Creatiway

Creatiway Creatiway guides creators in mastering essential skills for innovative content creation and reaching their goals.

Page လေးကိုကော သင်တန်းကိုကော မ run ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ မကြာခင် ပြန်တွေ့ကြမယ်နော်။
25/07/2026

Page လေးကိုကော သင်တန်းကိုကော မ run ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ မကြာခင် ပြန်တွေ့ကြမယ်နော်။

Marketing ကို စလေ့လာတဲ့အချိန်မှာ အမှားမလုပ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ဒါပေမယ့်…အမှားကို သိပြီး ပြင်နိုင်တဲ့သူကပဲ ပိုမြ...
24/07/2026

Marketing ကို စလေ့လာတဲ့အချိန်မှာ အမှားမလုပ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။

ဒါပေမယ့်…

အမှားကို သိပြီး ပြင်နိုင်တဲ့သူကပဲ ပိုမြန်မြန်တိုးတက်ပါတယ်။ 🚀

ဒီ Carousel ထဲမှာ Beginner တိုင်း ကြုံဖူးတဲ့ Marketing Mistakes (၅) ခုကို စုစည်းပေးထားပါတယ်။

✔️ ရောင်းဖို့ပဲ အာရုံစိုက်လွန်းတာ

✔️ Plan မရှိဘဲ Post တင်နေတာ

✔️ သူများလုပ်တာကို အကုန်လိုက်လုပ်နေတာ

✔️ Audience ကို လျစ်လျူရှုတာ

✔️ Result ကို အရမ်းမြန်မြန် မျှော်လင့်တာ

ဖတ်ပြီးသွားရင်…

💬 ဘယ်အမှားကို ကိုယ်အများဆုံး လုပ်ဖူးလဲ? Comment မှာ မျှဝေပေးခဲ့နော်။

📌 နောက်ပြန်ဖတ်ဖို့ Save ထားပြီး Marketing ကို လက်တွေ့ကျကျ လေ့လာချင်ရင် Creatiway ကို Follow လုပ်ထားလိုက်ပါ။

Post တစ်ခုရဲ့ Engagement ကို နှစ်ဆ တိုးချင်ရင် Formula တစ်ခုပဲ လိုပါတယ်။Content ရှည်စရာလည်း မလိုအပ်သလို Idea အသစ်တွေကိုလ...
27/05/2026

Post တစ်ခုရဲ့ Engagement ကို နှစ်ဆ တိုးချင်ရင် Formula တစ်ခုပဲ လိုပါတယ်။

Content ရှည်စရာလည်း မလိုအပ်သလို Idea အသစ်တွေကိုလည်း နေ့တိုင်း ရှာစရာမလိုပါဘူး။ ကိုယ့်မှာ ဒီ Structure တစ်ခုပဲ ကိုင်ထားဖို့ လိုအပ်ပါတယ်။

Structure မှာပါဝင်တာတွေကို ပြန်ရှင်းပြရရင်

Formula — HOOK → STORY → VALUE → CTA

✦ HOOK — လူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဖို့

✦ STORY — ကိုယ်ပိုင် အတွေ့အကြုံ

✦ VALUE — စာဖတ်တဲ့သူတွေ ကိုယ့်ဆီကနေယူသွားနိုင်တဲ့ Key Lesson

✦ CTA — တိတိကျကျ မေးခွန်းတစ်ခု ဒါမှမဟုတ် တိကျတဲ့ Action တစ်ခု

ဒီ Formula က ရိုးရှင်းပေမယ့်၊ စာဖတ်သူအတွက်တော့ Attention → Emotion → Decision စတာတွေကို တစ်ဆင့်ချင်း ရရှိမှာဖြစ်ပါတယ်။ ပြီးပြီးလည်း ထိရောက်ပါတယ်။

ကဲ... ဒီ Content လေးက အသုံးဝင်တယ်ဆိုရင်တော့ နောက်တစ်ခါ Content ရေးရင် ပြန်ဖတ်ဖို့ Save လုပ်ထားလိုက်ပါ။

Where the creativity grows.

Content Creator (၁၀) ယောက်မှာ (၉) ယောက်က ၃ လအတွင်း ရပ်သွားကြတယ်။Talent မရှိလို့လား? — မဟုတ်ပါဘူး။အချိန်မရှိလို့လား? — အဲ...
21/05/2026

Content Creator (၁၀) ယောက်မှာ (၉) ယောက်က ၃ လအတွင်း ရပ်သွားကြတယ်။

Talent မရှိလို့လား? — မဟုတ်ပါဘူး။
အချိန်မရှိလို့လား? — အဲဒါလည်း မဟုတ်ပါ။

တကယ့်အကြောင်းရင်းက ပိုပြီးနက်နဲပါတယ်။ ဒီအကြောင်းအရင်းကContent Creator၊ Freelance Writer၊ Personal Brand တည်ဆောက်နေတဲ့ Marketer အားလုံး သိထားသင့်တဲ့ အချက်ပါ။

အစပိုင်း (၂) ပတ်လောက်ကတော့ လူတိုင်း Motivation ပေါများပါတယ်။ Idea တွေ စီးထွက်လာတယ်၊ Post တွေ ဆက်တိုက် တင်ဖြစ်တယ်။
ဒါပေမယ့် ၃ ပတ်ကျော်လာတဲ့အခါ —

◾ "ဒီနေ့ ဘာရေးရမှန်း မသိဘူး"
◾ "ရေးတဲ့ Post တွေက Engagement မရဘူး"
◾ "ကိုယ်ပြောချင်တာက ရှင်းရှင်းလင်းလင်း မထွက်လာဘူး"

စတဲ့အကြောင်းအရင်းတွေဖြစ်လာတယ်။ ဒီ အကြောင်းအရင်းတွေက တကယ့် Burnout ဖြစ်ခြင်းရဲ့ အစပါ။

ပြဿနာရဲ့ အရင်းအမြစ်ကတော့ စနစ်ကျတဲ့ Content Pillar မရှိခြင်းပါပဲ။ Content Pillar မရှိရင် ရေးတိုင်း အစကနေ ပြန်စရတယ်။ Brain Energy ကုန်တယ်။ Idea မှန်သမျှ Random ဖြစ်နေတယ်။ Audience ကလည်း ကိုယ်ဘယ်အကြောင်း ပြောတဲ့သူလဲ မမှတ်မိတော့ဘူး။

တကယ်တမ်း အောင်မြင်နေတဲ့ Creator တွေကို ကြည့်ရင် 4-Pillar Framework တစ်ခုနဲ့ Content တွေ Plan လုပ်တာကို တွေ့ရတတ်ပါတယ်။

ဒီ Framework ရှိရင်တော့ —
Content Calendar တစ်ယောက်က တစ်လစာကို မိနစ် (၃၀) တည်း နဲ့ Plan လုပ်နိုင်တယ် ။ Content Idea ရှာရတာ မပင်ပန်းတော့ဘူး။ Audience ကလည်း ကိုယ့်ကို Expertise အနေနဲ့ ပိုပြီးမှတ်မိလာတယ်။ နောက်ဆုံးမှာတော့ Burnout ဖြစ်နှုန်းလည်း သိသိသာသာ လျော့ကျသွားလိမ့်မယ်။

ကိုယ်က Content Creator ဖြစ်ဖို့ ခြေလှမ်းစပြီး (၃) လနဲ့ မရပ်ချင်ဘူးဆိုရင်တော့ Pillar Framework ကို အရင်တည်ဆောက်ပါ။

📌 ဒီ Post ကလည်း အကျိုးရှိတယ်ဆိုရင် Save လုပ်ထားလိုက်ပါ။

Content Writing နဲ့ Copywriting က အတူတူပဲလား?ဒီမေးခွန်းကို စရေးခါစ Writer အများစု မေးဖူးတယ်။ Client နဲ့ စကားပြောတဲ့အခါ၊ ...
01/05/2026

Content Writing နဲ့ Copywriting က အတူတူပဲလား?

ဒီမေးခွန်းကို စရေးခါစ Writer အများစု မေးဖူးတယ်။ Client နဲ့ စကားပြောတဲ့အခါ၊ Service Package ရေးဆွဲတဲ့အခါ ဒီနှစ်ခုကို မရှင်းရင် Pricing ကအစ မှားသွားတတ်ပါတယ်။

ဒီနေ့တော့ Myth တွေကို တစ်ခုချင်း ဖြုတ်ကြည့်ရအောင်။

❌ Myth 2 —"နှစ်ခုလုံးက စာရေးတာချည်းပဲ၊ ဘာများ ကွာမှာလဲ"

✅ Reality — Content Writing က Educate / Inform / Build Trust ဖို့ရေးတယ်။ Copywriting က Sell / Convert / Take Action လုပ်အောင် ရေးတယ်။ ရည်ရွယ်ချက် ကိုယ်စီရှိပါတယ်။

❌ Myth 2 — "Copywriting က Content Writing ထက် အဆင့်မြင့်တယ်"

✅ Reality — အဆင့်မြင့်တာ မဟုတ်ပါ၊ Skill Set ကွာတာပါ။ Long-form Blog က Audience ကို ၅ မိနစ် ထိန်းထားရတယ်။ Sales Page က ၁၀ စက္ကန့်အတွင်း ဆုံးဖြတ်ချက်ချအောင် တွန်းပေးရတယ်။

❌ Myth 3 — "Writer တစ်ယောက်က နှစ်ခုလုံး တန်းတူ ရေးနိုင်တယ်"

✅ Reality — Foundation ကတော့ တူပါတယ်။ ဒါပေမယ့် Psychology, Structure, Tone က မတူပါဘူး။ Content ကောင်းကောင်းရေးတတ်တိုင်း Sales Copy ကောင်းမယ်လို့ မဆိုနိုင်ပါ။

ကိုယ်က ဘယ်ဘက်ကို အားသာချင်တာလဲ ဆိုတာ အရင် ဆုံးဖြတ်ပါ။ ပြီးမှ Skill ကို တည့်တည့် တည်ဆောက်ရတာ ပိုမြန်ပါတယ်။

ဒီအကြောင်းတွေကို Step-by-step လေ့လာချင်ရင်တော့ Creatiway ရဲ့ Content Writing Class မှာ ကျွန်တော်တို့နဲ့အတူတူ နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ပါတယ်။

Creatiway, where creativity grows.

"ဘာကြောင့် တစ်ချို့ Content တွေက ဖတ်ရင်း ဆက်ဖတ်ဖြစ်ပြီး၊ တစ်ချို့က ဆက်မဖတ်ချင်တော့တာလဲ?"အဖြေက Writing Skill တစ်ခုတည်း မဟ...
28/04/2026

"ဘာကြောင့် တစ်ချို့ Content တွေက ဖတ်ရင်း ဆက်ဖတ်ဖြစ်ပြီး၊ တစ်ချို့က ဆက်မဖတ်ချင်တော့တာလဲ?"

အဖြေက Writing Skill တစ်ခုတည်း မဟုတ်ပါဘူး။ Psychology ကိုလည်း မေ့ထားလို့ မရပါဘူး။

Audience ရဲ့ ဦးနှောက်ထဲမှာ ဘာတွေဖြစ်နေလည်း နားလည်တဲ့ Creator တွေ၊ Writer တွေကသာ စာတစ်ကြောင်းနဲ့ပဲ စာဖတ်သူကို ဆွဲထိန်းနိုင်ပါတယ်။ ဒီလို Creator တွေ၊ Writer တွေ ဖြစ်နိုင်ဖို့ Workshop တစ်ခု စီစဥ်ပေးထားပါတယ်။

🎯 Applied Psychology for CreatorFree Workshop | လူ ၁၀ ယောက်အတွက်သာ

ဒီ Workshop က Content Creator၊ Freelance Writer၊ Marketer တွေအတွက် ရည်ရွယ်ပါတယ်။

ဘာတွေ လေ့လာရမလဲ —

✦ စာဖတ်တဲ့လူတွေ ရဲ့ Attention ကို ဘယ်လို ဖမ်းမလဲ
✦ Buying Decision နောက်ကွယ်က Cognitive Bias တွေ
✦ Engagement မြင့်တက်စေတဲ့ Emotional Trigger တွေ
✦ Content ထဲ Psychology ကို Apply လုပ်နည်းတွေ

စတာတွေကို လက်တွေ့ Exercise တွေပြုလုပ်ပြီး လေ့လာရပါမယ်။

ဘာကြောင့် ၁၀ ယောက်ပဲ လက်ခံတာလဲ —

တစ်ယောက်ချင်းစီကို Q&A လုပ်ပြီး၊ ကိုယ်ပိုင် Content နဲ့ ချိတ်ပြီး လေ့ကျင့်နိုင်အောင်ပါ။ Group ကြီးလို Passive Learning မဟုတ်ဘဲ Hands-on ဖြစ်စေချင်လို့ပါခင်ဗျာ။

ပါဝင်ဖို့ကလည်း 100% Free ပါ။ ဒါပေမယ့် Commitment တော့ လိုပါတယ်။

ဒါကြောင့် Workshop မှာ လူမပြည့်ခင် ပါဝင်ဖို့ Messenger မှာ အခုပဲ စာရင်းပေးထားလိုက်ပါ။

27/04/2026

Idea ရှားပါးတာက ပြဿနာ မဟုတ်ပါဘူး
Idea ကို ဖြတ်တောက်နည်း မသိတာက ပြဿနာ။

ဒါကြောင့် Idea တစ်ခုရလာတာနဲ့ ဒီ ၅ Format နဲ့ ပြောင်းကြည့်လိုက်ပါ:

✅ List ပုံစံ
✅ Tutorial ပုံစံ
✅ Comparison ပုံစံ
✅ Story ပုံစံ
✅ Mistake ပုံစံ

ဒါဆိုရင် တစ်ပတ်စာ Content တွေအတွက်တော့ Plan ဖြစ်ပြီးသားပဲ! 🎯

Video ထဲမှာ ဥပမာနဲ့တကွ ပြောထားပါတယ်။ Video ကြည့်ပြီးရင်လည်း Save လုပ်ထားပြီး သူငယ်ချင်းတွေကိုပါ Share ပေးပါ 💙

Copywriter တစ်ယောက်ဆိုရင်တော့ AIDA နဲ့ PAS ကို မကြာခဏ ကြားဖူးမှာပါ။ဒါပေမယ့် တကယ်တမ်း ရေးတဲ့အခါ ဘယ်အချိန်ဘယ် Framework သု...
26/04/2026

Copywriter တစ်ယောက်ဆိုရင်တော့ AIDA နဲ့ PAS ကို မကြာခဏ ကြားဖူးမှာပါ။

ဒါပေမယ့် တကယ်တမ်း ရေးတဲ့အခါ ဘယ်အချိန်ဘယ် Framework သုံးရမလဲဆိုတာ မသေချာတဲ့သူတွေ အများကြီးရှိပါတယ်။

ဒီနေ့တော့ Freelance Writer၊ Agency Copywriter တွေအတွက် ရှင်းရှင်းလင်းလင်း ခွဲပြလိုက်ရအောင်။

1️⃣ AIDA — Attention, Interest, Desire, Action

⚫ Audience က Product ကို မသိသေးတဲ့အချိန် သုံးပါ
⚫ Brand Awareness Post၊ New Product Launch တွေအတွက် အသင့်တော်ဆုံး
⚫ စိတ်ဝင်စားအောင် ဖြည်းဖြည်းချင်း ဆွဲခေါ်တဲ့ စတိုင်

ဥပမာ — Skincare Brand အသစ်တစ်ခုရဲ့ Launch Campaign

2️⃣ PAS — Problem, Agitation, Solution

⚫ Audience မှာ Pain Point ရှိပြီးသား အချိန်သုံးပါ
⚫ Service-based business၊ Solution-driven Product တွေအတွက် ပိုပြီးထိရောက်ပါတယ်
⚫ ပြဿနာကို ထိုးထွင်းပြောပြီးမှ Solution ပေးတဲ့ Direct စတိုင်မျိုးပါ

ဥပမာ — Acne Treatment၊ Productivity Tool၊ Course တွေ

🔸 ဘယ်လို ရွေးကြမလဲ? 🔸

ကိုယ်တာဝန်ယူပေးနေတဲ့ Client ရဲ့ Audience က Problem ကို သိပြီးသားလား၊ မသိသေးဘူးလား။ အဲဒါကို အရင်ဆုံး ပြန်မေးပါ။

သိပြီးသားဆိုရင်တော့ PAS ကို သုံးလို့ရပြီး မသိသေးဘူးဆိုရင်တော့ AIDA ကိုသုံးပါ။

ဒီတစ်ချက်တည်းနဲ့တင် Copy Strategy တစ်ဝက် ရှင်းသွားပါပြီ။

ဒီလို Copywriting Tips တွေ အမြဲသိရဖို့အတွက် Creatiway ကို Follow လုပ်ထားကြပါဦး။

Creatiway, where creativity grows.

၄:၁ ကို သုံးပြီး Content တင်တိုင်း Result ထွက်အောင် လုပ်ကြမယ်!Content Marketing လုပ်တဲ့အခါ အမှားအယွင်းအများဆုံးက "ရောင်း...
13/03/2026

၄:၁ ကို သုံးပြီး Content တင်တိုင်း Result ထွက်အောင် လုပ်ကြမယ်!

Content Marketing လုပ်တဲ့အခါ အမှားအယွင်းအများဆုံးက "ရောင်းဖို့ချည်းပဲ" ဇွတ်ကြိုးစားနေတာပါ။ လူတွေက အရောင်းအဝယ်ပိတ်တာကို မကြိုက်ဘူး၊ ဒါပေမဲ့ ဝယ်ယူရတာကိုတော့ ကြိုက်ကြပါတယ်။ ဒါကြောင့် ကိုယ်က 4:1 Rule ကို Content Funnel နဲ့ ပေါင်းစပ်ပြီး သုံးတတ်ဖို့ လိုပါတယ်။

“4:1 Rule ဆိုတာ ဘာလဲ?”

အရိုးရှင်းဆုံး ပြောရရင်... "တန်ဖိုးရှိတဲ့ Content (၄) ခု တင်ပြီးတိုင်း အရောင်း Content (၁) ခုပဲ တင်ပါ" လို့ ဆိုလိုတာပါ။

ဒီ Rule ကို Content Marketing Funnel ရဲ့ အဆင့် (၃) ဆင့်နဲ့ ဒီလို တွဲသုံးရပါမယ်-

၁။ Awareness (TOFU - Top of Funnel)

Content Type: ပညာပေး (Educational)၊ ဖျော်ဖြေရေး (Entertainment)။
Rule: ဒီအဆင့်မှာ Content (၂) ခုလောက် ရှိသင့်ပါတယ်။
Goal: လူအသစ်တွေ ကိုယ့်ကို သိလာဖို့။ (ဥပမာ- "Digital Nomad လုပ်ဖို့ လိုအပ်တဲ့ Skill ၃ ခု")

၂။ Consideration (MOFU - Middle of Funnel)

Content Type: အတွေ့အကြုံ (Journey)၊ ယုံကြည်မှု တည်ဆောက်ခြင်း (Trust Building)။
Rule: ဒီအဆင့်မှာ Content (၂) ခုလောက် ရှိသင့်ပါတယ်။
Goal: ကိုယ့်ကို ယုံကြည်လာပြီး စိတ်ဝင်စားလာဖို့။ (ဥပမာ- "ကိုယ့်ရဲ့ ၈ နှစ်တာ Content Marketing ဖြတ်သန်းမှု")

၃။ Conversion (BOFU - Bottom of Funnel)
Content Type: အရောင်း (Sales)၊ ရလဒ်ပြသခြင်း (Results/Testimonials)။
Rule: ဒါကတော့ (၁) ခုတည်းသော "1" ပါ။
Goal: တကယ့်ဝယ်ယူသူ ဖြစ်လာဖို့။ (ဥပမာ- "ကိုယ့်ရဲ့ တစ်ဦးချင်း Guide ပေးမယ့် Program အပ်နှံနိုင်ပါပြီ")

Content Marketing လုပ်တဲ့အခါ Audience ကို တန်ဖိုး (Value) တွေ အရင်ပေးပါ၊ ယုံကြည်မှု (Trust) အရင်တည်ဆောက်ပါ။ ပြီးမှ ရောင်းပါ။ ဒါဆိုရင် Brand ရဲ့ Copywriting က ပရိသတ်အတွက် စိတ်အနှောင့်အယှက် မဖြစ်စေတော့ဘဲ တကယ့် Solution တစ်ခု ဖြစ်သွားပါလိမ့်မယ်။

ဒီ စာကိုဖတ်ပြီးသွားရင် ကိုယ့်ရဲ့ အခုတလော တင်ထားတဲ့ Content တွေကို ပြန်စစ်ကြည့်ပါ။ ရောင်းဖို့ချည်းပဲ ဖြစ်နေလား? ဒါမှမဟုတ် တန်ဖိုးတွေ ပေးနေတာလား? Comment မှာ မျှဝေပေးခဲ့ပါဦး။

Where the creativity grows.

Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when Creatiway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category