17/05/2025
GED Maths Exam Ready Class အတွင်း
Day 1 to Day 3 အထိ Revision လုပ်ပေးသွားမဲ့ Schedule များဖြစ်ပါတယ်။🌟
Class Details : https://m.facebook.com/story.php?story_fbid=122136343982610298&id=61568308948097&mibextid=Nif5oz
16/05/2025
"အခမဲ့ တက်ရောက်နိုင်မယ့် GED Maths Exam
Ready Class" 😍
ကျွန်တော်တို့ Myittar Education ကနေ GED Maths
ကို ဖြေဆိုဖို့ပြင်ဆင်နေကြတဲ့ ကျောင်းသား/သူများ
အတွက်ရည်ရွယ်ကာ "အခမဲ့" အတန်းတစ်ခု
ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဒါဆို ဒီအတန်းကိုတက်ရောက်ဖို့ ဘာတွေလိုအပ်လဲ?
▫️သင်ဟာ GED Maths Exam ကို June လထဲတွင်
ဖြေဆိုမည့်သူဖြစ်ရမည်။
▫️GED Maths Preparation Class ပြီးဆုံးထားသူ
(သို့မဟုတ်)
▫️ညီမျှသောသင်ခန်းစာများကို လေ့လာထားသူ
ဖြစ်ရမည်။
▫️Class Work/Homework/Practice များအား
ပုံမှန်လိုက်လုပ်နိုင်မည့်သူ ဖြစ်ရမည်။
▫️အတန်းစည်းကမ်းလိုက်နာနိုင်သောသူ
ဖြစ်ရပါမည်။
ဖော်ပြပါ အချက်အလက်များနှင့် ပြည့်စုံသည့်
ကျောင်းသား/သူတိုင်း Myittar Education ရဲ့
GED Maths Exam Ready Class အတွက်
Registrar လုပ်နိုင်မှာဖြစ်ပြီး၊
ကျွန်တော်တို့ကနေ လျှောက်ထားသူများကို
သေချာစီစစ်ကာ Class မှာတက်ရောက်နိုင်မယ့်
ကျောင်းသား/သူများကို ပြန်လည်ရွေးချယ်သွားမှာပါ
ခင်ဗျာ။
Information Details
===============================
▪️ Registration Start - 16th May, 2025
▪️ Registration Close - 21st May, 2025
▪️ Screening Application - 22nd May, 2025
▪️ Updating The Result - 24th May, 2025
▪️Class Starting Date - 26th May, 2025
▪️Class Fees - 100% Free of Charge
Timetable
===============================
▫️ Monday & Thursday - 9AM to 10:30AM
▪️3 Weeks Course
GED Maths မှာ Credit Score တွေ အပိုင်ရဖို့
စနစ်တကျသင်ကြားပေးမယ့် အတန်းတစ်ခုကို
"အခမဲ့" တက်ရောက်နိုင်မယ့် အခွင့်အရေးမို့
Registration Form မပိတ်ခင် မေလ ၂၁ရက်နေ့
အမှီ Page Messenger ကိုစာပို့ပြီးအမြန် Register လုပ်လိုက်တော့နော်။ 🙆🌟
04/04/2025
ငလျင်ဘေးမှာကူခဲ့သူများအတွက် GED အတန်းလက်ဆောင်
— — —
ပြီးခဲ့တဲ့နှစ်ရေဘေးအခက်အခဲကြုံတွေ့ခဲ့ရတုန်းက ကျွန်တော်တို့ Myittar-မေတ္တာ နဲ့ Myittar Education မိသားစုဟာ အလှူငွေများမတည်ခြင်း၊ ရံပုံငွေရှာခြင်းဖြင့် ခက်ခဲသောနေရာများကို အစားအစာ၊ အဝတ်အစား၊ ဆေးဝါးများလှူဒါန်းခဲ့ပါတယ်။
သို့ပေမဲ့ ယခုတစ်ခါမှာတော့ အလှူငွေကောက်ခံရန်အခက်အခဲရှိတာကြောင့် ကျွန်တော်တို့ရဲ့အားသာရာဖြစ်တဲ့ ပညာအလှူနဲ့ပဲ ပါဝင်အားဖြည့်ပေးပါရစေခင်ဗျာ။ 🙏🏻
ဘယ်သူတွေတက်ရောက်လို့ရလဲ❓
- အလှူငွေ တစ်သောင်းကျပ်နဲ့အထက် ပါဝင်ထားသူများ
- စေတနာ့ဝန်ထမ်း(မည်သည့် Position ဖြင့်မဆို)အနေနဲ့ဖြင့် ငလျင်ဘေးအတွက် ပါဝင်ထားသူများ
ဘယ်အတန်းကိုတက်ရောက်ခွင့်ရှိသလဲ❓
- တစ်ပတ်ကိုနှစ်ရက်နဲ့ တစ်လတာကြာမြင့်မဲ့ Maths Intensive Class ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဘယ်လိုစာရင်းသွင်းရမလဲ❓
- Messenger မှာ "ငလျင်အလှူ" လို့ပို့ပေးပါ။
- Form တစ်ခုပို့ပေးပါမယ်။ ဖြည့်စွက်ပေးရန်လိုအပ်ပါတယ်ခင်ဗျာ။
- Form တင်ထားသူများအားလုံးကို အတန်းများရယူနိုင်ရန် ပြင်ဆင်ပေးမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမအင်အားနဲ့ လာရောက်အပ်နှံတဲ့ကျောင်းသားများအပေါ်မူတည်ပြီး အချိန်ကာလတစ်ခုကြာမြင့်နိုင်ပါတယ်ခင်ဗျာ။
ချစ်ရသော ညီကိုမောင်နှမများအားလုံး အေးချမ်းလုံခြုံတဲ့နေ့ရက်ကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။❤️
03/03/2025
"GED Maths Intensive Class"
- April လထဲမှာ GED Exam ဖြေဆိုချင်သူတွေ
- Exam Revision & Intense Practice ပြန်လုပ်ချင်တဲ့သူတွေအတွက်
ကျောင်းသားငါးယောက်တည်းသာ လက်ခံပြီး
ကျစ်ကျစ်လျစ်လျစ်နဲ့ သင်ခန်းစာတွေကို ပြန်လည်လေ့လာလို့ရမဲ့
Myittar Education ရဲ့ GED Intensive Class လေးကို ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီခင်ဗျာ။ 🥳
Page Messenger ဆီမှာ အသေးစိတ်လာရောက်စုံစမ်းနိုင်ပါခင်ဗျ။ ❤️
28/02/2025
"GED Exam Fees တိုးသွားပြီဆိုတော့ ဘယ်လိုလုပ်မလဲ။"
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
Myittar Education ရဲ့ Knowledge Sharing အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ❤️
May လကနေစပြီးတော့ GED Exam Fees တွေတက်သွားပြီဆိုတာ အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘယ်လိုမျိုးကြိုတင်ပြင်ဆင်မှုတွေ လုပ်လို့ရမလဲဆိုတာကို ကျွန်တော်တို့က ပြောပြပေးသွားပါမယ်ခင်ဗျာ။
1. Schedule ကြိုလုပ်ထားမယ်။
အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ Schedule ကြိုယူထားတာပါပဲ။ Ready Test ဖြေအပြီးမှာ Schedule ယူထားတာက Exam ကိုကြိုဝယ်ထားတဲ့သဘော သက်ရောက်သလို၊ Booking လည်းတင်ထားပြီးသားဖြစ်တာကြောင့် အကောင်းနည်းလမ်းတစ်ခုပါ။
📌Note အနေနဲ့ပြောရရင်တော့ အကယ်၍ ကိုယ်က လမဲ့ တစ်လ၊ နှစ်လအတွင်းမှာမဖြေသေးဘူးဆိုရင်တော့ နှစ်လယ်ပိုင်းနဲ့ နှစ်ကုန်ပိုင်းရက်တွေကိုသာ Exam Schedule ထားစေလိုပါတယ်။ ဘာလို့လဲဆိုရင် အဓိက ဒီလတွေမှာ ဖြေဖို့လိုအပ်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် မရလိုက်ရင် လိုအပ်သူတွေအတွက် နစ်နာစရာလေးတွေဖြစ်တဲ့အတွက်ပါဗျ။
2. Coupon Code ဝယ်ထားကြမလား။
နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ Coupon Code ကြိုဝယ်ထားတာပဲဖြစ်ပါတယ်။ Coupon Code ကတော့ 1 Year Expiration သက်တမ်းခံတာဖြစ်လို့ အခုစျေးနဲ့ဝယ်ထားရင် နောက်တစ်နှစ်မပြည့်ခင်အထိ အသုံးပြုလို့ရနေမှာ ဖြစ်ပါတယ်။
📌သို့ပေမဲ့ Coupon Code ဟာ ဝယ်ထားပြီးတစ်လနဲ့ နှစ်လကြားမှာအသုံးပြုတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ပြောင်းလဲနေတဲ့ GED Policy တွေကြားမှာ GED Coupon တွေကလည်း Lock ကျတာမျိုး ဖြစ်တတ်တဲ့အတွက်ကြောင့်ပါခင်ဗျာ။
3. စိတ်မပူပါနဲ့။
နောက်ဆုံးတစ်ချက်ကတော့ စိတ်မပူဖို့ မေတ္တာတွေနဲ့မှာချင်ပါတယ်ခင်ဗျာ။ GED Exam Fees စျေးတက်တယ်ဆိုပေမဲ့ $5 သာတက်တာဖြစ်တာကြောင့် 20,000 ကျပ်ကနေ 30,000 ကျပ်ဝန်းကျင်သာစျေးတက်သွားမှာဖြစ်ပါတယ်။
နည်းတဲ့ပမာဏတစ်ခုမဟုတ်ပေမဲ့ သိန်းနဲ့ချီများသွားတဲ့ ပမာဏတစ်ခုမဟုတ်တာကြောင့် စိတ်ပူပြီး လုပ်မိလုပ်ရာမလုပ်ဖို့ရယ်၊ စိတ်အေးအေးထားဖို့ရယ်ကို အားပေးချင်ပါတယ်ခင်ဗျာ။
🤫Last but not the Least…
စာမေးပွဲကို မေလမတိုင်ခင်ဖြေလိုတဲ့ ကျောင်းသားကျောင်းသူများအတွက် Exam Booking ယူပေးခြင်းနဲ့ One on one Intensive class, Group Intensive များကိုလည်း ဖွင့်ပေးနေတာကြောင့် Page Messenger ကို လာရောက်ဆက်သွယ်နိုင်ကြောင်း မေတ္တာများစွာဖြင့် သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။❤️
22/02/2025
"Free Social Studies Class"
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျောင်းသားကျောင်းသူတို့ရဲ့ စဉ်ဆက်မပြတ်ပညာရေးကို ရှေးရှုတဲ့ ကျွန်တော်တို့
Myittar Education က ယခုတစ်ခါမှာ "Social Studies" ဘာသာရပ်ထဲက World War I ကိုအခြေခံကာ
- Theory and Concept
- Facts vs Opinion
- Bias Topic တွေ လေ့ကျင့်ဖို့အတွက် အတန်းကို အခမဲ့သင်ကြားပေးဖို့ ပြင်ဆင်လာပါပြီ။ 🥳
▫️အတန်းက နှစ်ရက်တာကြာမြင့်မှာဖြစ်ပါတယ်။
▫️February (25 & 26) ရက်နေ့၊ ညနေ (8)နာရီမှာ သင်မှာဖြစ်ပါတယ်။
ဒီအတန်းလေးကို အပ်ဖို့ဆိုရင်
📌 Post ကို Group တစ်ခု (သို့) Friend တစ်ယောက်ရဲ့ Account ဆီ Share ပေးပါ။
📌 Screenshot ကို ကိုပို့ပေးပါ။
📌 Registration Link ကို ဝင်ဖြည့်ကာ အတန်းကိုအပ်နိုင်ပါပြီ။
Free of Charge ဆိုသော်လည်း Limited Seat ဖြစ်တဲ့အတွက် အမြန်ဆုံး လာအပ်ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။ 🫶🏻🤍
19/02/2025
Parts of a Leaf (သို့) အရွက်တစ်ရွက်ရဲ့အစိတ်အပိုင်းများ
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
Myittar Education ရဲ့ Knowledge Sharing အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ GED Science ထဲက အရွက်တွေရဲ့ အစိတ်အပိုင်း (Parts of thee Leaf) အခေါ်အဝေါ်တွေကို မျှဝေပေးသွားပါမယ်ခင်ဗျ။ ❤️
1. အကိုင်းလေးတွေကနေဖြာထွက်လာတဲ့ "ရွက်ညှာ" လေးတွေကို "Petiole" လို့ခေါ်ပါတယ်။
2. Petiole ကနေဆက်သွားတဲ့ အရွက်ရဲ့ "အလယ်ကြော" ကိုတော့ "Midrib" လို့ခေါ်ပါတယ်။
3. Midrib ကနေ ဆက်ပြီးဖြာထွက်သွားတဲ့ "အကြောမျှင်သေး" သေးလေးတွေကိုတော့ "Vein" လို့ခေါ်ဆိုကြပါတယ်ခင်ဗျာ။
4. အဲ့ဒီ Vein လေးတွေကိုဆက်စပ်ကာ ပြန့်ကားနေတဲ့ "အရွက်ပြား" ကိုတော့ "Leaf-blade (or) Blade" လို့ခေါ်တတ်ကြပါတယ်။ "Lamina" လို့လည်း ခေါ်တတ်ကြသေးတယ်ဗျ။
5. အရွက်တွေရဲ့ "ထိပ်ချွန်" လေးတွေကိုတော့ "Tip (or) Apex" လို့ခေါ်ကြတယ်ဗျ။
6. နောက်ဆုံး Leaf-blade လေးကို ကွပ်ထားတဲ့ "ရွက်နား" လေးတွေကိုတော့ "Leaf-margin" လို့ခေါ်ဆိုပါတယ်တဲ့ဗျာ။
အရွက်တွေဟာ
✅ Photosynthesis Process
✅ Respiration Process
✅ Transpiration Process တွေကို ပြုလုပ်ပေးတာကြောင့် အပင်တစ်ပင်ရဲ့ မရှိမဖြစ် အသက်လို့တင်စားရတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
နောက်ပိုစ့်လေးမှာ အဲ့ဒီ အရွက်တစ်ရွက်ရဲ့လုပ်ငန်းစဉ် (Function of a Leaf) ကို ဆက်လက်ရေးသားဖော်ပြပေးသွားမှာဖြစ်လို့ Page & Channel ကို Follow လုပ်ခဲ့ကြပါဦးဗျို့။ 🎉
13/02/2025
Myittar Education ရဲ့ ဆရာ၊ဆရာမတွေ အချစ်ခံရလား၊ အချစ်မခံရဘူးလားဆိုတာသိချင်ရင် ဒီလင့်ခ်တွေမှာသာ ဝင်ကြည့်တော့ဗျို့...။ 🥰
RLA Reading Class - https://www.facebook.com/share/p/18Ch7ZNwQw/
Maths Intensive Class - https://www.facebook.com/share/p/1GxnaEZbjK/
Valentine's Day မှာ ရည်းစားမရှိပေမဲ့ အချစ်ခံချင်သေးတယ်၊ စာလည်းရချင်တယ်ဆိုရင်တော့ Myittar Education ကဖွင့်လှစ်တဲ့ Intensive Class မှာ အတန်းအပ်လို့ရကြောင်း သတင်းကောင်းပါးပါရစေဗျ။ 🤭😉
13/02/2025
ဒါမျိုးဆိုရင် ဂျီအီးဒီကျောင်းသားတွေက ထိပ်ဆုံးက 🤓
12/02/2025
”GED Ready Test အကြောင်း တစေ့တစောင်း“
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
Myittar Education ရဲ့ Knowledge Sharing အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က GED Ready Test များကိုဝယ်ယူရာမှာ သတိထားသင့်တဲ့အရာလေးတွေကို ဝေမျှပေးသွားပါမယ်ခင်ဗျ။ ❤️
1. Test Price
GED Ready Test ဟာဆိုရင် တစ်ဘာသာသာချင်းစီဝယ်ယူရင် 6.99 USD ကျသင့်မှာပဲဖြစ်ပါတယ်။ လေးဘာသာလုံးဝယ်ယူရင်တော့ 22.99 USD ကျသင့်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့မေတ္တာအပါအဝင် အခြားသော Service Agency များမှာလည်း GED Ready Test များကို 50% OFF အနေနဲ့ ဝယ်ယူပေးတဲ့ Service များကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။
2. Test Duration
GED Ready Test ကိုဝယ်ပြီးချက်ချင်း ဖြေရမှာလား။ သို့မဟုတ် ဘယ်လောက်ကြာတဲ့အထိ ထားလို့ရသလဲဆိုတဲ့ မေးခွန်းဟာ GED ကျောင်းသားတိုင်းတွေးမိလေ့ရှိကြတဲ့ မေးခွန်းဖြစ်ပါတယ်။
GED Ready Test ကိုတော့ စဝယ်တဲ့ရက်ကနေ လေးလတိတိ Valid ဖြစ်တာမို့၊ လေးလအတွင်းဖြေဆိုနိုင်ပါတယ်။
3. Can I buy myself?
ကိုယ့်ဘာသာရော ဒီ Test တွေကိုဝယ်လို့ရလားဆိုရင် ရပါတယ်ခင်ဗျာ။ Visa Card ရှိတယ်ဆိုရင် Instruction တွေအလိုက် မှန်မှန်ကန်ကန်ထည့်ပြီးတေ့ာ ကိုယ်တိုင်ကိုယ်ကျဝယ်ယူနိုင်ပါတယ်ခင်ဗျ။ ကိုယ့်ဘာသာစမ်းဝယ်ကြည့်ချင်တယ်၊ ကူညီပေးပါဦးဆိုရင်လည်း ရပါတယ်ခင်ဗျာ။ မက်ဆင်ဂျာ ကို ဟယ်လိုလုပ်လိုက်ပါခင်ဗျာ။ ကူညီပေးဖို့အဆင်သင့်ပါ။ 😉
Last but not the Least🤫
Myittar Education ရဲ့ Intensive Class က ကျောင်းသားကျောင်းသူတွေထဲက Performance ကောင်းတဲ့သူ၊ စာကြိုးစားသူများကိုလည်း ဆရာ၊ဆရာမတို့ကနေပြီး Ready Test တွေပြန်ဆုချတတ်ပါတယ်ခင်ဗျာ။ Soo.. စာလဲလုပ်ရင်း GED Ready Test ကိုဆုအနေနဲ့ အရယူမယ်လို့ဆုံးဖြတ်ထားရင် Myittar Education ရဲ့ အတန်းလေးတွေကို လာတက်နိုင်ပါတယ်ဆိုတာကိုလဲ သတင်းကောင်းပါးပါရစေခင်ဗျာ။ ❤️
06/02/2025
ဒီလမှာ GED Journey ကိုအမှတ်ကောင်းကောင်းနဲ့ Slay ချင်တဲ့သူတွေရှိလား?👀
- ရှင်းလင်းပြတ်သားသော သင်ကြားမှုများ
- ဆရာ၊ဆရာမတွေရဲ့Tip and tricksနှင့် guidelineတွေအပြင်
- စာတူတူလုပ်လို့ရမဲ့Buddiesတွေနဲ့အတူ
မေတ္တာရဲ့ 💥"GED Intensive Class"💥 ကြီးရောက်ရှိလို့လာပါပြီ။
📌Intensive Classဆိုတာဘာလဲ?
✨Preparation Classတတ်တာကြာလို့Praticeလုပ်ရင်းနားမလည်တဲ့သူတွေ၊
✨လေ့ကျင့်ဖို့လမ်းပျောက်နေတဲ့သူတွေ၊
✨အဖြေစစ်ပေးဖို့ Guidance & Explanation ကိုတိတိကျကျလိုနေတဲ့သူတွေဒီClassလေးကိုတတ်ရောက်သင့်ပါတယ်။
✅Intensive Classဖြစ်တဲ့အေလျာက်မေးခွန်းတွေနဲ့ထိထိရောက်ရောက်ပိုင်နိုင်အောင်လေ့ကျင့်မယ်။
✅ထိမိတဲ့သင်ကြားမှုတွေအပြင် Teacherတွေနဲ့အနီးကပ်သေချာသင်ယူရမှာပဲဖြစ်ပါတယ်။
✅စာမေးပွဲတွင်ဖြေဆိုဖို့လွယ်ကူရန် Tips & Tricksတွေကို မျှဝေပေးမှာမို့ အထူးဂွတ်ရှယ်ဖြစ်နေပါပြီ။
ဆိုတော့ သင့်ရဲ့ 2025 နှစ်စမှာ အမှတ်ကောင်းတွေနဲ့ Slay နိုင်ဖို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး Page Messenger ကေနစုံစမ်းကာ လာရောက် အပ်နှံလိုက်ပါ။