26/05/2026
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGIL Gemological Lab and Institute, College & University, 1/A, U Ba Kyaw Street, Tamwelay Quarter, Tamwe Township, Yangon.
Yangon Gemological Institute and Laboratory warmly welcome students who want to study Gemology in Yangon and achieve GIA's Gemological Diplomas by distance E-Learning study course from GIA.
26/05/2026
23/05/2026
07/05/2026
နိုင်ငံတကာအဆင့်မှီ ( ) အခြေခံစိန်ပညာသင်တန်းကို ( ၁၅ . ၅ .၂၀၂၆ ) ( အင်္ဂါနေ့ ) တွင် နံနက် ၉း၃၀ မှ ၁၂:၀၀ အထိ စတင်ဖွင့်လှစ် သင်ကြားပါမည်.
" အခြေခံ စိန်ပညာသင်တန်း " ( )
- အခြေခံစိန်ပညာသင်တန်းတွင်.. ,
💎 စိန်တစ်ပွင့် ရဲ့လှပခြင်း ( Beauty ) ကို ဘယ်လို သတ်မှတ်လဲ ?
လှတယ်မလှဘူးကို ဘယ်လိုစစ်ဆေးရလဲ ?
👉 စိန်ဝယ်ရင် ဘယ်လိုစစ်ဆေးကြရမလဲ ? ( ဆောင်ရန် ရှောင်ရန်များ )
👉 ( Rapaport ) စိန်စျေးနူန်းကို ဖတ်ရူ့ အသုံးပြု့ပုံ.
👉 စိန်အတုအစစ်များကို ခွဲခြားရာမှ ဘယ်လိုနည်းပညာတွေကို အသုံးပြုပြီးခွဲခြား သလဲ ?
👉 စိန်တို့ရဲ့ သန့်စင်မူ့ ( Clarity ) ကို အဆင့် ဘယ်လို ခွဲကြမလဲ ?
👉 စိန်တို့ရဲ့ ( Color Grading ) ကို အဆင့် ဘယ်လို ခွဲကြမလဲ ?
👉 စိန်တို့ရဲ့ ( Cut Grading ) ကို အဆင့် ဘယ်လို ခွဲကြမလဲ ?
👉 စိန်တို့ရဲ့ ( Carat Weight ) ကိုဘယ်လို သတ်မှတ်ကြလဲ ?
✍️ သင်ဒါတွေကို စာတွေ့ လက်တွေ့ အသေးစိတ် သိရှိသွားမည်ဖြစ်ပါသည်.
- အခြေခံစိန်ပညာသင်တန်း ကို ( ၁၅ . ၅ . ၂၀၂၆ ) ( သော့ကြာနေ့ ) တွင် စတင် ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ပါသည်။
- သင်ရိုးညွန်းတန်း - Gemological Institute of America ( GIA ) မှ - သင်ကြားသည့်အတိုင်း စာတွေ့ လက်တွေ့ ၊ လေ့ကျင့် သင်ကြားပေးပါသည်။
- သင်တန်းကာလ - ( ၅ ) ပါတ်ခန့်။
- သင်ကြားမည့်ရက် - သော့ကြာ ၊ စနေ ၊ တနင်္ဂနွေနေ့။
- အချိန် - နံနက် ၉:၃၀ မှ ၁၂:၀၀ နာရီအထိ.
- ( လူဦးရေ ၁၂ ဦးသာ ကန့်သတ်ထားပါသည် )
--------
စည်းကမ်းချက်များ -
၁ - ကျောက်မျက်ပညာကို အမှန်တကယ် စိတ်ဝင်စားသူဖြစ်ရမည်။
၂ - အင်္ဂလိပ်စာကို အထက်တန်း ပညာရေးအ
ထိ တတ်ကျွမ်းသူဖြစ်ရမည်။
၂ - သင်တန်း (၃) ရက်ပျက်လျင် သင်ယူမူ့ပြီးဆုံးကြောင်း လက်မှတ်ပေးမည်မဟုတ်ပါ။
၃ - သင်တန်းကြေးပေးသွင်းပြီး သင်တန်းမတက်ဖြစ်လျင် ငွေပြန်မအမ်းပါ။
၄ - သင်တန်းကြေးသည် သတ်မှတ်ထားသော သင်တန်းအချိန်ကာလ အတွက်သာဖြစ်ပါသည်။
၅ - သင်တန်းကိုလည်း ( လုံးဝ ) ပြောင်းလဲခွင့်မပြု့ပါ။
၆ - YGIL ကျောက်မျက်ပညာသင်တန်းသည် မည်သူ့ကိုမဆီု အကြောင်းပြချက်မပေးဘဲ ငြင်းပယ်ခွင့်ရှိသည်။
-----------------------------------------
- လိပ်စာ - ခြံအမှတ် ၁/က၊ ဦးဘကျော်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
( လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းမီးပွိုင့်အနီး )
- ဖုန်း - 09 5108125.
- သင်တန်းတစ်ခုလျှင် သင်တန်းသူ/သား ( ၁၂ ) ဦးသာလက်ခံပါမည်။
- သင်တန်းကာလ ပြီးဆုံးအောင်တက်ရောက်သင်ကြားသူများကိုသာ သင်ယူမူ့ ပြီးဆုံးကြောင်း လက်မှတ် ( Completion Certificate ) ပေးအပ်ပါမည်။
- အခြေခံစိန်ပညာသင်တန်း ( Basic Diamond Course ) နှင့် အခြေခံကျောက်မျက်ပညာသင်တန်း ( Basic Gemology Course ) ကို တက်ရောက်အောင်မြင်ပြီးမှ့သာ အဆင့်မြင့်စိန်ပညာသင်တန်း ( Advanced Diamond Course) . နှင့် အဆင့်မြင့်ကျောက်မျက်ပညာ သင်တန်း ( Advanced Gemology Course ) သို့တက်ရောက်နိင်မည်ဖြစ်ပါသည်။
...................
ဦးမျိုးနိူင်
- HRD Certified Diamond Grader Diploma
- Accredited Senior Gemologist ( Accredited Gemologists Association, AGA )
- Certificate in “ Identification of Natural, & Lab Grown ( CVD, HPHT ) Diamonds “ ( CGL Lab, Canada )
- Diploma in Gemology ( Gem A )
- Fellow of Gemological Association of Great Britain ( FGA - London ) ,
- Graduate Gemologist, GG ( GIA ),
- Graduate Diamond Diploma ( GIA ),
- Graduate Color Stone Diploma ( GIA ),
- Graduate Pearl Diploma ( GIA ),
- Accredited Jewelry Professional Diploma, A.J.P (GIA),
- Colored Stones Quality Grader Diploma, ( Gem Color Academy ) ( Isreal ),
- Alumni member of Gemological Institute of America ( GIA ).
- B.Sc ( Geology ).
- D.M.A, M.B.A.
Yangon Gemological Institute and Laboratory , YGIL.
#အခြေခံစိန်ပညာသင်တန်း
02/05/2026
မင်္ဂလာပါ,
အမေရိကန်နိုင်ငံ၊ မှ ပေးအပ်ချီးမြှင့်သည့် ကမ္ဘာကျော် ကို ရယူလိုသူများအတွက် ဖွင့်လှစ်သင်ကြားပေးသော #ကျောက်မျက်ခွဲခြားသတ်မှတ်ခြင်းသင်တန်း ၏ သင်ယူမူ့ပြီးမြောက်သည့် အထိမ်းအမှတ် အနေဖြင့် သင်တန်းဆင်းပွဲ ကျင်းပပြု့လုပ်ခဲ့ပါသည်.
မေလအတွက် အခြေခံစိန်ပညာသင်တန်းနှင့် အခြေခံကျောက်မျကပညာ သင်တန်းတို့ကို မေလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်.
………..
ျောက်မျက်ပညာသင်တန်းကြော်ငြာ
ကျောက်မျက်ပညာသင်တန်းမှ နိုင်ငံတကာအဆင့်မှီ ဖွင့်လှစ်မည့် -
#အခြေခံစိန်ပညာသင်တန်း - ကို ( ၁၅ . ၅ . ၂၀၂၆ )( သော့ကြာနေ့ ) တွင် စတင်ဖွင့်လှစ် သင်ကြားပေးပါမည်။
သင်ကြားမည့်နေ့ရက်များ - ( သော့ကြာ ၊ စနေ ၊ တနင်္ဂနွေနေ့များ )
သင်ကြားမည့်ကာလ - ၅ ပါတ်။
သင်ကြားမည့်အချိန် - နံနက် ( ၉:၃၀ မှ ၁၂:၀၀ ) နာရီ အထိ။
---- ----- ----- ------
#အခြေခံကျောက်မျက်ပညာသင်တန်း - ကို ( ၁၅ . ၅ . ၂၀၂၆ ) ( သော့ကြာနေ့ ) တွင် စတင်ဖွင့်လှစ် သင်ကြားပေးပါမည်။
သင်ကြားမည့်နေ့များ - ( သော့ကြာ၊ စနေ၊ တနင်္ဂနွေနေ့များ )
သင်ကြားမည့်အချိန် - နေ့လည် ( ၂:၀၀ မှ ၄:၃၀ ) နာရီ အထိ။
သင်ကြားမည့်ကာလ - ၆ ပါတ်။
ဆက်သွယ်ရန် - Viber - 095108125
သင်တန်းလိပ်စာ - ၁/ က၊ ဦးဘကျော်လမ်း၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
( လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းမီးပွိုင့်အနီး )
( လူဦးရေကန့်သတ်ထားပါသည် )
----- ----- ----- ----- -----
စည်းကမ်းချက်များ -
၁ - ကျောက်မျက်ပညာကို အမှန်တကယ် စိတ်ဝင်စားသူဖြစ်ရမည်။
၂ - အင်္ဂလိပ်စာ တတ်ကျွမ်းသူဖြစ်ရမည်။
၂ - သင်တန်း (၃) ရက်ပျက်လျင် သင်ယူမူ့ပြီးဆုံးကြောင်း လက်မှတ်ပေးမည်မဟုတ်ပါ။
၃ - သင်တန်းကြေးပေးသွင်းပြီး သင်တန်းမတက်ဖြစ်လျင် ငွေပြန်မအမ်းပါ။ ***
၄ - သင်တန်းကြေးသည် သတ်မှတ်ထားသော သင်တန်းအချိန်ကာလ အတွက်သာဖြစ်ပါသည်။ ***
၄ - သင်တန်းကိုလည်း လွဲပြောင်းခွင့်မပြု့ပါ။ ***
-----------------------------------------
ဦးမျိုးနိူင်
- Accredited Senior Gemologist ( AGA )
- HRD Certified Diamond Grader Diploma ( Belgium )
- Diploma In Gemology ( Gem A )
- Fellow of Geological Association of Great Britain, FGA ( London ) ,
- Graduate Gemologist, GG ( GIA ),
- Graduate Diamond Diploma ( GIA ),
- Graduate Color Stone Diploma ( GIA ),
- Graduate Pearl Diploma ( GIA ),
- Accredited Jewelry Professional Diploma, A.J.P ( GIA ),
- Colored Stones Quality Grader Diploma, ( Gem Color Academy ) ( Isreal ),
- Alumni member of Gemological Institute of America ( GIA ).
- B.Sc ( Geology ).
- D.M.A, M.B.A.
Yangon Gemological Institute and Laboratory , YGIL.
#အခြေခံစိန်ပညာသင်တန်း
#အခြေခံကျောက်မျက်ပညာသင်တန်း
23/04/2026
မင်္ဂလာပါ,
အမေရိကန်နိုင်ငံ၊ ( GIA ) မှ ပေးအပ်ချီးမြှင့်သည့် အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး ကျောက်မျက်ပညာရှင်ဘွဲ့ဖြစ်သော ( ( GIA )) ကျောက်မျက်ပညာ ဒစ်ပလိုမာကို ရယူနိုင်ရန်အတွက် ( , YGIL ) မှ တနှစ်ကျော် ကြာမြှင့်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ( ) ၏ သင်ယူမူ့ ပြီးမြောက်သည့် အထိမ်းအမှတ်ကို ယနေ့ ညနေက ကျင်းပပြု့လုပ်ခဲ့ပါသည်.
လာမည့် မေလ (၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ GIA Campus တွင် YGIL ကျောက်မျက်ပညာသင်တန်းမှ ကျောင်းသူ (၆) ဦးတို့သည် လက်တွေ့သင်တန်းများ သွားရောက်သင်ယူကြမည်ဖြစ်ပါသည်.
၂၀၂၆ ခုနှစ်အတွင်းတွင်၊ ျောက်မျက်ပညာသင်တန်းမှ ကျောင်းသူ ( ၁၁ ) ဦးသည့် Graduate Gemologist ( GIA ) ကို စာတွေ့၊ လက်တွေ့ စာမေးပွဲဖြေဆိုကာ ရယူနိုင်ကြတော့မည်ဖြစ်ပါသည်.
သင်တန်းသူများ အားလုံးအတွက် ဂုဏ်ယူစွာဖြင့်,
.
20/04/2026
“Determining Geographical Origin in Gemstones “
“ ကျောက်မျက်တို့၏ မူလထွက်ရှိရာဒေသ ခွဲခြား သတ်မှတ်ခြင်း “
ရက်စွဲ - ဧပရယ်လ ၂၀၊ ၂၀၂၆
Reference - Gemological Institute of America ( GIA )
Presented by - U Myo Naing ( YGIL )
ကျောက်မျက်တို့၏ မူလထွက်ရှိရာဒေသ ( Geographical Origin ) ကို ခွဲခြား သတ်မှတ်ခြင်းသည် ကျောက်မျက်များကို စစ်ဆေးသတ်မှတ်ပေးသော ဓါတ်ခွဲခန်းများ၏ ( Major Business ) အဓိက “ စီးပွါးရေး “ ဖြစ်ပါသည်.
အဘယ့်ကြောင့်ဆိုသော်၊ အချို့သော ကျောက်မျက်စျေးကွက်များတွင်၊ အချို့သော ဒေသများမှ ထွက်ရှိသည့် ကျောက်မျက်များသည် တမူထူးခြားသော နှစ်သက်ဖွယ်ရာ အချက်များကြောင့် ဝယ်လိုအားများကာ တန်ဖိုးလည်း သိသာစွာ ပြောင်းလဲသွားတတ်သောကြောင့် ဖြစ်ပါသည်.
ဥပမာ - မြန်မာနိုင်ငံမိုးကုတ်ဒေသထွက် ပတ္တမြား၊ ကက်မီးယား ဒေသထွက် နီလာ၊ ကိုလံဘီယာနိုင်ငံ ( Muzo ) မူဇိုဒေသထွက် မြ - တို့ဖြစ်ကြပါသည်.
အခြေခံအားဖြင့်၊ စီးပွါးရေးအရ အရေးကြီးသော တန်ဖိုးကြီး ကျောက်မျက်များဖြစ်ကြသည့်ပတ္တမြား၊ နီလာ၊ မြ စသော ( Big
3 ) ကျောက်မျက်များတွင်တောင်မှ၊ ကမ္ဘာပေါ်တွင် အချို့သော ထွက်ရှိရာဒေသများကိုသာ ခွဲခြားပေးနိုင်ပါသည်.
( ကျောက်မျက်တိုင်းကို ထွက်ရှိရာဒေသ မခွဲခြားပေးနိုင်ပါ ).
ကျောက်မျက်များနှင့်၊ ဘေးပါတ်ဝှမ်းကျင်ရှိ ကျောက်များ၏ ( Chemical Composition ) ဓါတု့ဖွဲ့စည်းပုံတို့သည် ထိုကျောက်မျက်တို့၏ ဓါတု့ဖွဲ့စည်းပုံ ( Formation Process ) နှင့်၊ ကြီးထွားဖွံဖြိုးမူ့ ( Growth Process ) တို့အပေါ်တွင် အဓိက ထိမ်းချုပ်ထားသော အချက်ဖြစ်ပါသည်.
ကျောက်မျက်တို့၏ ဓါတု့ဖွဲ့စည်းပုံ ( Chemical Composition ) သည် ထိုကျောက်မျက်တို့၏ အလင်းဆိုင်ရာ ဂုဏ်သတ္တိ ( Optical Properties ) နှင့် ရုပ်ဂုဏ်သတ္တိ ( Physical Properties ) များဖြစ်ကြသော အလင်းယိုင်
ညွန်ကိန်း ( Refractive Index ), အရောင် ( Color ), စုပ်ယူရောင်စဉ် ( Absorption Spectrum ), သိပ်သည်းဆ ( Specific Gravity ), မာကြောမူ့ ( Hardness ), အောင်းဝင်များ ( Inclusions ), ကြီးထွားမူ့ သင်္ကေတများ ( Growth Features ) အတွက် အလွန် အရေးကြီးပါသည်.
ဥပမာ - ပတ္တမြားတို့၏ ဓါတု့ဖွဲ့စည်းပုံကို ( Scientific Gemology ) အဆင့်တွင် ခွဲခြမ်း၊ လေ့လာခြင်းဖြင့် ( Synthetic Origin ? ), လူလုပ်ချက်ကျောက်လား ?
သဘာဝတွင်းထွက် ( Natural Mineral ? ) လားဆိုတာခွဲခြားနိုင်ပါသည်.
ထို့အပြင်၊
၁ - ( Marble Hosted Ruby ) ထုံးကျောက်မှ အသွင်ပြောင်း၍ စကျင်ကျောက်တွင် ဖြစ်ပေါ်သည့် ပတ္တမြားလား ?
( Afghanistan, Myanmar, Nepal, Pakistan, China, Vietnam )
၂ - ( Basalt Related Ruby ) ကျောက်ရည်ပူများမှ သယ်ဆောင်လာခြင်းခံရသော ပတ္တမြားလား ?
( Thailand, Cambodia, Australia )
၃ - ( Metasomatic Deposit ) တိုးဝင််လာသော ( Magma ) ကျောက်ရည်ပူများနှင့် ( Hosted Rocks ) အိမ်ခံကျောက်တို့ ( Chemical Reaction ) ဓါတု့ဒြပ်ပြု့၍ ဖြစ်ပေါ်လာသော ပတ္တမြားဖြစ်သလား ?
( India, Kenya, Tanzania, Vietnam, Malawi, Srilanka )
- စသည့် ( Geological or Gemological Formation Processes ) ဘူမိဗေဒနှင့်ကျောက်မျက် စတင်ဖြစ်ပေါ်ပုံ အချက်များကို ခွဲခြားလို့ရနိုင်ပါသည်.
👉 ( သို့သော်၊ အသေးစိတ် အတိအကျဖြစ်သော မည်သည့်တွင်း၊ မည်သည့်ကွက်ရပ်မှထွက်သည် ဆိုတာမျိုးတော့ မခွဲခြားနိုင်ပါ )
( Geographical Origin Determination ) ကျောက်မျက်တို့၏ မူလထွက်ရှိရာ ဒေသကို ခွဲခြားသတ်မှတ်နိုင်ခြင်းသည် အထူးသဖြင့် အရွယ်ကြီးမားသော ( Large ), အရည်အသွေးမြင့်မားသော ( High Quality )၊ နှင့် မပြု့ပြင်ထားသည့် ( Untreated ) ကျောက်များအတွက် အလွန်ပင် အရေးကြီးပါသည်.
ကျောက်မျက်ပညာကျွမ်းကျင်သူ ( Gemologist ) တို့သည် အောက်ပါအချက်များအပေါ်တွင် မူတည်၍ ( Geographical Origin Determination ) ကျောက်မျက်တို့၏ မူလထွက်ရှိရာဒေသကို ခွဲခြားသတ်မှတ်ကြပါသည်.
၁ - Clarity Characteristics - ( By Optical Microscope. )
အနု့ကြည့်ကိရိယာ မိုက်ကရုစကုတ်ဖြင့် ကျောက်မျက်တို၏ အောင်းဝင်များကို စစ်ဆေးခြင်း.
၂ - Physical and Optical Properties - ( By Standard Gemological Instruments and UV-Vis-NIR Spectroscopy ) - Specific Gravity, Refractive Index, Birefringence, Fluorescence.
အခြေခံ ကျောက်မျက်စစ်ဆေးသည့် ကိရိယာများအပြင် အဆင့်မြင့်ကိရိယာများဖြင့် ကျောက်မျက်တို့၏ အလင်းယိုင်ညွန်ကိန်း၊ ရေချိန်သိပ်သည်းဆ၊ ရောင်ပြောင်းတောက်ခြင်း စငည်တို့ကို စစ်ဆေးခြင်း.
၃ - Chemical Analysis - ( By Advanced Testing ) ( Trace elements by ED-XRF ), ( Inclusions by Raman )
အဆင့်မြင့်ကိရိယာဖြင့် ဓါတု့ဖွဲစည်းပုံကို စစ်ဆေးခြင်းနှင့်၊ အောင်းဝင်များကို စစ်ဆေရခြင်း.
၄ - Comparison of Results with Reference Collection of Gemstones Species.
နောက်ဆုံးအဆင့်တွင်၊ စစ်ဆေးချက်ရလဒ်များကို စု့ဆောင်းထားသည့် ကျောက်မျက်နမူနာများ၏ စစ်ဆေးချက် ရလဒ်များနှင့် နိူင်ယှဉ်၍ စစ်ဆေး သတ်မှတ်ကြပါသည်.
ဤတွင် မှတ်သားထားမည့်အချက်မှာ ကမ္ဘာကျော် ကျောက်မျက်ဓါတ်ခွဲခန်းကြီးများမှာပင်၊ ကျောက်တိုင်း၏ ထွက်ရှိရာဒေသကို အမြဲမခွဲခြားနိုင်ပါ.
အဓိက၊ ခွဲခြားပေးနိုင်သည်မှာ Ruby၊ Sapphire ၊ Emerald အဓိက စီးပွါးရေးအရ အရေးကြီးသော ကျောက်မျက်တို့၏ အချို့သော ဒေသတို့ကိုသာ ခွဲခြားစစ်ဆေးပေးနိုင်ပါသည်.
ထိုသို့၊ အသေးစိတ် မစစ်ဆေးပေးနိုင်လျှင် Ruby၊ Sapphire ၊ Emerald တို့၏ ( Formation Rocks ) စတင်ဖြစ်ပေါ်သော အိမ်ခံကျောက်အမျိုးအစားတို့ကို ခွဲခြားသတ်မှတ်ပေးနိုင်ပါသည်.
…. …. ….. ….
ဦးမျိုးနိူင်
- HRD Antwerp Certified Diamond Grader Diploma ( Belgium, Antwerp )
- Accredited Senior Gemologist, ( Accredited Gemologist Association, AGA )
- Diploma in Gemology ( Gem-A ),
- FGA ( London )
- Color Stones Quality Grader Diploma ( Israel )
- Graduate Gemologist, GG (GIA),
- Graduate Diamond (GIA),
- Graduate Color Stone (GIA),
- Graduate Pearl (GIA),
- Accredited Jewelry Professional, AJP (GIA),
- Alumini member of Gemological Institute of America ( GIA ).
- B.Sc ( Geology ),
- D.M.A, M.B.A.
Yangon Gemological Institute and Laboratory ( YGIL )...
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |