TH-Education Service

TH-Education Service

Share

Kg to G-12 and international school course အတွက်Guideများနှင့်ချိတ်ဆက်၀န်ဆောင်မှုပေးနေပါသည်။

22/04/2025

*ဂီတစာဆိုလှိုင်ထိပ်ခေါင်တင်*
(ဒသမတန်း-မြန်မာစာ)

(၁)ဂီတစာဆိုလှိုင်ထိပ်ခေါင်တင်၏ အတ္ထုပ္ပတ္တိကို မည်သည့်ခေတ်တွင် မည်သူရေးခဲ့သနည်း။

(၂)ဂီတစာဆိုလှိုင်ထိပ်ခေါင်တင်၏ အတ္ထုပ္ပတ္တိကို မည်သည့်ကျမ်းမှ ကောက်နုတ်ထားသနည်း။

(၃)ဆရာကြီးဦးမြင့်ကြည်သည် (၁၉၅၂)တွင် မည်သည့်တူရိယာအဖွဲ့၌ ပါဝင်ခဲ့သနည်း။

(၄)ဆရာကြီးဦးမြင့်ကြည်ရေသားခဲ့သော သီချင်းအချို့ကိုဖော်ပြပါ။

(၅)ဆရာကြီးဦးမြင့်ကြည်၏ ကလောင်ခွဲများကိုဖော်ပြပါ။

(၆)ဆရာကြီးဦးမြင့်ကြည်သည် (၂၀၁၄)ခုနှစ်တွင် မည်သည့်ဘွဲ့ကိုရရှိခဲ့သနည်း။

(၇)လှိုင်ထိပ်ခေါင်တင်၏မိဘနှစ်ပါးကိုဖော်ပြပါ။

(၈)မဖွားကြီးအဖြစ်မှ လှိုင်ထိပ်ခေါင်တင်ဟုအမည်တွင်လာပုံကိုဖော်ပြပါ။

(၉)လှိုင်ထိပ်ခေါင်တင်ရရှိခဲ့သော ဘွဲ့‌အမည်နာမတော်ကိုဖော်ပြပါ။

(၁၀)သာယာဝတီမင်းသည် လှိုင်ထိပ်ခေါင်တင်၏အမိ သူ၏မိဖုရားအား အဘယ်ကြောင့်ကွပ်မျက်ခဲ့သနည်း။

(၁၁)လှိုင်ထိပ်ခေါင်တင် မိဘမဲ့ဖြစ်သွားသောအခါ မည်သူတို့က စောင့်ရှောက်ခဲ့သည်။

(၁၂)လှိုင်ထိပ်ခေါင်တင်နှင် ကနောင်မင်းသားတို့သည် မည်သို့ အမျိုးတော်စပ်ကြသနည်း ။

(၁၃)လှိုင်ထိပ်ခေါင်တင်၏ ထင်ရှားသော ဘောလယ်များကိုဖော်ပြပါ။

(၁၄)နာဂဆဒ္ဒန်ဘောလယ်ကို မည်သို့သရုပ်ဖော်ရေးဖွဲ့ထားသနည်း။

(၁၅)ကနောင်မင်းသားသည် မည်သည့်အရေး၌ ကံတော်ကုန်ခဲ့သနည်း။

(၁၆)လှိုင်ထိပ်ခေါင်တင်၏ အတ္ထုပ္ပတ္တိပါ အလင်္ကာများကိုရွေးထုတ်ရှင်းလင်းပါ။

(၁၇)လှိုင်ထိပ်ခေါင်၏အတ္ထုပ္ပတ္တိကိုလေ့လာခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများရရှိနိုင်သနည်း။

22/04/2025

သက်ဆိုင်ရာဒေသအသီးသီးက ကလေးတွေ
အမြန်ဆုံးပြန်လည်ပြင်ဆင်ဖြေဆိုနိုင်ကြပါစေ။

19/04/2025
18/04/2025

မြန်မာ့ နှစ်သစ်ကူးအချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာလိုရာဆန္ဒပြည့်ဝကြပါစေ။

07/02/2025

G-12 မြန်မာစာမေးခွန်းတို

*အပြောအဆိုပိုင်း*
*မြန်မာစကားသံနှင့် အနက်အဓိပ္ပါယ်ဆောင်းပါး*

မြန်မာစကားသံနှင့် အနက်အဓိပ္ပါယ်ဆောင်းပါးကိုမည်သည့်စာအုပ်မှ ကောက်နုတ်ထားသနည်း။

ဆရာမောင်ခင်မင်(ဓနုဖြူ)၏"မြန်မာစကား မြန်မာစာရုပ်ပုံလွှာ"စာအုပ်တွင်မည်သည့်အရာများကို လေ့လာတင်ပြထားသနည်း။

မြန်မာစကားသံနှင့် အနက်အဓိပ္ပါယ်ဆောင်းပါးသည် မည်သည်ကိုရည်ရွယ်နည်။/မည်သည့်ရည်ရွယ်ချက်ဖြင့်ရေးဖွဲ့ထားသနည်း။

"မှေး၊မှောင်၊မှိုင်း၊မှိန်"ဟူသောစကားလုံးတို့၏ အနက်ကိုဖော်ပြပါ။

စကားလုံးတစ်လုံးကို တ-ဗျည်းသံနှစ်လုံးဆင့်တွဲလိုက်ပါက ထိုစကားလုံး၏အနက်အဓိပ္ပါယ် မည်သို့ဖြစ်သွားလေ့ရှိသနည်း။ဥပမာဖြင့်ရှင်းပြပါ။

"ထမင်းချက်"ဟူသောစကားလုံးကို နာမ်အနက်ဖြင့် အသံထွက်လျှင် မည်သို့ထွက်မည်နည်း။

အနိမ့်သက်သံ၊သံပြေနှင့် အမြင့်သက်သံတို့တွင် မည်သည်က ပိုလွန်သောအနက်ဆောင်သနည်း။

ကဗျာလင်္ကာတို့တွင် စည်းမျဉ်းအရ စပ်ထားသောစကားလုံးတို့၏ညီညွတ်သောအသံကို မည်သို့ခေါ်သနည်း။

သက်သံဟူသည် အဘယ်နည်း။

23/11/2024

အတန်းတင် စာမေးပွဲ အချိန်စာရင်း
(နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်း)
၁။၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရပါမည်။

၂။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားရန်ဖြစ်ပါသည်။

(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၅)ရက်နေ့မှ (၂၇-၂-၂ဝ၂၅)ရက်နေ့အတွင်း ကျင်းပရန် ဖြစ်ပါသည်။
ဇွန်လမှဖေဖော်ဝါရီလအထိ သင်ခန်းစာများ
၁၀၀မှတ် တစ်နေ့တစ်ဘာသာ ။ ဖြေဆိုချိန် ( ၁း၃၀ )

(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၅)ရက်နေ့မှ (၂၈-၂-၂၀၂၅)အတွင်း ကျင်းပရန် ဖြစ်ပါသည်။
ဇွန်လမှဖေဖော်ဝါရီလအထိ သင်ခန်းစာများ
၁၀၀မှတ် တစ်နေ့တစ်ဘာသာ ။ ဖြေဆိုချိန် ( ၂း၀၀ )

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၅)ရက်နေ့မှ (၂၀-၂-၂၀၂၅) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
G-1/2/3 စာသင်ခန်းအတွင်းပုံမှန်တတ်မြောက်မှုစစ်ဆေးခြင်း
G-4 - ၂၅ မှတ်
G-10 - ၁၀၀မှတ်
G-11 - ၁၀၀မှတ်
ကျန်အတန်းအားလုံး - ၅၀ မှတ်

(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၅) ရက်နေ့မှ (၂၀-၂-၂ဝ၂၅)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
မှတ်ချက်- တက္ကသိုလ်ဝင်စာမေးပွဲ ဗဟိုအဆင့် (အစိုးရစစ်) အချိန်စာရင်းမထွက်ရှိသေးပါ။

၃။ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။
Credit*
Sayar U Myint Oo

15/11/2024

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးမှာ ဆရာ/မများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ " TH-Education Service" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photos from TH-Education Service's post 27/10/2024

ကလေးအငယ်လေးတွေမသိသေးတဲ့ ရန်ကုန်တိုင်းဒေသကြီးအကြောင်း။📖📖📖📰📰📰

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon
Yangon