဲ ကျနော်တို့ သင်တန်းသူ သင်တန်းသား ကြယ်ပွင့်တွေ အတွက် အကောင်းဆုံးတစ်ခုဖြစ်ပါတယ်..
အသေးစိတ်ကိုတော့ ကျနော်တို့ ထပ်မံထုတ်ပြန်ပါမယ်ခင်ဗျာ
လက်ရှိတော့ မတတ်သာလို့ ဝေးဝေးနေကြပါ...သရပါရဲ့ update သတင်းတွေကို စောင့်ပေးကြပါလို့...