07/02/2026
ကျွန်မရဲ့ နေကြာပန်း 🌻🌻🌻🌻
Artist Su Yee is a young passionate Burmese Artist Lady.
07/02/2026
ကျွန်မရဲ့ နေကြာပန်း 🌻🌻🌻🌻
23/01/2026
ကျွန်မရဲ့ လွင့်မြောခြင်းတွေနဲ့ရေးထားတဲ့ လွင့် ပန်းချီကားလေးပါ
ပန်းကလေးတွေ
ဆံနွယ်လေးတွေ
ခံစားချက်တွေ
လွင့်မြော
Ask for the price
Title : "A Drift" လွင့်
Artist: Su Yee
Medium: Watercolor on Paper
Year: 2026
ပန်းချီကားအပေါ် ခံစားချက်
• အရောင်အသွေး (Color Palette): ပန်းချီကားရဲ့ နောက်ခံက အပြာရင့်ရောင်နဲ့ စိမ်းပြာရောင်တွေ သုံးထားတာကြောင့် ပင်လယ်ပြင် ဒါမှမဟုတ် ညအလှလိုမျိုး ခံစားရစေပါတယ်။ အဝါရောင်ပန်းလေးတွေကတော့ အဲ့ဒီအမှောင်ထဲမှာ ထိန်ထိန်လင်းနေတဲ့ ကြယ်လေးတွေလိုပါပဲ။
• ဆံနွယ်တွေရဲ့ စီးဆင်းမှု: ဆံနွယ်ရှည်ကြီးတွေက ပန်းချီကားရဲ့ ဘေးနှစ်ဖက်ကို လွင့်ဖြန့်နေတာက ပန်းချီဆရာမပြောတဲ့ "လွင့်" ဆိုတဲ့ ခံစားချက်ကို တကယ့်ကို ပီပြင်စေပါတယ်။
• မျက်ဝန်းနဲ့ အမူအရာ: ပန်းချီကားထဲက မိန်းကလေးရဲ့ မျက်ဝန်းတွေက တစ်ခုခုကို ငေးမောနေသလို၊ လွမ်းဆွတ်နေသလိုနဲ့ တကယ့်ကို ဆွဲဆောင်မှုရှိပါတယ်။ ပါးပြင်ပေါ်က ပန်းရောင်သန်းနေတဲ့ အရောင်လေးတွေက နုနယ်တဲ့ ခံစားချက်ကို ဖော်ဆောင်နေပါတယ်။
Su Yee
23rd Jan 2026
Unboxing Blind Box စ ဆုံး
Pop Mart က “ You found me” လေး 😘😘😘😘
အတင်းတွေရောင်းသော brother Min BoBo Oo
Video သေချာရိုက်ပေးသော ဒါရိုက်တာ ညီမလေးဝိုင်း
မရောင်းခင်ထဲက အရမ်းလိုချင်ပေမယ့် စိတ်ထိန်းနေရသောကျွန်မ
အခုထိ blind box 3 ခုဖောက်ဖူးသမျှ အရှေ့ ၂ ဗူးမှာ ကိုယ်လိုချင်တဲ့အရောင်တွေချည်းပေါက်ခဲ့ရ
ဒီတစ်ခေါက်တော့ ဘာရောင်ဖြစ်ဖြစ်ပါလေ
Let’s figure it out 😜
10/01/2026
Title က “သူမ” တဲ့
Portrait ရေးရတာ ကြီးပေါင်းကြောင့် မခံနိုင်ပေမယ့် စျန်ဝင်တာ တစ်လောကလုံးပါမေ့သွားသလိုပဲ
💕💕💕
Artist : Su Yee
Watercolor on Paper
Size A4
09/01/2026
ရေးမိရေးရာလေးများပေါ့ ၂၀၂၆ ရဲ့အစကနဦး ပန်းချီလေးတွေပါ
05/01/2026
ပုံမရေးဖြစ်သေးလို့ လူပုံလေး အရင်လာတင်ပါရစေ
Artist Su
🌸♥️🌸♥️🌸♥️
23/11/2025
သမီးရေ အကြည်လေးရေးပါလို့ ဆရာနဲ့ဆရာမ ရဲ့အဆုံးအမနဲ့ ဒီနေ့ထပ်ရေးလိုက်တဲ့ အကြည်ဓါတ်လေး ကပါမယ် ပန်းချီကားလေးပါ 😍♥️♥️
အရောင်လေးရော မင်းသမီးလေးရော အလင်းတွေရော ကြည်တောက်နေရော
သဘောကျတာပဲ 😍😍😍
22/11/2025
Title လေးစဉ်းစားနေတုန်းပါ 💕😍
03/11/2025
လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ အကောင်းဆုံးအချိန်ရော အဆိုးဆုံးအချိန်ရော bright side ရော dark side ပါ လက်ခံနိုင်တာဖြစ်ပြီး မင်းရဲ့ ပျော်ရွှင်ချိန်ရော ဝမ်းနည်းချိန်ရော အချိန်တိုင်းကိုယ်ရှိနေပေးမယ်ဆိုတာမျိုးပါ။ မင်းရဲ့ အရာအားလုံးဟာ ကိုယ့်အတွက်ဘုရားပေးတဲ့ဆုပါ။ 💕💕
အချစ်ပန်းလေးတွေနဲ့ မင်းရဲ့စိတ်ဒါဏ်ရာတွေကို ပေါ့ပါးသက်သာစေမယ်။ ပျော်ရွှင်ခြင်းတွေ အဓိပ္ပာယ်ပိုရှိလာစေမယ်။
အချိန်တိုင်းနွေးထွေးနေမယ့် ဒီရင်ခွင်လေးက မင်းတစ်ယောက်အတွက်ပဲ အချစ်ရယ် 💕💕
Title : My Love
Artist: Su Yee
Medium: Watercolor on Paper
Size : 10” x 12”
Price: Ask from messenger
02/11/2025
02/11/2025
နေကိုပဲမျှော်ကြည့်နေတတ်တဲ့နေကြာပန်းလေးလိုပါပဲ မင်းမျက်နှာလေးပံ တစ်စိမ့်စိမ့်ကြည့်နေမိတာ ကိုယ်ပါကွာ 🌻💕
Title : Sun’s Flower
Artist : Su Yee
Medium : Watercolor on paper
Size : 8” x 12”
Price : 250000 kyats
28/10/2025
ကျောင်းဆင်းပွဲကား အမှတ်တရ
အရမ်းလှလို့ လိုချင်တယ်ပြောလာပေမယ့် သိမ်းထားမယ့်ကားလေးပါ
မခွဲနိုင်လို့ပါ