AUNG Tuition

AUNG Tuition အောင် ကျူရှင်မှ ကျောင်းသား/ကျောင်းသူများအားလုံးကိုကြိုဆိုပါတယ်

(၁)မှတ်တန် အဖြေများအားလုံးဖြေဆိုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🍀🍀🍀🍀🍀
17/03/2026

(၁)မှတ်တန် အဖြေများ

အားလုံးဖြေဆိုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်
🍀🍀🍀🍀🍀

15/03/2026

#ဒါလေးတွေတော့ဦးစာပေးကျက်ပါကလေးတို့

အခန်း ၁.၄.၇မှ အကြိုက်ဆုံး
long Question ၄ပုဒ် တင်ပေးပါ့မယ်။

အခန်း ၂.၅.၈မှ အကြိုက်ဆုံး
Short Question ၈ပုဒ် တင်ပေးပါ့မယ်။

တင်ပေးလိုက်ပါပြီ ဦးစားပေးကျက်ပါ။
သို့သော် အာမတော့မခံပါ။

Long Question
၁။ Ed အမျိုးအမျိုး
၂။အပြည့်ပြိုင်မှုရှိသောဈေးကွက်တွင် ဈေးနှုန်းနှင့်
ကုန်ထွက်သတ်မှတ်ခြင်း
၃။မက်ခရိုစီးပွားရေးအားမျှခြေ
၄။စီးပွားရေးတည်ငြိမ်စေရန်ကျင့်သုံးသောမူဝါဒများ

Short Question
၁။ထုတ်လုပ်မှုဖန်ရှင်
၂။လျော့နည်းသွားသောပြန်ရချက်ဥပဒေသ
၃။ထုတ်လုပ်မှုအဆင့်များ
၄။ပေါ်လွင်စရိတ်နှင့်မပေါ်လွင်စရိတ်
၅။စီးပွားရေးလုပ်ငန်း၏ရည်ရွယ်ချက်နှင့် ပိုင်ဆိုင်မှု
ပုံစံများ
၆။စီးပွားရေးလုပ်ငန်းအမျိုးအစားများ
၇။စီမံမှုအမျိုးအစားများ
၈။နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲခြင်း

ဦးချစ်ဝင်း (ဘောဂ)
ရန်ကုန်စီးပွားရေးတက္ကသိုလ်

  Final စာမေးပွဲကြီး မဖြေခင် အလို ကျောင်းသား/သူများ၏ ပြင်ဆင်ထားရမည့်အချက်များ                အချက် (A)တစ်ညအလို စာမေးပွဲဖ...
05/03/2026

Final စာမေးပွဲကြီး မဖြေခင် အလို ကျောင်းသား/သူများ၏ ပြင်ဆင်ထားရမည့်အချက်များ
အချက် (A)
တစ်ညအလို
စာမေးပွဲဖြေဖို့အတွက် လိုအပ်တဲ့ (စာ​​မေးပွဲဖြေဆိုခွင့်ကတ်ပြား၊ခဲတံ၊ပေတံ၊ ဖောင်တိန်) အစုံအလင် သိမ်းဆည်းထားပြီး အိပ်ရေးဝဝ အိပ်စက် အနားယူလိုက်ပါ။

မနက်မိုးလင်းတဲ့အခါ ...
မနက်စာကို ဝဝလင်လင် စားသောက်ပါ။ ဒါမှ အားရှိပြီး အကောင်းဆုံးဖြေနိုင်မှာ ဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့ တစ်နာရီဝက်အလို ကျောင်းကို စောစောသွားပါ။စိတ် အေးလက်အေး နေပါ။

တစ်မိနစ်အလို ..
အသက်ကို ခပ်ပြင်းပြင်းရှူပါ၊အာရုံတွေကို စုစည်းလိုက်ပါ။

အချက် (B)

စာမေးပွဲအခန်းထဲ ရောက်တဲ့အခါ

မဖြေခင် မေးခွန်းအားလုံးကို သေချာဖတ်ပါ။ မေးခွန်းထဲတွင် ခေါင်းစဥ်ကြီးကို သေချာဖတ်ပါ ဘယ်နှပုဒ်မေးခဲ့ပြီး ဘယ်နှပုဒ်ဖြေဆိုရမှာကို အထူးသတိပြုပါ။

ဥပမာ- အောက်ပါကြိုက်ရာ (၅)ပုဒ်ပေးထားခဲ့ပြီး သင်ကြိုက်ရာ (၃)ပုဒ်ဖြေဆိုကြပါ။

အရင်ဆုံး ကိုယ်ပိုင်ပိုင်နိုင်နိုင်ရတဲ့စာကို အရင် ဖြေပါ။
ဖြေနေရင်းနဲ့ မေ့သွားရင် နေရာအလွတ်တစ်ခုမှာ ရေးချင်တာ လျှောက်ရေးလိုက်ပါ ကိုယ်မေ့ သွားတဲ့စာတွေ ပြန်ပေါ်လာ တတ်ပါတယ်။ပြန်မပေါ်လာတတ်ရင် နောက်မှာစဥ်းစားကြပါ၊ခဏအဲဒီအပုဒ်ကိုကျော်ပြီး နောက်ရထားတဲ့စာတွေ စရေးလိုက်ပါ။

မေးခွန်းမရှင်းရင် အခန်းစောင့် ဆရာ/မတွေကို မေးပါ။

မေးခွန်းများ ဖြေဆိုပြီးရင် ပြန်စစ်ဖို့ အချိန်ချန်ထားပေးပါ။

အချက် (C)
‌စာမေးပွဲ ဖြေပြီးတဲ့နောက် ...

ဖြေပြီးတဲ့ ဘာသာကို အဖြေတွေတိုက်ကြည့်ပြီး
အချိန်မဖြုန်းပါနဲ့ ငါအကောင်းဆုံးကြိုးစားဖြေခဲ့တယ်ပဲ တွေးပြီး၊

နောက်‌ဖြေမယ့်
ဘာသာ အတွက် ပြင်ဆင်ကျက်မှတ်ပါ...

ဖြေနိုင်တာ၊မဖြေနိုင်တာတွေကို ခေါင်းထဲက ထုတ်ပြီး လုပ်စရာရှိတာ ဆက်လုပ် ပါ။

အားလုံးပဲ အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေ

ထူးချွန်စွာအောင်မြင်လိုသူများရဲ့ ရွေးချယ်ရာ "အောင်"(နည်းပြ)ပါဝါရင့်ဆရာများ အင်အားအပြည့်ဖြင့် ဘာသာစုံသင်ကြားပေးခြင်း၊သီးသ...
19/02/2026

ထူးချွန်စွာအောင်မြင်လိုသူများရဲ့ ရွေးချယ်ရာ "အောင်"(နည်းပြ)ပါ

ဝါရင့်ဆရာများ အင်အားအပြည့်ဖြင့် ဘာသာစုံသင်ကြားပေးခြင်း၊

သီးသန့်စာသင်ဝိုင်းများ စီစဉ်သင်ကြားပေးခြင်း၊

ကျောင်းသား/သူများ၏လိုအပ်ချက်များကို
ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ဝေးသော နေရာမှတက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများအတွက် ဖယ်ရီရှိပါသည်။

အသေးစိတ်သိရှိလိုပါက လာရောက်စုံစမ်းအပ်နှံနိုင်ပါပြီ။

ဆက်သွယ်ရန်ဖုန်း-
09425306916, 09443087087

05/01/2026

၂၀၂၅-၂၀၂၆ခုနှစ် မြတ်ဆရာကန်တော့ပွဲ အမှတ်တရပုံရိပ်များ

၄-၁-၂၀၂၆(လွတ်လပ်ရေးနေ့)

05/01/2026

💃💃💃
သမီးတွေ ပျော်ပျော်ပါးပါး ပါဆယ်ဂိမ်းဆော့🥰

#၂၀၂၅-၂၀၂၆ခုနှစ် မြတ်ဆရာကန်တော့ပွဲ အမှတ်တရ

05/01/2026

သမီးတွေ ပျော်ပျော်ပါးပါး ပါဆယ်ဂိမ်းဆော့🥰

#၂၀၂၅-၂၀၂၆ခုနှစ် မြတ်ဆရာကန်တော့ပွဲ အမှတ်တရ

Address

432, Kaya 12 Street, Kaya Ward, Mingaladon Township
Yangon

Website

Alerts

Be the first to know and let us send you an email when AUNG Tuition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share