25/05/2026
【ဖတ်စရာမှတ်စရာဂျပန်စာ】
Level: N3
ぼくらの まわりには、ヘンな言葉(ことば)が いっぱいある。
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ စကားလုံးတွေ အများကြီး ရှိပါတယ်။
「ガイジン」なんて いうのも、その一(ひと)つだ。
"ဂိုင်းဂျင်း" (အပြင်ကလူ) ဆိုတာမျိုးကလည်း အဲဒီထဲက တစ်ခုပေါ့။
ぼくの 経験(けいけん)でも、アメリカや ヨーロッパへ 行(い)っても、向(む)こうの人(ひと)は ぼくらを「ガイジン」なんて 呼(よ)ばない。
ကျွန်တော့်ရဲ့ အတွေ့အကြုံအရဆိုရင် အမေရိက ဒါမှမဟုတ် ဥရောပကို သွားခဲ့တုန်းက အဲဒီကလူတွေက ကျွန်တော်တို့ကို "ဂိုင်းဂျင်း" လို့ မခေါ်ခဲ့ကြပါဘူး။
「あなたは 日本(にほん)人(じん)か?」と 聞(き)かれたことは あるけれど、「アナタ、ガイジンね」なんて 言(い)われたことは 一(いち)度(ど)も なかった。
"မင်းက ဂျပန်လူမျိုးလား?" လို့ မေးဖူးတာမျိုးတော့ ရှိပေမဲ့၊ "မင်းက ဂိုင်းဂျင်းပဲ" လို့ ပြောခံရတာမျိုးကတော့ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။
「ガイジン」に 当(あ)たる言葉(ことば)は あっても、そんなのを 使(つか)うのは、よっぽど 特別(とくべつ)のとき である。
"ဂိုင်းဂျင်း" ဆိုတဲ့ အဓိပ္ပာယ်နဲ့ ထပ်တူကျတဲ့ စကားလုံးမျိုး သူတို့ဆီမှာ ရှိရင်ရှိမယ်၊ ဒါပေမဲ့ အဲဒီလိုစကားလုံးမျိုးကို သုံးလေ့ရှိတာကတော့ အတော်လေး ထူးခြားတဲ့ အခြေအနေမျိုးတွေမှာပဲ ဖြစ်ပါတယ်။
日本(にほん)人(じん) ではない人(ひと)を、まとめて 一(ひと)つの 呼(よ)び方(かた)で 呼(よ)ぶ言葉(ことば)だから、
ဂျပန်လူမျိုးမဟုတ်တဲ့ သူတွေကို စုပေါင်းပြီး အခေါ်အဝေါ်တစ်ခုတည်းနဲ့ ခေါ်တဲ့ စကားလုံး ဖြစ်တာကြောင့်
この国(くに)では、アメリカ人(じん)も ロシア人(じん)も インド人(じん)も、日本(にほん)人(じん)でない人(ひと)は みんな「ガイジン」である。
ဒီနိုင်ငံ (ဂျပန်) မှာတော့ အမေရိကန်လူမျိုးပဲဖြစ်ဖြစ်၊ ရုရှားလူမျိုးပဲဖြစ်ဖြစ်၊ အိန္ဒိယလူမျိုးပဲဖြစ်ဖြစ်၊ ဂျပန်လူမျိုးမဟုတ်တဲ့သူမှန်သမျှ အားလုံးဟာ "ဂိုင်းဂျင်း" ပဲ ဖြစ်ပါတယ်။
「ガイジン」という レッテルを 貼(は)られて ひとくくりにされ、何(なに)かにつけて 特別(とくべつ)な 目(め)で 見(み)られることになる。
"ဂိုင်းဂျင်း" ဆိုပြီး တံဆိပ်ကပ်၊ အကုန်လုံးအတူတူ သိမ်းကျုံးသတ်မှတ်ခံရပြီး၊ ဘာမဆို အထူးတလည် စောင်းငဲ့ကြည့်တာမျိုး (တစ်ခုခုဆို မျက်လုံးစိမ်းကြီးနဲ့ ကြည့်တာမျိုး) ခံကြရတယ်။
いろんな人種(じんしゅ)の 人(ひと)たちが 好(い)り混(ま)じって 暮(く)らしている 欧米(おうべい)と 違(ちが)って、日本(にほん)では まだ、違(ちが)う人種(じんしゅ)の 人(ひと)たちが 珍(めずら)しい ということもあるんだろう。
လူမျိုးစုံ ရောနှောနေထိုင်ကြတဲ့ အနောက်နိုင်ငံတွေနဲ့ မတူတာကတော့၊ ဂျပန်နိုင်ငံမှာက မတူကွဲပြားတဲ့ လူမျိုးခြားတွေကို တွေ့ရတာ ရှားပါးလွန်းသေးတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
で、そういう人(ひと)たちを「異邦(いほう)人(じん)」「違(ちが)う人間(にんげん)」として、こころのどこかで 敬遠(けいえん)しようと しているのだ。
အဲဒါကြောင့်မို့လို့ပဲ အဲဒီလိုလူတွေကို "လူမျိုးခြား/တစ်ပါးသူ"၊ "ကွဲပြားတဲ့လူသား" ဆိုပြီး စိတ်ထဲမှာ မသိမသာ ခပ်ခွာခွာနေဖို့ ကြိုးစားနေကြတာပါ။
これも 一(いっ)種(しゅ)の 差別(さべつ)である。
ဒါကလည်း ခွဲခြားဆက်ဆံမှုပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။
地球(ちきゅう)が 一(ひと)つの 村(むら)になろうとしている 時代(じだい)に、こんな バカなことがあって いいハズがない。
ကမ္ဘာကြီးတစ်ခုလုံးက ရွာတစ်ရွာလို ဖြစ်အောင် ကြိုးစားနေကြတဲ့ အခုလိုခေတ်ကြီးထဲမှာ ဒီလိုမိုက်မဲတဲ့ အပြုအမူမျိုး ရှိနေဖို့ မသင့်တော်ပါဘူး။
こんなことを していたら、どんどん 世界(せかい)の 仲間(なかま)はずれに されてしまうと思(おも)う。
ဒီလိုမျိုးတွေပဲ ဆက်လုပ်နေမယ်ဆိုရင် (ဂျပန်ဟာ) ကမ္ဘာ့အသိုင်းအဝိုင်းကနေ တဖြည်းဖြည်း ဖယ်ကြဉ်ခံရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
このモンダイを 解決(かいけつ)するには、「『ガイジン』の 輸入(ゆにゅう)がいちばんだ」と、ジョーダンっぽく 言(い)う人(ひと)がいる。
ဒီပြဿနာကို ဖြေရှင်းဖို့အတွက်က "ဂိုင်းဂျင်းတွေကို တင်သွင်းတာ အကောင်းဆုံးပဲ" လို့ ဟာသလိုလို နောက်ပြောင်ပြီး ပြောတဲ့သူလည်း ရှိပါတယ်။
ဝေါဟာရမှတ်စု:
◾人種 (じんしゅ) : လူမျိုး၊ လူသားမျိုးနွယ်
◾欧米 (おうベイ) : အနောက်နိုင်ငံများ
◾異邦人 (いほうじん) : တပါးသူ
◾何かにつけて (なにかにつけて) : ဘာမဆို၊ ကိစ္စရပ်တိုင်းတွင်၊ တစ်ခုခုဆိုရင်
◾敬遠 (けいえん) : ခပ်ခွာခွာနေခြင်း
◾仲間外れ (なかまはずれ) : အပယ်ခံဖြစ်သည်
24/05/2026
📌 N5, N4 Grammar Summary
N 5 နဲ့ N4 Grammar တွေကို စုစည်းပေးထားပါတယ်။ Grammar တစ်ခုချင်းစီကို အစအဆုံး အသေးစိတ် ရှင်းပြထားတာမျိုး မဟုတ်ဘဲ၊ စာမေးပွဲမတိုင်ခင် ခပ်မြန်မြန် ပြန်ဖတ်ကြည့်ရင်း မေ့နေတဲ့ Grammar တွေကို ပြန်နွှေးလို့ရအောင် ပြင်ဆင်ပေးထားတာပါ။
အောက်က Link မှာ အခမဲ့ Download ရယူနိုင်ပါတယ်။
N5 Only https://drive.google.com/file/d/12wuDdL7gZaOqDnFWzp6rkxvx6_LF8XZ3/view?usp=sharing
N5&N4
https://drive.google.com/file/d/1cNxHwx1lrJbOJab0dq4RyaMn5zH4EKmY/view?usp=sharing
22/05/2026
💡 JLPT N3 Reading မှာ စာပိုဒ်ပုံစံအလိုက် အမှတ်ရအောင် ဘယ်လို ဖြေကြမလဲ?
JLPT N3 အောင်မြင်ဖို့အတွက် Reading (読解) ပိုင်းက အရေးကြီးဆုံးနဲ့ အချိန်အပေးရဆုံးအပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းပုံစံအလိုက် အချိန်ကုန်သက်သာပြီး အမှတ်အပြည့်ရစေမယ့် စာမေးပွဲဖြေဆိုနည်း Tactics တွေကို မျှဝေပေးလိုက်ပါတယ်။
1) စာပိုဒ်တို (短文)
အကြောင်းအရာတစ်ခုတည်းကိုပဲ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
◾မေးခွန်းကို အရင်ဖတ်ပါ။ (အဖြေစာကြောင်း လေးကြောင်းကို မဖတ်ပါနဲ့ဦး)
◾ပြီးရင် စာပိုဒ်ကို ဖတ်ပါ။
◾စာပိုဒ်ထဲမှာ အဖြေရပြီဆိုတာနဲ့ ဆက်မဖတ်ဘဲ ရပ်လိုက်ပါ။
◾အဲဒီအချက်နဲ့ ကိုက်ညီမယ့် အဖြေကို အောက်က စာကြောင်း လေးကြောင်းထဲကနေ ရှာပြီး ရွေးချယ်ပါ။
✳✳✳
2) စာပိုဒ်လတ် (中文)
အကြောင်းအရာတစ်ခုတည်းကိုပဲ အပိုဒ်ခွဲပြီး ဆက်စပ်ဖော်ပြထားတာ ဖြစ်ပါတယ်။
◾မေးခွန်းအားလုံးကို အရင်ဖတ်ပါ။ (ဒါဆိုရင် စာပိုဒ်က ဘာအကြောင်းအရာလဲဆိုတာ ခြုံငုံမိသွားပါလိမ့်မယ်၊ အဖြေစာကြောင်းတွေကိုတော့ မဖတ်ပါနဲ့)
◾ပြီးရင် ပထမဆုံးဖြေမယ့် မေးခွန်းကို ပြန်ဖတ်ပါ။
◾စာပိုဒ်ကို စဖတ်ပါ၊ အဖြေရတဲ့နေရာ ရောက်ရင်ရပ်ပြီး အဖြေသွားရွေးပါ။
◾ပြီးမှ နောက်ထပ်မေးခွန်းကို ဆက်ဖတ်ပြီး ကျန်တဲ့စာပိုဒ်ကို ဆက်ဖတ်ပါ။
✳✳✳
3) စာပိုဒ်ရှည် (長文)
အကြောင်းအရာတစ်ခုတည်းကို ရည်ညွှန်းပေမဲ့ တစ်ပိုဒ်ချင်းစီရဲ့ အကြောင်းအရာက သိပ်မဆက်စပ်ပါဘူး။ (ဥပမာ - မိသားစုအကြောင်းဆိုရင် ပထမပိုဒ်က အဖေအကြောင်း၊ ဒုတိယပိုဒ်က အမေအကြောင်း စသဖြင့်)
◾မေးခွန်းအားလုံးကို တစ်ပြိုင်တည်း မဖတ်ပါနဲ့။ တစ်ခုချင်းစီပဲ ဖတ်သွားရပါမယ်။
◾မေးခွန်းတစ်ခုဖတ်လိုက်၊ အဖြေတစ်ခုရွေးလိုက်ပဲ လုပ်ရပါမယ်။
💡 ထူးခြားချက် - အများအားဖြင့် ပထမဆုံးမေးခွန်းရဲ့အဖြေက ပထမစာပိုဒ်မှာပဲ ရှိတတ်ပြီး၊ ဒုတိယမေးခွန်းရဲ့အဖြေက ဒုတိယစာပိုဒ်မှာပဲ ရှိတတ်ပါတယ်။ ဒါကြောင့် စာပိုဒ်ရှည်ရဲ့ အဖြေတွေက ရှာရတာ ပိုလွယ်ကူတတ်ပါတယ်။
✳✳✳
⚠️ အရေးကြီးချွင်းချက် (စာပိုဒ်တို၊ လတ်၊ ရှည် အားလုံးအတွက်)
မေးခွန်းက 「この文章と違っているものは何?」 (ဒီစာပိုဒ်နဲ့ မတူညီ/မှားယွင်းနေတဲ့အချက်က ဘာလဲ?) ဆိုတာမျိုး မေးလာရင်တော့ -
◾အဖြေစာကြောင်း ၄ ကြောင်းကို အရင်ဖတ်ရပါမယ်။
(ပေးထားတဲ့အချက် (၄) ချက်ထဲမှာ (၃) ချက်က အမှန်တွေဖြစ်နေလို့၊ စာပိုဒ်ကိုဖတ်တဲ့အခါ ဘယ်အချက်က လွဲမှားနေလဲဆိုတာ ချက်ချင်း သိသာစေပါတယ်။)
❇❇❇
4) သတင်းအချက်အလက်ရှာဖွေခြင်း (情報検索)
ပိုစတာ၊ လက်ကမ်းစာစောင် (သို့) ကြေညာချက်တစ်ခုပေးပြီး လိုအပ်တဲ့အချက်ကို ရှာခိုင်းတဲ့ မေးခွန်းပုံစံပါ။
◾မေးခွန်းအောက်က ကပ်လျက်ပေးထားတဲ့ အခြေအနေ/သတ်မှတ်ချက်ကို အရင်ကြည့်ပါ။
◾သေချာစေ့စပ်စွာ ကြည့်ပြီး လိုအပ်ရင် မျဉ်းသားပါ။ (အထူးသဖြင့် ကန့်သတ်ချက် သို့မဟုတ် ချွင်းချက် ပေးထားတဲ့နေရာတွေကို ပိုသတိထားပါ)
◾မေးခွန်းကိုဖတ်ပါ။ အဖြေစာကြောင်း (၄) ကြောင်းကိုပါ တစ်ခါတည်း တွဲဖတ်ပါ။
◾အဖြေစာကြောင်း (၄) ကြောင်းထဲမှာပါတဲ့ အချက် (၄) ချက်ကိုပဲ အဓိကထားပြီး ညာဘက်ခြမ်းက ပိုစတာ/ကြေညာချက်ထဲမှာ လိုက်ရှာပါ။
◾ပိုစတာတစ်ခုလုံးကို အစအဆုံး အကုန်လိုက်ဖတ်နေစရာ မလိုပါဘူး။
✳✳✳
ဒီ Tips လေးတွေကို သေချာမှတ်သားပြီး Practice လုပ်ထားရင် N3 Reading မှာ အချိန်မီပြီး အမှတ်ကောင်းကောင်း ရမှာ သေချာပါတယ်။ 💯
Have a Success! ✨
21/05/2026
ဂျပန်စာလေ့လာနေသူတို့အတွက် Kanji Master N4 စာအုပ်ပါ Kanji List အားလုံးကို တစ်နေရာတည်းမှာ စနစ်တကျ စုစည်းပေးထားပါတယ်။ အောက်က Link မှာ အခမဲ့ (Free) ဒေါင်းလုတ် ရယူနိုင်ပါပြီ။ 👇
https://drive.google.com/file/d/1KSCfNmMagjuUQF_FGhXPYy4sSsq-Z77x/view?usp=sharing
20/05/2026
ဂျပန်စာလေ့လာနေသူတို့အတွက် N5 စာအုပ်ပါ Kanji List အားလုံးကို တစ်နေရာတည်းမှာ စနစ်တကျ စုစည်းပေးထားပါတယ်။
အောက်က Link မှာ အခမဲ့ (Free) ဒေါင်းလုတ် ရယူနိုင်ပါပြီ။ 👇
https://drive.google.com/file/d/1uk1ZF-ixcq8AQ29oM8O2JrobZMeqDQx_/view?usp=sharing
19/05/2026
📌 JLPT N2 ဖြေမယ့်သူတွေအတွက် (၂၀၂၁)ထိ မေးခွန်းဟောင်း အစုံ (၂၀)ထဲက Kanji & Goi List! 📌
(၂၀၂၁)ထိ JLPT မေးခွန်းဟောင်း အစုံ (၂၀)ထဲက N2 Kanji & Goi တွေကို စုစည်းပေးထားပါတယ်! 📝
Kanji
https://drive.google.com/file/d/19Fddqwn7Su1VseAXGjtgpFAwmiqr1-gr/view?usp=drive_link
Goi
https://drive.google.com/file/d/1r7SJYYYKph3lwOMndw8R2oHnxnZGtOLs/view?usp=drive_link
အမေးအများဆုံး စကားလုံးများ
https://drive.google.com/file/d/1DmKmgngD-BPiUMHdw3nA186I0YFicln0/view?usp=drive_link
အားလုံးပဲ N2 စာမေးပွဲ အောင်မြင်ကြပါစေ! 🌸
15/05/2026
📌 JLPT N4 ဖြေမယ့်သူတွေအတွက် (၂၀၂၄) ထိ (၁၅) နှစ်စာ #မေးခွန်းဟောင်း ထဲက Kanji & Goi List! 📌
# # # # # # # # # # # # #
JLPT N4 မေးခွန်းဟောင်း (၁၅) စုံထဲက Kanji & Goi တွေကို စုစည်းပေးထားပါတယ်! 📝
Kanji
https://drive.google.com/file/d/1DVGfWp1biiVXbW9CWqWZHdtBxpaVFPis/view?usp=drive_link
Goi
https://drive.google.com/file/d/1nT4SJ0snyf8Zj-RKQr6SAKriyyFbsN3V/view?usp=drive_link
အမေးအများဆုံး စကားလုံးများ
https://drive.google.com/file/d/1wJsGSxT5jopjthucGlijpDN60WtqEtE4/view?usp=sharing
အားလုံးပဲ N4 စာမေးပွဲ အောင်မြင်ကြပါစေ! 🌸
14/05/2026
【ဖတ်စရာမှတ်စရာဂျပန်စာ】
Level: N3
雨(あめ)が 上(あ)がったあとの 空(そら)に 虹(にじ)が かかることがある。
မိုးတိတ်သွားပြီးနောက် ကောင်းကင်မှာ သက်တံဖြစ်ပေါ်တတ်တာမျိုး ရှိပါတယ်။
虹(にじ)が 魅力(みりょく)的(てき)に 感(かん)じられるのは、空(そら)に 描(えが)かれた とても 大(おお)きな 絵(え)のような ところと、美(うつく)しい 色(いろ)の ハーモニー、そして、すぐ 消(き)えてしまう ところだ。
သက်တံကို ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတဲ့အချက်တွေကတော့ ကောင်းကင်မှာ ရေးဆွဲထားတဲ့ အလွန်ကြီးမားတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်နေတာ၊ လှပတဲ့အရောင်တွေရဲ့ ဟန်ချက်ညီမှုနဲ့ ခဏလေးအတွင်း ပျောက်ကွယ်သွားတတ်တဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။
夏(なつ)に よく 見(み)られることから、俳句(はいく)では 夏(なつ)の 季語(きご)に なっている。
နွေရာသီမှာ မကြာခဏ မြင်တွေ့ရတတ်တာကြောင့် ဟိုက္ကူကဗျာတွေမှာ နွေရာသီကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းအဖြစ် သတ်မှတ်ထားကြပါတယ်။
虹(にじ)は、雨(あめ)の 水滴(すいてき)が レンズとなり、太陽(たいよう)の 光(ひかり)を 複数(ふくすう)の色(いろ)に 分(わ)けることで 起(お)きる 現象(げんしょう)だ。
သက်တံဆိုတာ မိုးရေစက်လေးတွေက မှန်ဘီလူးလို ဖြစ်သွားပြီး နေရောင်ခြည်ကို အရောင်အမျိုးမျိုး ခွဲထုတ်လိုက်ရာကနေ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
また、大(おお)きな 滝(たき)の 下(した)や、ホースの先(さき)から 水(みず)が 細(こま)かく 飛(と)ぶところでも、太陽(たいよう)の 光(ひかり)が 当(あ)たると、小さい(ちいさい) 虹(にじ)が 見(み)える。
ဒါ့အပြင် ရေတံခွန်ကြီးတွေရဲ့ အောက်ဘက် ဒါမှမဟုတ် ရေပိုက်ခေါင်းကနေ ရေမှုန်လေးတွေ လွင့်စင်နေတဲ့ နေရာမျိုးမှာလည်း နေရောင်ကျရောက်တဲ့အခါ သက်တံအသေးလေးတွေကို မြင်တွေ့နိုင်ပါတယ်။
虹(にじ)の 色(いろ)の 数(かず)は 日本(にほん)では 7色(ななしょく)とされるが、古代(こだい)では 5色(ごしょく)だったそうだ。
ဂျပန်မှာ သက်တံရဲ့အရောင်ကို (၇) ရောင်လို့ သတ်မှတ်ထားကြပေမဲ့ ရှေးခေတ်တုန်းကတော့ (၅) ရောင်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
沖縄(おきなわ)では 2色(にしょく)であり、地域(ちいき)や 時代(じだい)で 色(いろ)の数(かず)は 違(ちが)っているようである。
အိုကီနာဝါမှာတော့ (၂) ရောင်တည်းသာရှိပြီး ဒေသနဲ့ ခေတ်ကာလအလိုက် အရောင်အရေအတွက် ကွဲပြားမှု ရှိပုံရပါတယ်။
「虹(にじ)」という漢字(かんじ)は「虫(むし)」と「工(こう)」から できているが、それは、その字(じ)を 作(つく)った 中国(ちゅうごく)で、虹(にじ)が 蛇(へび)や 竜(りゅう)だと 考え(かんがえ)られていたからだそうだ。
သက်တံဆိုတဲ့ ခန်းဂျီစာလုံးဟာ "ပိုးကောင်" နဲ့ "လက်မှုအတတ်" ပေါင်းပြီး ဖြစ်လာတာပါ။ အဲဒါကတော့ ဒီစာလုံးကို တီထွင်ခဲ့တဲ့ တရုတ်ပြည်မှာ သက်တံကို မြွေ ဒါမှမဟုတ် နဂါးလို့ ယူဆခဲ့ကြလို့ ဖြစ်ပါတယ်။
それも 雄(おす)の 竜(りゅう)だ という。
အဲဒီနဂါးကတောင်မှ အဖိုဖြစ်တဲ့ နဂါးဖိုလို့ ဆိုပါတယ်။
空(そら)にかかる 虹(にじ)が 竜(りゅう)と 考え(かんがえ)られた というのは 理解(りかい)できるが、虹(にじ)を見て(みて) 雄(おす)の 竜(りゅう)を 想像(そうぞう)する 力(ちから)は 私(わたし)にはない。
ကောင်းကင်က သက်တံကို နဂါးလို့ ယူဆခဲ့ကြတာကို နားလည်နိုင်ပေမဲ့၊ သက်တံကိုကြည့်ပြီး နဂါးဖိုကြီးတစ်ကောင်အဖြစ် စိတ်ကူးပုံဖော်နိုင်စွမ်းတော့ ကျွန်တော့်မှာ မရှိပါဘူး။
🐉🐉🐉🐉🐉
📍သဘာဝဖြစ်စဉ်ဆိုင်ရာ ဝေါဟာရများ
◾雨(あめ)が上がる(あがる) — မိုးတိတ်သည်
◾虹(にじ)がかかる — သက်တံဖြစ်ပေါ်သည်
◾水滴(すいてき) — ရေစက်၊ ရေမှုန်
◾現象(げんしょう) — ဖြစ်စဉ်
◾滝(たき) — ရေတံခွန်
◾太陽(たいよう)の光(ひかり) — နေရောင်ခြည်
📍ခံစားချက်ဆိုင်ရာ ဝေါဟာရများ
◾魅力的(みりょくてき) — ဆွဲဆောင်မှုရှိသော
◾ハーモニー — သဟဇာတဖြစ်မှု (Harmony)
◾想像(そうぞう)する — စိတ်ကူးပုံဖော်သည်
◾理解(りかい)できる — နားလည်နိုင်သည်
📍ယဉ်ကျေးမှုဆိုင်ရာ ဝေါဟာရများ
◾俳句(はいく) — ဟိုက္ကူ (ဂျပန်ရိုးရာကဗျာတို)
◾季語(きご) — ရာသီဥတုကို ဖော်ပြသော ကဗျာသုံးစကားလုံး
◾古代(こだい) — ရှေးခေတ်
◾地域(ちいき) — ဒေသ
📍တိရစ္ဆာန်နှင့် အခြားအသုံးအနှုန်းများ
◾蛇(へび) — မြွေ
◾竜(りゅう) — နဂါး
◾雄(おす) — အဖို (တိရစ္ဆာန်)
◾細かく(こまかく)飛ぶ(とぶ) — အမှုန်အမွှားလေးများအဖြစ် လွင့်စင်သည်
13/05/2026
Noun ကို Verb အဖြစ် ပြောင်းလဲအသုံးပြုခြင်း (Suru Verbs)
Level: N5
# # # # # # # # # # # # # # # # # #
ဂျပန်စာမှာ ပုံမှန်အားဖြင့် ကံပုဒ် (Noun) ရဲ့ နောက်မှာ သင့်တော်ရာ ကြိယာ (Verb) နဲ့ တွဲသုံးရပါတယ်။ ဥပမာ - “ထမင်းစားသည်” လို့ ပြောချင်ရင်
• ထမင်း (ごはん) + စားသည် (たべます)
• ごはんを たべます (ထမင်းကို စားသည်။)
ဒါပေမဲ့ အချို့သော နာမ် (Noun) တွေဟာ လုပ်ဆောင်ချက် အဓိပ္ပာယ် ပါဝင်ပြီးသား ဖြစ်တာကြောင့် နောက်ကနေ 【(を)します- (ကို) ပြုလုပ်သည်】 ကို ပေါင်းထည့်လိုက်ရုံနဲ့ ကြိယာ (Verb) အဖြစ် တိုက်ရိုက် ပြောင်းလဲသွားပါတယ်။ တစ်နည်းအားဖြင့် 【(を)します】 ကို အကူခေါ်ထားတာဖြစ်ပါတယ်။
ဥပမာ -
【ダンス】 ဆိုတဲ့စကားလုံးမှာ “အက” အပြင်၊ “အက ကခြင်း” ဆိုတဲ့ အဓိပ္ပါယ်ပါ ပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် “ကသည်” ဆိုတဲ့ Verb မလိုဘဲ၊【(を)します- (ကို) ပြုလုပ်သည်】 ဆိုတဲ့ ကြိယာပေါင်းထည့်လိုက်ရုံနဲ့ Verb ဖြစ်သွားပါတယ်။
👉 ダンス(を)します
(အက/အက ကခြင်း (ကို) ပြုလုပ်သည်)
***များသောအားဖြင့် (を)ကို ဖြုတ်ပြောလေ့ရှိပါတယ်***
👉 ダンスします
(အက ကခြင်းကိုပြုလုပ်သည်/ ကသည်)
ဒါကို နားလည်ပြီဆိုရင် အောက်မှာ ဖော်ပြထားတဲ့စကားလုံးတွေလည်း အလားတူပဲဖြစ်ပါတယ်။
■ ダンス (အက/အက ကခြင်း)
ダンスします (ကသည်)
■ パーティー (ပါတီပွဲ/ပါတီပွဲလုပ်ခြင်း)
パーティーします (ပါတီပွဲလုပ်သည်)
■ コピー (မိတ္တူ/မိတ္တူကူးခြင်း)
コピーします (မိတ္တူကူးသည်)
■ べんきょう (စာ/စာလေ့လာခြင်း)
べんきょうします (စာလေ့လာသည်)
■ りょうり (ဟင်း/ဟင်းချက်ခြင်း)
りょうりします (ဟင်းချက်သည်)
■ やきゅう (ဘေ့စ်ဘော/ဘေ့စ်ဘော ကစားခြင်း)
やきゅうします (ဘေ့စ်ဘောကစားသည်)
■りょこう (ခရီး/ခရီးသွားခြင်း)
りょこうします (ခရီးသွားသည်)
■いけばな (ပန်းအလှ/ပန်းအလှပြင်ခြင်း)
いけばなします (ပန်းအလှပြင်သည်)
■けっこん (အိမ်ထောင်/အိမ်ထောင်ပြုခြင်း)
けっこんします (အိမ်ထောင်ပြုသည်)
■かいもの (ဈေးဝယ်ခြင်း)
かいものします (ဈေးဝယ်သည်)
■さんぽ (လမ်းလျှောက်ထွက်ခြင်း)
さんぽします (လမ်းလျှောက်ထွက်သည်)
■つり(ငါးမျှားခြင်း)
つりします (ငါးမျှားသည်)
■けんきゅう (သုတေသန/သုတေသနပြုခြင်း)
けんきゅうします (သုတေသနပြုသည်)
■けんがく(လေ့လာရေးခရီး/ လေ့လာရေးခရီးသွားခြင်း)
けんがくします (လေ့လာရေးသွားသည်)
■でんわ (ဖုန်း/ဖုန်းခေါ်ခြင်း)
でんわします (ဖုန်းခေါ်သည်)
■しんぱい (စိတ်ပူခြင်း)
しんぱいします (စိတ်ပူသည်)
■ざんぎょう (အချိန်ပို/အချိန်ပိုဆင်းခြင်း)
ざんぎょうします (အချိန်ပိုဆင်းသည်)
■しゅっちょう (အလုပ်ခရီး/အလုပ်ခရီးသွားခြင်း)
しゅっちょうします (အလုပ်ကိစ္စဖြင့် ခရီးသွားသည်)
■うんてん(ကားမောင်းခြင်း)
うんてんします (ကားမောင်းသည်)
■よやく (ဘိုကင်/ဘိုကင်လုပ်ခြင်း)
よやくします (ဘိုကင်လုပ်သည်)
■そうじ (သန့်ရှင်းရေး/သန့်ရှင်းရေးလုပ်ခြင်း)
そうじします (သန့်ရှင်းရေးလုပ်သည်)
■せんたく (အဝတ်လျှော်ခြင်း)
せんたくします (အဝတ်လျှော်သည်)
■しゅうり (ပြင်ဆင်ခြင်း)
しゅうりします (ပြင်ဆင်သည်)
■りゅうがく(ပညာတော်သင်/ပညာတော်သင်သွားခြင်း)
りゅうがくします (ပညာတော်သင်သွားသည်)
■しょうかい (မိတ်ဆက်/မိတ်ဆက်ပေးခြင်း)
しょうかいします (မိတ်ဆက်ပေးသည်)
■あんない (လမ်းညွှန်/လမ်းညွှန်ပြသခြင်း)
あんないします (လမ်းညွှန်ပေးသည်)
■せつめい (ရှင်းလင်းချက်/ရှင်းလင်းပြောပြခြင်း)
せつめいします (ရှင်းပြသည်)
12/05/2026
📌 JLPT N3 ဖြေမယ့်သူတွေအတွက် (၂၀၁၀-၂၀၂၄) (၁၄) နှစ်စာ #မေးခွန်းဟောင်း ထဲက Kanji & Goi List! 📌
# # # # # # # # # # # # #
N3 မှာ Kanji နဲ့ Goi အမှတ်ကောင်းဖို့ဆိုရင် မေးခွန်းဟောင်းတွေကို လေ့လာဖို့ကလည်း နည်းလမ်းတစ်ခုပါပဲ။
ဒါကြောင့် (၂၀၁၀) ကနေ (၂၀၂၄) ထိ (၁၄) နှစ်စာလုံးမှာ ပါတဲ့ Kanji & Goi တွေကို စုစည်းပေးထားပါတယ်! 📝
Kanji
https://drive.google.com/file/d/1bI7xujeJSrtYHVKPTUKEADrquuWd9Pbd/view?usp=drive_link
Goi
https://drive.google.com/file/d/1M0fx8IvrQkd_SnAUGwGXsiRdkU4VaAf2/view?usp=drive_link
အမေးအများဆုံး စကားလုံးများ
https://drive.google.com/file/d/18iQ0H9dozHwSwhWCkUqMlC6iapiu-KFm/view?usp=drive_link
အားလုံးပဲ N3 စာမေးပွဲမှာ အောင်မြင်ကြပါစေ! 🌸
11/05/2026
"အဆင်ပြေတယ်" ဆိုတဲ့ စကားလုံးနှစ်ခု ဘယ်လိုကွာလဲ? 🤔
Level: N5
# # # # # # # # # # # # #
🔹 အခြေအနေတစ်ခုက OK နေတာဆိုရင် (Daijoubu)
"မနက်ဖြန် အချိန်ရမလား?"
"Daijoubu desu."
(ရပါတယ်၊ အဆင်ပြေပါတယ်)
"နေမကောင်းဘူးလား?"
"Daijoubu desu."
(ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်)
🔹 ပစ္စည်းတစ်ခုခုက အသုံးဝင်နေတာဆိုရင် (Benri)
"အိမ်နားမှာ Mart ရှိတာ အဆင်ပြေတယ်"
"Benri desu."
(အသုံးဝင်တယ်၊ အချိန်ကုန်သက်သာတယ်)
"ဒီ Microwave ကတော့ အဆင်ပြေတာပဲ" → "Benri desu"
(အလုပ်တွင်တယ်)
💡 မှတ်သားစရာ -
Daijoubu: "ဘာမှမဖြစ်ဘူး၊ ရတယ်၊ ပြဿနာမရှိဘူး" (No problem / It's okay)
Benri: "အလုပ်တွင်တယ်၊ အသုံးဝင်တယ်၊ သက်သာတယ်" (Convenient / Useful)