16/05/2026
Der letzte Shan-Fürst von Hsipaw, Sao Kya Seng, und seine österreichische Frau, Sao Nang Thusandi, Mahadevi von Hsipaw 🇲🇲🇦🇹
Herzlich willkommen bei uns!! 🇩🇪
16/05/2026
Der letzte Shan-Fürst von Hsipaw, Sao Kya Seng, und seine österreichische Frau, Sao Nang Thusandi, Mahadevi von Hsipaw 🇲🇲🇦🇹
03/05/2026
Myanmars berühmteste Hälse 🇲🇲
Keine ethnische Gruppe ist dermaßen durch ihr Aussehen bekannt geworden wie die Frauen der Kayan Lahwi (Langhalsfrauen). Seit die Waffen schweigen, kommen immer mehr Touristen in ihr Dorf südwestlich von Loikaw. Schon in der Vergangenheit waren die Kayan Lahwi aufgrund ihres Aussehens eine Besonderheit. Die Shan nennen sie yan pa daung – Menschen, mit glänzendem Metall umwickelt. Daher rührt die verbreitete Bezeichnung Padaung. Doch diese betrachten die Kayan Lahwi als Schimpfwort. Die Kayan Lahwi sind eine Untergruppe der Kayah bzw. Karenni (Rote Karen), eines Volkes der tibetobirmanischen Sprachgruppe, das in den Bergen zwischen Shan und Kayin State seit Jahrhunderten siedelt.
01/05/2026
,,Wenn wir wollen, dass sich das ganze Land entwickelt, müssen wir uns gemeinsam intensiv bemühen, mit all unseren Menschen, unserem Geld und Material ... Nur wenn wir zusammen arbeiten, werden wir profitieren."
(Aung San auf der Panglong-Konferenz im Jahr 1947)
30/04/2026
Hallo zusammen!! So lange nicht gesehen!!
ဒီနေ့ share ပေးချင်တာကစဖတ်မိတုန်းက မသိလို့ထူးဆန်းခဲ့ရတဲ့ မြန်မာနိုင်ငံမှာရှားရှားပါးပါး မျက်မှန်တပ်ပြီးပူဇော်ထားတဲ့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့မှာတည်ရှိတဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ ဘုရားသမိုင်းကြောင်းနဲ့ ရွှေမျက်မှန်ဘုရားကြီးပါ 🇲🇲 (သမိုင်းကြောင်းသိချင်ရင်တော့ website မှာရှာဖတ်ကြည့်ပါ admin တော့မျက်မှန်နဲ့မို့ ထူးဆန်းလို့ရှာဖတ်ကြည့်တော့မှသဘောပေါက်ပါတယ်)
der Buddha mit der Goldenen Brille 🇲🇲
Sollten Sie ein Augenleiden haben, lohnt sich ein Ausflug in den Ort Shwedaung etwa 12 km südlich von Pyay. Dort ist die Shwemyetmhan Paya (Pagode der Goldenen Brille) Ziel vieler Pilger. Sie beherbergt einen sitzenden Buddha mit goldener Rundbrille, den die Gläubigen um besseren Durchblick bitten.
ရွှေမျက်မှန်ဘုရားကြီး မျက်စိဝေဒနာပျောက်ကင်းစေသော ဂါထာတော်
ပါဠိဘာသာ
ဒက္ခိဏက္ခိစ သူရိယော
ဝါမအက္ခိစ စန္ဒိမာ
ဗုဒ္ဓစက္ခုနိ ဓါတုယော
အဟံဝန္တာမိ သဗ္ဗဒါ
ဧတေန ပုညကမ္မေန
စက္ခုရောဂေါ ဝိနဿတု
မြန်မာပြန်
လက်ယာဘက် မျက်စိတော်၌ နေမင်းသည် တည်၏။
လက်ဝဲဘက် မျက်စိတော်၌ လမင်းသည် တည်၏။
ဘုရားရှင်၏ မျက်စိတော် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။
ဤသို့ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် မျက်စိ၌ ဖြစ်သောရောဂါ ဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း။
#ရွှေမျက်မှန်ဘုရားကြီး
30/04/2026
She always tries her best.
17/10/2024
That's weird?! 🤔
Happy Halloween!! 🎃🎃
Happy Thadingyut Festival!! 🪔🪔
01/09/2024
Hallo, Leute! Guten Tag! 🇨🇭
အားလုံးပဲ Midnight in Paris ဆိုတဲ့ 2011 လောက်ကထွက်ရှိခဲ့ပြီး Owen Wilson, Rachel McAdams, Marion Cotillard & Léa Seydoux (Blue Is the Warmest Colour ထဲကမင်းသမီးပါပါတယ်နော်) သူတို့အဓိကပါ၀င်သရုပ်ဆောင်ထားပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ကားလေး ကြည့်ဖူးကြမလားမသိဘူး ခုလည်းကိုယ်တွေ အဲ့ကားလေးထဲကလိုမျိုး Switzerland မှာတည်ရှိတဲ့ မြို့လေးတစ်မြို့ဖြစ်တဲ့ Basel ကိုစိတ်ဝိညာဉ်လေးတွေပို့လွှတ်ပြီး သွားလည်လို့ရအောင် ဒီစာအုပ်လေးကဖန်တီးပေးထားပါတယ်
ဆရာမခင်နှင်းယုကပြောတယ် "စိန်နားကပ်ပန်ရခြင်းထက်ခရီးသွားရခြင်းကိုပိုမြတ်နိုးတယ်" တဲ့
ဆရာကြီးဦးအောင်သင်းကကျတော့ "သူတစ်ပါးရဲ့အတွေးအမြင်နဲ့အတွေ့အကြုံတွေကို ဝါကျလေးတစ်ကြောင်းနဲ့လက်ဆင့်ကမ်းယူရတယ်ဆိုတာ ကိုယ်တိုင်တွေ့ကြုံတွေးမြင်ရတာထက်စာရင် ဘယ်လောက်သက်သာလိုက်သလဲ။ ဘယ်လောက်အချောင်ရလိုက်သလဲ။ ငါကသူများတွေးတဲ့အတွေးနဲ့ ငါ့ဘ၀ကိုဖြန့်ကျက်ကြည့်တာပါ" တဲ့
နောက်သေချာတော့မမှတ်မိတော့ပေမဲ့ဖတ်ဖူးတဲ့စာလေးက "ကိုယ်တိုင်ခရီးမသွားနိုင်သေးရင်စာဖတ်ပါ" တဲ့
Ach so ဒီစာအုပ်လေးကနေတစ်ဆင့် Switzerland ရဲ့ Basel မြို့လေးကိုသွားလည်ကြရအောင်
Los geht's! 🇨🇭
28/08/2024
Achtung!! 🖲️📢
Was ist richtig?
Kreuzen Sie an: BMW, BMW oder BMW.
Sie hören jeden Text zweimal. 🤣🤣
ဟိုအဖြေမှန်သလိုလို ဒီအဖြေမှန်သလိုလိုနဲ့ အကုန်မှန်သလိုထင်ရတဲ့ Prüfung-Hören လိုပါပဲ aber စစ်မှန်တိကျတဲ့ Lösung ဆိုတာရှိပြီးသားပါ (စာစစ်သူပဲသိနိုင်မှာမျိုးပေါ့ 🫢🤫) 🙏🙏
Ach so အဖြေမှန်က BMW ပါ BMW မဟုတ်ပါဘူး 🤗😉
25/08/2024
Hallo Leute, Guten Tag! 🇩🇪
Page ရဲ့ ပထမဆုံးမိတ်ဆက်အနေနဲ့ German ဇာတ်လမ်းကောင်းလေးတစ်ကားကို recommend ပေးချင်ပါတယ်
Spieleabend (Blame the Game) 🎬
သူ့ရဲ့ official website မှာတော့ genres ကို Comedy/Thriller drama လို့ပြောထားပြီး အသက်49နှစ်သာရှိတဲ့ Director&Writer လို့လူသိတဲ့ Marco Petry ရိုက်ကူးထားတဲ့ လက်ရာတွေထဲကတစ်ခုပါ
2024 မှအသစ်ထွက်ရှိထားတဲ့ ဒီကားလေးမှာ
Pia (Janina Uhse) photographer (အရမ်းချမ်းသာပေမဲ့ဝါသနာအရ photo studio ဖွင့်ထားသူပါ) ကောင်မလေးနဲ့ Jan (Dennis Mojen) bicycle shop လေးတစ်ခုပိုင်တဲ့ကောင်လေးတို့ သူတို့ခွေးလေးတွေအကြောင်းပြုပြီး ဖူးစာဆုံခဲ့ကြပါတယ် တစ်နေ့မှာ Pia ကသူရဲ့ လူချမ်းသာသူငယ်ချင်းတွေပဲစုပြီး ကစားနည်းပေါင်းစုံကစားကြတဲ့ regular game night လေးကို သူ့ရဲ့အသစ်စက်စက်ကောင်လေး Jan ကိုခေါ်သွားခဲ့ပါတယ် Jan တစ်ယောက် Pia မျက်နှာတစ်ကမ္ဘာပြီးလိုက်ပေးခဲ့ပေမဲ့ သူ့ရဲ့ထူးဆန်းတဲ့သူငယ်ချင်းတွေကြားမှာ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေပေးခဲ့ပါတယ် သို့သော် unannounced arrival ပါမထင်မှတ်ထားဘဲ Pia ရဲ့ ex-boyfriend ရောက်လာပြီး အခြေအနေတွေတင်းမာလာတဲ့ Spieleabend လေးကို Jan နဲ့ Pia တို့ နားလည်မှုရှိရှိနဲ့ ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရမဲ့ကားလေးပါ
ရုပ်ရှင်ကြည့်ရင်း German hören & sprechen ကို fun ဖြစ်ဖြစ်လေ့လာရမဲ့ အခွင့်အရေးလေးပါ နောင်လည်း German language & Germany အကြောင်း ဗဟုသုတရစရာများကို sharing လုပ်ပေးသွားမဲ့အပြင် German ကိုခုမှစလေ့လာချင်သူများအတွက် online class & (Weekend) in-person class များဖွင့်ပေးပြီး YUFL က German နဲ့ ကျောင်းပြီးထားပြီး Licensed-Tour Guide အနေနဲ့ covid ကာလမတိုင်ခင်ထိ ဆယ်နှစ်ကျော်သက်တမ်းလုပ်ကိုင်ခဲ့ပြီး covid အလွန် Tourism လောကခေတ္တရပ်နားထားတုန်း ယခုလက်ရှိအပြင် Private school မှာ တရား၀င် German Teacher အနေနဲ့လုပ်ကိုင်ပြီး သင်ကြားရေးအတွေ့အကြုံရှိဆရာမကိုယ်တိုင် သင်ပေးမှာဖြစ်လို့ စိတ်၀င်စားရင် page ကို like & follow လေးလုပ်ပေးပါရှင့်။
Danke schön, Tschüss! 🇩🇪