MyanPan Japanese School

MyanPan Japanese School

Share

Want to learn Japanese? Join MYANPAN Japanese School today!

We offer N5~N2 & Tokutei classes with highly skilled & friendly teachers.🪭🌸🩷
☎️09979289529
📩 [email protected]

18/08/2025

JLPT ဖြေထားတဲ့က‌လေးတွေ 25ရက်နေ့ results ထွက်ပါမယ်တဲ့နော်🥰

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲ ရလဒ် ကြည့်ရှုနိုင်မည့်ရက် ကြေငြာခြင်း။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Online Result များအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၂၅ရက်နေ့ ( တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ (ဂျပန်စံတော်ချိန် နံနက် ၁၀း၀၀ နာရီ) မှ စတင်၍ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Certificateများရောက်ရှိပါက ထုတ်ယူနိုင်ရန် ထပ်မံကြေငြာပေးပါမည်။

Result ကြည့်ရှုရမည့် link - https://www.jlpt.jp/e/guideline/results_online.html

(ဖော်ပြပါလင့်မှတဆင့် > other countries သို့ဝင်ရောက်၍ > Test Result ကိုနှိပ်ကာ > မိမိ ခုံနံပါတ် နှင့် Passcode 8 လုံး ရိုက်ထည့်ကြည့်ရှုရပါမည်။)

Passcode 8 လုံး မပြည့်သူများ၊ လုံး၀ မဖြည့်သွင်းခဲ့သူများ၊ သတ်မှတ်ထားသည့် ဂဏန်းများမဟုတ်ပဲ Alphabet များပါ၀င်နေသည့် Passcode များ ဖြစ်ပါက Online Result ကြည့်ရှုနိုင်မည် မဟုတ်ပါ။

Online Result များအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၃၁ရက်‌နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နေ့လည်၂:၃၀ နာရီ (ဂျပန်စံတော်ချိန် ညနေ ၅း၀၀ နာရီ) အထိ ကြည့်ရှုနိုင်ပါသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလစာမေးပွဲလျှောက်လွှာများမှာ စာမေးပွဲကျင်းပရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များအရ သတ်မှတ်ထားသည့်ရက်အတွင်း လျှောက်လွှာများကို အချိန်မှီပေးပို့ရမည် ဖြစ်ပါသဖြင့် ဇူလိုင်လ စာမေးပွဲရလဒ်များမထွက်ရှိခင် အချိန်တွင် လျှောက်လွှာလက်ခံရခြင်းဖြစ်သည်ကို နားလည် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်
01-757 10 15 (Ext 1)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Photos from MyanPan Japanese School's post 16/07/2025

You are my destiny
運命から始まる恋

ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း version အစုံထွက်ထားတဲ့ ကားလေးပါ
နာမည်ကြီးcompany ရဲ့ အမွေဆက်ခံသူ မင်းသားလေးနဲ့ sticker ကပ်လိုက်တာနဲ့ ဘာမဆိုခိုင်းလို့ရတဲ့ ပုံတုံး ရုံးဝန်ထမ်းကောင်မလေးနဲ့ ဘဲလေးအကပညာရှင်ဖြစ်ချင်တဲ့ မင်းသား‌လေးရဲ့ကောင်မလေးနဲ့ 3ပွင့်ဆိုင်အချစ် ဇာတ်လမ်းလေးပါ

ဟာသ၊ romance အပြင် ခံစားချက်ရှိသူတွေအတွက် ထိရှမယ့် seen လေးတွေ ပါပါတယ်၊ လောင်ရမယ့် ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဟာသ၊ romance တွေနဲ့ ရောထားတဲ့ ဝမ်းနည်းစရာဇာတ်လမ်းလေးပါ

ဇာတ်ဝင်တေးကအစ ကိုရီးယားဆန်တာမို့ ဂျပန်ကားသိပ်မကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေတာမို့ ကြည့်ကြည့်ပါ Admin ကတော့ တစ်ရှူး1ထုတ်ကုန်ပါတယ် ငိုရတာ🥹

https://t.me/JPDrama/633

28/06/2025

Edit: urgent လေး လိုသွားတာမို့ form ပိတ်လိုက်ပါပီရှင့် စိတ်ဝင်စားပြီး လာjoin‌ကြတဲ့ ‌ဆရာ/ဆရာမတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏

အလုပ်ခေါ်စာ
Part Time Teacher (1)

- N5 (online)သင်ကြားရန်အတွက်ဖြစ်ပါတယ်
- အနိမ့်ဆုံး N3 လေ့လာနေသူ ဖြစ်ရပါမယ်
- Trial class ဝင်ပေးနိုင်သူ ဖြစ်ရပါမယ်
- စိတ်ရှည်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသူ ဖြစ်ရပါမယ်

အသေးစိတ်ကို Viber: +959979289529
Telegram:
Gmail: [email protected]
သို့ စုံစမ်းမေးမြန်း လျှောက်ထားနိုင်ပါတယ်ရှင့်🤗


13/06/2025

"戻って来てほしい元彼への電話"

Voice Actor - Mitsume × Takumi

ထားသွားတဲ့ ရည်းစားဟောင်းကောင်လေးကို ဖုန်းဆက်ပြီး ပြန်လာပေးဖို့ တောင်းဆိုမယ်....

# ညဘက် အသံအကုန်ချဲ့နားထောင်ပြီး တစ်ရှူးလေးဆောင်ထားပေး🥹



Photos from MyanPan Japanese School's post 29/05/2025

MyanPan က သင်တန်း‌‌တွေကို ယုံကြည်စွာ တက်ရောက်ပြီး review လေးတွေ ပေးကြလို့ ကျေးဇူးအထူးပင်တင်ရှိပါတယ်🪭🌸

ကျောင်းအနေနဲ့ ဒီထက်ပိုကောင်းအောင် အများကြီး ပိုကြိုးစားဖို့ အားတစ်ခုဖြစ်ရပါတယ်ရှင်🥰🩷


Photos from Myanmar Association of Japan Alumni (MAJA)'s post 26/05/2025

FYI

Photos from MyanPan Japanese School's post 21/05/2025

Music Instruments လေးတွေ လေ့လာကြမယ်🪭🌸

Want to learn Japanese?
Join MYANPAN Japanese School today!
We offer N5~N2 & Tokutei classes with highly skilled & friendly teachers🪭🌸🩷

MYANPAN Japanese School
📞09-979-289-529
📩[email protected]




05/04/2025

FYI

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် အသိပေးကြေညာချက်

海外勤務される方へのお知らせ
၁။​အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ ခွင့်ဖြင့်ဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာမည့် သူများအားလည်းကောင်း၊ မိမိအစီအစဉ် ကျွမ်းကျင်လုပ်သားအဖြစ်လည်းကောင်း၊ ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအားလည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လတွင် လုပ်သား ၃၂၆၄ ဦးနှင့် ၁-၄-၂၀၂၅ ရက်နေ့တွင် ၅၉ ဦးတို့အား ခွင့်ပြုပေးခဲ့ပါသည်။

1.労働省は、タイ、マレーシア、日本、シンガポール、韓国およびその他の外国で休暇を取って出入国する者、個人の手配で勤務する者、認可された雇用代理店を通じて海外で勤務する者については許可を出しており、2025年3月時点で3264人の労働者に許可が付与され、2025年4月1日時点では59人に許可が付与されています。

၂။​၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်ခဲ့မှု ကြောင့် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အဆောက်အအုံနှင့် ရုံးခန်းများ ထိခိုက်ပျက်စီး ခဲ့သော်လည်း ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို သွားရောက် အလုပ်လုပ်ကိုင် မည့် အမျိုးအစားအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် SOP များနှင့်အညီ ၁-၄-၂၀၂၅ ရက်နေ့မှ စ၍ စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

2. 2025年3月28日に起きた激しい地震によって、ネーピードーの労働省の建物と事務所は被害を受けましたが、海外で働く予定の方については、仕事の種類に応じたSOPに従って、2025年4月1日より審査・承認がなされていることをお知らせ致します。






မြန်မာသံရုံး၊ တိုကျိုမြို့
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်

31/03/2025

28ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် MYANPAN မှလည်းအားလုံးနဲ့ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရပါတယ်😔

တစ်ချို့ကလေးတွေလည်း အခုထိအဆက်အသွယ်မရသေးတာကြောင့် အင်တာနက်အဆင်မပြေသေးတဲ့ဘက်က ကလေးတွေပါတဲ့ အတန်းလေးကို ခေတ္တခဏရပ်နားပါရ‌စေရှင်🙏

အင်တာနက်လိုင်းရပြီး လူစုံတဲ့အတန်းတွေကတော့ ဆက်သွားပေးပါမယ် စိတ်ခံစားချက်အရ ခဏလောက်နားချင်တယ်ဆိုရင် Page Messenger မှာ လာပြောပေးကြပါနော် ကလေးတွေ အဆင်ပြေအောင် စီစဥ်ပေးပါမယ်ရှင့်🪭

မိသားစုတွေ အမြန်ဆုံးပြန်လည်တွေ့ဆုံကြပြီး ပျောက်ဆုံးတွေ အကုန်ရှင်သန်ကြပါစေ🙏

26/03/2025

27.03.2025(ကြာသပတေးနေ့) သည် တပ်မတော်နေ့(public holiday)ဖြစ်ပါသောကြောင့် MYANPAN Japanese School မှ သင်တန်းများအားလုံး ပိတ်ရက်အဖြစ်သတ်မှတ်လိုက်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်🇯🇵🪭🥰

Photos from MyanPan Japanese School's post 11/03/2025

သတင်းကောင်းလေး OWIC ဖွင့်ပေးပါမယ်တဲ့🪭🥰

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address

Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00