Skyward Success - Korean Language School
Korean 🇰🇷 Language School
08/05/2025
여러분 안녕👋
ဒီနေ့မှာတော့ ကိုရီးယား စကားပုံလေးတစ်ခုကို ပြောပြပေးမယ်နော်😇
💯 식은 죽 먹기🥣
👉အေးသော ဆန်ပြုတ်ကို သောက်ခြင်း
ရှင်းလင်းချက်။ ။အရမ်းလွယ်ကူစွာလုပ်နိုင်ခြင်း
예)수영하는 것이 저에게는 식은 죽 먹기 예요.
👉ရေကူးတာက ကျွန်တော့်အတွက်တော့ အရမ်းလွယ်တဲ့
အရာပါ🏊
အဲလိုမျိုးလေး သုံးပါတယ်နော်💁
빛이 있는 곳에는 어둠은 반드시 사라진다.
그러니 대담하게 빛나라. 완벽해지려고 하지 마세요.
있는 그대로 빛나세요.💯💪💪
အလင်းရောင်တွေတည်ရှိနေရင် အမှောင်ထုက ပျောက်ကွယ်သွားစမြဲ ဒါကြောင့် ရဲရဲရင့်ရင့်တောက်ပလိုက်ပါ ပြီးပြည့်စုံဖို့မကြိုးစားပါနဲ့ မင်းရဲ့ ဖြစ်တည်မှုအတိုင်း တောက်ပလိုက်ပါ💌💌
노력은 불가능한 것을
위한 것이다.
(ကြိုးစားမှုဆိုတာ မဖြစ်နိုင်ဘူးလို့ပြောတဲ့အရာတွေအတွက် ရှိတယ်)
30/04/2025
မနက်ဖြန်အလုပ်သမားနေ့မှာ
💫Sky Ward Success Language Center
သင်တန်း ပိတ်မှာဖြစ်တဲ့အကြောင်း သင်တန်းသူသင်တန်းသားများကို အသိပေးအပ်ပါတယ်ရှင့်😇📄
👉အလုပ်သမားနေ့ ဘယ်လိုဖြစ်ပေါ်လာတာလဲ?🤷
အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ
မေဒေးခေါ် အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။
မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခမှုမှာ ၁၉ ရာစုဆန်းစမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမှီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။
ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ကူးစက်သွားသည်။
၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်း များစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။
၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမား ခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။
ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။
30/04/2025
🔊အရှေ့ဒဂုံ မြို့နယ်တွင်လုပ်ကိုင်ရန်
🔍 Chinese Teacher ( Part Time/ Full Time )
Monday to Friday
Salary : Nego:
Gender : Male/Female
Age : 35 အောက်
ဘွဲ့တခုခုရရှိထားသူဖြစ်ရမည်။
အလုပ်ပေါ်သစ္စာရှိပြီး ရိုးသားကြိုးစားသူဖြစ်ရပါမည်။
အနည်းဆုံး Intermediate level ရှိရမည်။
Company Industry : Foreign Language Center
- အတန်းချိန် တစ်နေ့ နှစ်နာရီ ဝင်ရမည်။
Computer အသုံးပြုတတ်ရမည်။
- အတွေ့အကြုံမရှိသော်လည်း သင်ကြားရေးပိုင်းစိတ်ဝင်စားပါက လျှောက်ထားနိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက
Office ☎️☎️☎️
09758414242
09961684188
09440015957
09750255589
[email protected]
09445807756 ( Viber )
09696602473 ( Whatsapp )
[email protected]
ရုံးလိပ်စာ။ အမှတ် ( 854 ) ရွှေပဒေသာလမ်း၊
( 9 ) ရပ်ကွက်၊ အရှေ့ဒဂုံ ( မြောက်ဒဂုံ ကုန်ပဒေသာမှတ်တိုင်နှင့် ( 7/8 ) လမ်းဆုံ မှတ်တိုင်အနီး )
ရောက်ရှိနိူင်သော YBS များ
2/3/4/24/25/30/36/66/88/89/123/139
성공을 한 사람의 뒤에 칭찬과 용기를주는 부모님이 계십니다
(အောင်မြင်တဲ့ လူရဲ့နောက်မှာ ချီးမွမ်းမှုနှင့်သတ္တိကိုပေးတဲ့မိဘရှိတယ်)💌💯
25/04/2025
20/03/2025
ကိုရီးယားနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် စာပြခဲ့သော ဆရာမကိုယ်တိုင်ရှင်းပြနေသော ပုံရိပ်မှတ်တမ်းလေးတွေပါ 🤩🤩
👉ဘာကြောင့် Start Now(Skyward Success) - Korean Language School ကိုရွေးချယ်သင့်တာလဲ💁♂️
✅️ ကိုရီးယားစာကို စနစ်တကျနဲ့ အခြေခံကစပြီး စာသင်သက်နှစ် ၂၀ အတွေ့အကြုံရှိတဲ့ ကိုရီးယားလူမျိုးဆရာမကိုယ်တိုင်က ဦးစီးသင်ကြားပေးမည့် သင်တန်းကျောင်းဖြစ်ခြင်း။
✅️ နယ်ကလာပြီး တက်ရောက်ချင်သည့် ကျောင်းသား ကျောင်းသူ များ၊ အချိန်တိုအတွင်းမှာ ကိုရီးယားစာကို တစိုက်မတ်မတ် သင်ယူချင်သူများ အတွက် ထိရောက်မြန်ဆန်စွာသင်ယူနိုင်ရန် ရေ၊ မီး၊ WiFi အစုံအလင်ဖြင့် အဆောင်စီစဥ်ပေးခြင်း။
✅️ သင်တန်းကာလပြီးဆုံးတဲ့အခါမှာ ကိုရီးယားနိုင်ငံမှာရှိတဲ့ Gimcheon University မှာ Language Program ဆက်လက်တက်ရောက်နိုင်ဖို့ အစအဆုံး ကူညီပေးခြင်း။ ကိုးရီးယားနိုင်ငံတွင် ကျောင်းတက်ရင်း part time အလုပ်လုပ်ချင်သူများအတွက်လည်း part time job များနဲ့ချိတ်ဆက်ပေးပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးခြင်း။
ဒါကြောင့် ကိုရီးယားမှာအမြန်ဆုံး ကျောင်းသွားတက်ဖို့ အစ အဆုံး ကူညီပေးမယ့်သင်တန်းမျိုးရှာနေတယ်ဆိုရင် One Stop Service ပေးမယ့် Start Now (Skyward Success) - Korean Language School ကို အခုပဲ ဆက်သွယ်လိုက်ပါ။✨️
သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက
📱📱📱
09445807756 ( Viber )
09696602473 ( Whatsapp )
[email protected]
Office ☎️☎️☎️
09961684188
09440015957
09750255589
[email protected]
ရုံးလိပ်စာ။ အမှတ် ( 854 ) ရွှေပဒေသာလမ်း၊
( 9 ) ရပ်ကွက်၊ အရှေ့ဒဂုံ ( မြောက်ဒဂုံ ကုန်ပဒေသာမှတ်တိုင်နှင့် ( 7/8 ) လမ်းဆုံ မှတ်တိုင်အနီး )
ရောက်ရှိနိူင်သော YBS များ
2/3/4/24/25/30/36/66/88/89/123/139
11/01/2025
Start Now (Skyward Success-SS) - Foreign Language Center တွင်တက်ရောက်နေသော ကျောင်းသူ ကျောင်းသားများ သိရှိလိုသောမေးခွန်းများကို မေးမြန်းဖြေကြားနိုင်ရန်အတွက် ကိုရီးယားနိုင်ငံရှိ Gimcheon တက္ကသိုလ်ဘက်မှ တာဝန်ရှိသူ ဆရာဆရာမများက (10.1.2025) တွင်လာရောက် ဆွေးနွေးဖြေကြားပေးခဲ့တဲ့ အမှတ်တရပုံရိပ်များ🥰🥰
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 16:00 |