Tr.Poe Mathematics

Tr.Poe Mathematics Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr.Poe Mathematics, Tutor/Teacher, Yangon.

27/01/2026

ကလေးလေးတို့
Mathematics ကို စိတ်မ၀င်စားတာက ခက်လို့မဟုတ်ပါ။
နားမလည်လို့ပါ။

နားလည်အောင် နားထောင်တတ်အောင် ချိတ်ဆက်တွေးတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်။


15/01/2026

ဘယ်လောက်ပဲ
Mathematics ကိုစိတ်မ၀င်စားတဲ့ကလေးဖြစ်ပါစေ။
တွေးပြီးတွက်ရတာကို သိသွားရင် အလိုလို Mathematics ကို စိတ်၀င်စားသွားတာပဲ။

အဲ့တာက Grade 3/4/5စသည့်အတန်းတွေကျမှ အတန်းကြီးရင် ဖြစ်သွားမှာပေါ့ဆိုပြီး
တွေးထားလို့မရဘူး။
အစပြုတဲ့ ကလေးဘ၀ ဒါလေးက ဘာ ဒါလေးက ဘယ်လောက်ဆိုတာ သိစေချင် သိစေတဲ့အရွယ်က စပြီး အရွယ်နဲ့လိုက်ညီတဲ့ အတွေးမေးခွန်းသေးသေးလေးတွေနဲ့ လေ့ကျင့်ပေးရတာ။

အဲ့ကနေ မလေ့ကျင့်ဖြစ်သေးဘူးဆိုရင်တောင် Grade 1အရွယ်က စပြီး အစပျိုးထား
အဲ့အရွယ်မစဖြစ်သေးလဲ Grade 2မှာ စထား ဘယ်အရွယ်ရောက်နေပါစေ သိပြီ ဆိုတာနဲ့ စလို့ရတယ်။
ဒါပေမယ့် သေချာလိုက်ပြီး ပြောတာကို စ‌နစ်တကျ စိတ်၀င်တစားနားထောင် လိုက်လုပ်နိုင်ဖို့လိုတယ်။
အဲ့တာတွေက ကလေးတစ်ယောက်ထဲ မရ သလို ဆရာတစ်ယောက်ထဲလည်း မရဘူး။
မိဘ တစ်ယောက်ထဲလည်း မရဘူး။

ပတ်၀န်းကျင်အ‌ ခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားရသေးတယ်။

ဥပမာ-စာသင်ချိန်ပဲ စာသင် ကျန်တဲ့အချိန် ဖုန်းပဲပေးဆော့၊တစ်ချိန်လုံးဆော့ပဲနေတဲ့ ကလေးမျိုးကျ စာသင်ချိန် ဘယ်နည်းနဲ့မှ အာရုံမစိုက်နိုင်တော့ဘူး။ စာသင်နေတာပဲ လွှတ်ထားပေးပြီး ဆရာမ ကပဲ အကောင်းဆုံး လုပ်ပေးသွားမှာပေါ့ဆိုပြီး ယုံကြည်မှု လွန်ကဲလွန်းရင်လည်း မဖြစ်ဘူး။
ပြောရရင်တော့အများကြီးပါ။

ဘာCoure ပဲ သင်သင် ထိရောက်ဖို့က အရေးကြီးတယ်။


မနှစ်က စာစုလေးပါ ဒီနှစ်လည်း တချို့ကလေးတွေ အဲ့အတိုင်းပါပဲစာသင်ရင်း ငိုချင်တဲ့ နေ့ရက်တွေ တကယ်ရှိတာနော်။တကယ်ပြောတာပါကိုယ်ရဲ...
07/01/2026

မနှစ်က စာစုလေးပါ
ဒီနှစ်လည်း တချို့ကလေးတွေ အဲ့အတိုင်းပါပဲ

စာသင်ရင်း ငိုချင်တဲ့ နေ့ရက်တွေ တကယ်ရှိတာနော်။

တကယ်ပြောတာပါ
ကိုယ်ရဲ့ဝါသနာနဲ့ ကိုယ်လုပ်နေတာနဲ့
တစ်ထပ်တည်းကျအောင်ကြိုးစားတဲ့အတွက်
စိတ်ရှည်တာကတော့ ပြောစရာမလိုအောင်ပါပဲ။

ဆရာမ ရေ
Mathematics တွက်တာ စဥ်းစားမှုတွေမပါလို့ လက်တွေခြေ တွေထောင်နေလို့
မြန်မြန်မတွက်နိုင်လို့၊စနစ်သစ် သင်နည်းနဲ့မဟုတ်လို့
စသည့်ဖြင့်
မျိုးစုံ ကြိုး ခုန်လာအပ်ကြပါတယ်။
တကယ်လည်း အဲ့ဒီလိုကလေးမျိုးကို အသေအချာ လွယ်ကူသွားအောင် စနစ်တကျ သင်ပေးပါတယ်။ စိတ်မပါရင်တောင် စိတ်ပါလာအောင် နည်းအမျိုးမျိုးနဲ့ ချဥ်းကပ်သင်ကြားပေးပါတယ်။
စိတ်မဝင် စားတာကို နည်းမျိုးစုံ ကြိုးခုန်သင်ကြားပေးတာမှ တကယ်ပါလေ။
ဒါပေမယ့်
ဘယ်လိုပြောပြော
ဘယ်လို
ချဥ်းကပ်ချဥ်းကပ်
စိတ်ပါဝင်စားလာခြင်း အတွေးပါမလာခြင်းတွေက တကယ်ရှိတယ်နော်။
ဆရာမ ပဲ နည်းလမ်းတွေ သိရမှာပေါ့ ဆိုပေမယ့် online မှာ သင်ရတဲ့အခါ သုံးလို့ရသမျှ ကိုယ့်သင်ကြားရေးနည်းလမ်းတွေကို ထိရောက်ဖို့ အကောင်းဆုံးထုတ်သုံးပါတယ်။
ဘယ်လိုမှ ရမလာတာ မတိုးတက်လာတကျတော့ ရော
ဖုန်းတွေ အချိန်လွန်ပေးကြည့်ခြင်း
ကလေးကိုသာ လာအပ်ထားပြီး မိဘက ဂရုစိုက်သင့်သလောက် ဂရုမစိုက်ပေးခြင်း စတဲ့ ဘက်ပေါင်းစုံကနေလည်း တစ်ချက် ပြန်ကြည့်ရပါမယ်။
၁၀ယောက်မှ ၁ ယောက်က အဲ့လိုပုံစံ ရှိပါတယ် ။

အာရုံစူးစိုက်နိုင်စွမ်း မရှိခြင်း က အတွေးအခေါ်ကောင်းတွေကို ဆက်စပ်ပြီး မတွေးနိုင်တော့ပါဘူး

ဟူးးးးးး

နှစ်တစ်နှစ်ရဲ့ စာသင်ချိန်တွေ ပြီးခါနီးမှာ Certificate တွေ ထုတ်တိုင်းမှာ အမြဲတမ်း ကိုယ်သင်ပေးလိုက်တဲ့ ကလေးတွေ ကိုယ်မျှဝေပ...
07/01/2026

နှစ်တစ်နှစ်ရဲ့ စာသင်ချိန်တွေ ပြီးခါနီးမှာ Certificate တွေ ထုတ်တိုင်းမှာ
အမြဲတမ်း ကိုယ်သင်ပေးလိုက်တဲ့ ကလေးတွေ ကိုယ်မျှဝေပေးလိုက်တဲ့ ပညာတွေ နားလည်မှု ကျွမ်းကျင်မှု အသုံးချမှုတွေကို နောက်တစ်တန်း နောက်ဆရာ တွေဆီမှာ လွယ်ကူစွာ ကူးပြောင်း သင်ယူလေ့လာနိုင်ကြပါစေ
‌ဆုတောင်းပေးရင်းးးးးးးး
Tr.Poe Mathematics

 #ကလေးများအခြေခံကောင်းရချင်လျှင်ဒီအတန်းjoinပါ ဒီအတန်းလေးက Basic Mathematics ပါ ဘယ်သင်ရိုးလဲဆို ကိုယ်ပိုင်သင်ရိုးပါ ။ဘယ်သ...
05/01/2026

#ကလေးများအခြေခံကောင်းရချင်လျှင်ဒီအတန်းjoinပါ

ဒီအတန်းလေးက Basic Mathematics ပါ ဘယ်သင်ရိုးလဲဆို ကိုယ်ပိုင်သင်ရိုးပါ ။

ဘယ်သူတွေတက်သင့်လဲဆို
Grade_3ပြီး‌ မြောက်ပြီး Grade4တက်‌ ရောက် မည့်ကလေးများ /ပေါင်း/ နုတ် မြှောက်/စား စိတ်တွက် မရသေးသောကလေးများ ဆုံးဖြတ်ချက် မချ တတ်သေးသော ကလေးများ

Zoom Class ဖြင့် join နိုင်ပါသည်။

ကြာသပတေး သောကြာ
၅နာရီခွဲ မှ ၇နာရီ (ညနေပိုင်း)

စနေ နေ့ (၄နာရီခွဲမှ ၅ နာရီခွဲ)

တစ်ပတ် ၃ရက်
အချိန်က ၄ နာရီ

သင်တန်းကြေး တစ်လ -၅သောင်း

သင်တန်းကာလ _၂လ

ဒီတစ်ပတ် ကြာသပတေး စပါမည်။
လက်ရှိ သင်တန်းသား နှစ်ယောက် အပ်ပြီး ဖြစ်တဲ့အတွက် ၃ယောက်သာ လက်ခံပါတော့မည်။

တက်ရောက်ချင်ပါက
Comment or messenger သို့ လာရောက်ဆက်သွယ်နိုင်ပါသည်။

Tr.Poe Mathematics Online Class

Telegram gp ဖြင့် သင်ကြားသော အခြေခံ အတန်းလေးလဲ ရှိပါမည်။

Grade-4 Mathematicsအခန်း (၁၈)ဖတ်စာလေ့ကျင့်ခန်းများ တွက်ချက်မှု အ‌ဖြေများ
26/12/2025

Grade-4 Mathematics

အခန်း (၁၈)

ဖတ်စာလေ့ကျင့်ခန်းများ တွက်ချက်မှု အ‌ဖြေများ


 ်းအတွက် လာစုံစမ်းသော သားသားလေးတစ်ယောက်မေမေ3လပိုင်းမှ အတန်းများအားလုံးပြန်စမှာ ဖြစ်ပါတယ်ရှင့်။အတန်းမတက်ခင်ကတည်းက ယုံကြည်...
24/12/2025

်းအတွက်
လာစုံစမ်းသော သားသားလေးတစ်ယောက်မေမေ
3လပိုင်းမှ အတန်းများအားလုံးပြန်စမှာ ဖြစ်ပါတယ်ရှင့်။

အတန်းမတက်ခင်ကတည်းက ယုံကြည်မှုအပြည့်နဲ့
လာရောက်မေးသော

ဒါပေမယ့် အတန်းအရင်တက်ကြည့်ပါ
ပြီးမှာ ဆုံးဖြတ်ချက်ချပါ။

Grade1အတန်းလေးက ၂၀၂၆ မှာ ၁၀ယောက်ပဲ လက်ခံသင်ကြားမှာဖြစ်ပါတယ်ရှင့်။

ကြိုတင်လာပြီး အပ်နှံထားလို့လည်း ရပါတယ်ရှင့်


 ်း 4ယောက်ဝိုင်းတန်းမှာ ညက စာသင်ရင်း မှတ်မှတ်ရရထောင့်မှန်စတုဂံတုံးနဲ့ ကုဗတုံး အကြောင်းမိတ်ဆက် လက်တွေ့လုပ်ရတာဆိုတော့ သင်က...
21/12/2025

်း 4ယောက်ဝိုင်းတန်းမှာ

ညက စာသင်ရင်း မှတ်မှတ်ရရ
ထောင့်မှန်စတုဂံတုံးနဲ့ ကုဗတုံး အကြောင်းမိတ်ဆက် လက်တွေ့လုပ်ရတာဆိုတော့
သင်ကူပစ္စည်းလိုတာပေါ့။

ကလေးတွေ သူတို့အိမ်က ဘူးတွေကို
ရှာရဖွေရတာပေါ့
ရှာကြဖွေကြရင်း

တစ်ယောက်ဆီက အသံလေးကြားနေရတယ်
စာမသင်ဖူးလား ကလေး
ဆရာမရှာခိုင်းလို့
နင်တို့စာသင်တာ
ရှုပ်နေတာပဲ ဘာတွေမှန်းကိုမသိဘူး
ဘာတွေ ဘယ်လို သင်နေတာမှန်းမသိဘူးတဲ့။

#သင်ထောက်ကူလက်တွေ့ဆိုတာ
တကယ်လိုအပ်ပါတယ်
စာကို စာချည်းပဲ သင်ကြားကြရတဲ့အခါ
ကလေးတွေဟာ ဘာသာရပ်အပေါ်စိတ်၀င်စားမှုအားနည်းသလို လုပ်နိုင်မှု အာရုံစိုက်မှုတွေကလည်း အများကြီးကွာခြားပါတယ်။

မိသားစုထဲမှာ တစ်ယောက်လောက်တော့ ကလေးတွေရဲ့ နောင်ရေးပညာရေးကို စိတ်၀င်တစားပံ့ပိုးပေးနေဖို့လိုပါတယ်။

အတန်းအပ်ထားပြီ
ကျောင်းပို့ထားပြီနဲ့
ကလေးက တတ်မြောက်ပြည့်စုံနေမှာ မဟုတ်ပါ။




20/12/2025

2026 ပညာသင်နှစ်အတွက်
မူလတန်း Mathematics အတန်းများကို 3လပိုင်း မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

(လပြတ် အပြတ် မသင်ကြားပါ)

Tr.Poe Mathematics online class တွေရဲ့
တစ်နှစ်ချင်းစီရဲ့ စာသင်နှစ်ပြီးချိန်ဟာ ဇန်နဝါရီ
ဖေဖော်ဝါရီ လ ဖြစ်ပါတယ်။

သင်ကြား /သင်ယူ မှု ကို စနစ်ကျ ချင်သော မိဘများအတွက် Tr.Poe Mathematics က
ဖိတ်ခေါ်ပါတယ်နော်။

Tr.Poe(Mathematics)


#ကလေးတို့အတွက်

15/12/2025

ဒီနှစ် Grade 5လေးတွေ အရမ်းကို စိတ်ချမ်းသာရပါတယ် ပြောရမယ်ဆို ကိုဗစ်ထဲက
Grade 1ထဲက စသင်ပေးခဲ့ရတဲ့ကလေးတွေပေါ့။
အခု မေးခွန်းဟောင်းတွေ ပြန်လေ့ကျင့်နေပြီ
သင်ခန်းစာလေ့လာကတည်းက စာသေချာလိုက်လုပ်ခဲ့တာရော အအခြေခံတွက်ချက်မှု ပေါင်းနုတ်မြှောက်စား က ကျွမ်းကျင်ခဲ့တာ‌ ရောကြောင့်
မေးခွန်းဟောင်းတွေမှာ ကိုယ်အများကြီး
ပါ၀င်စရာမလိုပဲ
ကောင်းကောင်းကြီး ‌ဖြေဆိုနိုင်နေကြပြီ။

ကျေးဇူးပါ ကလေးတို့ရယ်
Tr.Poe Mathematics

15/12/2025

🎉 January Special — 3 Months Foundation Math Class (Grade 1–3)

Tr.Poe Mathematics ကနေ

Telegram Group မှာ Online သင်ပေးမယ့် Special Class ကို မကြာခင်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

မူလတန်း 1, 2, 3 အတန်းက ကလေးတွေ အတွက်
အခြေခံ Mathematics ကို
Grade4အတန်းအတွက် လွယ်ကူစွာ ချိတ်ဆက်နိုင်ရန်
လုံးဝကောင်းကောင်း
သင်ပေးမယ့် 3 Months Full Program ဖြစ်ပါတယ်။

---

📚 သင်မယ့် အကြောင်းအရာ (Unit 1–12)

✔ Counting (1–100)
✔ Comparing numbers
✔ Addition/Subtraction
✔ Multiplication Concept
✔ Division Concept
✔ Fractions Basics
✔ Measurement
✔ Time/Calendar
✔ Shapes & Geometry

👉 တစ်ပတ်ကို Unit တစ်ခုနဲ့ လွယ်ကူအောင် သင်ပေးသွားပါမယ်။

---

📍 သင်တန်း Format

📌 Telegram Group Only (Private GP)

📹 Video Lessons (short, clear)

📄 Worksheets & homework

🎧 Voice note explanation

📝 Weekly quiz

🎮 Math games for kids

🧩 Parent guidance

---

💰 Join Fees

✨ တစ်ယောက် — 1,0000 Ks
(3 Months Full Access)

မိဘတစ်ယောက်ပါ GP တစ်ခုထဲကနေ ကလေးကို စနစ်ကျ follow လို့ရပါမယ်။

---

🗓 Start Date

January 1st (New Year Batch)❗

---

📩 Join လုပ်ချင်သူများ

"JOIN" လို့ comment ချလိုက်ပါ
သင်တန်းဝင်ရန် Link ကို Messenger/Inbox တွင် ပို့ပေးပါမယ် 💬

👩‍🏫 Instructor

Tr. Poe (Primary Mathematics)

Experience:

Online kids learning + Foundation Math(Online Experience 5years above)

🔥
သင့်တော်သော သင်တန်းကြေးလေးနဲ့
ကလေးအတွက်
2026 Year Start Strong Math Program!
JOIN လုပ်ချင်ရင် Comment လေးချန်ထားခဲ့ပါနော် ❤️

လေ့ကျင့် ပြီးရင် comment ပေး      #ကလေးတို့အတွက် အခြေ ခံကောင်းဖို့ TR.Poe ရှိတယ်နော်။
27/11/2025

လေ့ကျင့် ပြီးရင် comment ပေး






#ကလေးတို့အတွက် အခြေ ခံကောင်းဖို့ TR.Poe ရှိတယ်နော်။

Address

Yangon
TTTBPES

Website

Alerts

Be the first to know and let us send you an email when Tr.Poe Mathematics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category