14/05/2026
16.04.2026နေ့တွင်ဂျပန်နိုင်ငံတွင်ပညာတော်သင်ကျောင်းသားအနေဖြင့်ပညာသင်ကြားရန်ထွက်ခွာသည့်ကျောင်းသားကျောင်းသူ(3ဦး)အားဂျပန်နိုင်ငံသို့ထွက်ခွာရာတွင်လိုက်ပါပို့ဆောင်ခဲ့ပါသည်။မိမိတို့အနာဂတ်အတွက်ပညာကြိုးစားရှာဖွေရင်းရည်မှန်းချက်ပန်းတိုင်ရောက်အောင်ကြိုးစားကြပါ။💪💪💪🎌🎌🎌🛫
20/04/2026
အားလုံးပဲမင်္ဂလာပါခင်ဗျ။🙏
တန်းခွဲ21အတွက်ဝင်ရောက်ရန်လာလျှောက်ကြသောသူများသောကြောင့်မကြာမီတန်းခွဲ21ကျောင်းသားဦးရေပြည့်တော့မည်ဖြစ်ပါသောကြောင့်မကြာမီလူခေါ်ခြင်းစာရင်းပိတ်တော့မည်ဖြစ်ပါသည်။တက်ရောက်လိုသူများအမြန်ဆုံးလာရောက်လျှောက်ထားကြဖို့အကြောင်းကြားအပ်ပါသည်ခင်ဗျာ။🇯🇵🇯🇵🇯🇵
ကျောင်းအကြောင်းZoomဖြင့်ရှင်းပြခြင်းကို4လပိုင်း19ရက်နေ့တွင်ပြုလုပ်ပြီးကျောင်းဝင်ခွင့်စစ်ဆေးခြင်းအား5လ5ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
06/04/2026
အားလုံးပဲမင်္ဂလာပါခင်ဗျ🙏
⭐️ကျွန်တော်တို့JAC ကျောင်းမှတန်းခွဲ(21)အားများမကြာမီဖွင့်လှစ်ရန်စီစဥ်ထားသောကြောင့်တန်းခွဲ(21)အတွက်ကျောင်းသားကျောင်းသူလက်ခံခြင်းကိုစတင်လက်ခံနေပါပြီခင်ဗျ။
🔶လာရောက်လျှောက်ထားသည့်သူများရှိလာပါကလာရောက်လျှောက်ထားသူများအားမိဘအုပ်ထိန်းသူနှင့်အတူZoomမှတဆင့်ကျောင်းအကြောင်းရှင်းပြပေးခြင်းကိုပြုလုပ်ပြီး၊တက်ရောက်ရန်ဆန္ဒရှိသူများအားကျောင်းဝင်ခွင့်စစ်ဆေးခြင်းရက်ကိုချိန်းပြီးကျင်းပပြုလုပ်ပါမည်။
⭐️JACကျောင်းတွင်ယခုလက်ရှိအချိန်ထိကျောင်းသားကျောင်းသူများစွာလေ့လာသင်ယူနေကြပါသည်။ယခုအချိန်အခါမြန်မာပြည်သည်ခက်ခဲပင်ပန်းနေသည့်အချိန်အခါဖြစ်ပြီး၊ပြည်ပထွက်ခွာဖို့ခက်ခဲနေသည့်အချိန်အခါဖြစ်နေသော်လည်းဂျပန်စာကိုကြိုတင်လေ့လာသင်ယူရင်းဖြင့်အခွင့်အရေးရတာနှင့်အမြန်ဂျပန်နိုင်ငံသို့ထွက်ခွာရန်ပြင်ဆင်နေသည့်သူများတိုးပွားလာနေပါသည်။ထို့ကြောင့်JACကျောင်းအနေဖြင့်တန်းခွဲ20ကိုစတင်ရန်ဖြစ်လာပါသည်။
တန်းခွဲ21သို့တက်ရောက်ချင်သူများရှိပါကအမြန်ဆုံးmessagerမှတဆင့်ဖြစ်စေViberမှဖြစ်စေဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျ။
⭐️ယခုဆိုလျင်JACကျောင်းသည်ဂျိချူးဆေးတစ်ခုထဲမဟုတ်ပဲတိုခုတဲအိနှင့်ပညာတော်သင်ကျောင်းသားများကိုလည်းပို့ဆောင်နေပြီဖြစ်ပါသည်။ဂိနိုးဂျိချူးဖြင့်သွားမည့်သူများအတွက်ဂျပန်စာလေ့လာခြင်းသိပ်မလိုအပ်သည်ဆိုသောအရာမှာမရှိတော့ပါ။ဂျပန်စာလေ့လာမှုကျွမ်းကျင်လေလေအခွင့်အရေးနှင့်အကျိုးမြန်မြန်ရလေဖြစ်ပါသည်။ဂိနိုးဂျိချူးပဲဖြစ်ဖြစ်တိုခုတဲအိပဲဖြစ်ဖြစ်ပညာတော်သင်ပဲဖြစ်ဖြစ်ဂျပန်စာလေ့လာကျွမ်းကျင်မှုကအဓိကဖြစ်ပါသည်။JACကျောင်းတွင်အခွင့်အလမ်း3ခုရှိသောကြောင့်ဘယ်အရာနှင့်ဖြစ်ဖြစ်မြန်မြန်ဆန်ဆန်ဂျပန်နိုင်ငံသို့ထွက်ခွာသွားနိုင်ရန်ကြိုးစားတာကောင်းသည်ဟုထင်ပါသည်။
📝တက်ရောက်လိုသူများအနေဖြင့်အောက်ပါအချက်အလက်များကိုသေချာစွာဖတ်ကြားပြီးလာရောက်လျှောက်ထားနိုင်ပါပြီခင်ဗျ။
—————————။—————————-
JACသည်ကျွမ်းကျင်လက်တွေ့သင်တန်းသားနှင့်တိုခုတဲအိ(အထူးကျွမ်းကျင်အလုပ်သမားများ) ၊ပညာတော်သင်ဖြင့်သွားမည့်သူများအားဂျပန်ဘာသာစကားအစရှိသည်တို့ကိုသင်ကြားပေးနေသည့်သင်တန်းကျောင်းဖြစ်ပြီးဂျပန်လူမျိုးဆရာ၊ မြန်မာလူမျိုးဆရာတို့မှအနီးကပ်လေ့လာသင်ကြားပေးနေသည့်သင်တန်းကျောင်းဖြစ်ပါသည်။
◆JAC ကျောင်းသည် ရန်ကုန်တွင်အဆောင်နေအဆောင်စားစနစ်ဖြင့်ဖွင့်လှစ်မည်ဖြစ်ပါ
သည်။
◆လျှောက်လွှာတင်ခြင်းကိုယခုPage ChatBoxတွင်လာရောက်လျှောက်ထားနိုင်ပါပြီ ခင်ဗျ။
◆Formတင်သောအခါလိုအပ်သောအချက်များ
1.အမည်
2.အသက်
3.ဖုန်းနံပါတ်
4.Tattooရှိမရှိပြောပြပါရန်
5.ဂျပန်စာကိုလေ့လာထားဖူးတယ်ဆိုလျှင်ဘယ်လောက်ထိလေ့လာခဲ့ဖူးလဲ၊တခြားတွင်အင်တာဗျူးဖြေ ထားဖူးလားဆိုတာကိုမှန်မှန်ကန်ကန်ပြောပြပေးပါရန်။
6.ဂျပန်သို့ပညာတော်သင်ကျောင်းအနေနဲ့သွားဖို့ဖောင်တင်ထားဖူးသူ၊COEလျှောက်ထားဖူးသူဆိုလျှင်လည်းပြောပြပေးပါရန်။
※တန်းခွဲ(21)အတွက်လျှောက်လွှာတင်သူများသည်အထက်ပါအချက်(6)ချက်ကိုChatboxတွင်ပြည့်စုံစွာ ဖြေကြားပြီးလျှောက်ထားနိုင်ပါပြီခင်ဗျ။
◆Formလက်ခံပြီးတဲ့နောက်တွင်ကျောင်းဝင်ခွင့်စာမေးပွဲကိုရန်ကုန်တွင်လာရောက်ဖြေဆိုရပါမယ်ခင်ဗျ။
ဝင်ခွင့်အောင်မြင်ပြီးနောက်တွင်ဆေးစစ်ရပါမည်။ဝင်ခွင့်စာမေးပွဲနှင့်ဆေးစစ်ခြင်းအောင်မြင်မှသာ ကျောင်းဝင်ခွင့်ရရှိပါမယ်ခင်ဗျ။
◆ကျွန်တော်တို့JACကျောင်းသည်ဂျပန်နိုင်ငံသို့အလုပ်ဖြင့်သွားမည့်သူများအတွက်ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ပြီးဂျပန်စာနှင့်စကားပြောသင်ကြားပေးခြင်းအပြင်၊ဂျပန်နှင့်ပတ်သက်သောစည်းမျဉ်းစည်းကမ်းများ၊ထားရှိသင့်သည့်စိတ်နေစိတ်ထားနှင့်တွေးခေါ်ပုံနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေ ရန်စသည်တို့ကိုလေ့ကျင့်သင်ကြားပေးခြင်း၊မိမိဖာသာလူနေမှုဘဝပြုလုပ်နိုင်ရန်လေ့ကျင့်ပေးခြင်းစတာတွေကိုသင်ကြားပေးနေသည့်ကျောင်းဖြစ်ပါသည်။
◆သင်တန်းကာလ
1နှစ်ကြာ(အဆောင်နေအဆောင်စားစနစ်)
ဂျပန်စာLevel N3အပြီး(ဂျပန်စကားပြောအပါအဝင်)
※သင်တန်းကာလအတွင်းဝင်လာသောဂျပန်အင်တာဗျူးများကိုဖြေဆိုရမည့်ပုံစံဖြစ်သည်
◆စာသင်ကြားခြင်းအချိန်
တင်္နလာမှသောကြာ(မနက်9နာရီမှညနေ5နာရီ)
◆အဆောင်ကြေးနှင့်သင်တန်းကြေး
👨🏫သင်တန်းကြေး(6လစာ6သိန်း)
သင်တန်းကြေး6လစာမှာကျောင်းစဝင်ခြင်းပေးချေရပါမည်။6လပြည့်ပြီးသောနောက်တွင်ကျန်သော6လ စာ6သိန်းကိုသွင်းရမည်ဖြစ်သည်။
🏢အဆောင်ကြေး
နေစားစရိတ်အပြီးအစီးတစ်လ3သိန်း(လစဉ်ကြိုတင်ပေးချေရပါမည်)
◆JAC သင်တန်းကျောင်းတွင်အထူးလေ့ကျင့်သင်ကြားထားသောကျောင်းသား၊ကျောင်းသူများကိုလိုင် စင်ရရှိထားသောပြည်ပအလုပ်အကိုင်အေဂျင်စီ Gallant Angels Services Co.,Ltd လိုင်စင်အမှတ်(၁၃၅)မှနိုင်ငံတော်မှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းအတိုင်းဂျပန်နိုင်ငံသို့စနစ်တကျတရားဝင်ပို့ဆောင်ပေးပါမည်။
◆သင်တန်းတက်ရန်စိတ်ပါဝင်စားသူများJAC Page Messagerဒါမှမဟုတ်Viberကနေတဆင့်ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းပြီးလျှောက်ထားနိုင်ပါပြီခင်ဗျာ။
Viber 09421743538
05/03/2026
👩🏫👨🏫JACကျောင်းမှဂျပန်စာသင်ကြားခြင်းနှင့်ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းပြုလုပ်ခြင်း၊စကားပြန်ဘာသာပြန်ခြင်းအလုပ်အတွက်ဝန်ထမ်းဆရာ/ဆရာမများခေါ်ယူခြင်း(မြန်မာပြည်တွင်းမှ ကျား/မ အမြန်ခန့်အပ်ရန်ရှိပါသည်)
🔷မြန်မာပြည်တွင်းတွင်ခန့်အပ်မည့်အလုပ်ဖြစ်ပါသည်။
🔷အလုပ်ခန့်အပ်ခြင်းဆိုင်ရာသတ်မှတ်ချက်
▪️အသက်(မကန့်သတ်ထားပါ)
▪️ဂျပန်စာN3နှင့်အထက်အောင်လက်မှတ်ရှိပြီးစကားပြောရသူ
▪️အများနှင့်အဆင်ပြေစွာပြောဆိုဆက်ဆံနိုင်သူ
▪️တက်တူးမရှိသူ
🔷လစာသတ်မှတ်ချက်
▪️အခြေခံလစာ(တစ်လ12သိန်းကျပ်~)
▪️အလုပ်ဝင်ပြီးနောက်အရည်အချင်းနှင့်ကြိုးစားမှုပေါ်မူတည်ပြီး လစာတိုးနိုင်ခြေရှိ~
🔷အလုပ်ချိန်
▪️မနက်9နာရီ~ညနေ6နာရီ
🔷အလုပ်ပိတ်ရက်
▪️တနင်္ဂနွေနှင့်ဂျပန်နိုင်ငံရဲ့သတ်မှတ်ပိတ်ရက်
✅15နှစ်ကြာရပ်တည်လာခဲ့သည့်ကျောင်းဖြစ်ပြီး၊ဂျပန်လူမျိုးနှင့်အတူအလုပ်လုပ်ကြည့်ချင်ပါသလား။
🔷အဆောင်နေအဆောင်စားစနစ်ဖြင့်သင်ကြားပေးနေသောကျောင်းဖြစ်သောကြောင့်နယ်မှအလုပ်လျှောက်လိုသူများ အတွက်အဆောင်ရှိပါသည်။
📌ဂျပန်စာလေ့လာသင်ကြားထားပြီးအကြောင်းအမျိုးမျိုးကြောင့်ဂျပန်နိုင်ငံသို့မထွက်ခွာနိုင်ကြသည့်သူများအတွက်လည်းအထူးအခွင့်အရေးဖြစ်သောကြောင့်အမြန်ဆုံးဆက်သွယ်လျှောက်ထားလိုက်ကြတော့နော်
🔶အလုပ်လျှောက်ဆိုလိုပါက
▪️Messenger(သို့မဟုတ်)
09421743538သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းလျှောက်ဆိုနိုင်ပါသည်။
03/03/2026
မင်္ဂလာေန့လည်ခင်းလေးပါခင်ဗျ
✨2026ခုနှစ် October Intake အတွက်လူခေါ်ခြင်းစတင်ပါပြီခင်ဗျ✨
✨အထက်တန်းေအာင်မြင်ပြီးသူ၊ဂျပန်စာN5နှင့်အထက်ရှိသူ၊Language school ဖြင့်သွားရန်စဉ်းစားေနသူများ အရင်ဆုံး စိတ်ပေါ့ပါးစွာဖြင့် Cb သို့ လာရောက်မေးမြန်းဆက်သွယ်နိုင်ပါသည်✨
★October intake အတွက် အသေးစိတ်အချက်အလက်များအား ZOOM ဖြင့် ရှင်းလင်းပွဲကျင်းပသွားပါမည်။
▼Zoomရှင်းလင်းပွဲ Date and Time▼
3လပိုင်း 7ရက်နေ့ (စနေနေ့)
မြန်မာအချိန် နေ့လည် ၁နာရီအတိတွင်စပါမည်။ Zoom ရှင်းလင်းပွဲမှာ သတ်မှတ်အချိန်အတိုင်း အတိအကျစမည်ဖြစ်သောကြောင့် Zoom သို့ ၁၅မိနစ်ခန့်ကြိုဝင်ပေးကြပါဗျ။
စနေနေ့ ရှင်းလင်းပွဲ Zoom Link ↓
ZOOM④
https://us06web.zoom.us/j/4565866302?pwd=Sm03Smp0bzk4blZYVlI2Ty9iS0E5UT09
・ミーティングID: 456 586 6302
・パスコード: ZL4cng
⭐️အပေါ်က Link ဖြင့် Zoom ဝင်လို့မရလျှင် ID နှင့် Password ထည့်ပြီး ဝင်ပေးပါခင်ဗျ။
🔴ZOOM ရှင်းလင်းပွဲတက်ရန် ဘာမှပြင်ဆင်ရန်မလိုပါဘူးခင်ဗျ။ လိုင်းကောင်းတဲ့နေရာမှ ကျောင်းဖြင့်လျှောက်လိုသော ကာယကံရှင်နှင့် မိဘများ Zoom ထဲသို့ ဝင်ရောက် နားထောင်ပေးလျှင်ရပါပြီဗျ။
🔴ဂျပန်ကျောင်းမှ အင်တာဗျူးက ၃လပိုင်းတွင် ဝင်မည်ဖြစ်သောကြောင့် လျှောက်ထားသူများ အမြန်ဆုံးဆက်သွယ်ပေးကြပါနော်
Zoom ရှင်းလင်းပွဲတက်ရောက်လိုသူများ Page chat box သို့ လာ Hi ပေးပါဗျ။
ZOOM ရှင်းလင်းပွဲ နားထောင်ပြီးသူများမှ အင်တာဗျူးလျှောင်လိုသူများက အင်တာဗျူးဖြေလိုကြောင်းအကြောင်းကြားခြင်းကို နောက်အပတ် ပုဒ္ဓဟူးနေ့ (၁၁ရက်နေ့)နောက်ဆုံးထားပြီး chat box မှာ ပြန်ပြောပေးပါခင်ဗျ။
........../..........
2026 ခုနှစ် October Intake ဝင်ခွင့်အတွက် JAC တွင်သင်တန်းတက်ရောက်ပြီး Language School လျှောက်ချင်သူများအတွက် ကျောင်းဝင်ခွင့်အတွက် JAC ကျောင်းတွင်ရှင်းလင်းပွဲလေးကိုပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသဖြင့် နည်းပညာတိုးတက်မြင့်မားသော ဂျပန်နိုင်ငံတွင် ကျောင်းတက်ရောက်ပြီး အနာဂါတ်အလုပ်အကိုင်ကောင်းများရှာဖွေလိုသူများအနေဖြင့် ရှင်းလင်းပွဲတက်ရောက်ရန်စာရင်းပေးသွင်းထားလိုက်တော့နော်
Language School ဖြင့်သွားရောက်လိုသူများအနေဖြင့် JAC တွင်သင်တန်းတက်ရောက်မှရမှာလား မတက်ပဲသွားလို့မရဘူးလား ဆိုရင်တော့ ဟုတ်ပါတယ် မတက်ပဲသွားလို့မရပါဘူးခင်ဗျ
JAC သင်တန်းကျောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၄ နှစ်ကတည်းက စွမ်းဆောင်ရည်ပြည့်ဝပြီး ဂျပန်စာထူးချွန်ထက်မြက်သော ကျောင်းသား/သူများကိုမွေးထုတ်လာခဲ့သော သင်တန်းကျောင်းတစ် ခုဖြစ်ပါသည်။ ဂျပန်စာတစ်ခုတည်းသာမက ဂျပန်နိုင်ငံရဲ့ လူနေမှုဘဝနှင့်ယဉ်ကျေးမှုများ စဉ်းစာတွေးခေါ်ပုံ များ စည်းကမ်းများကအစ သင်ကြားလေ့ကျင့်ပေးနေသည့်ကျောင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံသို့မသွားခင် ကတည်းကပင် မြန်မာနိုင်ငံတွင် ဂျပန်ပုံစံအတိုင်းနေထိုင်သွားရန်လေ့ကျင့်ပေးနေခြင်း ဖြစ်သောကြောင့် ဂျပန်နိုင်ငံသို့ရောက်ရှိပါက ချက်ချင်း ဂျပန်နိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့်လူနေမှုဘဝနေထိုင်မှုအခက်အခဲမရှိအဆင်ပြေစွာဖြင့်နေထိုင်သွားနိုင်မှာဖြစ်ပါသည်။
၂၀၂၆ ခုနှစ် Octorber Intake ဝင်ခွင့်အတွက် လျှောက်ထားနိုင်သောကျောင်းများကတော့
Nagoya ခရိုင်နှင့် Gifu ခရိုင် တွင် ရှိသော Top 10 ဝင်သော နာမည်ကြီး ကျောင်းများ ဖြစ်ပါသည်။
==========
ဂျပန်နိုင်ငံ Language School လျှောက်ချင်သူများအနေနဲ့လိုအပ်ချက်များကတော့
➡️တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မူရင်း နှင့် အမှတ်စာရင်း ရှိသူဖြစ်ရမည်
➡️Passport PV ကိုင်ဆောင်ထားသူဖြစ်ရမည်
➡️ဂျပန်စာ N5နှင့်အထက် (N4နှင့်အထက်ဆိုလျှင် ပို၍ကောင်းပါသည်)
➡️ဂျပန်နိုင်ငံ Language School တက်ရောက်ပြီး ကျောင်းပြီးဆုံးသည်အထိတက်ရောက်လိုစိတ်ရှိသူ
ကျောင်းစာရင်းသွင်းသည့် ကာလအတွင်း ကျောင်းလခနှင့် နေထိုင်မှုစရိတ်များကို ပေးဆောင်နိုင်သူဖြစ်ရ ပါမည်
==========
လျှောက်ထားလိုသူများ Page messenger သို့လာ၍ စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျ။
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
ဖုန်း -09421743538ကို ဆက်သွယ်မေး မြန်းနိုင်ပါတယ်ခင်ဗျ
Join our Cloud HD Video Meeting
Zoom is the leader in modern enterprise cloud communications.
29/12/2025
皆様မင်္ဂလာပါ။
စဉ်ဆက်မပြတ် ကူညီပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။
အချိန်တွေ လျှင်မြန်စွာကုန်လွန်ပြီး နှစ်ကုန် နှုတ်ခွန်းဆက်စကားများ ပြောဖို့အချိန်ကျရောက်လာပါပြီ။
ယခုနှစ်အတွင်းလည်း အားလုံးထံမှ အထူးကူညီထောက်ပံ့မှုများ ရရှိခဲ့သည့်အတွက် စိတ်ရင်းမှ အထူးကျေးဇူးတင်ရှိပါသည်။
လာမည့်နှစ်တွင်လည်း ပိုမိုကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အနာဂတ်တွင်လည်း ဆက်လက်အားပေးကူညီပေးပါရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်။
ကျွန်ုပ်တို့ ကုမ္ပဏီ၏ နှစ်ကုန်နှင့် နှစ်သစ်ကူးကာလ လုပ်ငန်းဆောင်ရွက်မည့်ရက်များ ကို လည်း လမ်းညွှန်အသိပေးအပ်ပါသည်။
ယခုနှစ်အတွင်းနောက်ဆုံးရုံးဖွင့်ရက် - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ
နှစ်သစ်လုပ်ငန်းစတင်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ
ပိတ်ရက်ကာလအတွင်း မေးမြန်းစုံစမ်းမှုစသည်တို့ကို ကျွန်ုပ်တို့အနေဖြင့် ပြန်လည်ဖြေကြားနိုင်မှာ မဟုတ်တဲ့အတွက် နားလည်ပေးရန်မေတ္တာရပ်ခံပါသည်။
သို့သော် အရေးပေါ်ကိစ္စများရှိပါက ယခင်အတိုင်း မပြောင်းလဲပဲဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ထိုအခါ ဆက်သွယ်လာပါရန် တောင်းဆိုအပ်ပါသည်။
ဤစာဖြင့် နှစ်ကုန် နှုတ်ခွန်းဆက်စကားတွေကို အဆုံးသတ်ပါရစေ။
အားလုံးအတွက် ကောင်းမွန်သော နှစ်သစ်တစ်ခုကို ကြိုဆိုနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည်။
15/12/2025
10.12.2025နေ့တွင်ဂျပန်နိုင်ငံတွင်အထူးကျွမ်းကျင်လက်တွေ့သင်တန်းသားအနေဖြင့်အလုပ်လုပ်ကိုင်ရန်ထွက်ခွာသည့်ကျောင်းသူ(1ဦး)အားဂျပန်နိုင်ငံသို့ထွက်ခွာရာတွင်လိုက်ပါပို့ဆောင်ခဲ့ပါသည်။မိမိတို့အနာဂတ်အတွက်ကြိုးစားကြပါ။💪💪💪🎌🎌🎌🛫
04/12/2025
応援してくれる皆様のおかげで、フォロワー1.5万人を達成しました!ずっと支援していただきありがとうございます。🙏🤗🎉
04/12/2025
မင်္ဂလာပါခင်ဗျ။
JACကျောင်းသားများရဲ့ကာရာအိုကေပြိုင်ပွဲ၊ဘိုလင်းပြိုင်ပွဲ၊ဂျပန်ကျားထိုးပြိုင်ပွဲတွေကျင်းပပြုလုပ်ပေးခဲ့ပါသည်။ပင်ပန်းမှုတွေကိုခဏတာအပန်းဖြေရင်းပျော်ရွှင်စွာကျောင်းသားများပါဝင်ယှဥ်ပြိုင်ခဲ့ကြပါသည်။
အားလုံးပဲဘဝအတွက်ဆက်ပြီးဇွဲမလျော့ပဲကြိုးစားသွားကြပါ။💪💪💪
30/11/2025
2025.11.29ရက်နေ့တွင်JACရဲ့တန်းခွဲ20ကျောင်းဝင်ပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။JACကိုယုံကြည်စွာဖြင့်မိတ်ဆက်ပေးကြသည့်သူများတစ်ယောက်ချင်းဆီတိုင်အားJACမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။😊🎌🇲🇲🎌🇲🇲
13/11/2025
12.11.2025နေ့တွင်ဂျပန်နိုင်ငံတွင်အထူးကျွမ်းကျင်လက်တွေ့သင်တန်းသားအနေဖြင့်အလုပ်လုပ်ကိုင်ရန်ထွက်ခွာသည့်ကျောင်းသူ(1ဦး)အားဂျပန်နိုင်ငံသို့ထွက်ခွာရာတွင်လိုက်ပါပို့ဆောင်ခဲ့ပါသည်။မိမိတို့အနာဂတ်အတွက်ကြိုးစားကြပါ။💪💪💪🎌🎌🎌🛫