Easy Japanese with Myaw

Easy Japanese with Myaw

Share

急がば回れ〜

30/11/2024

သို့ ~ JLPT ဖြေမဲ့ 学生များ🇯🇵

🎌 လူတိုင်း Perfect မဖြစ်နိုင်သလို သင်သမျှစာတွေကိုလည်း လူတိုင်း မကျက်မှတ်နိုင်/ မမှတ်မိနိုင်ပါ
🎌ကိုယ့်ဘက်က တတ်နိုင်သလောက်လုပ်ထားပြီမို့ ကိုယ့်ဘက်က တာဝန်ကြေပါတယ်
🎌 မနက်ဖြန်စာမေးပွဲမှာ ကြောက်စိတ်လေးတွေကိုလျော့ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ပြီး အကောင်းဆုံးဖြေခဲ့ကြပါ
🎌စာမေးပွဲခန်းထဲမှ မထွက်မချင်း အောင်/ ရှုံး ဟူသည်ကိုယ့်လက်ထဲမှာသာဖြစ်ပါတယ်
🎌စောစောအိပ်ပါ / စိတ်ကိုရှင်းရှင်းလေးထားပါ /
🎌 Rs များ Bf/ Gf တွေနဲ့ ရန်မဖြစ်ထားပါနဲ့ ၊
စာမေးပွဲဖြေချိန် အာရုံလွင့်နေပါလိမ့်မယ်

ဖြေဆိုမည့် ကျောင်းသား/သူတိုင်း စာမေးပွဲအောင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 💗

11/11/2024

📣 For December JLPT EXAM Tips

JLPT exam ကနီးလို့လာပြီဆိုတော့ အဖွဲ့တွေလည်း ကွဲကုန်ပြီ
✏️ရသလိုလို မရသလိုလို ဖြစ်နေတဲ့ မမဆောင်းအဖွဲ့ရယ်
✏️အလှူလုပ်တော့မယ်လို့တွေးနေတဲ့ အလှူရှင်အဖွဲ့ရယ်
✏️ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ အဖွဲ့ရယ် ဆိုပြီးတော့ပေါ့နော် 笑笑
စာလုံးလုံး မလုပ်ထားတဲ့သူတွေကိုတော့ sensei တွေလည်း မကယ်နိုင်သလို myaw လည်းမကယ်နိုင်ပါဘူး… 🤒😔
စာနည်းနည်းလေးရရုံနဲ့တင် အသက်ရှုချောင်အောင်တော့ ပြောပြပေးလို့ရပါတယ် 🙂‍↔️

ကဲ့ဆိုတော့…
စာလုပ်တဲ့အခါ နည်းနည်းလေးဘဲဖြစ်ဖြစ် အသုံးဝင်မဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ် 🫶
__________________________________________

🎯ဒီချိန်မှာ test book ကြီးကို မေ့ထားလိုက်တော့
📝Own Grammar note or grammar note pdf တွေနဲ့ grammar ကိုအစ~ အဆုံး မှတ်မိတဲ့ထိပြန်မှတ်ပေးပါ
📝Grammar က ရရင်ရသလို အမှတ်ပြည့်ယူလို့ရတဲ့အပိုင်းဖြစ်တဲ့အတွက် အပိုင်ကြည့်

🎯Kanji ပေါ့နော်
📝Test book က kanji တွေကို ခေါက်ထားလိုက်တော့။ ဒါမဲ့ တစ်အုပ်လုံးက kanji တွေကို မြင်ဖူးသည်ရှိအောင်တော့ မျက်လုံးနဲ့ scan ထားဖို့လိုတယ် ( kanji မြင်ရင် ရင်နှီးနေအောင်ပါ )
📝အမေးများတဲ့ kanji pdf ( sharing pdf ) တွေနဲ့ စာကျက်ပါ

🎯Kotoba ပိုင်းပေါ့နော်
📝 သူလည်းတူတူဘဲ အမေးများတဲ့ ( sharing pdf ) တွေနဲ့ စာကျက်ပါ။ မသိတာရှိရင် တစ်ခါတည်းမှတ်ပါ။ အရမ်းများနေရင်လေ နိုင်သလောက်ကိုဘဲ မှတ်ပါနော်

🎯 Reading ပိုင်းကတော့ ဖတ််မှ ရပါမယ်
📝 reading မှာကလေ သူ့အထာရှိတယ်။ အဲ့အထာကို ဖတ်ဖန်များမှ သိလာတာ။ အဲ့ကြောင့် များများဖတ်ရမယ်။ Reading မှာလည်း short / medium / long (အတိုကောက်ဘဲပြောလိုက်တော့မယ် ) ရှိတာဆိုတော့ မျှပြီးလေ့ကျင့်ပေးရမယ် ။ စစချငိးတော့ short နဲ့ဘဲစ ပြီးမှspeed တိုးပြီး medium တို့ long တို့ကို try ကြည့်ပေးနော်။ စစချင်းဆိုရင် ဖြေတိုင်းမှားပါလိမ့်မယ်။ ဒါသဘာဝပါဘဲ ။ အမှားများလိုက်တာဆိုပြီး စိတ်ဓာတ်မကျသွားဖို့က အဓိကပါ။⏱️အချိန်နဲ့ ဖြေကြည့်ဖို့တော့ လိုမယ်နော် ။ စစချင်းတော့ တစ်ပုဒ်ကို 5 မိနစ်လောက်ထားပြီးကျင့် နောက်တော့ မိနစ်ကိုလျှော့ပြီး လေ့ကျင့်ပေါ့။

🎯listening ကတော့ YouTube ပြေးပါ
Listening က များများနားထောင်ရင် အလုပ်ဖြစ်ပါတယ် ( question type ကိုတော့နားလည်ထားမှရမယ်နော် )
Do 📝- ကတော့ မေးခွန်းမလာခင် စာသေချာဖတ်ပေးပါ ပုံဆိုရင် ပုံမှာပါတဲ့အရာတွေကို အရင်လိုက်ရေးထားတာမျိုးလုပ်ပါ ( အံ့ဆို listening နားထောင်ရင် အထောက်အကူဖြစ်ပါတယ် )

Don’t❗️-ကတော့ မကြားလိုက်တာကိုဘဲ အာရုံစိုက်မထားနဲ့ ၊ မကြားလိုက်ဘူးဆိုပြီး အဲ့ဒါကိုဘဲ စိတ်ထဲရောက်မနေပါနဲ့၊ မကြားလိုက်ရင် ပြန်လှည့်မကြည့်နဲ့တော့ နောက်တစ်ပုဒ်ကိုဘဲ အာရုံစိုက်ပါ ( မကြားလိုက်တဲ့ အပုဒ်ကို ex လို့ဘဲသဘောထားပြီး မေ့လိုက်တော့笑笑 )

🎯 မေးခွန်းဟောင်းကြည့် “🗣️ ဆိုပြီး ပြောကြတယ်ပေါ့နော်။ ဒါမဲ့ဘယ်မေးခွန်းဟောင်းကို ကြည့်ရမှာလဲ မသိတဲ့သူတွေ..
2018 2019 အဲ့လိုမေးခွန်းဟောင်းစုံလိုက် ( mock test ) တွေကိုအရင်သွားမဖြေနဲ့ စိတ်ဓာတ်ကျသွားလိမ့်မယ်
💡N5 N4 ဆိုရင် Mondai 500 old question book
💡N3 N2 ဆိုရင် 合格old question book တွေနဲ့ အရင်လေ့ကျင့်ပါ
သူ့မှာက အပုဒ် 50 60 အစုလိုက်ပါတာဆိုတော့ လေ့ကျင့်တဲ့ချိန် လွယ်ကူပြီး အသုံးဝင်ပါတယ်။
မှားတဲ့နေရာ၊ မရတဲ့နေရာတွေ note လေးထုတ်ပြီး ပြန်မှတ်​ပေး( note ထုတ်တဲ့ချိန်လေ လှလှပပ ရေးမနေနဲ့တော့နော် လွယ်”နဲ့ ရှင်း”လေးဘဲ ရေးပြီးမှတ်ပါ ) old question တစ်အုပ်လုံးတော့ပြီးမှာမဟုတ်ပါဘူးနော် xd ( မျှတော့လုပ်ပေးပေါ့နော်) စာနည်းနည်းရပြီလို့ခံစားရတဲ့ချိန် မေးခွန်းဟောင်းတွေထဲက kotoba /kanji / grammar အံ့လိုအပိုင်းတွေကိုပြန်လေ့ကျင့် ၊ ပြီးမှ တစ်စုံလုံးဖြေကြည့်ပေါ့နော်

အပေါ်က အပိုင်းတွေပြီးသွားရင် Todai သွား၊ JLPT website ကိုသွား အဲ့က simple question တွေကို ပြန်သွားဖြေကြည့်၊ မရတာရှိရင် ပြန်မှတ် ✨
အချိန်က နှစ်ပတ်ကျော်ဘဲလိုတော့တာဆိုတော့ ကိုယိ့အခြေအနေကို ကိုယ့်ကြည့်ပြီး စာလုပ်ပါနော်
အားနည်းတာကိုဖိလုပ်ပါ
အကုန်အားနည်းနေရင်တော့ ညတိုင်းဆုတောင်းပါ😭🤦‍♀️ ( အချိန်ရှိသေးတာမို့ နိုင်သလောက်လေးလုပ်သွားပါ)

*************************************************
Bonus Tips📍

🖇️အချိန်နည်းနည်းဘဲ ကျန်တော့လို့ မရနိုင်တော့ဘူး မဖြေတော့ဘူးဆိုပြီး လက်မလျှော့လိုက်ပါနဲ့နော်
🖇️ကိုယ့်ဘက်ကတာဝန်ကြေအောင်တော့ လုပ်ထား၊အောင်တာမအောင်တာကတော့ သူ့အပိုင်းဘဲ
🖇️စိုးရိမ်စိတ်နဲ့ စာမလုပ်ပါနဲ့
🖇️စိတ်ကိုအေးဆေးထားပြီး လုပ်နိုင်သလောက်လုပ်ပြီး သွားဖြေပါ
🖇️ဘယ်သူမှ perfect မဖြစ်ပါဘူး
🖇️စာလုပ်နေဖို့သာ အဓိကလေနော်
🖇️အိပ်ရေးဝဝအိပ်ပါ
🖇️စာမေးပွဲနေ့ မတိုင်ခင် ခေါင်းလျှော်ထားပါ 🥰
စာမေးပွဲ ဖြေဆိုနိုင်ကြပါစေ 💗
အဆုံးထိ ဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🫶
Your support means everything to me 🫶💗

05/11/2024

မင်္ဂလာပါရှင်✨
Myaw / みょう လို့ခေါ်ပါတယ်
JLPT N2 passed ဖြစ်ပြီး N1 လေ့လာနေသူဖြစ်ပါတယ်
ဂျပန်စာကို အထူးပြုလေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်
ဒီ page လေးမှာ myaw သင်ယူထားတဲ့ ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှု၊ ပွဲတော်များအကြောင်း စသည့်ဂျပန်နှင့်ပတ်သတ်သော အကြောင်းအရာကို တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Dhamma Yone Street, Myay Ni Ghone
Yangon
11111