HAN Academy Korea Language

HAN Academy Korea Language GKSက online ကနေဘဲ service advice ပေးတာပါ Adminတို့ ရုံးခန်းအနေနဲ့မရှိသေးပါ Study abroadနှင့် Scholarshipများအတွက် essay proofreading guide ပေးပါတယ်

[ROK-Mekong Youth Workshop 2026 In South Korea (Fully Funded)] 🇰🇷တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့နဲ့ ဘူဆန်မြို့တွေမှာ ...
16/06/2026

[ROK-Mekong Youth Workshop 2026 In South Korea (Fully Funded)] 🇰🇷

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့နဲ့ ဘူဆန်မြို့တွေမှာ (၄) ရက်တာ ပြုလုပ်မယ့် Intensive Workshop အစီအစဉ်ကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်ရှင်။
ဒီအစီအစဉ်ဟာ ROK-Mekong Cooperation Initiative အောက်ကနေ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of Foreign Affairs) က အခမဲ့ (Fully Funded) စပွန်ဆာပေးပြီး ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက လူငယ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ယဉ်ကျေးမှု ဖလှယ်ခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပညာရေးဆိုင်ရာ ကဏ္ဍများနှင့် Networking အခွင့်အရေးတွေကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

အစီအစဉ်အကျဉ်းချုပ်
• ကျင်းပမည့်နိုင်ငံ: တောင်ကိုရီးယားနိုင်ငံ (ဆိုးလ် နှင့် ဘူဆန်မြို့)
• စီစဉ်သူ: Ministry of Foreign Affairs of the Republic of Korea
• ကြာချိန်: ၄ ရက်
• ကျင်းပမည့်ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်မှ ၇ ရက်အထိ
• ကုန်ကျစရိတ်: Fully Funded (အခမဲ့)
• လျှောက်လွှာပိတ်ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်

ရရှိမည့် အကျိုးခံစားခွင့်များ (Benefits)
• အသွားအပြန် နိုင်ငံတကာ လေယာဉ်လက်မှတ်
• Workshop ကာလအတွင်း တည်းခိုနေထိုင်ရေးစရိတ်
• ပြည်တွင်းသယ်ယူပို့ဆောင်ရေး စရိတ်များ
• ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခွင့်
• Networking အခွင့်အရေးများ
• အစီအစဉ်တက်ရောက်ပြီးကြောင်း အသိအမှတ်ပြု လက်မှတ် (Participation Certificate)
• တရားဝင် အမှတ်တရလက်ဆောင်များနှင့် ယူနီဖောင်းများ

လျှောက်ထားနိုင်သူ အရည်အချင်းများ

• မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို သို့မဟုတ် ဗီယက်နမ် နိုင်ငံသားဖြစ်ရမည် (ကိုရီးယားနိုင်ငံသားများလည်း လျှောက်ထားနိုင်သည်)
• တက္ကသိုလ်ကျောင်းသား/သူများ သို့မဟုတ် ဘွဲ့လွန်တက်ရောက်နေသူများ (University or Graduate Students)
• Social Media ပလက်ဖောင်းများအတွက် Digital Content ဖန်တီးမှု အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
• ခေါင်းဆောင်မှု စွမ်းရည်ရှိကြောင်း ပြသနိုင်သူ
• ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် စိတ်ပါဝင်စားသူ
• ဆက်သွယ်ပြောဆိုရေး စွမ်းရည် ကောင်းမွန်သူ
• Workshop ပါ လှုပ်ရှားမှုအားလုံးတွင် တက်ကြွစွာ ပါဝင်နိုင်သူ
🔗 အသေးစိတ်ကြည့်ရှုရန်နှင့် လျှောက်ထားရန်:
အသေးစိတ်အချက်အလက်များကို ပုံမှာပါတဲ့ Link ကနေတစ်ဆင့် ဝင်ရောက်လေ့လာပြီး လျှောက်ထားနိုင်ပါတယ်ရှင်။

ညီမလေးတို့ရေ ဒီစာ ရေးတာ page admin တစ်ယောက် page founderတစ်ယောက်အနေနဲ့ရေးတာမဟုတ်ပါဘူး သူငယ်ချင်း တစ်ယောက် အမညီမ လို ခံစာ...
13/06/2026

ညီမလေးတို့ရေ ဒီစာ ရေးတာ page admin တစ်ယောက် page founderတစ်ယောက်အနေနဲ့ရေးတာမဟုတ်ပါဘူး
သူငယ်ချင်း တစ်ယောက် အမညီမ လို ခံစားချက်နဲ့ရေးတာပါ 🤍
Scholarship တစ်ခုလျောက်ရင်လေ ကိုယ်က အခုGKS အစိုးရအဆင့် Niiedအဆင့်ထိရောက်လာတယ်ဆိုတာကိုက တကယ်မလွယ်ပါဘူး အဘက်ဘက် ကိုယ့် profile ကောင်းတယ် Essay Study plan /extracurricular တွေ major related experience တွေ cgpaတွေ အကုန် ပြည့်စုံလို့ interview ခေါ်ခံရ အဲ့ကနေ interview အောင် ကျောင်းတွေရဲ့ nominees တွေဝင် မှရောက်တာပါ
တချို့လာမေးကြတဲ့ TOPIK မရှိဘူး TOPIK မရှိရင်လျောက်မရတော့ဘူးလားတွေအတွက်လဲ ဒီမှာအဖြေပါပါတယ်
TOPIKပါရင် pointအမှတ်ပေါင်းပေးပါတယ်
ဒါပေမဲ့အခုလိုတွေ ဖြုတ်ချကြတဲ့အဆင့်မှာ Topikထက် မေဂျာတူချင်းဆို ရင်တောင် background /planတွေ graduateတွေဆို experience တွေ ပါယှဉ်ပြီး ဖြုတ်ချတယ်ထင်ပါတယ် niied final ကျ ပုံသေစံသတ်မှတ်ချက်မရှိလို့ပါ
အတော်တွေအားလုံးထဲက ဇကာပြန်စစ်ချကြတာ
အဲ့တော့ Topik6 လဲပြုတ်
ကြာပြီဟိုးအရင်နှစ်ကဆို အရမ်းတော်တဲ့ အမ အသိ korea ဆရာမဆို လဲ သုံးကြိမ်မြောက်မှပါသွားပါတယ် ။
ㄱ ㄴ ㄷ ㄹ တောင် ဗျည်းသရတောင်မသိဘူး ညီမ လျောက်ကြည့်လို့ဖြစ်ပါ့မလား မေးခွန်းကိုလဲ ကိုယ်တခြားဘက်တွေသေချာပြင်ဆင်ထားပါ GKS စကောလားသည် topikရှိ ခြင်း မရှိခြင်း
Koreaတတ်ခြင်း မတတ်ခြင်းအပေါ် အဓိကဆုံးဖြတ်တဲ့ စကောလားမဟုတ်လို့ပါ

Scholarshipက ဘယ်အရာမှပုံသေမရှိဘူး
အဲ့တော့ လုပ်ကြည့်တာ ကြိုးစားကြည့်တာက ကိုယ့်အလုပ် ဘဝဆိုတာ အမြဲတမ်း လွယ်ကူအောင်မြင်တယ်ဆိုတာမရှိပါဘူး
Scholarship ကိုလျောက်ခဲ့ရတယ်ဆိုတာကိုက မိမိက တော်နေလို့ပါပဲ
အဲ့တော့ ပြင်စရာရှိတာပြင် လုပ်စရာရှိတာလုပ် ပျော်စရာရှိတာပျော် စိတ်ကိုခနအနားထားပေးပါ ဒါပေမဲ့
ဘဝအတွက် လျောက် နေတဲ့လမ်းကို မရပ်ပါနဲ့
တနေ့နေ့တချိန်ချိန် လမ်းပေါ်လာမှာပါ

GKS Graduate 2026 ရလဒ်ဒီနေ့ထွက်ပါတယ် နောက်ဆုံးအဆင့်ထိ အဆင့်ဆင့်တွေကျော်ဖြတ် ဒီအထိရောက်ဖို့တောင်မလွယ်လှပါဘူး အမတို့ဆီက ဒီ...
11/06/2026

GKS Graduate 2026 ရလဒ်ဒီနေ့ထွက်ပါတယ် နောက်ဆုံးအဆင့်ထိ အဆင့်ဆင့်တွေကျော်ဖြတ် ဒီအထိရောက်ဖို့တောင်မလွယ်လှပါဘူး
အမတို့ဆီက ဒီ NIIED အဆင့်ထိ ငါးယောက်ရောက်ခဲ့တာမှာ နှစ်ယောက်အောင်သွားပါတယ်
ကျန်တဲ့သုံးယောက်ကလဲတကယ်အရည်အချင်းရှိသူတွေပါ ။ ကံလို့ပဲဆိုရတော့မလား ရတဲ့ညီမလေးတွေအတွက်ဝမ်းသာသလို နောက်ဆုံးရောက်မှ ပြုတ်သွားတဲ့ ညီမလေးမောင်လေးကိုလဲစိတ်မကောင်းဘူး ဖြစ်နိုင်ရင်အကုန်သာပါစေချင်တော့တယ်

Why This Major ကို Strong ဖြစ်အောင် ရေးရမယ့် အဆင့် (၃) ဆင့်၁။ ငယ်ငယ်ကတည်းက ဝါသနာပါလို့ဆိုတာထက် ကိုယ့်ဘဝရဲ့ ဘယ်အချိုးအကွေ...
10/06/2026

Why This Major ကို Strong ဖြစ်အောင် ရေးရမယ့် အဆင့် (၃) ဆင့်

၁။ ငယ်ငယ်ကတည်းက ဝါသနာပါလို့ဆိုတာထက် ကိုယ့်ဘဝရဲ့ ဘယ်အချိုးအကွေ့၊ ဘယ်လိုလက်တွေ့အတွေ့အကြုံကနေ ဒီပညာရပ်ကို တကယ်တမ်း စိတ်ကူးပေါက်ပြီး အလေးအနက် သင်ယူချင်လာတာလဲဆိုတဲ့ ကို အရင်ချပြပါ။

၂။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဒေသတွင်း၊ သို့မဟုတ် မိမိလုပ်ငန်းခွင် နယ်ပယ်ထဲက အားနည်းချက်၊ လိုအပ်ချက် Gapတစ်ခုခုကို ပညာရပ်ဆန်ဆန် ထောက်ပြပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လက်ရှိ ကိုယ့်မှာရှိတဲ့ အသိပညာက မလုံလောက်သေးဘူးဆိုတာကို ရိုးသားစွာ ဝန်ခံပြရမယ် ။

၃။ အပေါ်က အားနည်းချက်/ပြဿနာတွေကို စနစ်တကျ ဖြေရှင်းဖို့အတွက် ဒီမေဂျာက သင်ကြားပေးမယ့် အဆင့်မြင့်ပညာရပ်တွေ၊ သုတေသနနည်းလမ်းတွေကသာ အကောင်းဆုံးအဖြေ ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ ချိတ်ဆက်ပြီး အဆုံးသတ်ရမှာ ဖြစ်ပါတယ်။

ယေဘုယျဆန်သော အရေးအသား ❌
ဉပမာအနေနဲ့ Admin က Tourism industry လုပ်ခဲ့တာမလို့ ဒါကိုဘဲ ဉပမာရေးပြလိုက်ပါတယ်

ကျွန်မ ခရီးသွားလုပ်ငန်း မေဂျာ (Tourism Management) ကို ရွေးချယ်ရတာကတော့ ခရီးသွားရတာကို ဝါသနာပါလို့ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ လှပတဲ့ ခရီးစဉ်ဒေသတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီမေဂျာကို တက်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် လုပ်ချင်လို့ ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ❌❌


ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းခွင် အတွေ့အကြုံ ခြောက်လခန့် ဝင်ရောက်လုပ်ကိုင်ခဲ့စဉ်ကာလအတွင်း ဒေသတွင်း ခရီးသွားလုပ်ငန်းများ စနစ်တကျ မရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ ယဉ်ကျေးမှုများအပေါ် ထိခိုက်မှုရှိနေသည်ကို လက်တွေ့မျက်မြင် ကြုံတွေ့ခဲ့ရပါသည်။

ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရင်း ရေရှည်တည်တံ့မည့် 'ကွန်မြူနတီအခြေပြု Community-Based Tourism နှင့် ဒေသခံလူထုကို အကျိုးပြုမည့် Slow City ဗျူဟာ(Cittaslow) များကို အကောင်အထည်ဖော်ရန်အတွက် လက်ရှိ ကျွန်မတွင်ရှိသော အခြေခံအသိပညာထက် ပိုမိုနက်နဲသည့် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုပညာရပ်များ လိုအပ်နေပြီဖြစ်ကြောင်း နားလည်လာခဲ့သည်။ ဒါကြောင့် ထိုကဲ့သို့သော လက်တွေ့ကျသည့် သုတေသနနည်းလမ်းများကို စနစ်တကျ သင်ကြားပေးနိုင်မည့် ဤ Tourism Management မေဂျာကို မဖြစ်မနေ လေ့လာရန် ရွေးချယ်ရခြင်း ဖြစ်ပါသည်။

Why This Major" ရေးပြီးရင် အောက်ပါ ၃ ချက်နဲ့ အညီ ကိုယ့်စာကို ကိုယ်ပြန်စစ်ခိုင်းပါနော်။

1. "ဝါသနာပါလို့ ဆိုတဲ့ စကားလုံးသက်သက်ပဲ သုံးထားမိလား: အဲ့ဒီအစား ကိုယ့်ကို တွန်းအားပေးခဲ့တဲ့ လက်တွေ့ဖြစ်ရပ် ပါရဲ့လား

2. မေဂျာအောက်က မေဂျာသီးသန့် Keywords တွေ ပါရဲ့လား:

3. ကိုယ့်ရဲ့ Background နဲ့ ချိတ်ဆက်မိရဲ့လား: ကိုယ်အရင်က တက်ခဲ့တဲ့ကျောင်း၊ လုပ်ခဲ့တဲ့ Project တွေကနေ ဒီမေဂျာကို တက်ဖို့ ဘယ်လို အခြေခံအုတ်မြစ် (Foundation) ဖြစ်နေလဲဆိုတာ ပေါ်လွင်ရဲ့လား။
စတာတွေကို ကြည့်ပါ

Personal Statement ဟာ “ငါဘယ်လောက်တော်လဲ” ဆိုတာ ပြောတဲ့ Essay မဟုတ်ပါဘူး။ငါဘာတွေ ကြုံခဲ့တယ်၊ ဘာတွေ သင်ယူခဲ့တယ်၊ ဘာကြောင့်...
07/06/2026

Personal Statement ဟာ “ငါဘယ်လောက်တော်လဲ” ဆိုတာ ပြောတဲ့ Essay မဟုတ်ပါဘူး။

ငါဘာတွေ ကြုံခဲ့တယ်၊ ဘာတွေ သင်ယူခဲ့တယ်၊ ဘာကြောင့် ဒီ Program ကို လျှောက်တယ်၊ အနာဂတ်မှာ ဘာလုပ်မယ် ဆိုတာကို ယုံကြည်စိတ်ချရအောင် ပြောပြတဲ့ Essay ဖြစ်ပါတယ်။

👉🏻ငါ ဆင်းရဲပါတယ် ဒီစကောလားမှ မရရင်ကျောင်းမတက်နိုင်တော့ပါ ဆိုသည့် ပန်းနုသွေး ဇာတ်လမ်းများ 😅

ပညာသင်ဆုအများစုဟာ ငွေကြေးလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပေးတာ မှန်ပေမယ့် ငါ ဘယ်လောက်အထိ ခက်ခဲဆင်းရဲခဲ့လဲ ဆိုတာကိုပဲ ခနခန ရေးရမယ့် နေရာမဟုတ်ပါ
အခက်အခဲကို စိန်ခေါ်မှု လို ရေးပါ
မိမိရဲ့ ခက်ခဲမှုကို ကြံ့ကြံ့ခံနိုင်ရည်ကိုပဲ အဓိက ပေါ်လွင်အောင် ရေးရပါမယ်

👉🏻မေဂျာနှင့် မသက်ဆိုင်သည့် ငယ်ဘဝအကြောင်းအရာများနှင့် ဝါသနာများ ရှောင်ပါ

ကိုယ်လျှောက်မယ့် မေဂျာ (ဥပမာ - Tourism သို့မဟုတ် Education) နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အတွေ့အကြုံ၊ သင်တန်း၊ ကွင်းဆင်းလုပ်ဆောင်ချက်တွေကိုပဲ စိစစ်ပြီး ထည့်သွင်းပါ။

👉🏻CV formထဲကအချက်များကိုစာစီသလိုရေးခြင်းရှောင်ပါ

ကျွန်မက ၂၀၁၉မှာ ဘွဲ့ရပါတယ်၊ ပြီးတော့ Hotel မှာ ၆ လ အလုပ်သင်ဆင်းပါတယ်၊ ပြီးတော့ Certificates တွေ ရပါတယ် (ဒါတွေက Applications formထဲ ဖတ်လိုက်ရင် သိပြီးသားပါ)

ထိုအစား …
အလုပ်သင်ဆင်းစဉ်ကာလအတွင်း ဘယ်လို အခက်အခဲတွေကို ဖြေရှင်းခဲ့ရလဲ၊ အဲ့ဒီကနေ ဘာ အရည်အချင်းတွေ တိုးတက်လာခဲ့လဲ ဆိုတာမျိုးကို ဇာတ်လမ်းဆင်ပြီး ရေးပြရပါမယ်။

👉🏻PS ထဲမှာ Sensitive ဖြစ်မယ့် နိုင်ငံရေး၊ ဘာသာရေး ရေးခြင်း လုံးဝ ရှောင်ကြဉ်ရပါမယ်။

ထို့အတူ ဘွဲ့ရပြီးရင် ဘာလုပ်မယ်ဆိုတာ မရေမရာ ရေးထားခြင်းကလည်း အမှတ်လျော့စေပါတယ်။
ဘွဲ့ရပြီးရင် ဘာလုပ်မလဲ သေချာမသိသေးပေမယ့် အဆင်ပြေတဲ့ အလုပ်တစ်ခုခု လုပ်ပါမယ်" ဆိုတာမျိုးပါ

မိမိနိုင်ငံ သို့မဟုတ် မိမိနယ်ပယ်အတွက် တိကျသေချာပြီး လက်တွေ့ကျတဲ့ Short-term & Long-term Goal တွေကို အဖွဲ့အစည်းအမည် သို့မဟုတ် လုပ်ငန်းကဏ္ဍနဲ့တကွ ပြတ်ပြတ်သားသား ချပြပါ။

ဒီအချက်ရေးသားရာမှာ မိမိလိုအပ်ချက်နဲ့ ပန်းတိုင် ကနေကျောင်းက ပံ့ပိုးပေးနိုင်မယ့် အခွင့်အလမ်း / နိုင်ငံဆီကသင်ယူ ရမည့်အရာ ချ...
31/05/2026

ဒီအချက်ရေးသားရာမှာ မိမိလိုအပ်ချက်နဲ့ ပန်းတိုင် ကနေကျောင်းက ပံ့ပိုးပေးနိုင်မယ့် အခွင့်အလမ်း / နိုင်ငံဆီကသင်ယူ ရမည့်အရာ ချိတ်ဆက်ရပါမယ်

Why This School

• ❌ဒီကျောင်းက Rank မြင့်လို့၊ နာမည်ကြီးလို့ပါ ဆိုတာမျိုး တွေရှောင်ပါ

• ✅အရင်ဆုံးကျောင်းရဲ့ Website ထဲမှာ သေချာ Research လုပ်ပါ။ ကျောင်း department ရဲ့ curriculumမှာ မိမိစိတ်ဝင်စားတဲ့ သင်ရမယ့် courses ၊ မိမိနဲ့ သုတေသနချင်း တူညီတဲ့ Professor သို့မဟုတ် ကျောင်းမှာရှိတဲ့ Research Lab တစ်ခုခုကို အမည်တပ်ပြီး၊ အဲ့ဒါက ကိုယ့်ရဲ့ Career Goal ကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာ ရေးရပါမယ်။

Why This Country

ဒီနိုင်ငံက အရမ်းလှလို့၊ ဖွံ့ဖြိုးလို့၊ ယဉ်ကျေးမှု ကြိုက်လို့ပါ ဆိုတာမျိုး ထက် ကိုယ်တက်မယ့် ပညာရပ်နဲ့ ပတ်သက်ပြီး အဲ့ဒီနိုင်ငံမှာ အောင်မြင်နေတဲ့ strategy သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်း တစ်ခုခုကို အခြေခံပြီး ချိတ်ဆက်ပါ။
ဥပမာ နည်းပညာဆိုရင် အဲ့ဒီနိုင်ငံရဲ့ Smart City စနစ်၊ ခရီးသွားလုပ်ငန်းဆိုရင် အဲ့ဒီနိုင်ငံက ကျင့်သုံးတဲ့ ထူးခြားတဲ့ ခရီးသွားလုပ်ငန်း မဟာဗျူဟာမျိုးကို ထောက်ပြရပါမယ်။

ဉပမာအနေနဲ့

❌ General ဆန်တဲ့ရေးသားနည်းရှောင်ပါ

ကျွန်မ ဒီတက္ကသိုလ်ကို ရွေးချယ်ရတာကတော့ ကျောင်းက နာမည်ကြီးပြီး ပါမောက္ခတွေကလည်း အရမ်းတော်လို့ ဖြစ်ပါတယ်။ ဒီကျောင်းမှာ တက်ရရင် ကျွန်မရဲ့ အနာဂတ်အတွက် အများကြီး အထောက်အကူပြုမှာပါ

ထိုအစား ✅

ကျွန်မရဲ့ အဓိက ရည်မှန်းချက်က ဒေသခံ community ကိုဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ (ထိုနေရာမှာ မိမိသွားမဲ့နယ်ပယ်ကနေ ဘယ်လို နေရာကနေ ဘယ်လိုပုံအကျိုးပြုချင်လဲ တိတိကျကျရေးပေးပါ)
အဲ့ဒီအတွက် ဒီတက္ကသိုလ်မှာ သီးသန့်သင်ကြားပေးနေတဲ့ စနစ်တကျရှိတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ကျောင်းတွင်းမှာရှိတဲ့ Research Center တွေဟာ ကျွန်မရဲ့ လက်တွေ့လုပ်ငန်းခွင် အရည်အချင်းကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံး နေရာဖြစ်လို့ ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Goal ကို အရင်ချပြတယ်၊ ပြီးမှ ကျောင်းမှာရှိတဲ့ သီးသန့် Curriculum သို့မဟုတ် ဘယ်လို Research Center ရှိတာကို သေချာလေ့လာထားကြောင်း အမည်တပ်ပြီးချိတ်ဆက်ပြသွားလို့
ရပါတယ်။

ထိုနည်းလိုပဲ Why this countryဆိုရင်

မိမိပညာသင်ကြားမဲ့နိုင်ငံ က မိမိ သင်ယူချင်တဲ့နယ်ပယ် / စနစ်တကျရှိတဲ့ စီမံခန့်ခွဲမှုတွေကတစ်ဆင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာအောင် စံပြပြောင်းလဲနိုင်ခဲ့တဲ့ ဘယ်လိုသမိုင်းကြောင်းရှိပါတယ် ရေးပါ။
အဲ့ဒီလို လက်တွေ့အောင်မြင်ခဲ့တဲ့ ဗျူဟာ နည်းစနစ် တွေကို စနစ်တကျ သင်ယူပြီး မိမိနိုင်ငံရဲ့ ဒေသတွင်းကဏ္ဍတွေမှာ ပြန်လည်အသုံးချချင်လို့ ဒီနိုင်ငံကို မဖြစ်မနေ ရွေးချယ်ရခြင်း ဖြစ်ပါတယ် ပုံပေါ်အောင် ရေးပါ ။

ဘာကြောင့် ဒီလိုရေးရလဲ ….

နိုင်ငံရဲ့ လှပမှုတွေ၊ ခေတ်မီမှုတွေကို မြောက်ပင့်တာထက်... အဲ့ဒီနိုင်ငံရဲ့ အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်း ဒါမှမဟုတ် စီးပွားရေး/လုပ်ငန်းဆိုင်ရာ strategyတစ်ခုခုကို အခြေခံပြီး ကိုယ့်နိုင်ငံအတွက် ပြန်အသုံးချဖို့ လာတာပါဆိုပြီး Professional ကျကျ ဆွဲဆောင်သွားလို့ ဖြစ်ပါတယ်။

❗️❗️နောက်ဆုံးအရေးကြီးတာတစ်ခုက အနာဂတ်ပလန်နှင့် ချိတ်ဆက်ခြင်းဖြစ်တယ်

⚠️အမတစ်ခုထပ်ပြောချင်တာ ဒီလိုဟာတွေရေးရင် လုံးဝ general မဆန်ပါနဲ့

(ဒီကျောင်းကနေ ဘွဲ့ရပြီးရင်တော့ ရရှိလာတဲ့ ဗဟုသုတတွေနဲ့ အလုပ်ကောင်းကောင်းတစ်ခု ဝင်လုပ်ပြီး ကျွန်မရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုသွားမှာ ဖြစ်ပါတယ် )ဒီလိုအရေးအသား မျိုးတွေပါ

ထိုအစား ဘယ်လို professional နေရာကနေ ဘယ်လို နယ်ပယ်ကနေ ဘယ်လို ပုံနဲ့ အကျိုးပြုပေးမယ်ဆိုတာ တိကျပါစေ

24/05/2026

안녕하세요❤️
Personal Statement /Study planမှာ ဘယ်နေရာ ဘယ်လိုရေးရမယ် သတိထားရမှာတွေ အမြဲတင်ဖြစ်အောင်ကြိုးစားပါ့မယ် Pageမှာတော့အရင်ကတင်ထားတာတွေပါ နောက်ကျ အကုန်ပြီးရင် link နဲ့ အားလုံးစုပေးပါမယ် အပြင်ကGKS Undergraduate လျောက်မဲ့ မောင်လေး ညီမလေးတွေပါအမှီရေးလို့ရအောင် ၆လပိုင်းထဲ နောကိဆုံးထားအကုန်ရေးပေးပါ့မယ် 📑 အတန်းထဲကသူတွေကိုလဲ word file လေးနဲ့ စုပေးထားဖို့ရှိပါတယ် ခေါင်းစဉ်တွေနဲ့စုပြီး ဒါကြောင့် အတန်းပြင်ပက သူလေးများ essayအတွက် ရေးရတာ အဆင်ပြေအောင် အမတို့ page ကို followလုပ် အမြဲစောင့်ကြည့်နေနော်

ဒီစာကိုရေးဖို့ ဖြစ်သွားတာ မနက်က graduateလျောက်မဲ့ ညီမလေးတစ်ယောက်လာမေးတာကနေ တခြားသူတွေပါသိအောင် ရေးလိုက်တာပါ။ GKS Graduat...
23/05/2026

ဒီစာကိုရေးဖို့ ဖြစ်သွားတာ မနက်က graduateလျောက်မဲ့ ညီမလေးတစ်ယောက်လာမေးတာကနေ တခြားသူတွေပါသိအောင် ရေးလိုက်တာပါ။

GKS Graduate (မဟာတန်း) လျှောက်ဖို့ ပြင်ဆင်နေတဲ့အခါ လူမေးအများဆုံး မေးခွန်းတစ်ခုရှိပါတယ်။
ကျွန်တော်/ကျွန်မ ဘွဲ့ရထားတဲ့ မေဂျာနဲ့ ကိုရီးယားမှာ တက်ချင်တဲ့ မေဂျာက မတူဘူး ဖြစ်နေလို့ လျှောက်လို့ရပါ့မလား?

အပြည့်အဝ လျှောက်လို့ရရုံတင်မကဘဲ အောင်မြင်သွားတဲ့သူတွေလည်း အများကြီးရှိပါတယ်
သင့်မှာ ခိုင်လုံတဲ့ Logic ရှိရင် မေဂျာပြောင်းလဲခြင်းက သင့်ကို ပိုလို့တောင် ထူးခြားထင်ပေါ်စေနိုင်ပါတယ်။

ဒီတော့ ဘယ်မေဂျာတွေကနေ ဘယ်လိုလမ်းကြောင်းတွေ ပြောင်းလို့ရလဲဆိုတာ ဉပမာအနည်းငယ်နဲ့ပြပါမယ်

၁။ Chemistry (ဓာတုဗေဒ) ဘွဲ့ကနေ Food & Nutrition / Food Science ကို master ကူးမယ်ရလား ?

အဖြေက ရပါတယ်
Food and Nutrition ဆိုတာ ဓာတုဗေဒ အခြေခံ အလွန်လိုအပ်တဲ့ မေဂျာတစ်ခုပါ။ အစားအသောက်တွေရဲ့ ဖွဲ့စည်းပုံ၊ အာဟာရဓာတ်တွေ ဓာတ်ပြိုကွဲပုံ နဲ့ အစားအသောက် ရေရှည်ခံအောင် စီမံတဲ့နေရာတွေမှာ ဓာတုဗေဒ အသိပညာက တိုက်ရိုက်အသုံးဝင်ပါတယ်။
ကိုရီးယားတက္ကသိုလ်အများစုက Food and Nutrition မေဂျာအတွက် Chemistry, Biology သို့မဟုတ် Life Science နောက်ခံရှိသူတွေကို လက်ခံလေ့ရှိပါတယ်။

အဲ့တော့ဘယ်နေရာ အရေးကြီးလဲ ❗️❗️
Personal Statement /Study Plan essayပိုင်းပါ
ဉပမာ ။ ။ essay ရေးရင် ဘွဲ့ကြိုတန်းမှာ Biochemistry (ဇီဝဓာတုဗေဒ) သို့မဟုတ် Organic Chemistry သင်ရတဲ့အခါ အစားအသောက်တွေရဲ့ ဓာတ်ပြုမှုအပေါ် စိတ်ဝင်စားမှု စတင်ခဲ့ပုံမျိုး။
ဘွဲ့ကြိုတုန်းက လုပ်ခဲ့ဖူးတဲ့ Lab တိုင်းတာမှုတွေ၊ Chemical Analysis ကျွမ်းကျင်မှုတွေက Food Testing ပိုင်းမှာ အဆင်သင့် အသုံးချနိုင်တဲ့ အားသာချက် ဖြစ်ကြောင်း ပြသပါ ။
ဒါ့အပြင့် ကိုယ်တိုင်လေ့လာခဲ့တဲ့ experience တွေပါထည့်ပြပါ

၂။ English / Foreign Languages မှသည် MBA / International Relations (IR)၊ Tourism /Hospitality ကူးမယ်။

ဘာသာစကား ကျွမ်းကျင်မှုဆိုတာ ကမ္ဘာBusiness နဲ့ နိုင်ငံတကာဆက်ဆံရေး (IR) နယ်ပယ်တွေအတွက် အကောင်းဆုံး လက်နက်ဖြစ်ပါတယ်။ ဘာသာစကား အခြေခံကို ကမ္ဘာ့ဈေးကွက်အကြောင်း သို့မဟုတ် နိုင်ငံတကာ ပူးဆောင်ရွက်မှု သုတေသနတွေ လုပ်မယ်ဆိုပြီး ချိတ်ဆက်ရပါမယ်။

၃။ Engineering (Any Engineering မေဂျာများ) ကနေ Technology Management / Data Analytics တွေလဲယူလို့ရပါတယ်

စက်မှုနဲ့ နည်းပညာ အခြေခံရှိပြီးသား အင်ဂျင်နီယာတစ်ယောက်က စီမံခန့်ခွဲမှုပညာ (Management) သို့မဟုတ် စီးပွားရေးဒေတာ ဆန်းစစ်မှု Data Analytics ကို ထပ်မံလေ့လာတဲ့အခါ နည်းပညာ Company တွေ အကြိုက်ဆုံး ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ အားသာချက်ကို ပြသရမှာပါ။

၄။ Mathematics / Physics ကနေ Computer Science / Data Science

IT နဲ့ AI နည်းပညာတွေရဲ့ နောက်ကွယ်က Core က Programming တင်မကဘဲ အဆင့်မြင့်သင်္ချာနဲ့ Logical Thinking ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခိုင်မာတဲ့ သင်္ချာ/ရူပဗေဒ အခြေခံကို သုံးပြီး ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ လမ်းကြောင်းကို အလွယ်တကူ ကူးပြောင်းနိုင်ပါတယ်။

အဓိကက မဟာပညာဖြစ်တာကြောင့် essayကို မိမိနဂိုကလေ့ခါထားတဲ့ပညာနဲ့ ချိတ်ဆက်မိရေးတတ်ဖို့ပါ ဒါ့အပြင် experience တွေပါ ထည့်ရင်လဲရပါတယ်

Scholarship Essay တွေ၊ Study Plan တွေ ရေးတဲ့အခါ အစပိုင်းမှာ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့… အပိတ်ဖြစ်တဲ့ Future Plan (အနာ...
21/05/2026

Scholarship Essay တွေ၊ Study Plan တွေ ရေးတဲ့အခါ အစပိုင်းမှာ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့… အပိတ်ဖြစ်တဲ့ Future Plan (အနာဂတ်အစီအစဉ်) ရောက်မှ လွဲချော်သွားတတ်ပါတယ်။

အမှား (၁) ဘွဲ့ရရင် အဲ့ဒီနိုင်ငံမှာပဲ တစ်ခါတည်း အခြေချ နေထိုင်သွားပါမယ်
Korea scholarship တင်မက ဘယ်နိုင်ငံ Fully Funded အစိုးရပညာသင်ဆုအများစုသည် နိုင်ငံတကာက လူတွေကို ခေါ်ပြီး သူတို့နိုင်ငံမှာ အလုပ်ကိုင်လုပ် အပြီးနေထိုင်ဖို့ ပေးတာမဟုတ်ပါဘူး။ မိမိနိုင်ငံကို ပြန်လည်ဦးဆောင်ပြီး တိုးတက်အောင် လုပ်နိုင်မယ့် "အနာဂတ်ခေါင်းဆောင်များ" ကို မွေးထုတ်ပေးချင်တာပါ။ ဒါကြောင့် အမိနိုင်ငံ ပြန်ပြီး မိမိ community ကို ဘယ်လို အကျိုးပြုမယ်ရေးရပါမယ်။
ဒါကြောင့် HAN Academy GKS document preparation classတွေမှာ essay outlineအကြောင်းပြောရင် koreaမှာ ဆက်နေတာ မနေတာ
နောက်မှ ကိုယ့်ကဏ္ဍ essay ထဲမှာတော့ အဲ့လိုမရေးပါနဲ့ အမြဲပြောပါတယ် ။

ဘယ်လိုရေးမလဲ??👇👇
မိမိနိုင်ငံကို ပြန်လာပြီး အကျိုးပြုမယ့်အစီအစဉ်ကိုပဲ အဓိကထားရေးပါ။ ဘွဲ့ရပြီးနောက် မိမိနိုင်ငံရှိ သက်ဆိုင်ရာ ကဏ္ဍ/အဖွဲ့အစည်းများသို့ ပြန်လည် ဆန်းသစ်လာသော ပညာရပ်များဖြင့် အလုပ်အကျွေးပြုမည် ဆိုတာမျိုး ရေးသားရပါမယ်။

အကယ်၍ ရေးချင်တယ်ဆိုရင်တောင် အလိမ္မာသုံးကာ ….
ဘွဲ့ရပြီးနောက် အဲ့ဒီနိုင်ငံမှာ (၁) နှစ်ခန့် လက်တွေ့ Internship ဆင်းပြီး Professional အတွေ့အကြုံများကို မိမိနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာကာ..." ဆိုပြီး လှည့်ရေးရပါမယ်။

အမှား (၂)။ ကျွန်တော်/ကျွန်မကတော့ ဘွဲ့ရပြီး ကြားထဲ အဆင်ပြေတဲ့ အလုပ်တစ်ခုခု ဝင်လုပ်ပါမယ်

အကဲဖြတ်သူတွေ အမုန်းဆုံးက စိတ်ကူးအိပ်မက် မပြတ်သားတဲ့အချက်ပါ။ "ဘွဲ့ရရင် အလုပ်တစ်ခုခုတော့ ရမှာပဲ၊ အဆင်ပြေတာ လုပ်မယ်" ဆိုတဲ့ ပုံစံမျိုး ရေးထားရင် ကိုယ့်မှာ ကိုယ်ပိုင် Vision မရှိဘူးလို့ သတ်မှတ်ခံရတတ်ပါတယ်။
တိကျတဲ့ Goals တွေ ချပြပါ။ မိမိ တက်ရောက်မယ့် မေဂျာနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်း၊ အစိုးရဌာန၊ NGO သို့မဟုတ် ကုမ္ပဏီ အမျိုးအစားကို အမည်တပ်ပြီး ရေးပါ။
ဉပမာ ဘွဲ့ရပြီးနောက် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ Community-Based Tourism (CBT) အဖွဲ့အစည်းများ သို့မဟုတ် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနများတွင် ဝင်ရောက် လုပ်ကိုင်ကာ..." စသဖြင့် မိမိ သွားမယ့်လမ်းကြောင်းကို တိတိကျကျ ချပြပါ။

အမှား (၃)။ AI မေးပြီး သူပြောတဲ့ပုံစံအတိုင်း စကားလုံးအသုံးကြီးကြီးတွေမသုံးပါနဲ့ ။
ကိုယ်တကယ် လုပ်နိုင်မယ့် လက်တွေ့ကျကျနဲ့ ရိုးသားတဲ့ plan ကို ရေးပါ။

GKS one on one classတွေ ပြန်စနေပါပြီ လူဦးရေ က ငါးယောက် ဘဲ ထပ်လက်ခံပါတော့မယ် တစ်ယောက်ချင်းစီပဲအတန်းခေါ်တာမလို့လူ ကန့်သတ်ထ...
21/05/2026

GKS one on one classတွေ ပြန်စနေပါပြီ လူဦးရေ က ငါးယောက် ဘဲ ထပ်လက်ခံပါတော့မယ် တစ်ယောက်ချင်းစီပဲအတန်းခေါ်တာမလို့လူ ကန့်သတ်ထားတာပါရှင့်
မကြာခင် September ခေါ်တော့မယ့် GKS undergraduate အတွက် အခုကတည်းလိုအပ်တဲ့ document တွေအတွက် mofa seal တွေထုဖို့ processတွေ essay က အစ အခုကတည်းကြိုပြင်သင့်ပါတယ်
ဒီ GKS document preparation class document လိုအပ်ချက် mofa notary process ကအစ university major ရွေးချယ်မှု GKS scholarship ရဲ့ပုံစံတွေ essay outline ပြင်ပုံပြင်နည်းတွေအပြင် September ကျရင် application formအတူပြင် document စီ အိတ်ပိတ်တဲ့အထိ သွားမဲ့အတန်းလေးဖြစ်ပါတယ်
ဒါ့အပြင် proofreading classနဲ့လဲ တွဲတက်ချင်လဲရပါတယ်

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when HAN Academy Korea Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share