30/11/2024
"ပွဲမဝင်ခင် ပြင်ကကျင်းပ"
အခုချိန်လောက်ဆို စာမေးပွဲအတွက်အဆင်သင့်ဖြစ်နေကြပြီလို့ထင်ပါတယ်
မနက်ဖြန် JLPT ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူ များ ၈နာရီ အရောက် ဖြေရမယ့်နေရာကို အရောက်သွားထားကြပါ
ပေးထားတဲ့ Test Voucher များနှင့် မှတ်ပုံတင်ကို မဖြစ်မနေ တစ်ပါတည်း ယူသွားပါ
2Bခဲတံ ၂ချောင်း ခဲဖျက် ချွန်စက် test voucher မှတ်ပုံတင် ပစ္စည်းများကို ဖိုင်အကြည်ထဲ စုစည်းပြီး ထည့်သွားပါ
ဖြေဆိုတဲ့အခါ မေးခွန်းလွှာမှာရော အဖြေလွှာမှာပါ ခဲတံနဲ့ပဲ ရေးလို့ရပါမယ် မှတ်ချင်တာရှိပါက မေးခွန်းလွှာမှာပဲ မှတ်လို့ရပါမယ် ကိုယ့် ခုံနံပါတ် နဲ့ နာမည်ကို Test Voucher မှာ ရေးထားတဲ့ ပုံစံအတိုင်းသာဖြည့်ပါ
မလောကြပါနဲ့ ဖြေးဖြေးနဲ့ ပုံမှန် ကြည့်ထားတဲ့အတိုင်း လေ့ကျင့်ထားတဲ့အတိုင်းဖြေခဲ့ကြပါ
လက်ပတ်နာရီ ပတ်သွားကြပါ လက်တံ နာရီ တစ်မျိုးပဲ ရပါမယ် ၉နာရီ စဖြေရမှာမို့ အဲ့အချိန်ကနေ စပြီး အချိန်တွက်ပါ မေးခွန်းစာရွက်ပေါ်မှာ ေဖြဆိုရမည့်အချိန်ပါပါတယ်
အကောင်းဆုံးဖြေဆိုနိုင်ကြပါစေ
ကြည့်ထားကျက်ထားတဲ့ စာလုံးတွေနဲ့ပဲ တိုးပါစေ လွယ်ပါစေ
Fighting みんなさん💪💪💪
質問も簡単で、合格するように。。。
14/11/2024
#ဂျပန်စာကိုအခြေခံကစပြီးသင်တန်းကြေးသက်သက်သာသာနဲ့ဖွင့်လှစ်ပေးထားတဲ့Decemberအတန်းသစ်လေးလာပါပြီနော် ✨✨
📌ညဘက် ရုံးချိန်လွတ် N5အတန်းဖွင့်ပါပြီ....
💯 အတန်းတက်ရင်း အင်တာဗျူးဖြေလို့ရမယ့်အတွေ့အကြုံလေးတွေ ဖြေပုံဖြေနည်းလေးတွေပါ တစ်ခါထဲ အတန်းမှာ ချယ် ပြောပြပေးသွားမှာပါ🥰
✅️အွန်လိုင်းclass ဆိုပေမယ့်သင်ကြားမယ့်ဆရာမက စိတ်ရှည်စွာနဲ့ သေချာ ရှင်းပြ သင်ကြားပေးနေကြမို့ အွန်လိုင်းက တက်ရင် စာမရမှာ မလုပ်နိုင်မှာတော့ စိတ်ပူစရာမလိုပါဘူးရှင့်
👩💻 N5 Class ( Online ) (ရုံးချိန်လွတ်တန်း)
🗓နေ့ရက် - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး
🕙 အချိန် - ည ၈ : ၀၀ မှ ၁၀ : ၀၀ အထိ
🗓ကာလ - ၄ လ
🗓အတန်းစမည့်ရက် - 9-12-2024 ( တနင်္လာနေ့ )
💰သင်တန်းကြေး - 120000 MMK (သင်တန်းကြေးမှာတော့ စာအုပ်ဖိုး မပါဝင်ပါဘူးရှင့်)
📚အသုံးပြုမယ့်စာအုပ်တွေကတော့
Text Book နှင့် Nihongo no Challenge Kanji တွေပဲဖြစ်ပါတယ်
- ဆရာမနဲ့ တိုက်ရိုက်ထိတွေ့သင်ကြားရတာမလို့ စာမရမှာ ပူစရာမလိုပါနော်။
- အိမ်စာထပ်ရန်လဲရှိပြီး သတ်မှတ်ထားတဲ့ သင်ခန်းစာပြီးတိုင်း Test အသေးလေးတွေ ရှိပါမယ်ရှင့်။
- သင်ခန်းစာများသည် ဖတ်တတ်ရုံမဟုတ်ပဲ Listening,Writing,Reading,Speaking 4Skill လုံး ရအောင် အခြေခံကစပြီး သင်ပေးမှာပါရှင့်
- JLPT စာမေးပွဲအတွက်လဲ စိတ်ပူစရာမလိုပါဘူးရှင့်
👨💻Google Meet ကိုသုံးပြီး Face to Face သင်မှာပါ ( Viedo Class မဟုတ်ပါဘူးနော် )
📌 ဒါကြောင့် Gmail Account တွေတော့ ရှိနေဖို့လိုပါတယ်။ပြီးရင် google meet application download လုပ်ထားဖို့ပဲ လိုပါမယ်ရှင့်
🔰Telegram Groupဖွဲ့ထားမှာဖြစ်ပါတယ်(သင်ကြားရေးအတွက်လိုအပ်သောသောစာရွက်စာတမ်းဖိုင်များကတော့ Telegram Group မှာ စသင်ပြီဆိုတာနဲ့ ဖိုင်ပို့ပေးမှာပါရှင့်)
🔰ဆွေးနွေးချင်တာ၊ သိချင်တာရှိရင်လဲ Groupထဲမှာ အချိန်မရွေးမေးလို့ရပါတယ်
ကို
👩🎓👨🎓တက်မယ့်သူလေးတွေက Page Messenger မှာ
👉အမည်
👉ဆက်သွယ်ရန်ဖုန်းနံပါတ်
👉Telegram အသုံးပြု သော ဖုန်းနံပါတ် တွေကို ပေးပို့ပြီး စာရင်းပေးလို့ရပါပြီ....
💸သင်တန်းကြေးများကို💸
💳- K Pay ဖြင့် ပေးသွင်းနိုင်ပါတယ်
💭 သင်တန်းနှင့်ပတ်သက်ပြီး သိချင်တာတွေရှိရင် အောက်ပါအတိုင်း စုံစမ်းမေးမြန်းနိုင်ပါတယ်
💭 Viber No - 09978241144
#ရုံးချိန်လွတ်သင်တန်း
12/11/2024
六、七、八、九、十
#ろく - ခြောက်(6)
#なな(しち)- ခုနစ်(7)
#はち - ရှစ်(8)
#きゅう(く)- ကိုး(9)
#じゅう - တစ်ဆယ်(10)
N5 Kanji အနေနဲ့ နောက်ထပ် ကိန်းဂဏန်း နံပါတ် ၆,၇,၈,၉,၁၀ လေးတွေကို ဆွဲချက်လေးတွေ လေ့ကျင့်ကြည့်ရအောင်...
#ろくဆွဲချက်မှတ်နည်း - ၂ထဲက ၈ နုတ် ၆ ရပါတယ်
#ななဆွဲချက်မှတ်နည်း - 7 ပြောင်းပြန် ななပါ
#はちဆွဲချက်မှတ်နည်း - ဟ ဟချိ
#きゅうဆွဲချက်မှတ်နည်း - カ နဲ့ ပုံစံတူပါတယ် カကို
၉ခါလောက် ဆွဲရတယ်
#じゅうဆွဲချက်မှတ်နည်း - ပေါင်းခြင်း ၁၀ ရတာ
じゅうပါ
#ခန်းဂျီး
09/11/2024
#を - ကို
🍀 N ကို action လုပ်ဆောင်တဲ့အခါ,အသုံးပြုခြင်းခံရတဲ့အခါ၊ပြုလုပ်ခြင်းခံရတဲ့အခါ သုံးပါတယ်
れい。ごはん を たべます。
しんぶん を よみます。
🍀 しっています verb ရဲ့ ရှေ့မှာလဲ သုံးပါတယ်
れい。あのひと を しっていますか。
🍀 おります ရဲ့ အရှေ့မှာ သုံးပါမယ်
ယာဥ်+を+おります ဆိုတဲ့ ပုံစံမျိုးပါ
れい。しんじゅく で でんしゃ を おります。
🍀 でますရဲ့ အရှေ့မှာ သုံးပါတယ်
နေရာ+を+でます ဆိုတဲ့ ပုံစံမျိူးပါ
れい。まいあさ 8じに いえ を でます。
しごとを おわって かいしゃ を でました。
08/11/2024
#ご - ငါး(5)
N5 Kanji အနေနဲ့ နောက်ထပ် ကိန်းဂဏန်း နံပါတ် ၅လေးကို ဆွဲချက်လေးတွေအတွက် လေ့ကျင့်ကြည့်ရအောင်...
#ဆွဲချက်မှတ်နည်း - တုတ်ချောင်း[ ၅ချောင်း ]နဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံ 五
#ခန်းဂျီး
08/11/2024
#よん(し) - လေး(4)
N5 Kanji အနေနဲ့ နောက်ထပ် ကိန်းဂဏန်း နံပါတ် ၄ လေးကို ဆွဲချက်လေးတွေအတွက် လေ့ကျင့်ကြည့်ရအောင်...
#ဆွဲချက်မှတ်နည်း - လိုက်ကာလေးဖွင့်ထားတဲ့ [ လေးဖက်လေးလံ ]ပြတင်းပေါက်ပုံစံ 四
#ခန်းဂျီး
08/11/2024
#さん - သုံး (3)
N5 Kanji အနေနဲ့ နောက်ထပ် ကိန်းဂဏန်း နံပါတ် ၃ လေးကို ဆွဲချက်လေးတွေအတွက် လေ့ကျင့်ကြည့်ရအောင်...
#ခန်းဂျီး
08/11/2024
#に - နှစ်(2)
N5 Kanji အနေနဲ့ နောက်ထပ် ကိန်းဂဏန်း နံပါတ် ၂ လေးကို ဆွဲချက်လေးတွေအတွက် လေ့ကျင့်ကြည့်ရအောင်...
#ခန်းဂျီး
08/11/2024
#いち - တစ်(1)
ခန်းဂျီးမှာအခက်ခဲဆုံးဆွဲချက်လို့ပြောရမယ့် いち Kanji ဆွဲချက် နှင့် အသံထွက်လေးတွေကို အောက်မှာ တစ်ပုံချင်းလေ့လာပြီး ဆွဲကြည့်ကြရအောင်နော် 🥰
#ခန်းဂျီး
07/11/2024
N5 minnano nihongo ထဲမှ
(じしょけい)ပြောင်း၍တွဲသုံးရသော pattern များ
1.
Vdic + こと が できます。 (Vနိုင်သည်/Vတတ်သည်)
れい、
かくことが できます。ရေးတတ်သည်
°°°°°°°°°°
うんてんすることが できます。မောင်းနိုင်သည်
°°°°°°°°°°°°°°°°°°°°
2.
しゅみ は Vdic + こと です。(ဝါသနာသည် Vခြင်း ဖြစ်သည်)
れい、
しゅみ は ほんを よむ ことです。စာဖတ်ခြင်း
°°°°°°°°°°°
3.
Vdic +まえに (မVခင်)
れい、
ねるまえに、はを みがきます。မအိပ်ခင်
°°°°°°°°°°°°°
4.
V dic + と (V လျှင်)
れい、
この ボタンを おすと、みずが でます。နှိပ်ရင်
°°°°°°°
[ JLPT ဖြေရန် ၂၄ရက်သာ လိုပါတော့သည် ]
がんばれ✊‼️
06/11/2024
Polite form ていねいけい ကနေ plain form ふつうけい ပြောင်းပုံလေးတွေလဲ အတိုကောက် notes လေးတွေ စာပြန်နွှေးရလွယ်အောင် တင်ပေးလိုက်ပါပြီ🖐
💯plain form ふつうけいပြောင်းပြီး pattern တော်တော်များများမှာ သုံးရတာမို့ အရေးကြီးတဲ့ အပိုင်းထဲမှာ ပါပါတယ် ဒါကြောင့် ဘယ် level ပဲရောက်ရောက် အောက်ခြေ အခြေခံအဆင့်ထဲက ဒါကို ပိုင်နိုင်နေဖို့အရေးကြီးပါတယ်...
[JLPT စာမေးပွဲဖြေရန် ၂၅ရက်သာ လိုပါတော့သည်]
06/11/2024
N5 ရဲ့ အရေးကြီးအခြေခံ form လေးခု ဖြစ်တဲ့
Dic Form (じしょけい)
て Form (て けい)
た Form (た けい)
ない Form(ない けい)တို့ကို အကျဥ်းချုပ် notes ထုတ်ထားပါတယ်
ပြီးရင် い adj နှင့် な adj တို့ရဲ့ အခြေခံပါ မှတ်မိအောင်လို့ ရေးပေးထားပါတယ် စာတွေနွှေးတဲ့အချိန်ဖြစ်နေသင့်ပြီမို့ အခု notes လေးတွေကြည့်ပြီး အဆင်ပြေကြပါစေနော်...