YUFL Archery Club

YUFL Archery Club

Share

Elegance in Motion, Excel in Sport

Photos from YUFL Archery Club's post 10/12/2025

🏹 မြန်မာ့ဂုဏ်ဆောင် မြားပစ်လက်ရွေးစင်များအတွက် ဂုဏ်ပြုအားပေးစကား 🏹

လေးစားချစ်ခင်ရပါသော ၃၃ ကြိမ်မြောက် Sea Games ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် မြားပစ် အားကစားသမားများ အတွက် နိုင်ငံသားအားလုံးရဲ့ ကိုယ်စား၊ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ YUFL Archery Club မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💪

ဒါ့အပြင် ပြိုင်ပွဲဝင်မယ့် ကစားသမားတိုင်းဟာ ကြိုးစားအားထုတ်မှု၊ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုတွေနဲ့ မြားပစ်အနုပညာမှာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိပြီးသားသူတွေပဲ ဖြစ်ပါတယ် 🙌

နောက်ပြီးတော့ မြားတစ်ချောင်းစီတိုင်းကလဲ နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်နဲ့ အားပေးမှုတွေ ပြည့်နှက်နေမှာ အသေချာပါပဲနော် နောက်ပြီး ရရှိလာမဲ့ ရလဒ်က ဘာပဲဖြစ်နေပါစေ ကစားသမားတိုင်းဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့တဲ့ သူရဲကောင်း တွေ ဖြစ်နေမှာပါ 💪

ဒါကြောင့် We Believe in You! Go Myanmar! 🏹🇲🇲 🇹🇭

14/09/2025

မနက်ဖြန်မှစပြီး စာမေးပွဲဖြေဆိုကြတော့မဲ့ ကျောင်းသားကျောင်းသူတွေအတွက် YUFL Archery Club မှ ဖြေဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

"စာမေးပွဲဆိုတာ သင့်အတွက် စမ်းသပ်ခန်းမဟုတ်ပါဘူး၊ သင့်အတွက် သင်ယူခဲ့သည့် အရာတွေကို ပြသဖို့ အခွင့်အလမ်းပါပဲ။ မင်း တက်ကြွပြီး အစဉ်မပြတ် ကြိုးစားခဲ့သည့်အတွက် ယနေ့မှာ အောင်မြင်မယ့် လမ်းမှာ ရပ်နေပြီလို့ ယုံကြည်ပါတယ်။ မိမိကိုယ်ကို ယုံကြည်ပြီး အေးဆေးစွာ ဖြေဆိုပါ။ မင်း လုပ်နိုင်မယ်။"

17/04/2025

နှစ်သစ်မင်္ဂလာမှာ မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာရွှင်လန်းပြီး သဘာဝဘေးအန္တရာယ်များနဲ့ ကင်းဝေးပါစေ၊ ရောဂါဘယများကင်းဝေးပါစေလို့ YUFL Archery Club မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။
Photo credit:

Mobile uploads 07/04/2025
07/04/2025

စုပေါင်းသွေးလှူဒါန်းပွဲတွင် အဓိကအားဖြင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့သော နန်းထိုက်စံ စိန်ရွှေရတနာဆိုင်အား လေးနက်စွာဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။
ယခုလို ပါဝင်အားဖြည့်ပေးခဲ့တာကြောင့်လည်း သွေးအလှူရှင်များအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ supplies ‌များလှူဒါန်းနိုင်ခဲ့ပါတယ်။
နောင်တွင်လည်း ထပ်မံ၍ မွန်မြတ်လှသောကဏ္ဍများတွင် ပါဝင်ကူညီနိုင်သော ကောင်းမွန်သောအခွင့်အရေးများ များစွာရရှိပါစေကြောင်း နန်းထိုက်စံ စိန်ရွှေရတနာဆိုင်အား ကျေးဇူးတင်စွာဖြင့် ဆုတောင်းအပ်ပါသည်ရှင့်။

Photos from YUFL Archery Club's post 04/04/2025

အလှူရှင်များထံမှ စုစုပေါင်း အလှူငွေ ၁,၈၄၀,၇၀၀ ကျပ် တိတိကို ကောက်ခံရရှိပါတယ် ။ သဒ္ဒါတရားထက်သန်စွာနဲ့ ယုံကြည်စွာ ပါဝင်လှူဒါန်းပေးကြတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာကြည်နူးရပါတယ်ရှင့်။ အထက်ပါ အလှူငွေများကို လှူဒါန်းသောနေရာများနှင့် စာရင်းများကို အလှူရှင်များလည်း မုဒိတာပွားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အလှူငွေ လှူဒါန်းသောနေရာများ
မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် - ၃သိန်းကျပ်
YUFL - ၅ သိန်းကျပ်
ခိုင်နှင်းဝေ ပရဟိတ - ၁၀ သိန်းကျပ်
အပိုငွေ ၄သောင်း ၇ ရာကျပ်ကိုလည်း သွေးလှူမဲ့နေရာမှာ အားဖြည့်စာ ဝယ်ပေးသွားပါမယ်။
အလှူရှင်များအားလုံးလည်း ကုသိုလ်ထပ်တူရရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင့်။

Photos from YUFL Archery Club's post 03/04/2025

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်က YUFL Archery Club ကို အမြဲတမ်း နည်းစနစ်ပိုင်းရော၊ မြားပစ်ပစ္စည်းများကို အမြဲတမ်းကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုပါ။ ဒီအဖွဲ့အစည်းကြောင့်သာ YUFL Archery Club က အခုချိန်ထိ အောင်အောင်မြင်မြင် ရပ်တည်နိုင်တာပါ။😍
ဒါကြောင့် ယနေ့အထိကောက်ခံရရှိတဲ့ အလှူငွေများထဲမှ ငွေ ၃၀၀,၀၀၀ (သုံးသိန်း) ကျပ်ကို နေပြည်တော်က ငလျင်ဒဏ်သင့်တဲ့ လက်ရွေးစင်မြားပစ်အားကစားသမားများနဲ့ အုပ်ချုပ်နည်းပြများအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ လှူဒါန်းခြင်းဖြစ်ပါတယ်ရှင့်။ အခုလို လှူဒါန်းနိုင်တာကလည်း ယုံကြည်စွာ ပါဝင်လှူဒါန်းပေးကြတဲ့ အလှူရှင်များကြောင့်သာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အလှူငွေများကို ယုံကြည်စိတ်ချရတဲ့ ဖောင်ဒေးရှင်းမှာ ဆက်လက်လှူဒါန်းသွားပါအုံးမယ်ရှင့် 🏹🏹🏹

02/04/2025

သွေးလှူရန်လိုအပ်ချက်

--------------------

(၁) အသက်(၁၈)နှစ်မှ(၅၅)နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၂) ကိုယ်အလေးချိန် အမျိုးသား ပေါင်(၁၁၀) ၊ အမျိုးသမီး ပေါင်(၁၀၀)အနည်းဆုံးရှိသင့်သည်။

(၃) သွေးပေါင်ချိန် (၁၂၀/၈၀) ရှိရမည်။
သို့သော် ကိုယ်အလေးချိန်ပေါ် မူတည်သည်။

(၄) အိပ်ရေး၀ရန်လိုသည်။ အနည်းဆုံး(၆)နာရီခန့်အိပ်ခဲ့ပြီး လန်းဆန်းရန်လိုပါသည်။

သွေးလှူရန်မသင့်သူများ

-------------------------

(၁) ကိုယ်၀န်ဆောင်မိခင် ၊ နို့တိုက်မိခင် ၊
(၁) နှစ်အတွင်းကိုယ်၀န်ပျက်ကျဖူးသူ များသွေးမလှူသင့်ပါ။
အမျိုးသမီးဖြစ်ပါက ဓမ္မတာမလာခင်(၅)ရက် ၊ လာစဉ် ၊ လာပြီး(၅)ရက်အတွင်း သွေးမလှူသင့်ပေ။

(၂) နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ၊ သွေးအားနည်းရောဂါ ၊ အသည်းရောင်အသားဝါ (ဘီပိုး၊စီပိုး)ရှိသူ ၊ ကူးစက်ရောဂါဖြစ်သူများ သွေးမလှူသင့်ပါ။

(၃) လွန်ခဲ့သော(၃)နှစ်အတွင်း ငှက်ဖျားဖြစ်ဖူးသူ မဖြစ်ရပါ။

(၄) (၇)ရက်အတွင်း ၀မ်းပျက်၀မ်းလျှောရောဂါ မဖြစ်ထားရပါ။

(၅) (၃)ရက်အတွင်း အက်စပရင် ၊ အကိုက်အခဲပျောက်ဆေး၊ ပဋိဇိဝဆေး သောက်ထားသူမဖြစ်ရပါ။

(၆) လွန်ခဲ့သော(၂၁)ရက်အတွင်း ကာကွယ်ဆေးထိုးထားသူ မဖြစ်ရပါ။

(၇)လွန်ခဲ့သော(၁)နှစ်အတွင်း ငှက်ဖျားပေါသောဒေသသို့သွားထားသူ မဖြစ်ရပါ။

(၈) လွန်ခဲ့သော(၁)နှစ်အတွင်း သွေးသွင်းဖူးသူမဖြစ်ရပါ။

(၉) လွန်ခဲ့သော(၆)လအတွင်း အကြီးစားခွဲစိတ်ထားသူမဖြစ်ရပါ။

(၁၀) လွန်ခဲ့သော(၁)နှစ်အတွင်း ဆေးမှင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်း၊ ဓါတ်အပ်စိုက်ခြင်း မရှိရပါ။

(၁၁) လွန်ခဲ့သော(၃)ပတ်အတွင်း ရေကျောက်၊ သွေးလွန်တုတ်ကွေး၊ ၀က်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ဗိုင်းရပ်(စ်)ကြောင့်ရောဂါဖြစ်သူများ သွေးမလှူသင့်ပါ။

01/04/2025

သွေးလှူမည့် အချိန်နဲ့ နေ့ရက်ပြောင်းလဲခြင်း
မူလစီစဉ်ထားသည့်ရက်တွင် အမျိုးသားသွေးဌာန၌ သွေးလာလှူမည့်သူ များပြားသဖြင့် အချိန်ပြောင်းရွှေ့ရခြင်းဖြစ်ပါသည်။
နေ့ရက် - ၅.၄.၂၀၂၅ (စနေနေ့)
အချိန် - နေ့လယ် ၁:၀၀ နာရီ
နေရာ - အမျိုးသားသွေးလှူဌာန
(ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်)
Ph: 095029540, 09787063347

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

119/131, University Avenue Road
Yangon
11041