သို့ ~ JLPT ဖြေမဲ့ 学生များ🇯🇵
🎌 လူတိုင်း Perfect မဖြစ်နိုင်သလို သင်သမျှစာတွေကိုလည်း လူတိုင်း မကျက်မှတ်နိုင်/ မမှတ်မိနိုင်ပါ
🎌ကိုယ့်ဘက်က တတ်နိုင်သလောက်လုပ်ထားပြီမို့ ကိုယ့်ဘက်က တာဝန်ကြေပါတယ်
🎌 မနက်ဖြန်စာမေးပွဲမှာ ကြောက်စိတ်လေးတွေကိုလျော့ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ပြီး အကောင်းဆုံးဖြေခဲ့ကြပါ
🎌စာမေးပွဲခန်းထဲမှ မထွက်မချင်း အောင်/ ရှုံး ဟူသည်ကိုယ့်လက်ထဲမှာသာဖြစ်ပါတယ်
🎌စောစောအိပ်ပါ / စိတ်ကိုရှင်းရှင်းလေးထားပါ /
🎌 Rs များ Bf/ Gf တွေနဲ့ ရန်မဖြစ်ထားပါနဲ့ ၊
စာမေးပွဲဖြေချိန် အာရုံလွင့်နေပါလိမ့်မယ်
ဖြေဆိုမည့် ကျောင်းသား/သူတိုင်း စာမေးပွဲအောင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 💗
Easy Japanese with Myaw
急がば回れ〜
📣 For December JLPT EXAM Tips
JLPT exam ကနီးလို့လာပြီဆိုတော့ အဖွဲ့တွေလည်း ကွဲကုန်ပြီ
✏️ရသလိုလို မရသလိုလို ဖြစ်နေတဲ့ မမဆောင်းအဖွဲ့ရယ်
✏️အလှူလုပ်တော့မယ်လို့တွေးနေတဲ့ အလှူရှင်အဖွဲ့ရယ်
✏️ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ အဖွဲ့ရယ် ဆိုပြီးတော့ပေါ့နော် 笑笑
စာလုံးလုံး မလုပ်ထားတဲ့သူတွေကိုတော့ sensei တွေလည်း မကယ်နိုင်သလို myaw လည်းမကယ်နိုင်ပါဘူး… 🤒😔
စာနည်းနည်းလေးရရုံနဲ့တင် အသက်ရှုချောင်အောင်တော့ ပြောပြပေးလို့ရပါတယ် 🙂↔️
ကဲ့ဆိုတော့…
စာလုပ်တဲ့အခါ နည်းနည်းလေးဘဲဖြစ်ဖြစ် အသုံးဝင်မဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ် 🫶
__________________________________________
🎯ဒီချိန်မှာ test book ကြီးကို မေ့ထားလိုက်တော့
📝Own Grammar note or grammar note pdf တွေနဲ့ grammar ကိုအစ~ အဆုံး မှတ်မိတဲ့ထိပြန်မှတ်ပေးပါ
📝Grammar က ရရင်ရသလို အမှတ်ပြည့်ယူလို့ရတဲ့အပိုင်းဖြစ်တဲ့အတွက် အပိုင်ကြည့်
🎯Kanji ပေါ့နော်
📝Test book က kanji တွေကို ခေါက်ထားလိုက်တော့။ ဒါမဲ့ တစ်အုပ်လုံးက kanji တွေကို မြင်ဖူးသည်ရှိအောင်တော့ မျက်လုံးနဲ့ scan ထားဖို့လိုတယ် ( kanji မြင်ရင် ရင်နှီးနေအောင်ပါ )
📝အမေးများတဲ့ kanji pdf ( sharing pdf ) တွေနဲ့ စာကျက်ပါ
🎯Kotoba ပိုင်းပေါ့နော်
📝 သူလည်းတူတူဘဲ အမေးများတဲ့ ( sharing pdf ) တွေနဲ့ စာကျက်ပါ။ မသိတာရှိရင် တစ်ခါတည်းမှတ်ပါ။ အရမ်းများနေရင်လေ နိုင်သလောက်ကိုဘဲ မှတ်ပါနော်
🎯 Reading ပိုင်းကတော့ ဖတ််မှ ရပါမယ်
📝 reading မှာကလေ သူ့အထာရှိတယ်။ အဲ့အထာကို ဖတ်ဖန်များမှ သိလာတာ။ အဲ့ကြောင့် များများဖတ်ရမယ်။ Reading မှာလည်း short / medium / long (အတိုကောက်ဘဲပြောလိုက်တော့မယ် ) ရှိတာဆိုတော့ မျှပြီးလေ့ကျင့်ပေးရမယ် ။ စစချငိးတော့ short နဲ့ဘဲစ ပြီးမှspeed တိုးပြီး medium တို့ long တို့ကို try ကြည့်ပေးနော်။ စစချင်းဆိုရင် ဖြေတိုင်းမှားပါလိမ့်မယ်။ ဒါသဘာဝပါဘဲ ။ အမှားများလိုက်တာဆိုပြီး စိတ်ဓာတ်မကျသွားဖို့က အဓိကပါ။⏱️အချိန်နဲ့ ဖြေကြည့်ဖို့တော့ လိုမယ်နော် ။ စစချင်းတော့ တစ်ပုဒ်ကို 5 မိနစ်လောက်ထားပြီးကျင့် နောက်တော့ မိနစ်ကိုလျှော့ပြီး လေ့ကျင့်ပေါ့။
🎯listening ကတော့ YouTube ပြေးပါ
Listening က များများနားထောင်ရင် အလုပ်ဖြစ်ပါတယ် ( question type ကိုတော့နားလည်ထားမှရမယ်နော် )
Do 📝- ကတော့ မေးခွန်းမလာခင် စာသေချာဖတ်ပေးပါ ပုံဆိုရင် ပုံမှာပါတဲ့အရာတွေကို အရင်လိုက်ရေးထားတာမျိုးလုပ်ပါ ( အံ့ဆို listening နားထောင်ရင် အထောက်အကူဖြစ်ပါတယ် )
Don’t❗️-ကတော့ မကြားလိုက်တာကိုဘဲ အာရုံစိုက်မထားနဲ့ ၊ မကြားလိုက်ဘူးဆိုပြီး အဲ့ဒါကိုဘဲ စိတ်ထဲရောက်မနေပါနဲ့၊ မကြားလိုက်ရင် ပြန်လှည့်မကြည့်နဲ့တော့ နောက်တစ်ပုဒ်ကိုဘဲ အာရုံစိုက်ပါ ( မကြားလိုက်တဲ့ အပုဒ်ကို ex လို့ဘဲသဘောထားပြီး မေ့လိုက်တော့笑笑 )
🎯 မေးခွန်းဟောင်းကြည့် “🗣️ ဆိုပြီး ပြောကြတယ်ပေါ့နော်။ ဒါမဲ့ဘယ်မေးခွန်းဟောင်းကို ကြည့်ရမှာလဲ မသိတဲ့သူတွေ..
2018 2019 အဲ့လိုမေးခွန်းဟောင်းစုံလိုက် ( mock test ) တွေကိုအရင်သွားမဖြေနဲ့ စိတ်ဓာတ်ကျသွားလိမ့်မယ်
💡N5 N4 ဆိုရင် Mondai 500 old question book
💡N3 N2 ဆိုရင် 合格old question book တွေနဲ့ အရင်လေ့ကျင့်ပါ
သူ့မှာက အပုဒ် 50 60 အစုလိုက်ပါတာဆိုတော့ လေ့ကျင့်တဲ့ချိန် လွယ်ကူပြီး အသုံးဝင်ပါတယ်။
မှားတဲ့နေရာ၊ မရတဲ့နေရာတွေ note လေးထုတ်ပြီး ပြန်မှတ်ပေး( note ထုတ်တဲ့ချိန်လေ လှလှပပ ရေးမနေနဲ့တော့နော် လွယ်”နဲ့ ရှင်း”လေးဘဲ ရေးပြီးမှတ်ပါ ) old question တစ်အုပ်လုံးတော့ပြီးမှာမဟုတ်ပါဘူးနော် xd ( မျှတော့လုပ်ပေးပေါ့နော်) စာနည်းနည်းရပြီလို့ခံစားရတဲ့ချိန် မေးခွန်းဟောင်းတွေထဲက kotoba /kanji / grammar အံ့လိုအပိုင်းတွေကိုပြန်လေ့ကျင့် ၊ ပြီးမှ တစ်စုံလုံးဖြေကြည့်ပေါ့နော်
အပေါ်က အပိုင်းတွေပြီးသွားရင် Todai သွား၊ JLPT website ကိုသွား အဲ့က simple question တွေကို ပြန်သွားဖြေကြည့်၊ မရတာရှိရင် ပြန်မှတ် ✨
အချိန်က နှစ်ပတ်ကျော်ဘဲလိုတော့တာဆိုတော့ ကိုယိ့အခြေအနေကို ကိုယ့်ကြည့်ပြီး စာလုပ်ပါနော်
အားနည်းတာကိုဖိလုပ်ပါ
အကုန်အားနည်းနေရင်တော့ ညတိုင်းဆုတောင်းပါ😭🤦♀️ ( အချိန်ရှိသေးတာမို့ နိုင်သလောက်လေးလုပ်သွားပါ)
*************************************************
Bonus Tips📍
🖇️အချိန်နည်းနည်းဘဲ ကျန်တော့လို့ မရနိုင်တော့ဘူး မဖြေတော့ဘူးဆိုပြီး လက်မလျှော့လိုက်ပါနဲ့နော်
🖇️ကိုယ့်ဘက်ကတာဝန်ကြေအောင်တော့ လုပ်ထား၊အောင်တာမအောင်တာကတော့ သူ့အပိုင်းဘဲ
🖇️စိုးရိမ်စိတ်နဲ့ စာမလုပ်ပါနဲ့
🖇️စိတ်ကိုအေးဆေးထားပြီး လုပ်နိုင်သလောက်လုပ်ပြီး သွားဖြေပါ
🖇️ဘယ်သူမှ perfect မဖြစ်ပါဘူး
🖇️စာလုပ်နေဖို့သာ အဓိကလေနော်
🖇️အိပ်ရေးဝဝအိပ်ပါ
🖇️စာမေးပွဲနေ့ မတိုင်ခင် ခေါင်းလျှော်ထားပါ 🥰
စာမေးပွဲ ဖြေဆိုနိုင်ကြပါစေ 💗
အဆုံးထိ ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🫶
Your support means everything to me 🫶💗
မင်္ဂလာပါရှင်✨
Myaw / みょう လို့ခေါ်ပါတယ်
JLPT N2 passed ဖြစ်ပြီး N1 လေ့လာနေသူဖြစ်ပါတယ်
ဂျပန်စာကို အထူးပြုလေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်
ဒီ page လေးမှာ myaw သင်ယူထားတဲ့ ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှု၊ ပွဲတော်များအကြောင်း စသည့်ဂျပန်နှင့်ပတ်သတ်သော အကြောင်းအရာကို တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon
11111