Kay Thwe’s Academic Diary

Kay Thwe’s Academic Diary Giving educational tips through the lens of my academic journey

Design ကျောင်းတက်ဖို့ စဉ်းစားနေတဲ့ ကျောင်းသား ကျောင်းသူတွေ တက်သင့်တဲ့ workshop လေးပါ။ ၃ ရက်ထဲပေမယ့် design ကျောင်းမတက်ခင...
19/05/2025

Design ကျောင်းတက်ဖို့ စဉ်းစားနေတဲ့ ကျောင်းသား ကျောင်းသူတွေ တက်သင့်တဲ့ workshop လေးပါ။ ၃ ရက်ထဲပေမယ့် design ကျောင်းမတက်ခင် သိသင့်သိထိုက်တာတွေ၊ aptitude test ရဲ့ tricks တွေလဲ သင်ကြားပေးသွားမှာပါ။ instructor ချောချောလေးတွေ သင်မှာဆိုတော့ sign up လုပ်သွားကြနော် 🙂‍↕️

🎓 Design Proficiency Online Workshop
June 6–8, 2025 | Live on Zoom

Three dynamic sessions that equip future designers with the skills universities—and the industry—expect.

What you’ll learn
Read and interpret structural concepts

Translate smoothly between 2D, isometric, and 3D views

Draft clear floor plans, elevations, and sections

Sketch ideas rapidly for concept development

Present designs with confidence and visual impact

These are the core skills every designer must master—not just to pass a proficiency test, but to thrive in any creative field.

🗓 Schedule
• Fri 6 Jun | 6 PM – 9 PM
• Sat 7 Jun | 1 PM – 4 PM
• Sun 8 Jun | 1 PM – 4 PM

✅ Ideal for high-school students preparing portfolios and entrance tests for design or architecture programs.
🌍 Taught in English and open to international students everywhere.

Ready to level up? Register now: https://forms.cloud.microsoft/r/uECY9zqjni

မနက်ဖြန် ကိုယ်ပိုင် အတွေးအကြုံလေးနဲ့ ပက်သက်ပြီး  podcast webinar လေးပြောဖို့ရှိပါတယ်။ စိတ်ဝင်စားရင် join လို့ရပါတယ်။ you...
28/04/2025

မနက်ဖြန် ကိုယ်ပိုင် အတွေးအကြုံလေးနဲ့ ပက်သက်ပြီး podcast webinar လေးပြောဖို့ရှိပါတယ်။ စိတ်ဝင်စားရင် join လို့ရပါတယ်။ youtube ကနေ live လွင့်သွားမှာပါ။

🎓 Bridging the Gap: Strategies for a Transformative Gap Year
A Talk by Kay Thwe Oo (Mandy Yao)
Alumna, School of Architecture and Design at KMUTT

📍As part of the Seminar Carnival 2025, this session will explore personal insights and practical strategies on how to make the most out of a gap year. Join us for an inspiring and reflective conversation aimed at students considering or navigating their own gap year journeys.
📅 Tuesday, April 29th
🕜LIVE at 13.30 HRS
Don’t miss out! Secure your spot now by scanning the QR code!

ပြီးခဲ့တဲ့အပတ်က Post မှာ ပြောထားတဲ့ Reach, Target, Safety ကို ဘယ်လိုခွဲလျှောက်မလဲ?? ကျောင်းတစ်ကျောင်းထပ် ပိုလျှောက်ရပြီဆ...
26/03/2025

ပြီးခဲ့တဲ့အပတ်က Post မှာ ပြောထားတဲ့ Reach, Target, Safety ကို ဘယ်လိုခွဲလျှောက်မလဲ??

ကျောင်းတစ်ကျောင်းထပ် ပိုလျှောက်ရပြီဆို အရေးကြီးဆုံးက ကျောင်းအချက်အလက်တွေ requirement တွေကို note down လုပ်ထားတာ အကောင်းဆုံးပါပဲ။ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းမှာ လိုအပ်ချက်တွေ၊ အမှတ်တောင်းတာတွေ၊ အခြားအခြားသော requirement တွေ တောင်းတာ မတူနိုင်ပါဘူး။ ဒါကြောင့်မို့ ကျောင်းလျှောက်ဖို့ လိုအပ်ချက်တွေ၊ ကျောင်းလျှောက်တာ ဘယ်အတိုင်းအတာအထိပြီးသွားပြီလဲ? ဘယ်တွေကျန်သေးသလဲ? စတာတွေ သိနိုင်ဖို့ဆို သေသေချာချာလေး note down လုပ်ပြီးမှတ်ထားတာ အကောင်းဆုံးပါပဲ။

👉🏻 အရင်ဆုံးအနေနဲ့ ကိုယ်လျှောက်ထားတဲ့ ကျောင်းကို Reach, Target, Safety အရင်ဆုံးခွဲလိုက်ပါ။

ကျောင်းလျှောက်တဲ့ အခါ အရေးအကြီးဆုံးအချက်အလက်များကို ပြောပြပေးသွားပါမယ်။

👉🏻 Deadline - တော်တော်ကို အရေးကြီးပါတယ်။ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း Deadline ချင်မတူညီနိုင်ပါ။ ကိုယ်လျှောက်ထားတဲ့ ကျောင်းတွေရဲ့ Deadline ကိုသိထားတဲ့အခါ ဘယ်ကျောင်းကို အရင် ဉီးစားပေးလျှောက်ရမယ်၊ ကျောင်းကတောင်းတဲ့ အချက်အလက်တွေကိုအချိန်မှီ သေချာစွာ စုဆောင်းနိုင်မှာဖြစ်ပါတယ်။

👉🏻 Requirements - အခြေခံ requirement ဖြစ်တဲ့ Transcript တောင်းတာကတော့ ကျောင်းအားလုံးအတူတူပါပဲ။ သို့ပေမယ့် IELTS, TOEFL စတဲ့ အမှတ်တွေ သတ်မှတ်ချက်ကတော့ မတူနိုင်ပါဘူး။

👉🏻 Additional Requirements - ဒါတော့ တစ်ကျောင်းနဲ့ တစ်ကျောင်းလုံးဝကို မတူနိုင်ပါဘူး။ အချို့ကျောင်းတွေက Supplementary Essay နဲ့ Writing Sample တွေတောင်းတယ်ဆိုပေမယ့် အချို့ကျောင်းတွေက ဘာမှာမတောင်းတာတွေလည်း ရှိပါတယ်။

👉🏻 Application Fees - ကျောင်းလျှောက်တဲ့အခါ Application Fees ပေးရပါတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်း Fees သတ်မှတ်ထားတာတွေ မတူပါဘူး။ အဲ့တော့ ကိုယ်က ဘယ်နှကျောင်းလျှောက်မယ်၊ ဘယ်လောက်ကုန်ကျမလဲဆိုတာကို တိတိကျကျသိဖို့အရေးကြီးပါတယ်။ ဒါမှ ကုန်ကျစရိတ်ဘယ်လောက်လဲ ကိုယ်သတ်မှတ်ထားတဲ့အတိုင်းကိုက်ညီရဲ့လားဆိုတာ သိနိုင်ပါတယ်။

👉🏻 Recommandation - ဒါလည်း တစ်ကျောင်းနဲ့ တစ်ကျောင်းမတူပါဘူး။ အချို့ကလည်း အလုပ်ရှင်ရဲ့ ထောက်ခံစာကိုတောင်းတယ်။ အချို့ကျတော့လည်း ကိုယ်တတ်ခဲ့တဲ့ ကျောင်းကို တောင်းတယ်။ နှစ်ခုလုံးတောင်းတဲ့ ကျောင်းလည်းရှိတယ်။ (ဉပမာ Master အတွက်လျှောက်တာဆို Bachelor ကျောင်းက ထောက်ခံချက်တောင်းတာပေါ့) အချို့ကျောင်းတွေကတော့ Recommendation ဘယ်နှစောင်ပေးရမယ်ဆိုတာကိုပါ သတ်မှတ်ပေးထားပါတယ်။ တချို့ကလည်း Recommendation ကိုလေးလေးနက်နက်ထားပြီး ကြည့်သလို အချို့ကျတော့လည်း နဲနဲလောက်ပဲကြည့်တာ ရှိပါတယ်။

👉🏻 Location - ကိုယ့်ရဲ့ ကျောင်းတည်နေရာကလည်း အလွန်အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ သွားရေးလာရေး နေရေးထိုင်ရေးတွေ အားလုံးက ကျောင်းရဲ့ Location ပေါ်မှာမူတည်တဲ့အတွက် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

👉🏻 Tuition Fees - ဒါကတော့ ကျောင်းတကယ်ဝင်သွားပြီဆိုရင် ပေးရတော့မယ့် ကျောင်းလခပါ။ တစ်နှစ်ကို ဘယ်လောက်ကုန်ကျမယ်။ Scholarship ဘယ်လောက်ရတယ် အားလုံးကို သေချာတွက်ထားရပါမယ်။ ဒါမှ ကျောင်းလခ ကိုယ်အတွက်များတယ် မများဘူး ဆိုတာကို ခန့်မှန်းနိုင်မှာပါ။

👉🏻 အပေါ်ကအချက်တွေကတော့ ကျောင်းလျှောက်တဲ့အခါ ကိုယ်မှတ်ကို မှတ်ထားရမယ့် အချက်အလက်များဖြစ်ပါတယ်။ အချက်အလက်တွေကများတယ်။ ကျောင်းအားလုံး အချက်အလက်တောင်းတာ မတူညီနိုင်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဘက်က note down လုပ်ထားတာအကောင်းဆုံးပါပဲ။ အကောင်းဆုံးအကြံကတော့ requirement တွေကို excel ဇယားနဲ့ ချထားတာပါပဲ။ ဘယ်အချိန်ပြီးရမယ်။ ဘယ်လိုအချက်အလက်တွေ စုဆောင်းရမယ်။ ဘယ်လိုအချက်အလက်တွေ ကျန်နေသေးလဲ? စတဲ့ Admission Process ကြီးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ဒီနည်းက နိုင်ငံတကာမှာ ကျောင်းလျှောက်တဲ့အခါ ကျင့်သုံးတဲ့နည်းဖြစ်လို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

နောက်အပတ်တွေမှာလည်း ကေသွယ့်ရဲ့ အတွေ့အကြုံလေးတွေ tips လေးတွေအကြောင်းရေးပေးအုံးမှာမို့ အားလုံးပဲ စောင့်မျှော်ပေးကြပါအုံးနော်။

#ကေသွယ်
3/25/2025

နိုင်ငံခြားမှာ ပညာသင်ချင်တဲ့ အိမ်မက်အတွက် ကိုယ်နဲ့အဆင်ပြေဆုံးကျောင်းကို ဘယ်လိုရွေးချယ်မလဲ?ဒီတခေါက်မှာ ကျောင်းသားတော်တော်...
19/03/2025

နိုင်ငံခြားမှာ ပညာသင်ချင်တဲ့ အိမ်မက်အတွက် ကိုယ်နဲ့အဆင်ပြေဆုံးကျောင်းကို ဘယ်လိုရွေးချယ်မလဲ?

ဒီတခေါက်မှာ ကျောင်းသားတော်တော်များများအသုံးပြုတဲ့ Reach, Target, Safety ကျောင်းတွေနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ်။
တကယ်တမ်း ကျောင်းလျှောက်တော့မယ်ဆိုရင် ကိုယ်တက်ချင်တဲ့ကျောင်းတွေကို List လုပ်ရတာကလည်း အရမ်းအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ ကိုယ်တက်ချင်တဲ့ကျောင်းနဲ့ ကိုယ်ရတဲ့ကျောင်းဟာလည်း တစ်ထပ်တည်းကျချင်မှကျမယ်။ တချို့ကျောင်းသားများကတော့ ကျောင်းကို တစ်ကျောင်းတည်း လျှောက်လေ့ရှိကြတယ်။ အလွန့်အလွန်ကံကောင်းရင်တော့ ကျောင်းဝင်နိုင်ခြေရှိပေမယ့်။ တခါတလေတော့လည်း လွဲချော်သွားတာရှိပါတယ်။ ဒီအခါ အချိန်ကာလတစ်ခုကို စောင့်ဆိုင်းရပါတယ်။ ဒီလိုမဖြစ်ရလေအောင် ကေသွယ်တို့တွေ Reach, Target, Safety ဆိုပြီးတော့ ကျောင်းတွေကို list လေးလုပ်ပြီးလျှောက်မယ်ဆိုရင် တစ်ကျောင်းမဟုတ် တစ်ကျောင်းတော့ ကြိမ်းသေဝင်နိုင်တဲ့ chance တွေရှိမှာဖြစ်ပါတယ်။

ဒါဖြင့်ရင် Reach, Target, Safety ကျောင်းတွေဆိုတာ ဘာလဲ?

Reach - ကျောင်းဝင်နိုင်ချေ 15% အောက်ရှိသော ကျောင်းများပါ။ ဒီကျောင်းတွေဝင်ဖို့ကတော့ ကျောင်းသားရဲ့ အမှတ်, အလုပ်အကိုင်တွေနဲ့ ပြုလုပ်ခဲ့တဲ့ Project တွေအပေါ်အများကြီး မူတည်ပါတယ်။တကယ်အမှတ်ကောင်းပါတယ်ဆိုတဲ့ သူတွေတောင်မှ တချို့ကျောင်းတွေဆို ဝင်ဖို့မလွယ်ကူပါဘူး။ ဒီလိုကျောင်းတွေက Ranking ကောင်းပြီး ကျောင်းသားလက်ခံတဲ့ စံနှုန်းတော်တော်ကို မြင့်တဲ့ကျောင်းတွေပါ။အကယ်၍ ကိုယ်မှန်းထားတဲ့ကျောင်းက သတ်မှတ်ထားတဲ့အမှတ်က ကိုယ့်အမှတ်ထပ်မြင့်နေတယ်ဆိုရင် ဒီကျောင်းကို Reach List ထဲ ထည့်ပြီး လျှောက်လို့ရပါတယ်။ တခါတလေ ကျောင်းသားက သူတို့ သတ်မှတ်ထားတဲ့ အမှတ်မပြည့်မှီသော်လည်း Extracurricular Activities တွေက ကောင်းတယ်.။ သူတို့ကျောင်းနဲ့ ကိုက်ညီတဲ့အနေအထားမျိုးရှိရင် ကျောင်းရသွားတာမျိုးလည်း ရှိပါတယ်။

Target - ကျောင်းဝင်နိုင်ချေ 15% to 70% လောက်ရှိတဲ့ကျောင်းတွေပါ။ ကိုယ့်ရဲ့ Test Score တွေကလည်းသူတို့ကျောင်းသက်မှတ်ထားတဲ့ စံနှုန်းထဲလည်း ဝင်တယ်.. ကိုယ်ချပြဖို့အတွက် Project တွေက အဆင်ပြေတယ်ဆိုတဲ့ ကျောင်းတွေဟာ ကိုယ့်အတွက် Target ကျောင်းတွေပဲဖြစ်ပါတယ်.။
Reach ထပ်စာရင်တော့ ဝင်နိုင်ခြေပိုမြင့်ပေးမယ့် တခါတလေမှာ သေးသေးမွှားမွှား ကိစ္စလေးတွေကြောင့် ကျောင်းဝင်ဖို့ လွဲချော်တာလေးတွေရှိတာကိုတော့ ဂရုပြုရပါမယ်။

Safety - ကျောင်းဝင်နိုင်ချေ 70% ရှိတဲ့ကျောင်းတွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အမှတ်က သူတို့ သတ်မှတ်ထားတာထပ်များနေရင် အဲ့ဒီကျောင်းတွေကို Safety List ထဲထည့်ရမှာဖြစ်ပါတယ်။
အပေါ်က ကျောင်းတွေကို မရခဲ့ရင်တောင် ဒီ Safety List ကျောင်းကတော့ ကောင်းကောင်းဝင်နိုင်ပါတယ်။

Reach, Target, Safety School လို သတ်မှတ်တဲ့အခါမှာ အောက်ပါအချက်တွေကို ကြည့်ပြီး သတ်မှတ်လို့ရပါတယ်။

👉🏻 အရေးကြီးဆုံးကတော့ GPA (Grade Point Average)ပါ။ ကျောင်းတော်တော်များများကတော့ 4.0 scale နဲ့သွားတာများပါတယ်။ 4.0 မှာကိုယ်က 3.7/3.8 ဆိုရင်ကိုတော်တော်လေးကောင်းတဲ့ထဲပါပါတယ်။

👉🏻 Test Score - SAT, IELTS, TOEFL, ACT စတဲ့အမှတ်တွေပါ.. ဒီအမှတ်တွေက ကျောင်းတစ်ကျောင်းကို ဝင်ဖို့အဓိကကျတဲ့ အခန်းကနေပါဝင်ပါတယ်…

👉🏻 Extracurricular Activities - ကျောင်းတွေက ကျောင်းသားရဲ့အမှတ်ကို ကြည့်ပြီးပြီဆိုရင် ကျောင်းသားတွေ အပြင်မှာ Activities တွေလုပ်ထားလည်းဆိုတာကိုလည်းကြည့်ပါတယ်… ကျောင်းသားတွေ ကျောင်းစာပြင်ပမှာ ဘာတွေစိတ်ဝင်တစားလုပ်ခဲ့တယ်.. ဘယ်လောက်များများလုပ်ခဲ့တယ်ပေါ့…. Extracurricular activities တွေကိုယ်မှာ များများရှိလေ ကျောင်းဝင်ဖို့ chance များလေပါပဲ…

👉🏻 Essays - Essay ကောင်းကောင်းတစ်ပုဒ်ကလည်း ကျောင်းဝင်ဖို့အတွက် လေးပုံတစ်ပုံ အရေးကြီးတဲ့အခါပါပဲ…Essay ကောင်းကောင်းတစ်ပုဒ်ဟာ ကျောင်းသားရဲ့ စာအရေးအသား၊ ကျောင်းသားရဲ့ အကြောင်းတွေ ချပြဖို့အကောင်းဆုံး ပါပဲ… ကိုယ်ဘယ်လောက် ကြိုးစားခဲ့တယ်… ကိုယ်ဘယ်လိုတွေ အလုပ်လုပ်ခဲ့ရတယ်… ကိုယ်ဘယ်လောက်တော်တယ်.. ကိုယ်ဟာ ဒီကျောင်းမှာ ပညာဆည်းပူးဖို့ သင့်တော်တယ် ဆိုတဲ့အကြောင်းတွေ ရေးလို့ရပါတယ်… တခါတလေ အရည်အချင်းတူတဲ့ ကျောင်းသားနှစ်ယောက်ကို ရွေးချယ်ရတဲ့အခါမှာ ကိုယ့်အကြောင်းကို သေချာလေး ချပြနိုင်တဲ့သူက အရွေးချယ်ခံရတတ်တဲ့အတွက် Essay ကို သေသေချာချာရေး စေချင်ပါတယ်။

👉🏻 Letter of recommendation - ကိုယ်သင်ခဲ့ဖူးတဲ့ဆရာ၊ ကိုယ်လုပ်ဖူးတဲ့ အလုပ်က အကြီးအကဲ စတဲ့သူတွေက ကိုယ့်အပေါ်မှာရှိတဲ့ သူတို့ရဲ့ အတွေးအမြင်တွေနဲ့ ကိုယ့်ကို ထောက်ခံပေးတဲ့ စာပဲဖြစ်ပါတယ်။ ဒီစာတွေက ကျောင်းလက်ခံသူတွေက ကျောင်းလက်ခံဖို့ 10% လောက်ပဲ ထည့်တွက်တယ်ဆိုပေမယ့်။ ကိုယ့်ဘက်က ပြင်ဆင်ထားရင်လည်း မမှားတဲ့ document တွေထဲမှာပါပါတယ်။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်
ကိုယ်က ဘာတက်ချင်လဲဆိုတာကို သိရမယ်။ အဲ့အပေါ်မူတည်ပြီး ကျောင်းရှာရမယ်.. လိုချင်တဲ့ ကျောင်းရဲ့ Acceptance Rate ကိုကြည့်ရမယ်… ကိုယ့်အမှတ်ကျောင်းအပေါ်မူတည်ပြီး ဖြန့်ကျက်ပြီးတော့ ကျောင်းလျှောက်သင့်ပါတယ်။

ကေသွယ် Master လျှောက်တုန်းကလည်း ဒီ Reach, Target, Safety နည်းအတိုင်းလျှောက်ခဲ့တာ အဆင်ပြေခဲ့ပါတယ်။
ကျောင်းလျှောက်နေတဲ့ကျောင်းသားများလည်း ဒီ Post လေးကို ကြည့်ပြီး အကျိုးရှိမယ်လို ယုံကြည်ပါတယ်။
နောက် Post တစ်ခုမှာလည်း ကျောင်းတွေကို ဘယ်လို List လုပ်ပြီး ခွဲလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးပါအုံးနော်။

Leadership Program တွေ Forum တွေ အကြောင်း တစ်စေ့တစ်စောင်းLeadership program/ forum တွေက ဘာလဲ ?Leadership program တွေက အန...
12/02/2025

Leadership Program တွေ Forum တွေ အကြောင်း တစ်စေ့တစ်စောင်း

Leadership program/ forum တွေက ဘာလဲ ?

Leadership program တွေက အနည်းဆုံး ၃ ရက်နေ ၁ ပတ်ထိ အဖွဲ့အစည်း တစ်ခုကနေ နိုင်ငံတကာက လူငယ်တွေကို ခေါ်ပြီး သူတို့ အဖွဲ့အစည်းနဲ့ကိုက်ညီတဲ့ ခေါင်းစဉ်အောက်၊ အခုလက်ရှိ လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆိုင်တဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေး နှီးနှောဖလှယ်ကြတာပဲဖြစ်ပါတယ်။ အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့နယ်ပယ်က လူငယ်တွေခေါ်တာများပါတယ် ဥပမာအားဖြင့် အရှေ့တောင်အာရှလူငယ်များ (youths from ASEAN)။ ဒီလို program တွေက အထူးသဖြင့် ယနေ့ကမ္ဘာကြီးနဲ့ဆိုင်တဲ့ခေါင်းစဉ်တွေ ဥပမာအားဖြင့်

AI Technology
Sustainability
Human Rights
Leadership စတဲ့ခေါင်းစဉ်ကနေ ဆွေးနွေးကြတာပဲဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေဖိတ်ကြား presentation တွေပေး ပြီးတော့ မေးခွန်းတွေ ဖလှယ်ကြ၊ ကိုယ်နိုင်ငံရဲ့ အခြေအနေ တွေကို နိုင်ငံတကာ က သူတွေသိအောင် ဆွေးနွေးဖလှယ်ကြပါတယ်။

ဒီလိုမျိုး program တွေရဲ့အားသာချက် ?

- နိုင်ငံတကာလူငယ်ထဲကမှ အယောက်ရေနည်းနည်းပဲ ရွေးတာဖြစ်တဲ့အတွက် ရွေးချယ်ခံရတဲ့ လူငယ်တွေက သူတို့နယ်ပယ် အသီးသီးမှာတော်ကြသူများဖြစ်ပါတယ်။ သူတို့တွေနဲ့ ဆွေးနွေးခွင့်ရတဲ့ အတွက် ဗဟုသုတလဲ အတော်တိုးပါတယ်။
- နိုင်ငံအသီးသီး background အမျိုးမျိုးက လာတဲ့အတွက် networking ချိတ်ဆက်ဖို့ အရမ်းကောင်းပါတယ်
- ပွဲတွေက host နိုင်ငံအပေါ်မူတည်တဲ့အတွက် program တတ်သလိုလဲ ဖြစ် ခရီးလဲသွားရပါတယ်
- ရွေးချယ်ခံရရင် ကိုယ်က delegate (ကိုယ်စားလှယ်) ဖြစ်သွားတဲ့အတွက် ကိုယ့် resume/CV တည်ဆောက်ဖို့ ပိုအဆင်ပြေပါတယ်
- တခါတလေကျရင် program တွေက fully funded/ partially funded ဖြစ်တဲ့အတွက် ငွေကြေးကုန်ကျလဲနည်းပါတယ်

Program တွေတတ်ဖို့ဘာတွေလိုလဲ ?

Program တစ်ခုနဲ့တစ်ခု မတူတဲ့အတွက် တောင်းဆိုချက်တွေတော့ မတူကျပါဘူး။ အများအားဖြင့်လိုအပ်တာတွေကတော့

- general information (ကိုယ်ရေးအချက်အလက်)
- CV/Resume
- Essay (program theme နဲ့ကိုက်ညီမဲ့ ခေါင်းစဉ်တွေချပေးတတ်ပါတယ်)
- တခါတလေကျရင် 1 - 3 mins video လောက်လေးလဲ ရိုက်ခိုင်းတတ်ပါတယ်
- Program fee ကတော့ တချို့ကမတောင်းပေမယ့် တချို့ကတော့ တောင်းပါတယ်

Program fee နဲ့ပက်သက်ပြီးပြောချင်တာကတော့

- Application ထဲက fee တောင်းတဲ့ program တွေတော့ မလျှောက်စေချင်ပါဘူး
- ဝင်သွားတော့မှ program fee ပေးရတာတဲ့ program၊ လုံးဝမပေးရတဲ့ program တွေကလျှောက်စေချင်ပါတယ်
- အကယ်၍ ဝင်သွားခဲ့သည်ရှိသော် ကိုယ်ဘက်ကငွေကြေးအဆင်မပြေခဲ့ရင်လဲ financial aid (ငွေကြေးထောက်ပံ့မှု) တောင်းကြည့်ပါ။ တခါတလေ လေယာဉ်လက်မှတ်ဖိုး၊ program fee ကြေးတွေ မပေးရတော့တာတွေလဲရှိပါတယ်။

ကေသွယ် ၂၀၂၄ တုန်းက leadership programs ၂ ခု ဝင်ခဲ့ပါတယ်။

- South East Asia East Asia Youth Camp 2024 by Taiwan Asia Exchange Foundation (Taiwan) https://www.facebook.com/share/15yeueNTZF/?mibextid=wwXIfr

- ASEAN Australia Youth Leaders Forum 2014 by ASEAN Australia Strategic Youth Partnership (Vietnam) https://www.facebook.com/share/15yeueNTZF/?mibextid=wwXIfr

ဒီ program အကြောင်းကို သူတို့ application ဖွင့်ရင် အသေးစိတ်ထပ်ရေးပေးသွားပါမယ်။ ဒီ program တတ်ပြီးတော့ ကိုယ်ရဲ့ အတွေ့အကြုံအနေနဲ့ပြောရမယ်ဆိုရင် program ကပေးတဲ့ agenda (လုပ်ငန်းစဉ်) တွေထက် ကေသွယ့်အတွက်က delegate လူတွေစီကရတဲ့ ဗဟုသုတကို ပေါ်သဘောကျပါတယ်။ ကိုယ့်ကိုတိုင်ကလဲ ခရီးထွက်တာကြိုက်တဲ့သူဖြစ်တဲ့အတွက် တတ်ခဲ့တဲ့ program တိုင်းက accommodation/ meal နေထိုင်စရာ/ အစားအသောက်ပေးတဲ့အတွက် တန်တယ်လိုထင်ပါတယ်။ fully funded ဖြစ်တဲ့ဟာတွေကို ဦးစားပေးပြီးလျှောက်စေချင်ပါတယ်။ ကိုယ်တိုင်က architecture နယ်ပယ်ကဖြစ်တဲ့အတွက် ကိုယ်နဲ့စိမ်းနဲ့ ခေါင်းစဉ်တွေ ဆွေးနွေးရမှာကြောက်ခဲ့ပေမယ့် ကိုယ်စိတ်ဝင်စားရာ ဖလှယ်ရင်း အဆင်ပြေသွားပါလိမ့်မယ်။ ဒီလို မျိုး leadership programs တွေကို ဘယ်ကရှာရမှန်းမသိရင် grab opportunities ဆိုတဲ့ page ကနေရှာလို့ရပါတယ်။

https://www.facebook.com/share/15gNM3Q2Ry/?mibextid=wwXIfr

ကိုယ့် profile တည်ဆောက်ဖို့အတွက် leadership program က တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်တဲ့အတွက် လျှောက်စေချင်ပါတယ်။

ကေသွယ်
12/2/2025

29/01/2025

新年快乐 🧧
万事如意 ✨
心想事成 💫
蛇年大吉 🐍

Happy Lunar New Year 🧧

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ပါ။ လူသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ မျှော်မှန်းထားသောရည်မှန်းချက် ပန်းတိုင်များလည်း အမြဲဆုံးရောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

29/1/2025

ကျောင်းတက်နေရင်း ထိုင်ဝမ်ကိုအလုပ်သင်ခဏတာလာလုပ်ချင်နေကြသူတွေအတွက် International Internship Pilot Program in Taiwan (IIPP)...
17/01/2025

ကျောင်းတက်နေရင်း ထိုင်ဝမ်ကိုအလုပ်သင်ခဏတာလာလုပ်ချင်နေကြသူတွေအတွက်
International Internship Pilot Program in Taiwan (IIPP)

ဒီအပတ်မှာ ကေသွယ်ကနေ ကျောင်းသူကျောင်းသားများအားလုံးလျှောက်လို့ရမယ့် Paid Internship တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကတော့ International Internship Pilot Program (IIPP) လို့ခေါ်တယ် ၊ ဘယ်မှာလဲဆိုတော့ ထိုင်ဝမ် (Taiwan) မှာပါ။ ကိုယ်တိုင်လျောက်ဖို့စဉ်းစားပေမယ့် ဘွဲ့ရသွားလို့မလျောက်ဖြစ်လိုက်ရတဲ့ program လေးပါ။

သူရဲ့အဓိက အလုပ်ကတော့ research internship ပါ။ ရက် ၂၈ ရက်အနည်းဆုံးကနေ ရက် ၉၀ ထိလုပ်လို့ရပါတယ်။ IIPP ရဲ့အဓိက လိုအပ်ချက်ကတော့ ကိုယ်က Bachelor/ Master နဲ့ Ph.D. တက်နေတဲ့ကျောင်းသူကျောင်းသားဖြစ်ရပါမယ်။ ဘွဲ့ရသွားလို့မရပါဘူး။ သူ့ ရဲ့တောင်းဆိုချက် (requirement) ထဲမှာ enrollment certificate (ကျောင်းတက်နေကြောင်းစာရွက်) ကို တောင်းပါတယ်။

IIPP ရဲ့ ကောင်းတဲ့အချက်လေးတွေကိုကြည့်ရမယ်ဆိုရင်တော့ ….
1️⃣ Paid Internship

တစ်လကို TWD ၃၀၀၀၀ လောက်ရပါတယ်။
ဒါမယ့်နေစရိတ်၊စားစရိတ်နဲ့လေယာဉ်စရိတ်တော့မပေးပါဘူး။ Internship အလုပ်သင် အနေနဲ့ ဒီ amount က များတယ်လို့ပြောလို့ရပါတယ်။

2️⃣ Partnership University များခြင်း
IIPP နဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေကလည်းများပါတယ်။ များလွန်းလို့ link ပဲချပေးလိုက်ပါတော့မယ်နော် ။ ထိုင်ဝမ်နေရာစုံ Northern, Central, Southern မှာ ကိုယ်နဲ့အဆင်ပြေတဲ့ နေရာ၊ အဆင်ပြေတဲ့ကျောင်းဆီသွားလို့ရပါတယ်။

https://iipp.tw/partnership

3️⃣ Flexible Schedule

ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းက internship အချိန်လဲ မတူ၊ duration လဲမတူလို့ IIPP က intake တွေအများကြီးပေးထားပါတယ်။
အောက်ကတော့ သွားလို့ရတဲ့အချိန်တွေပါ ၊ လတိုင်းကိုသွားလို့ရတာကိုတွေ့မှာပါ။

June - August 2025
July - September 2025
August - October 2025
September - November 2025
October - December 2025
November - January 2026
December - February 2026

Intake တစ်ခုခြင်းစီရဲ့ deadline ကလဲ မတူပါဘူး။ အစောဆုံး ​​Batch ဆိုရင် Jan 6 ဖွင့်ပြီး March 15 ပိတ်မှာပါ။ အသေးစိတ် deadline ကိုအောက်က လင့်က ဝင်ကြည့်ပေးပါ။

https://iipp.tw

4️⃣ Taiwan culture ကိုလေ့လာနိုင်ခြင်း

ကိုယ့်ရဲ့ အချိန် ၂ လ အတွင်းမှာ အလုပ်သင်လည်း လုပ်လို့ရမယ်၊ ပိုက်ဆံလည်း ရမယ်၊ တခြား နိုင်ငံရဲ့ ယဥ်ကျေးမှုနဲ့ နေထိုင်မှုပုံစံတွေကိုလည်း လေ့လာနိုင်မယ်၊ ခရီးလည်း ထွက်လို့ရမယ်ဆိုတော့ တကယ့် all-in-one package ပါပဲနော်။

5️⃣ Internship Quota များခြင်း

IIPP က June 2025 ကနေ Feb 2026 ထိကို အယောက် ၆၀၀ ခေါ်မှာပါ။ TIIP (Taiwan International Internship Program) ထက်ခေါ်တာအများကြီးကိုများပါတယ်။

Requirements ကဘာတွေလိုမလဲဆိုတော့
- General information (ဓါတ်ပုံ၊နာမည်၊မွေးသက္ကရာဇ်) အစရှိသဖြင့်
- Education background (တက်နေသောကျောင်း၊ ဌာန၊ လက်ရှိတက်ရောက်နေသောနှစ်)
- Experience (လုပ်ခဲ့သော အလုပ်များ)
- Research Field ကိုအသေစိတ်ထပ်ရှင်းပြပါမယ်
- Other information (internship လုပ်ချင်သောအချိန်၊ autobiography (ဘာလို့ကိုယ် research မယ့်ဟာက ထိုင်ဝမ်ရဲ့ နည်းပညာတိုးတက်မှုအပေါ် သက်ရောက်စေမှာလဲ)၊ certificate of enrollment၊ passport page၊ one letter of recommendation၊ CV၊ တခြား ကိုယ့်ရဲ့ လုပ်ခဲ့ဘူးသော achievement, dissertation etc)။

📍Research Field တွေကဘာရှိမလဲ ?
Research Field မှာ အဓိကခေါ်တာ ၄ နေရာ ရှိပါတယ်။
- Life sciences
- Engineering
- Humanities and Social Sciences
- Natural Sciences and Sustainable
အာ့ main fields ထဲမှာမှ ကိုယ်စိတ်ဝင်စားရာ sub field လေးတွေရှိပါတယ်။ တော်တော်လဲစုံပါတယ်။ STEM fields ထဲကမဟုတ်ပဲ humanities ဘက်ဆိုင်ရာလဲ ရွေးချယ်လို့ရပါတယ်။ application portal ထဲဝင်ကြည့်ရင်သိပါလိမ့်မယ်။

ကိုယ်တိုင်မလျှောက်ဘူးပေမယ့် သူငယ်ချင်းတစ်ယောက်က အာ့မှာ အလုပ်ရသွားတော့ တခုခုဆို သိချင်တာရှိရင် မေးပေးလို့ရပါတယ်။ ကိုယ်ကျောင်းတက်နေတဲ့နေရာမှာမဟုတ်ပဲ တခြားနေရာမှာ သွား အလုပ်လုပ်ဘူးခြင်းက တကယ့် မျက်စိပွင့် နားပွင့်ပါပဲ။ အကယ်၍ကိုယ်က research and academic စိတ်ဝင်စားရင်တော့ ဒီ internship လေးကိုလျောက်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

အောက်ကတော့ Program လင့်လေးပါ။ အားလုံး အစစအရာရာအဆင်ပြေပါစေ ။
https://iipp.tw

#ကေသွယ်
17/1/2025

ဒီအပတ်ကစပြီး full time အလုပ်လိုစတော့ ရေးမယ် ရေးမယ်နဲ့ အခုမှပဲရေးဖြစ်တော့တယ်။Why Asia schools are okay to choose for unde...
11/01/2025

ဒီအပတ်ကစပြီး full time အလုပ်လိုစတော့ ရေးမယ် ရေးမယ်နဲ့ အခုမှပဲရေးဖြစ်တော့တယ်။

Why Asia schools are okay to choose for undergraduate studies?
ဘာလို့ အာရှက ကျောင်းတွေက bachelor degree တတ်ဖို့သင့်လျော်တာလဲ ?

ကေသွယ်လဲ အရင်က US သွားတက်မယ်ဆိုပြီး မှတ်မိသလေလာက်ဆိုရင် ၈ ကျောင်းလောက်တော့လျောက်ဖြစ်မယ်ထင်တယ်။ ပြီးတော့ အာရှက ကျောင်းတစ်ကျောင်းနဲ့ဆို စုစုပေါင်း ၉ ကျောင်းပေါ့။ ပြီးတော့လဲ တစ်ကျောင်းပဲလျောက်တဲ့ အာရှက ကျောင်းပဲတက်ဖြစ်လိုက်တယ်။ အစကတော့ သူငယ်ချင်းတွေတော်တော်များများက အနောက်ကမ္ဘာခြမ်းရောက်လို့ ကိုယ်လဲတတ်ချင်ခဲ့ပေးမယ် အခုဘွဲ့ရပြီး ပြန်စဉ်းစားတဲ့အခါ အာရှကျောင်းတက်ခဲ့တာ အတော်အဆင်ပြေပါလားလို့စဉ်းစားမိတယ်။

1️⃣ Application Fee မပေးရခြင်း

Undergrad ​လျောက်တုန်းက application form ဖိုးတွေ CSS form ဖိုးတွေကို တက်ခဲ့တဲ့ကျောင်းကပေးတာရော fee wavier ရတာရောကြောင့်သာ ၈ ကျောင်းလောက်လျောက်နိုင်တာ။ အခု grad school ၄ ကျောင်းတင် လခ ၁ လစာလောက်ပြုတ်တယ်။ အာရှကကျောင်းတွေရဲ့ကောင်းတဲ့အချက်ကြတော့ သိရသလောက်က application fee မပေးရဘူး၊ ပေးရရင်တောင် နည်းနည်းပဲ။ ကိုယ်က စိတ်ဝင်စားတဲ့ကျောင်းကို စမ်းကြည့်ပြီးတောင်လျှောက်လို့ရတယ်။

2️⃣ Tuition Fee သိသိသာသာသက်သာခြင်း

Asian Schools တွေကတော့ tuition fee (ကျောင်းလခ) ကတော်တော်ကို သက်သာပါတယ်။ ကျောင်းလခတင်မဟုတ်ဘူး စားစရိတ်၊နေထိုင်စရိတ်ရောပါ သက်သာပါတယ်။ ကျောင်းတက်တုန်းက ၁ ဘတ် ၅၀ ကျပ်နဲ့တတ်ခဲ့တုန်းကဆို ကျောင်းတက်ရတာတော်တော်တန်ပါတယ်။ တစ်ချို့ကျောင်းတွေဆို ASEAN နိုင်ငံအတွက် scholarship ဆိုပြီးတောင်ရှိပါတယ်။

3️⃣ Quality Education

တော်တော်များများ အနောက်တိုင်းကျောင်းတွေကောင်းတဲ့ထင်ကြပေမယ့် asian schools တွေထဲမှာလဲ ivy leagues လိုတွေအများကြီးပါ။ စျေးသက်သက်သာသာနဲ့ quality education ရနိုင်တဲ့ကျောင်းတွေ အများကြီးရှိပါတယ်။ Asian schools ဖြစ်ပေမယ့် professors တွေကိုယ်တိုင်ကိုက နိုင်ငံကြီးတွေမှာ ဘွဲ့ကောင်းကောင်းနဲ့ရ ထားကြတဲ့သူတွေပါ။

ကိုယ်ပိုင် experience နဲ့ပြောရမယ်ဆိုရင် အနောက်တိုင်းဘက်က design school တွေကစျေးကြီးပါတယ်။ အထူးသဖြင့် ကေသွယ်လို ဗိသုကာတတ်မယ်ဆိုရင် Bachelor of Architecture ရဖို့ ၅ နှစ်ကြာပါတယ်။ တချို့ကျောင်းတွေက ၄ နှစ်ဆိုပေမယ့် မာစတာ ၁ နှစ်လောက်ပြန်တတ်မှ ၅ နှစ်ဆိုပြီး accredited ဖြစ်တဲ့ degree ရပြီး လိုင်စင်လျှောက်လို့ အဆင်ပြေတာပါ။ အကယ်၍ undergrad ကို design/art related လျောက်ပြီး မာစတာမှ အာခီတက်မယ်ဆို 2 years/3 years ထိကြာနိုင်တာမို့ စရိတ်လဲပိုကျနိုင်ပါတယ်။

🚩 Cons (အားနည်းချက်) တွေမရှိဘူးလားဆိုတော့ရှိပါတယ်။ Asian ကျောင်းတွေက International program ဖြစ်သည့်တိုင် language barrier တော့ရှိပါတယ်။ ကျောင်းတွင်းအဆင်ပြေသည့်တိုင် နေထိုင်တဲ့အခါ ဘာသာစကားကြောင့် အလုပ်အကိုင်တွေရှာဖွေတဲ့အချိန်မှာ အဆင်မပြေတာတွေရှိတတ်ပါတယ်။ အာ့ ဘာသာစကားကြောင့်ပဲ တခါတလေ ကိုယ်နဲ့ကိုက်တဲ့ community ရှာဖို့ခက်ခဲတာတွေလဲရှိတတ်ပါတယ်။

အနှစ်ချုပ်ပြောရရင် undergrad ကအရာအားလုံးမသိပါဘူး။ နည်းနည်းနဲ့ အကုန်သိအောင်သင်ခဲ့ရတာပါ။ undergrad ပြီးလို့ grad school ကို အနောက်ပိုင်း က ကျောင်းတွေတက်မယ်ဆို 1/2 years လောက်နဲ့ မာစတာရနိုင်ပါတယ်။ grad school က နှစ်လဲနည်းတာမလို့ ငွေကုန်ကြေးကျလဲ သက်သာပါတယ်။

#ကေသွယ်
11.1.2025

Taking A Gap Yearတစ်နှစ် အနားယူခြင်းGap Year ဆိုတာဘာလဲ ?အာ့အချိန် အကျိုးရှိအောင် ဘာလုပ်ကြမလဲ ?Kay Thwe က 2024 June မှာ က...
03/01/2025

Taking A Gap Year
တစ်နှစ် အနားယူခြင်း

Gap Year ဆိုတာဘာလဲ ?
အာ့အချိန် အကျိုးရှိအောင် ဘာလုပ်ကြမလဲ ?

Kay Thwe က 2024 June မှာ ကျောင်းပြီးပါတယ် ကျောင်းမပြီးခင်ထဲက အလုပ်ရှာပေမယ့် ဘာသာစကားအခက်အခဲကြောင့်ရော အကြောင်းအမျိုးမျိုးကြောင့် အလုပ်က ကျောင်းပြီးချင်းမရခဲ့ပါဘူး အစကတော့ အတော်လေးစိတ်ညစ်ပေမယ့် gap year မှာ ဘယ်လို အကျိုးရှိအောင် ပဲနေပြီး grad school လျောက်တော့မယ်ဆိုပြီးပဲ ဆုံးဖြတ်လိုက်ပါတယ်။

Kay Thwe အတွက် အခက်အခဲအဖြစ်ဆုံးက အချိန်ပါပဲ အလုပ်လျောက်ရင်လဲ intern ကလွဲလို့ full time လျောက်ဖို့ အချိန်လဲ မလောက်ပါဘူး။

1. အချိန်ပိုင်း gig လေးတွေရှာကြည့်ပါ

ကျောင်းပီးပီဆိုတော့ ကိုယ်တိုင်ငွေရှာချင်တဲ့စိတ်တော့ရှိကြမှာပါပဲ။ upwork တို့ fiverr တို့မှာလဲ gig လေးတွေက အဆင်ပြေပါတယ်။ ဒါမယ့် အရမ်းတော့ အပြိုင်အဆိုင်များပါတယ်။ နောက်ကျ fiverr/upwork နဲ့ပက်သက်တဲ့ post လေးတင်ပေးပါမယ်။ ကိုယ့် career နဲ့ပက်သက်တဲ့ freelance အလုပ်တွေလည်းရှိတတ်ပါတယ်။ တခါတလေ professor တွေက ကိုယ့်သဘောကျလဲ ကျောင်းမှာပြန်အလုပ်လုပ်လို့ရပါတယ်။ ကေသွယ့်ကတော့ ကျောင်းမှာပဲ research assistant position နဲ့ ဝင်လုပ်နေပါတယ်။

2. Leadership Program လေးတွေ လိုက် join ကြည့်ပါ

ကေသွယ် ကျောင်းပြီးတော့ SEASAT နဲ့ AAYLF ဆိုတဲ့ leadership program နှစ်ခုလျောက်ဖြစ်ပါတယ် ။ အာ့ program တွေအကြောင်းလဲ နောက် အသေးစိတ်ရေးပေးသွားပါမယ်။ program တွေတော်တော်များများက fully funded မဟုတ်တောင် partially funded ဖြစ်လို့ conference တတ်ရင်း ခရီးသွားလို့ရပါတယ်။ conference တွေကို ဘယ်ကသိလဲဆိုလဲဆိုတော့ grab opportunity ဆိုတဲ့ FB PAGE ကနေ အဓိက သိတာပါ။ သူက ASEAN region ထဲက သူတွေအတွက်အဓိက ထားပြီး သင့်လျော်တဲ့ scholarships၊ programs တွေပြောပြပေးပါတယ်။

3. ကိုယ်စိတ်ဝင်စားရာ skill တွေလေ့လာကြည့်ပါ

ဘာသာစကားပဲ ဖြစ်ဖြစ်၊ ကိုယ့် စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ၊ ကိုယ့်ရဲ့မေဂျာနဲ့ဆိုင်လို့ပဲဖြစ်ဖြစ် skill တခုခုကို လေ့လာကြည့်ပါ။ language လေ့လာမယ်ဆို Duolingo အားပေးပါတယ်။ ကေသွယ့်တောင် ပြင်သစ်စာ ကိုသင်ယူနေပါတယ်။ သေချာတတ်လားဆို မတတ်ပါဘူး။ ကိုယ်ကပဲ သေချာစာမလုပ်လို့လားတော့မသိဘူး။ ဒါပေမယ့် consistent ဖြစ်တဲ့ဟာလေး တစ်ခုလိုတော့လုပ်ဖြစ်နေပါတယ်။

4. International Internship Program တွေလျောက်ကြည့်ပါ

International Internship Program တွေက intern ပေမယ့် တော်တော်လေး ပိုက်ဆံပေးပါတယ်။ ကေသွယ့်ကတော့ အာ့အပိုင်း research လုပ်နေဆဲပါ။ အခုတော့ International Internship Pilot Program (IIPP) Taiwan ရယ် Taiwan International Internship Program (TIIP) ရယ်ကို လျောက်မလို့စဉ်းစားထားပေမယ့် IIPP က ဘွဲ့ရသွားရင် လျောက်လို့မရလို့ TIIP ပဲလျောက်မယ်လို့စိတ်ကူးထားပါတယ်။ နှစ်ခုလုံးက နှစ်လလောက်ပဲကြာပြီး research အဓိကလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ တစ်လ 30K NTD လောက်ပေးပါတယ်။ ကိုယ်က မာစတာ research သွားမယ် research စိတ်ဝင်စားရင်တော့ သင့်လျော်ပါတယ်။

5. Learn how to rest

ဒါကတော့ ကိုယ်တိုင် တွေ့ကြုံနေရတဲ့ အပိုင်းပါ။ ကိုယ်တိုင်လဲ gap year ဆိုတာနားဖို့ စဉ်းစားလိုက်ပေမယ့် ကိုယ့်များ နောက်ကျကျန်ခဲ့နေပြီလားဆိုတဲ့ စိတ်ကလဲ တော်တော်ဆိုးပါတယ်။ gap year ယူတယ်ဆိုတာ နောက်ဆက်လုပ်ဖို့အတွက် အချိန်ယူနေတာ ဖြစ်တဲ့အတွက် အခုနားလို့ရရင် ကိုယ့်လုပ်နိုင်တဲ့အရာလေးတွေ လုပ်ပြီး အနားယူပါလို့ ပြောချင်ပါတယ်။

ဒါကတော့ ကေသွယ်ရဲ့ gap year experiences လေးတွေပါ။ အရမ်းကြီး personal ဖြစ်ပေမယ့်ကိုယ်လိုလူတွေရှိရင်လည်း အကူအညီဖြစ်မယ်လို့ထင်ပါတယ်။ ကေသွယ် တတ်ခဲ့တဲ့ program တွေကိုလည်း နောက် အသေးစိတ်ရေးပေးသွားပါမယ်။

#ကေသွယ်
3/1/2025

Happy New Year 2025 ပါ 🎊 ဦးစွာအနေနဲ့အားလုံးကို ပျော်ရွှင်ဖွယ်ရာနှစ်သစ်လေးတခုဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ...
02/01/2025

Happy New Year 2025 ပါ 🎊

ဦးစွာအနေနဲ့အားလုံးကို ပျော်ရွှင်ဖွယ်ရာနှစ်သစ်လေးတခုဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

2025 နှစ်ဆန်းပိုင်းက စပြီးတော့ ဒီ Page လေးမှာ Kay Thwe (ကေသွယ်) ကြုံတွေ့ခဲ့ရတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ၊ အခက်အခဲတွေ နဲ့ အခွင့်အရေးတို့တွေ ဘယ်လိုရှာရမယ်ဆိုတဲ့ tips and tricks လေးတွေကို မျှဝေသွားချင်ပါတယ်။

တချို့သောအတွေ့အကြုံတွေက လူကိုယ်တိုင် အချိန်ကုန်ငွေကုန်ပြီးမှ ရလာတဲ့ experience တွေပါ၊
ကိုယ်အချိန်တုန်းကလည်း သေချာပြောပြပေးမယ့်သူတွေ မရှိခဲ့တော့ ဒီ page လေးက တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်မယ်လို့ ထင်ပါတယ်။

Kay Thwe က King Mongkut’s University of Technology, Thonburi (KMUTT) ကနေ Bachelor of Architecture (5 years program) ကို 2024 မှာ ပြီးထားပါတယ် ။

အခု grad school တတ်ဖို့ gap year ယူထားတော့ gap year အတွေ့အကြုံရယ် gap year မှာ ဘာလုပ်သင့်တယ်ဆိုတာလေးကိုလဲ ထပ်မံ မျှဝေချင်ပါတယ် ။

Education ပညာရေးနဲ့ ပတ်သက်နဲ့ blog လေးတွေကို တင်ပေးမှာဖြစ်လို့ ကိုယ်အတွက် သင့်လျော်မယ်ထင်ရင် like နဲ့ follow လေး လုပ်ထားပေးပါနော်။

I hope everyone is having a great new year 💛

#ကေသွယ်
2/1/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kay Thwe’s Academic Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share