Maths 4 love - IGCSE Mathematics

Maths 4 love - IGCSE Mathematics I am here to solve your Maths problems.

မင်္ဂလာပါ။ page မှာ မတင်ဖြစ်တာ၊ စာအုပ်တွေ share မလုပ်ပေးဖြစ်တာတောင် တော်တော်ကြာသွားပါပြီ။ ငလျင်ကြီးလှုပ်ခတ်တာကြောင့် စိတ...
02/05/2025

မင်္ဂလာပါ။ page မှာ မတင်ဖြစ်တာ၊ စာအုပ်တွေ share မလုပ်ပေးဖြစ်တာတောင် တော်တော်ကြာသွားပါပြီ။ ငလျင်ကြီးလှုပ်ခတ်တာကြောင့် စိတ်မကောင်းဖြစ်တာကော၊ နေမကောင်းတာကော ပေါင်းပြီး ဘာမှ သေချာမလုပ်ဖြစ်ခဲ့ဘူး။

ဒီတစ်ခါ share ပေးချင်တဲ့ စာအုပ်ကတော့ IGCSE မှာ CIE ဖြေမယ့် လေ့လာချင်တဲ့ ကလေးတွေအတွက်ပါ။ IGCSE Edexcel အတွက် ကတော့ page မှာ တင်ပြီးသားပါ။

စာအုပ်တွေကို အောက်မှာပေးထားတဲ့ telegram group link မှာ download ရယူနိုင်ပါတယ်။

Telegram invite link
https://t.me/+I7t_UVsk3VcyYzdl

ဒီတစ်ခါတော့ Singapore မှာ အသုံးများတဲ့ online မှာ တွေ့ဖို့ခက်တဲ့ spectrum စာအုပ် ‌ကို share ပေးပါမယ်။ webpage ကနေ screen...
27/01/2025

ဒီတစ်ခါတော့ Singapore မှာ အသုံးများတဲ့ online မှာ တွေ့ဖို့ခက်တဲ့ spectrum စာအုပ် ‌ကို share ပေးပါမယ်။ webpage ကနေ screenshot ယူပြီး pdf ပြန်လုပ်တာဆိုတော့ အချိန်တော်တော်ကုန်လို့ grade 1 , grade 2 ပဲ ရှိပါသေးတယ်။ ကျန်တဲ့ grade တွေကို pdf ရပြီးပြီးချင်းတင်ပေးပါမယ်။

Telegram invite link

ဒီနေ့တော့ Collins International Primary Maths စာအုပ်တွေကို share ပေးချင်ပါတယ်။ telegram group မှာ အလွယ်တကူ ဒေါင်းလို့ ရပ...
10/01/2025

ဒီနေ့တော့ Collins International Primary Maths စာအုပ်တွေကို share ပေးချင်ပါတယ်။ telegram group မှာ အလွယ်တကူ ဒေါင်းလို့ ရပါတယ်။

🧑‍🏫 Telegram invite link

🙋‍♂️ ဒီနေ့တော့ ရှားပါးစာအုပ်တွေဖြစ်တဲ့ (အရင်တုန်းက ဝယ်ရတာ ဖြစ်ပြီး ၁ ဖိုင်ကို တော်တော်ဈေးကြီးပါတယ်၊ ခု share ထားတာအားလုံ...
04/01/2025

🙋‍♂️ ဒီနေ့တော့ ရှားပါးစာအုပ်တွေဖြစ်တဲ့ (အရင်တုန်းက ဝယ်ရတာ ဖြစ်ပြီး ၁ ဖိုင်ကို တော်တော်ဈေးကြီးပါတယ်၊ ခု share ထားတာအားလုံးဝယ်မယ်ဆိုရင် ၃ သိန်းလောက် ကျသင့်ပါတယ်။) Casco Math Grade 1 to 9 (P1 to P6, S1 to S3) share ပေးပါမယ်။ စာအုပ်‌တွေ က တော်တော်တော့ ထူပါတယ်။ စာလုပ်တဲ့ကလေးအတွက် သင့်တော်ပါတယ်။ လေ့ကျင့်ခန်းတွေလည်း တော်တော်များပါတယ်။

👨‍🏫 Google drive link က ဒေါင်းလုပ် လုပ်ရတာ အဆင်မပြေခဲ့ရင် အောက်က telegram group link ကို join ပြီး ဒေါင်းလို့ရပါတယ်။

မိမိကလေးပညာရေးအတွက်ပဲ အသုံးပြုစေချင်ပြီး ပြန်ပြီးတဆင့်ရောင်းတာမျိုး မလုပ်စေချင်ပါဘူး ခင်ဗျ။ 🙇✌️

👨‍🏫 Google drive link
https://drive.google.com/drive/folders/1NAwLtRhsczPOpyFU25FIautaDC917k94?usp=drive_link

🧑‍🏫 Telegram invite link
https://t.me/+I7t_UVsk3VcyYzdl

IS တက်မယ့် ကလေးတွေ math textbook soft copy လိုတာပဲ ဖြစ်ဖြစ်၊ private school နဲ့ အစိုးရကျောင်း တက်နေပြီး IS မှာ သင်နေတဲ့ ဖတ်စာအုပ်ကို လေ့လာချင်တာ ဖြစ်စေ အသုံးပြုလို့ရအောင် IS တွေမှာ အသုံးများတဲ့ ဖတ်စာအုပ်တွေကို ရှိသမျှ ဝေမျှ ပေးသွားမှာမိုလို့ page လေးကို like and follow လုပ်ထားခြင်း အားဖြင့် လိုအပ်ချိန်တိုင်း အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။

ဒီနေ့တော့ Singapore math (level 1 to 4) ကို share ပေးချင်ပါတယ်။ စင်ကာပူ math level 1 က grade 2 နဲ့ ညီတယ်လို့တော့ ပြောလို...
03/01/2025

ဒီနေ့တော့ Singapore math (level 1 to 4) ကို share ပေးချင်ပါတယ်။ စင်ကာပူ math level 1 က grade 2 နဲ့ ညီတယ်လို့တော့ ပြောလို့ရပါတယ်။ သင်ရိုးက နည်းနည်းမြှင့်ထားတာပါ။

မနေ့က share ပေးထားတဲ့ Cambridge maths second edition မှာ (grade 1 to 9) အကုန် ထည့်ပေးထားပါတယ်။

အောက်က Google drive link မှာ ‌ဒေါင်းလို့ရပါတယ်။ Google drive က ဒေါင်းရတာ အဆင်မပြေရင် နောက်ပိုင်း telegram group ထောင်ပြီး လည်း file တွေ ပြန် ဝေမျှပေးမယ်လို့ စဉ်းစားထားပါတယ်။

https://drive.google.com/drive/folders/1z24ttM2iXuZdzVv9hCo78CmdV9FbhN1-?usp=sharing

မြန်မာက International School တွေမှာ အသုံးပြုလေ့ရှိတဲ့ Maths textbook လေးတွေ မျှဝေပေးချင်ပါတယ်။ primary 1 to 6 အတွက် အရင်...
02/01/2025

မြန်မာက International School တွေမှာ အသုံးပြုလေ့ရှိတဲ့ Maths textbook လေးတွေ မျှဝေပေးချင်ပါတယ်။ primary 1 to 6 အတွက် အရင်တင်ပေးထားပါတယ်။ learner's book , workbook ၂ ခုလုံး ပါပါတယ်။ (Cambridge Mathematics second edition)

လိုချင်တဲ့ စာအုပ်တွေရှိရင်လည်း တောင်းဆိုလို့ရပါတယ်။ တတ်နိုင်သရွေ့ရှာပြီး တွေ့ရင် share ပေးပါမယ်။

အသုံးဝင်တဲ့ mathematics နဲ့ဆိုင်တဲ့ စာအုပ်လေးတွေ share ပေးပါမယ်။ download ပြုလုပ်၍မရပါက page cb ကို လာပြောပေးပါခင်ဗျ။

IS တက်မယ့် ကလေးတွေ math textbook soft copy လိုတာပဲ ဖြစ်ဖြစ်၊ private school နဲ့ အစိုးရကျောင်း တက်နေပြီး IS မှာ သင်နေတဲ့ ဖတ်စာအုပ်ကို လေ့လာချင်တာ ဖြစ်စေ အသုံးပြုလို့ရအောင် IS တွေမှာ အသုံးများတဲ့ ဖတ်စာအုပ်တွေကို ရှိသမျှ ဝေမျှ ပေးသွားမှာမိုလို့ page လေးကို like and follow လုပ်ထားခြင်း အားဖြင့် လိုအပ်ချိန်တိုင်း အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။

ခုမှ စသင်မယ့် teachers တွေလည်း လိုအပ်ရင် လိုက်ရှာရ လွယ်ကူစေအောင်ပါ။ answer keys လိုအပ်ရင်တော့ page cb ကို လာပေးပါခင်ဗျ။

Google drive link
https://drive.google.com/drive/folders/1hdA-NHNvv8HkeCHPVezgA2VI9d2ajXe3?usp=sharing

Telegram invite link
https://t.me/+I7t_UVsk3VcyYzdl

Edit : lower secondary 1 ,2, 3 လည်း ထပ်ထည့်ထားပါတယ်။
Secondary 1 - learner's book 7, workbook 7
Secondary 2 - learner's book 8, workbook 8
Secondary 3 - learner's book 9, workbook 9

https://www.facebook.com/share/p/1HE1eDbFuR/
23/12/2024

https://www.facebook.com/share/p/1HE1eDbFuR/

အခုလက်ရှိမှာ ❛ ဘဝကို အစကနေ ပြန်,စနေရတယ် ❜ လို့ ခံစားနေရပြီး သင့်ဘဝရဲ့အကြီးအမားဆုံး ပြောင်းလဲမှုရိုက်ခတ်လှိုင်းတွေကြား ကျရောက်နေသလို ဖြစ်နေလား❓

သင် အသားကျနေတဲ့ဘဝကနေ ခွဲထွက်သွားပြီး အလုပ်အကိုင်အသစ်၊ စိမ်းသက်တဲ့နေရာအသစ်၊ မရင်းနှီးတဲ့လူစုအသစ် စသဖြင့် တစ်ခါမှ မတွေ့ကြုံဖူးတဲ့ စိန်ခေါ်မှုအသစ်တွေကို နဖူးတွေ့ဒူးတွေ့ ကြုံနေရသူလား❓

သက်တောင့်သက်သာဖြစ်တဲ့ အသားကျပြီးသား ပတ်ဝန်းကျင်လူနေမှုဘဝကနေ အရာရာကို အစကနေ အသစ်တစ်ဖန်ကြိုးစားပြီး ရုန်းကန်းလှုပ်ရှားနေရတဲ့အခါ

〰️ တစ်ခါ တစ်ခါ စိတ်ပင်ပန်းလာပြီး ချုံးပွဲချ ငိုချပစ်လိုက်ချင်စိတ်တွေ ဖြစ်လာတယ်။

〰️ အကုန်လုံးကို လက်လျှော့လိုက်ချင်လာတယ်။

〰️ လောကကြီးကို “ဘာလို့ အမြဲတမ်း ငါလဲ” လို့ အပြစ်တင်ချင်စိတ် တဖွားဖွားနဲ့ အသံကုန်ဟစ်ပစ်ချင်လာတယ် စသဖြင့် သောကရောက်ရကြပါတယ်။ 🙍‍♂️
▁▁▁▁▁▁▁▁▁▁▁▁
ကျနော်တို့ကြိုးစားခဲ့သမျှ၊ ရုန်းကန်ခဲ့သမျှ၊ တည်မြဲနေမယ်လို့ထင်ခဲ့သမျှဟာ မျက်စိတစ်မှိတ်အတွင်းမှာ အကြောင်းကြောင်းကြောင့် ဖုန်မှုန့်တွေလို ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ မလုပ်ချင်တဲ့ အသစ်သစ်သောပြောင်းလဲမှုတွေကပါ ဘာကြိုတင် သတိမှ မပေးဘဲ ဆိုင်းမဆင့် ဘုံမဆင့် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့လာနိုင်တာက လောကရဲ့သဘောတရားပါပဲ။ 💢

❛ အနိစ္စ အမြဲမရှိ ❜ ဆိုတဲ့အတိုင်း ကောင်းတဲ့အရာရော၊ ဆိုးတဲ့အရာရော အရာအားလုံးက မတည်မြဲပါဘူး။ ဘဝမှာ အခု ကြုံတွေ့ကျင်လည်နေရ၊ ပိုင်ဆိုင်နေရတဲ့အရာတွေကလည်း မတည်မြဲသလို အဆိုးဘက်ကိုရော အကောင်းဘက်ကိုရော ဦးတည်သွားနိုင်ပါတယ်။

ဒါပေမယ့် ကျနော်တို့အတွက် အခုလက်ရှိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ ခက်ခဲနေရပါစေ၊ ပင်ပန်းနေရ၊ စိတ်သက်တောင့်သက်သာမရှိပါစေ၊ အစီအစဉ်တကျမရှိတဲ့ပြောင်းလဲမှုတွေကြောင့်ပဲ ကျနော်တို့က အရင်ကထက် ပိုမိုရင့်ကျက်၊ သန်မာလာကြသလို အရည်အချင်းတွေကို တိုးတက်လာစေတာပဲဖြစ်ပါတယ်။ 💪
▁▁▁▁▁▁▁▁▁▁▁▁
ဒီအပတ်မှာတော့ ပုံသေ ကားချပ်ကျတဲ့ သက်တောင့်သက်သာဖြစ်မှုက ကျနော်တို့ဘဝ ကောင်းမွန် တိုးတက်လာဖို့အတွက် ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတဲ့အကြောင်းကို စာဖတ်သူတို့ သိမြင်လာစေဖို့အတွက် “The Growth Rings” concept အကြောင်း ဆွေးနွေးထားတဲ့ နည်းပေးလမ်းပြ ဟောပြောသူ Bill Eckstrom ရဲ့ TED Talk ကို ရွေးချယ်ထားပါတယ်။

👤Bill Eckstrom ဟာ

☑️ Ecsell Institute ရဲ့ CEO နဲ့ Founder တစ်ဦး၊

☑️ The Coaching Effect စာအုပ်ကို ပူးတွဲရေးသားခဲ့တဲ့ စာရေးဆရာတစ်ဦးနဲ့

☑️ အသင်းအဖွဲ့တွေရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်လာစေဖို့နည်းလမ်းပြဟောပြောသူ Speaker တစ်ဦးဖြစ်ပါတယ်။

ဒီတော့ Bill Eckstrom နဲ့ တခြားပညာရှင်တွေရဲ့ ပူးတွဲသုတေသနလေ့လာမှုအပေါ် အခြေခံထားတဲ့ “The Growth Rings” အယူအဆအကြောင်းကို လိုရင်းတိုရှင်း ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
▁▁▁▁▁▁▁▁▁▁▁▁
အထက်မှာဖော်ပြထားသလို ကျနော်တို့နေထိုင်ရာ လောကကြီးက မတည်မြဲမှုတွေနဲ့သာ အမျိုးမျိုးအဖုံဖုံ ကြုံတွေ့စေပြီး ကျနော်တို့ကို စာမေးပွဲစစ်လေ့ရှိပါတယ်။ စာဖတ်သူလည်း ယခုလက်ရှိမှာ ပြောင်းလဲမှုတွေကြောင့် စိတ်ပင်ပန်းပြီး စိတ်မသက်မသာ (discomfort) ဖြစ်နေရရင် Growth Rings အယူအဆကို သေချာ လေ့လာဖတ်ရှုကြည့်စေချင်ပါတယ်။

⭕ Growth Rings အယူအဆက ဘာလဲ။

Growth Rings အယူအဆက လူသားတွေရဲ့ personal နဲ့ professional ဘဝမှာ
➖ နိမ့်ကျဆုတ်ယုတ်သွားသလား၊
➖ ပိုမိုတိုးတက်လာသလားဆိုတာက ကျနော်တို့ရင်ဆိုင်ရတဲ့ ပတ်ဝန်းကျင်အပေါ်မူတည်နေတယ်လို့ဆိုပါတယ်။ ကျနော်တို့ကို ပုံသွင်းနေနိုင်တဲ့ Growth Rings ပုံစံ (၄) မျိုးရှိပါတယ်။
▁▁▁▁▁▁▁▁▁▁▁▁
⭕ Stagnation Ring

ကျနော်တို့ရဲ့ အရည်အချင်း၊ လုပ်နိုင်စွမ်းကို ဆုတ်ယုတ်စေပြီး အရည်အသွေးနိမ့်တဲ့လုပ်ဆောင်မှုတွေကိုသာဖြစ်စေတဲ့ တိုးတက်မှုဆုတ်သုဉ်းခြင်းပတ်ဝန်းကျင်ကို Stagnation Ring လို့ခေါ်ပါတယ်။ 😓ဒီပတ်ဝန်းကျင်အဝန်းအဝိုင်းက လိုက်နာရမယ့် စည်းကမ်း၊ အဆင့်၊ အထိန်းအကွပ်တွေ စသဖြင့် တင်းကျပ်ပြင်းထန်တဲ့ ထိန်းချုပ်မှုတွေရှိပြီး ဆန်းသစ်တီထွင်မှုနဲ့ ကိုယ့်ကိုယ်ပိုင်အတွေးအခေါ်ကို အားမပေးပါဘူး။

တစ်နည်းဆိုရရင် ဗျူရိုကရေစီဆန်တဲ့ အလုပ်ပတ်ဝန်းကျင်၊ အိမ်၊ လူမှုပတ်ဝန်းကျင်မျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ချမှတ်ထားတဲ့အရာတွေကိုပဲ တသွေမတိမ်းလိုက်နာရလေ ကိုယ်ပိုင်ဘဝနဲ့ ကိုယ့်အလုပ်တတ်မြောက်မှုဆိုင်ရာ ကျွမ်းကျင် တိုးတက်မှုတွေမရှိလာလေပါပဲ။
▁▁▁▁▁▁▁▁▁▁▁▁
⭕ Chaos Ring

Stagnation နဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိသလို ကြိုတင်ခန့်မှန်းထားလို့လည်းမရတဲ့ အခြေအနေ၊ အဖြစ်အပျက်မျိုးတွေဖြစ်လေ့ရှိတဲ့ ပရမ်းပတာ ပတ်ဝန်းကျင်ကို Chaos Ring လို့ခေါ်ပါတယ်။ ဥပမာ - သဘာဝဘေးအန္တရာယ်၊ မသမာသူတွေလုပ်တဲ့ ပျက်ကပ်အဖြစ်အပျက်တွေနဲ့ ရုတ်တရက် စီးပွားရေးလုပ်ငန်း (၂) ခု ပေါင်းစီးတာလိုမျိုး ရုတ်ချည်းဆန်ပြီး အထိန်းအကွပ်မဲ့စေတဲ့ ဖြစ်ရပ်တွေကိုဆိုလိုပါတယ်။

ဒီပတ်ဝန်းကျင်အခြေအနေက လူတွေကို survival mode ဖြစ်စေလို့ အတင်း ရုန်းကန်ကြစေပေမယ့် တိုးတက်ကောင်းမွန်လာစေတဲ့ ပတ်ဝန်းကျင်ကောင်းမျိုးတော့ မဟုတ်ပါဘူး။
▁▁▁▁▁▁▁▁▁▁▁▁
⭕ Order Ring

ကျနော်တို့အများစုပျော်မွေ့တတ်ကြတဲ့ တည်ငြိမ်မှုနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုရှိပြီး အစီစဉ်တကျရှိတဲ့ပတ်ဝန်းကျင်ကို Order Ring လို့ခေါ်ပါတယ်။ ဥပမာ - နေ့စဉ်နေ့တိုင်း ဘာလုပ်ရမလဲ၊ ဘာဖြစ်လာမလဲကို အတိအကျ ခန့်မှန်းနိုင်ပြီး စိတ်သက်တောင့်သက်သာဖြစ်စေတဲ့ အလုပ်အကိုင်မျိုးကို ဆိုလိုပါတယ်။

🔁 တစ်စုံတစ်ခုကို ထပ်ကာ တလဲလဲ ဆန်းသစ်မှုမရှိဘဲ ထပ်တလဲလဲလုပ်ပါများတဲ့အခါ၊ တစ်ပုံစံတည်း ရှုထောင့်တစ်ခုတည်းကိုပဲ တွေးပါများပြီး အသားကျလာတဲ့အခါ သင့်မှာ တိုးတက်မှုရပ်တန့်သွားပါတယ်။ ဒါကြောင့် စိတ်သက်တောင့်သက်သာဖြစ်ပြီး အသားကျသွားမှုက သိပ္ပံနည်းအရဆိုရင်တော့ အန္တရာယ်များတယ်လို့ သတ်မှတ်ကြတာပဲ ဖြစ်ပါတယ်။

ဒီတော့ သင့်လုပ်ဆောင်မှု၊ တွေးတောပုံတွေက ပုံသေတစ်မျိုးတည်းဖြစ်ပြီး သင့်တွေးတော၊ ဆန်းသစ်နိုင်စွမ်းတွေကို သင်ကိုယ်တိုင် ကန့်သတ်နေမိပြီလားကို ဆန်းစစ်ကြည့်သင့်ပါတယ်။
▁▁▁▁▁▁▁▁▁▁▁▁
⭕ Complexity Ring

သင်ပုံမှန်ကြုံတွေ့နေရတဲ့ လုပ်ရိုးလုပ်စဉ်တွေကနေ ကွဲထွက်ပြီး ရှေ့ဆက်ဘာဖြစ်မလဲကို ခန့်မှန်းလို့မရတဲ့
ခက်ခဲရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်ကို Complexity Ring လို့ခေါ်ပါတယ်။ ဥပမာ -
🔻သင်တည်မြဲနေမယ်ထင်တဲ့ အလုပ်ကနေအဖြုတ်ခံလိုက်ရတာ၊
🔻 အချိန်တစ်ခုအထိ အဆင်ပြေနေတဲ့ စီးပွားရေးလုပ်ငန်းက ရုတ်ချည်း ရှုံးနိမ့်သွားတာ စသဖြင့် သင်အသားကျပြီးသားအရာက ပြောင်းလဲသွားတာကြောင့် သင့်စိတ်ထဲ အကြီးအကျယ် စိတ်မသက်မသာဖြစ်နေရတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ကျနော်အပါဝင် လူတိုင်းက ဒီအခြေအနေမျိုးကို ကြုံတွေ့ရမှာကြောက်ပြီး ပြောင်းလဲမှုအသစ်၊ စိန်ခေါ်မှုတွေကို ကြုံတွေ့ရတာကို စက်ဆုတ်တတ်ကြပါတယ်။ ဒါပေမယ့် Complexity Ring အခြေအနေ၊ ပတ်ဝန်းကျင်ကပဲ သင်ကို အရင်ထက် ပိုမိုတိုးတက်လာအောင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ တွန်းအားပေးပါတယ်။
▁▁▁▁▁▁▁▁▁▁▁▁
ဒါ့အပြင် စိတ်သက်တောင့်သက်သာ မဖြစ်တဲ့အခါ လူတချို့ကတော့ လက်လျှော့သွားတတ်ကြပေယ့် အခုခံစားနေရတဲ့စိတ်သက်တောင့်သက်သာမဖြစ်မှုက သင်ကို အသစ်သစ်သော တတ်ကျွမ်းမှု၊ သင်ယူလေ့လာမှု၊ ပြင်ဆင်ကြိုးပမ်းမှုတွေ ပြုလုပ်ဖို့နဲ့ လိုက်‌လျောညီထွေနေနိုင်စွမ်း (adaptability) မွေးမြူဖို့ သတိပေးနေတာလို့ ခံယူသင့်ပါတယ်။

ဒါမှပဲ အခက်အခဲ၊ ပြောင်းလဲမှုတွေကို အခွင့်အရေးအဖြစ်ပြောင်းလဲ ရယူနိုင်မှာပါ။ သင်လည်း ဘဝရဲ့မတည်မြဲမှုလှိုင်းလုံးတွေကြား အလိုက်သင့် လှိုင်းစီးတတ်လာမှာဖြစ်ပါတယ်။ 🌊
▁▁▁▁▁▁▁▁▁▁▁▁
အခုရေးသားဖော်ပြသွားတဲ့ ရှင်းလင်းချက်တွေကို Bill Eckstrom ရဲ့ “Why comfort will ruin your life” ကနေ မှီငြမ်းရေးသားထားတာဖြစ်ပါတယ်။ ဒီ TED Talk ဟာ ယခုအချိန်အထိ ကြည့်ရှုသူပေါင်း 5.4 သန်းကျော်ရှိထားတဲ့ TED Talk ကောင်းတစ်ပုဒ်ဖြစ်တာမို့ အောက်ပါလင့်ခ်ကနေ တဆင့်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/LBvHI1awWaI?si=vYw2IIxE_IewlzX5

The Growth Rings အယူအဆဟာ လာမယ့် နှစ်သစ်မှာ ဘဝရဲ့မတည်မြဲပင်ပန်းခက်ခဲမှုလှိုင်းလုံးတွေကို သေချာ အသာစီးယူ၊ လှိုင်းစီးကာ စိတ်ကြံ့ကြံ့ခိုင်ခိုင် ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နိုင်စေဖို့အတွက် စာဖတ်သူရဲ့ ဘဝ အမြင်ရှုထောင့်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သင်ရော အခု ဘယ် Growth Rings ထဲ ကျရောက်နေတယ်ထင်လဲ။

2011 မှ 2023 ထိ Edexcel Past Papers မေးခွန်းဟောင်း တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ စာမေးပွဲမဖြေခင် လေ့ကျင့်ကိုကျင့်သင့်ပါ...
05/09/2024

2011 မှ 2023 ထိ Edexcel Past Papers မေးခွန်းဟောင်း တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ စာမေးပွဲမဖြေခင် လေ့ကျင့်ကိုကျင့်သင့်ပါတယ်။

Further Pure Maths
https://drive.google.com/drive/folders/1AVgM9nuTNc7qHOPm4lUpvkW0CT-v_OzH?usp=sharing

Mathematics B
https://drive.google.com/drive/folders/1luMd9g_Q7I8bD86CsNyylEV9R1OgXUZr?usp=sharing

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Maths 4 love - IGCSE Mathematics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share