Future & Challenge Japanese Language Centre

Future & Challenge Japanese Language Centre

Share

ဂျပန်စာလေ့လာသင်ယူခြင်းနှင့် ဂျပန်နိုင်ငံသွားရောက်ရန်အခွင့်အလမ်းများ မျှဝေဖလှယ်ခြင်း

24/07/2025

Kaigo Scholarနဲ့သတင်းစာ စကော်လာသမားတွေက နောက်တပတ် အင်္ဂါနေ့ F&C ကျောင်းကို ကျောင်းသားကိုယ်တိုင်လာလျှောက်ပေးကြပါ.

အင်္ဂါနေ့ ၂၈.၇.၂၀၂၅ခုနှစ် မနက် ၁၁:၃၀ အတိ အသေးစိတ်ရှင်းပြပေးပါမယ်.

လာရောက်နားထောင်ခြင်းအတွက် အခကြေးငွေကောက်ခံခြင်း လုံးဝ လုံးဝ မပြုလုပ်ပါ.

09425013451 သို့ လည်းကောင်း Page Messenger မှ လည်းကောင်း ကျောင်းလိပ်စာအား မေးမြန်းစုံစမ်းနိုင်ပါသည်.

Online Formလုံးဝ လက်မခံပါ.

21/07/2025

သတင်းစာ စကော်လာ နဲ့Kaigo စကော်လာ ခေါ်သေးလားမေးသူတွေ ခဏနေ Postတင်ပေးပါမယ်နော်. Postကိုသေချာဖတ်ပေးပါ.

cbမှာ အရမ်းများနေလို့တယောက်ချင်းစီဖြေဖို့ အဆင်မပြေလို့ပါ

09/07/2025

F&Cရဲ့အမဲတုံးလေးရေ Bye Bye

ဘဝရဲ့ပန်းတိုင်အတွက် ရှိသမျှခွန်အားနဲ့ကြိုးစားပါ.

03/07/2025

မပြောလို့လဲမပြီးလို့ ပြောပါဦးမယ်.
ခုအခြေအနေကငွေရှိတိုင်းဂျပန်သွားလို့မရတော့တဲ့အနေအထားနဲ့N4အောင်နဲ့လဲသွားဖို့မလွယ်တော့ပါဘူး.
F&C Pageမှာလာမေးကြတယ်.အောင်လက်မှတ်မရှိရင်သွားလို့ရလားတဲ့.
Trainingနဲ့သွားလို့ရလားတဲ့.
မိမိသွားမယ့်နိုင်ငံရဲ့ပေါ်လစီအကြောင်း,ပြောင်းလဲချမှတ်
လိုက်တဲ့အလုပ်သင်လုပ်သား,ကျွမ်းကျင်လုပ်သားနဲ့သတ်မှတ်အရည်အချင်းတွေအကြောင်းအရင်လေ့လာကြပါလို့ပဲအကြံပြုချင်ပါတယ်.ဘာလို့လဲဆိုတော့အမှန်အကန်အေဂျင်စီတွေရှိသေးသလိုငွေရပြီးရော,လူရှိပြီးရော,ဖောင်လာတင်ပြီးရောဆိုပြီးလက်ခံတဲ့နေရာတွေအတော်ပေါလာပါတယ်.လက်လွန်ကြက်သွန်ဖြစ်ပြီးမှလာမေး,လာတိုင်ပင်ရင်ကိုယ်ပါရောငိုပေးရမလိုဖြစ်နေပါတယ်.

အောင်လက်မှတ်တပုံတပင်နဲ့သူတွေတောင်အင်တာဗျူးစောင့်ရတာနှစ်၁၀၀,အောင်ပြန်တော့အကြောင်းအမျိုးမျိုးနဲ့Cancleခံရ,ဘာဖြစ်တယ်,ညာဖြစ်တယ်တွေမြင်နေကြားနေသိနေရတာကိုဘာ အောင်လက်မှတ်မှမရှိဘဲTrainingနဲ့တို့ဘာတို့မိုက်တွင်းလိုက်မနက်ကြပါနဲ့လို့.
ဥပမာ အောင်လက်မှတ်မရှိဘဲလျှောက်တယ်ဆိုပါစို့.Trainingကဖျက်သိမ်းစနစ်ပါ.ဒီနေ့ကုန်ဈေးနှုန်းနဲ့နိုင်ငံတိုင်းဈေးကြီးနေကြတာ.အခြေခံလစာ၁၄သောင်းနဲ့ကိုယ့်နိုင်ငံမှာပဲပန်းရံဆင်းလိုက်တော့.အဲ့လိုပြောရင်မုန်းကြဦးမယ်.စဉ်းစားကြည့်ပါ,ဟုတ်မဟုတ်.ကိုယ်လျှောက်တဲ့ဆီကလဲဂျပန်ကလက်မခံဘာမှဆက်လုပ်ပေးလို့မရဘူး.
ဆင့်ကဲဆင့်ကဲဆောင်ရွက်ရတာတွေရှိတယ်.
N4အောင်သမားတွေကတမျိုး.အင်တာဗျူးကဝင်ချင်တယ်.စကားကမပြောတတ်ဘူး.ဒါကို အင်တာဗျူးအောင်ရင် အတန်းတတန်းတက်ပေးရမယ်ဆို မတက်ချင်ဘူး.N4အောင်တာနဲ့ဂျပန်စာပါမောက္ခဖြစ်သွားလိုပဲ.စကားပြောတွေပဲလျှမ်းလျှမ်းတောက်နေသလို.ဂျပန်ဘက်ကအပြောခံရတော့ဆောင်ရွက်ပေးတဲ့ကျောင်းကအပြောခံရတာ.မတက်ချင်မလျှောက်နဲ့လို့ ဒဲ့ပဲပြောမယ်.အပြင်ကျောင်းသားကိုဘုမသိဘမသိလက်ခံဆောင်ရွက်ပေးရတာလွယ်မနေဘူး.အဲ့လုပ်သား.ကျောင်းသားပြေးရင် အပြစ်တစုံတရာကျူးလွန်ရင်,ပြဿနာတခုခုဖြစ်ရင်ပို့လိုက်တဲ့ကျောင်းနဲ့အေဂျင်စီက ကြားကနစ်နာပါတယ်.ရတဲ့ဝန်ဆောင်ကြေးနဲ့မကာမိအောင်ထိခိုက်ပါတယ်.ကိုယ်အာမခံမယ့်ဒီလူအကြောင်းသိနေမှရပါမယ်.စာလိုက်နိုင် မလိုက်နိုင် စာလုပ်မလုပ်ကအစအခြေခံလောက်တော့သိထားရမှာပါ.
ဘယ်အရာမှအလကားမရပါ.အရာရာချင့်ချိန်ပြီးဉာဏ်နဲ့ယှဉ်ယုံပါ.လုပ်ပါ.

အင်တာဗျူးမအောင်ခင် တကျပ်မှလဲမတောင်းဘူး.ဘာအတန်းမှလဲမတက်ရဘူးSpeakingတောင် ၁၀ရက်မေတ္တာနဲ့သင်ပေးပြီးမှအင်တာဗျူးခိုင်းတာ.ဒါကိုမှမတန်ဘူး,မမှန်ဘူးထင်ရင် မပတ်သတ်တာအကောင်းဆုံးပဲ.လူဆိုတာ တန်ရာတန်ရာပဲရတာမို့လောဘမကြီးပါနဲ့.အာရုံနောက်လို့ဖောင်ကြေးတောင်မတောင်းဘူး.
နောက်တခုအင်တာဗျူးဝင်ရမယ်မဝင်ရဘူးကမသိရသေးဘူး.လစာဘယ်လောက်လဲတို့,ဖောင်တင်ပြီးချက်ချင်းအင်တာဗျူးဝင်ရမှာလားတို့,အင်တာဗျူးကကြာမှာလားတို့စတဲ့မေးခွန်းပေါင်းများစွာနဲ့အရင်ဂျေးများကြတယ်.အဲ့ဒါတွေမမေးခင်ကိုယ့်အရည်အချင်းကိုစီစစ်ပါ.ထိုက်တန်တဲ့လစာမဟုတ်ရင် အင်တာဗျူးတဲ့နေ့အပြတ်ငြင်းပလိုက်.စိတ်မဆိုးဘူး.မသိရင်ဖောင်တင်လိုက်တာနဲ့တန်းခန့်ရမလိုတွေဖြစ်နေပီ.
ဖောင်တင်လို့ကြိုငွေတောင်းရင်အကြံအဖန်ထင်ကြမယ်.မတောင်းတော့ပဲဒီတိုင်းလက်ခံပေးထားပြီးအင်တာဗျူးရှိလို့ဆက်သွယ်တော့ကျောင်းနာမည်တောင်မမှတ်မိတဲ့ပုံစံနဲ့.နှစ်လဲမချီလလဲမကြာသေးတာကို.

ပြီးရင်လိုင်းပေါ်ကနေလာပြီး၁၀တန်းအောင်လက်မှတ်အတုနဲ့လျှောက်ပေးလားတဲ့.ဒီကိုမမေးနဲ့ဟိုကိုသာတိုက်ရိုက်မေး.မရောက်တော့မရောက်ဘူးတဲ့.
အခြေအနေလဲမကြည့်,အချိန်အခါလဲမသိ.မမြင်ဘူးမတွေ့ဖူးဘဲအားမနာလျှာမကျိုးတွေမေး,မရလို့မရဘူးပြောတယ်.

ကျောင်းကိုလူကိုယ်တိုင်လာလိုက်နော်ဆိုရင်ကိုစာမပြန်ကြဘူး.အိပ်ယာထဲကနေအလုပ်မရှာနေနဲ့ရမနေဘူး.

အကုန်အမှန်တရားတွေပြောထားတာ,နာလဲမတတ်နိုင်ဘူး.

စဉ်စားဆင်ခြင်တတ်ဖို့ပြောပြတာ.

Send a message to learn more

02/07/2025

2026 April intake အတွက် သတင်းစာ စကော်လာ
ခိုင်းဂေါ့ စကော်လာ များစတင်လက်ခံ နေပါပြီ.
Future & Challenge Japanese Language Centreမှ2025.7.3(မနက်ဖြန်)ညနေ မြန်မာစံတော်ချိန် ၅:၀၀မှာ စကော်များနှင့်ပတ်သတ်သည့် Seminar Zoom ရှိပါတယ်.တက်ရောက်နားထောင်လိုသူများအနေဖြင့်ကျား-မ မရွေး Page messenger တွင်Viberဖုန်းနံပါတ်များပေးပို့၍Zoom Linkရယူနိုင်ပါပြီ.

30/06/2025

F&Cမှာ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါပြီ📑

23/04/2025

F&Cက ကျောင်းသား/သူ ဘယ်နှစ်ယောက်ထွက်လဲ စောင့်ကြည့်နေကြသူများ သိချင် Cbလာမေးနော်.ဘေးအန္တရာယ်တွေကြောင့် မတင်တာ.ဇွတ်တွေ စပ်စု.

လူချင်းတူတယ်.ကံချင်းမတူဘူး.သိချင်ငါ့အကောင့်လာကြည့်ဟေ့.တမင်မတင်တာ.

တဖက်ကငိုနေရင် တဖက်ကအလိုက်တသိ တိတ်တိတ်လေးနေပေးရတယ်. လိုင်းပေါ် ယွထပြီး တင်မပြနိုင်ဘူး.

ငါလူမပို့လို့ ငတ်တော့သူတို့လာကျွေးမှာကျနေတယ်.ဇွတ်. ငါ့အဖေ အငယ်တွေ ပေါချက်.

အလုပ်တကယ်လုပ်ဖူးရင် သိတယ်.

ကျရှုံးမှု အောင်မြင်မှုဆိုတာ ရှိစမြဲ.တခါကျတာနဲ့ ငါက ခွက်ခေါက်နေပီမှတ်နေကြလားမသိ.

ဟဟ ပဲရမယ်.ဆုတောင်း.

ကံ.ကံ​၏အကျိုးလို့ပဲ မှတ်.

20/02/2025

2025ခုနှစ်၄လပိုင်း 介護スカラー ခိုင်းဂေါ်စကော်လာနဲ့ ၂ယောက်နဲ့Student ၃ယောက်စုစုပေါင်း၅ယောက်အောင်ပါတယ်.

ဒီနေ့ကတော့Lucky Dayလေးပါ.🥰

おめでとうございます👏

20/02/2025

၂၀၂၅ခုနှစ်၄လပိုင်း Student Visaလျှောက်ထားမှု COEအောင်မြင်မှု 100% အောင်ပါတယ်.

17/02/2025

ဒီတခါ တင်ပေးမှာက辞書FormကနေてFormပြောင်း
နည်းတင်ပေးပါမယ်နော်.

てForm G1မှာ နောက်ဆုံးစာလုံးう、つ、るနဲ့ဆုံးရင် う、つ、るကိုဖြုတ်ってပေါင်း

うたうーうたって「U Tat Te」
သီဆိုသည်
たつ ーたって「Tat Te」
မတ်တပ်ရပ်သည်
わかるーわかって「Wa Kat Te」
နားလည်သည်

てForm G1မှာ နောက်ဆုံးစာလုံးぶ、む、ぬနဲ့ဆုံးရင် ぶ、む、ぬကိုဖြုတ်んでပေါင်း

よぶ -よんで(Yonn De)
ဖတ်သည်
たのむ-たのんで(Ta Nonn De)မှာကြားသည်
しぬ-しんで(Shinn De)သေသည်

てForm G1မှာ နောက်ဆုံးစာလုံးすနဲ့ဆုံးရင်すကိုဖြုတ်してပေါင်း

はなす-はなして
စကားပြောသည်
わたす-わたして
ပေးသည်

いけいようしကိုてFormပြောင်းရင် いကိုဖြုတ်くて
ပေါင်း
さむいーさむくて
ချမ်းအေးသော
ながいーながくて
ရှည်လျားသော

てForm G1မှာ နောက်ဆုံးစာလုံးくနဲ့ဆုံးရင်くကိုဖြုတ်
いてပေါင်း
かくーかいて
ရေးသည်-ရေးပြီးတော့
きくーきいて
ကြား/နား/မေးသည်.

てForm G1မှာ နောက်ဆုံးစာလုံးぐနဲ့ဆုံးရင်ぐကိုဖြုတ်
いでပေါင်း
およぐーおよいで
ရေကူးသည်

てForm G2မှာ နောက်ဆုံးစာလုံးるကိုဖြုတ်てပေါင်း
みる -みて
ကြည့်သည်
くらべる-しらべて
ရှာဖွေသည်
おしえる-おしえて
သင်ကြားသည်

てForm G3မှာ
するーして
ပြုလုပ်သည်
くるーきて
လာသည်

17/02/2025

皆さん、

こんにちは.

အရင်နေ့က မျှဝေပေးမယ့်辞書形နဲ့ 普通形ရဲ့ကွာခြား ချက်ကို မျှဝေပေးပါမယ်.

ကျမတို့Kotoba 9000စာအုပ်မှာပါတဲ့ စာလုံးတွေသည် 辞書形များဖြစ်ကြပါတယ်.မူရင်း動詞(Verb)များ ဖြစ်ကြပါတယ်.နောက်ဆုံးစာလုံးများသည်「う」လိုင်း ဖြင့်သာ အဆုံးသတ်ကြပါသည်.

ဥပမာ-

あう တွေ့ဆုံသည်
かく ရေးသည်
はなす စကားပြောသည်
たつ မတ်တပ်ရပ်သည်
しぬ သေသည်
よぶ ခေါ်သည်
たのむ မှာကြားသည်
わかる。。。。。など အစရှိသဖြင့်ပေါ့.

1)うလိုင်းဖြင့်ဆုံးသောVerbများ(or)辞書形
☆☆☆辞書形အတိုင်း Formမပြောင်းဘဲ အသုံးပြုတာကိုふうつう けいလို့ ခေါ်ပါတယ်.

အဲ့ဒီမူရင်းVerbကိုမှ ふうつうけい、てけい、たけい、ないけいဆိုပြီး အဆင့်ဆင့်ပြောင်းလဲအသုံးပြုသည့် အဓိ ကပုံစံ(၄)မျိုးရှိပါတယ်.

ふうつうけいဆိုတာ သာမာန်ပုံစံပါ.တနည်းအားဖြင့်じしょけいအတိုင်းပြောဆိုသုံးနှုန်းခြင်း.

ていねいけいဆိုတာ ယဉ်ကျေးတဲ့ပုံစံပါ.တနည်းအားဖြင့် じしょけいအားますけいသို့ပြောင်းလဲအသုံးပြုခြင်း.

ဥပမာ👇👇👇

食べる=普通形(ふうつうけい)Normal အသုံးပြုပုံ
食べます=丁寧形(ていねいけい)Polite အသုံးပြုပုံ

2)て形
3)た形
4)ない形

သာမာန်ပုံစံကို ခင်မင်ရင်းနှီးသောသူငယ်ချင်းများ၊မိသားစုဝင်များနှင့်စကားပြောဆိုသည့်အခါသုံးပါတယ်.တနည်းအားဖြင့် じしょけいရဲ့ မူရင်းအခြေခံစာလုံးများအတိုင်းအသုံးပြုသည့်နည်းတမျိုးဖြစ်ပါတယ်.

ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်.လိုအပ်တာရှိရင် အကြံပြုချက်များ ရေးသားနိုင်ပါတယ်.

စေတနာများစွာဖြင့်

F&C

17/02/2025

မူရင်းG2စာလုံးများအားG1စာလုံးအဖြစ်"ခြွင်းချက်Verb"များအဖြစ်အသုံးပြုခြင်း.

အောက်ပါစာလုံးများဟာG2စာလုံးများဖြစ်ပြီး သဒ္ဒါနည်းများအရ ပြောင်းလဲ အသုံးပြုသည့်အခါG1စာလုံးများပြောင်းနည်းအတိုင်း ပြောင်းလဲအသုံးပြုရပါမည်။

ထပ်တိုးစာလုံးတွေရှိပါသေးသည်.ဤပို့စ်အောက်တွင် ထပ်မံဖြည့်စွက်ရေးသားပေးပါမည်။

知る「しる」သိသည်။
要る「いる」လိုအပ်သည်။
帰る「かえる」အိမ်ပြန်သည်။
走る「はしる」ပြေးသည်။
入る「はいる」ဝင်ရောက်သည်။
罵る「ののしる」ဆဲဆိုသည်။
切る「きる」လှီးဖြတ်သည်။
蹴る「ける」ကန်သည်။
照る「てる」ထွန်းလင်းတောက်ပသည်။
減る「へる」လျော့ကျသည်။
握る「にぎる」ဆုပ်ကိုင်သည်။
散る「ちる」ကြွေကျသည်။
行く「いく」သွားသည်။(てけい、たけいတွင်ခြွင်းချက်)
捻る「ひねる」ဆွဲလိမ်သည်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon