19/03/2026
Dec ကျမှ New Year Resolution တွေ မချကြနဲ့🙄
နောက်လဆိုလည်း မြန်မာနှစ်ကူးရောက်ပြီနော်
အခုထဲက သေချာစဉ်းစား၊ သုံးသပ်ပြီး
ကိုယ့်ဘဝတက်လမ်းအတွက် အရေးကြီးတဲ့ skills တွေကို အားတဲ့အချိန်မှာ လေ့လာပြီး နောင်တချိန်ပြန်သုံးနိုင်အောင် ကြိုးစားကြစို့နော်✅
ဥပမာ - English ပေါ့ဗျာ😄
19/03/2026
My IELTS students in the breakout room -
Student 1 - Unfortunately, I became a doctor.
Student 2 - 🥹🥹🥹🥹 What!
I also want to be a doctor unfortunately
😂😂😂
17/03/2026
နာမည်မဖော်ပဲ စာမေးချင်တာ ရှိရင် NGL link ကနေ မေးထားပါရှင့်
https://ngl.link/arielgue60458
Comment မှာလည်း ချပေးထားပါမယ်၊
Channel ထဲမှာ ပို့ထားပြီး အကြွေးတင်နေတာလေးတွေလည်း သေချာရေးပြီး ပို့စ်တင်ပေးပါမယ်🥹💕
လတ်တလောဖွင့်ထားတဲ့ အတန်းလေးတွေက ❤️
A2 to B1
B1 to B2
IELTS Foundation အတန်းနဲ့ private class တွေပါ
သိချင်တာရှိ မေးပါနော်
17/03/2026
အလုပ်တဖက် ကျောင်းတဖက်နဲ့ Join ကြတဲ့
A2 to B1 class လေး
၁၉ ယောက်မှာ ၁၁ ယောက်တိတိကျန်ခဲ့တဲ့ နှုန်းနဲ့
ပြီးသွားပါပြီ 🔥
နဂိုထဲက အခြေခံ ရှိထားတဲ့ ဆရာဝန်အကိုဆို IELTS Foundation class ပါ ဆက်တက်နေပါပြီရှင်
A2 to B1 batch အသစ်လေးကတော့ March 30 မှာ
စပါတော့မယ်
လူပြည့်ပြီမို့ ထပ်လက်မခံတော့ပါဘူး
သုံးလလုံး အဆုံးထိ တက်နိုင်သူများ၊ အပတ်စဉ် assignment / challenge လိုက်လုပ်နိုင်သူများကတော့ သိသာတဲ့ results တွေ့ရမှာမို့ သင်တန်းအဆုံးထိ တက်စေချင်ပါတယ်ရှင်
See you🫶🫶🫶
14/03/2026
IGCSE Edexcel ESL 218/240 Grade 9🔥🔥🔥
ဒီနှစ်အတွက်လည်း တဘော်ကျဲ့ လေးယောက်စာ results တွေ မျှော်နေတယ်
ဟင်္သာတက Home schooling 3 ယောက်၊
CIE ESL မန္တလေးက ကလေးတယောက်❤️
13/03/2026
🇯🇵 စားသောက်ဆိုင်မှာ အလုပ်လုပ်တာမို့
သူ ညညဆို သူ အိမ်ပြန်ရောက်တဲ့အချိန်က
မြန်မာအချိန် ည ၉
ဂျပန်အချိန် ည ၁၁:၃၀
ည ၁၁/၁၂ မှ အမြဲ အတန်းတက်ရရှာတာ
အဲ့ဒါတောင် တပတ် ၄ ရက် မပျက်မကွက် အတန်းတက် စာလုပ်လာခဲ့တဲ့ Japan က သူငယ်ချင်းလေးအခုဆို ၆ လ ပြည့်ပြီပေါ့
တိုးတက်မှုကတော့ ပုံပါအတိုင်းပါပဲ💐❤️
EFSET က အရမ်း reliable တော့ မဖြစ်ပေမယ့် တိုးတက်မှူတွေကို ကိုယ်တိုင်မြင်နေရတာမို့ appreciation post လေး တင်ပေးလိုက်ပါတယ်❤️
4-6 လ မပြတ် စာလုပ်မှ ကိုယ့် progress ကို ကိုယ်တိုင်မြင်ရမှာပါ လို့🫶
04/03/2026
A2 to B1 class လေးတွေ စုံစမ်းတာများနေလို့
Mon, Tues ည ၈:၀၀-၉:၃၀ ( မြန်မာအချိန်) မှာ Group class တတန်းဖွင့်ဖြစ်ပါမယ်ရှင်
English ကို parts of speech အခြေခံကစလို့၊ နေ့စဉ်သုံး speaking အတွက် အရေးကြီးတဲ့ Tense ၈ မျိူး နဲ့ အသုံးဝင်မယ့် ဝေါဟာရ vocabularies များ၊ Reading, Listening, Speaking, Writing 4 skills လုံးလည်း အထိအတွေ့ရှိအောင် အစကနေ ပြန်စသင်ပေးမယ့် အတန်းလေး ဖြစ်ပါတယ်။
သင်တန်းကာလ - ၃ လ အပြီးအထိ တက်နိုင်ရပါမယ်၊
ဒီ ၃ လ ပြီးတဲ့အခါ English ကို မကြောက်တော့ပဲ အခြေခံအဆင့် ပြောဆို၊ ဆကိသွယ်နိုင်သွားရမယ်၊ အခြား အတန်းတွေ ဆက်တက်တဲ့အခါမှာလည်း Basic ကနေ ပြန်ပြန် ကျော့စရာမလိုပဲ A2 level ဒေါင်ဒေါင်မြည်နဲ့ B1 နီးနီး level ရှိစေချင်လို့ ဒီအတန်းလေး သင်ရိုးဆွဲပြီး သင်ဖြစ်တာ ဖြစ်ပါတယ်၊ ❤️
အခြေခံပညာ အထက်တန်းအဆင့်အထိ ပြီးထားဖူးသူများ၊ နဲ့ ကျောင်းတက်ဆဲ ကလေးတွေဆိုရင်တော့
Grade - 7 , အသက် ၁၄ နှစ်က စလက်ခံပါမယ်။
March 30, 31 သို့မဟုတ်
April လအစမှာ စဖြစ်ပါမယ်ရှင်။
အသေးစိတ်ကို Comment မှာ ကြည့်နိုင်ပါတယ် 🫶
သိချင်တာလေးတွေလည်း comment box မှာ မေးခဲ့လို့ ရပါတယ်။
✅Teacher’s Profile
IELTS - overall Band 7 achiever
TKT - Band 4,4,3
Diploma in Teacher Education
2019 46th SSEAYP brand ambassador
(Japan, Singapore, Malaysia, Vietnam)
2nd runner up ( The Space, Impromptu Talk Competition)
03/03/2026
Online class တွေ တက်ရတာ အားမရလို့
တီချယ်ဂူးအတန်းကို အပြင်မှာ
In person class လာတက်ချင်ရင်တော့
GEC English Center - Times City မှာ Sat Sun သင်နေပါတယ်ရှင့်❤️
Foundation level ကနေ Intermediate အထိ သွားမယ့်အတန်းလေး ဖြစ်ပါတယ်
အသေးစိတ်ကိုတော့ Page မှာ စုံစမ်းနိုင်ပါတယ်။🙇♀️
21/02/2026
English ကျွမ်းကျွမ်းကျင်ကျင်တတ်ထားရင် ဘယ်ရောက်ရောက် မျက်နှာမငယ်ရပါဘူး 🌸
ပညာရေး၊ လုပ်ငန်းခွင်၊ လူမှုဆက်ဆံရေး ဘယ်နေရာမှာမဆို အများကြီး လမ်းပွင့်လာပါလိမ့်မယ်၊ ✨
Use English as your stepping stone to unlock new opportunities!✨
20/02/2026
ငယ်ငယ်က တကယ့် သရဲထင်ပြီး အရမ်းကြောက်ခဲ့တဲ့ ဘီလူးစီးတဲ့ ဖြစ်ရပ်ကို အသက် ၁၇ မှာ နားလည်လက်ခံသွားတာ English စာ တတ်ခဲ့လို့ပါ
( မတတ်နိုင်ဘူး English စာသင်တဲ့ဆရာမဆိုတော့လည်း English တတ်ထားသင့်ကြောင်း အသားပေးမျှဝေပြီး ငပျင်းလေးတွေကို ဆွဲဆောင်မယ်🤣)
ဒီနေ့ တီချယ်ဂူး တက်နေတဲ့ Online တက္ကသိုလ်က Intro to counseling အတန်းမှာ Eating & Sleeping disorders အကြောင်း သူငယ်ချင်းတွေ presentation လုပ်တာ နားထောင်ခဲ့ရပါတယ်
အဲ့ထဲမှာ Narcolepsy လို့ ခေါ်တဲ့ sleeping disorder အကြောင်းပါလာတော့ တိုက်ဆိုင်သွားတာနဲ့
questions & comments Session မှာ တီချယ့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံ ဝင်ပြီး မျှဝေခဲ့ပါတယ်၊
မြန်မာအခေါ် ဘီလူးစီးတယ်လို့ အသိများတဲ့ Sleep Paralysis ကို စပြီး ခံစားရတာ ပျိုဖော်ဝင်စအရွယ် အသက် ၁၃၊၁၄ လောက်မှာပါ၊ ဆုံးသွားတဲ့ အဘိုးဖြစ်သူက အိမ်ရဲ့ လှေကားနားမှာ ရပ်ပြီး ကြောက်စရာ စကားတွေပြောတာ ပထမဆုံး အတွေ့အကြုံအနေနဲ့ သေချာမှတ်မိနေပါတယ်၊
ဘီလူးစီးတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ဖူးသူတွေ ကောင်းကောင်းသိပါတယ်၊ လေ့လာချက်တွေအရတော့ ကမ္ဘာပေါ်က လူတွေရဲ့ 30% လောက်က ဒီဖြစ်ရပ်ကို တသက်မှာ တကြိမ်လောက်ဖြစ်ဖြစ် ခံစားရတတ်ပါတယ်တဲ့၊
မဖြစ်ဖူးတဲ့ သူတွေကို ပြောပြရမယ်ဆိုရင် ဘီလူးစီးတယ်ဆိုတာ အိပ်တဝက် နိုးတဝက် အခြေအနေမျိူးမှာ
ဦးနှောက်က အလုပ်စလုပ်နေပေမယ့် ခန္ဓာကိုယ်ကြွက်သားတွေက အလုပ်မလုပ်နိုင်သေးပဲ ခနတာ
လှုပ်ရှားမရ၊ စကားပြောမရ frozen ဖြစ်သွားတဲ့ အခြေအနေမျိူးပါ ၊ ကိုယ်တိုင်လှုပ်မရ အသံမထွက်ပေမယ့် ပတ်ဝန်းကျင်မှာ ဘာတွေပြောနေလဲ၊ ဘာတွေရှိလဲ ကြားရ၊ မြင်ရ ပါတယ်။
အဲ့လိုပုံစံမျိူး စက္ကန့်ပိုင်းကနေ မိနစ် ၂၀ လောက်အထိ ကြာနိုင်ပါတယ်၊ တယောက်ယောက် စကားလှမ်းပြောရင်၊ လာနှိုးလိုက်ရင် နိုးသွားတတ်ပါတယ်၊
တီချယ်ဂူးကတော့ စဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်ထဲက hallucinations လို့ ခေါ်တဲ့ အခန်းထဲမှာ မရှိတဲ့အရာတွေကို ရှိသလို မြင်ရ၊ ကြားရ တာ ဆိုတော့ အရမ်းကြောက်စရာကောင်းခဲ့ပြီး တကယ့် သရဲ၊ဘီလူး လို့ အထင်မှားခဲ့ပါတယ်၊
ပတ်ဝန်းကျင်က လူကြီးတွေကို ပြောပြ၊ မေးတဲ့အခါလည်း အခုခေတ်လို နည်းပညာမထွန်းကားသေးတော့သိပ္ပံနည်းကျ ဘယ်သူမှ ရှင်းမပြနိုင်ပဲ ဘီလူးစီးတာ ဘုရားစာ ရွတ်ရတယ် ဆိုတဲ့ ဗဟုသုတလောက်ပဲ ရခဲ့ပါတယ်၊
အကျိူးဆက်အနေနဲ့ အိပ်ရမှာကြောက်တာ၊ အိပ်ရင်း ဖြစ်တဲ့အခါ နိုးလာတဲ့အခါ အကြောက်လွန်တာမျိူးတွေ အသက် ၁၆၊၁၇ လောက်အထိ ငါးနှစ်လောက် ခံစားခဲ့ရတယ်၊ ပရလောက group တွေမှာပါ မက်တဲ့အိမ်မက်တွေအကြောင်း စီကာပတ်ကုံး ရေးပြီး အကြံဉာဏ်တောင်းခဲ့တယ်၊ အဲ့ဒီကနေ စပြီး ဒီဖြစ်ရပ်ကို Sleep Paralysis လို့ ခေါ်ကြောင်း သိပ္ပံနည်းကျ ရှင်းပြတာလေးတွေ စသိခဲ့ရပါတယ်၊
2017,2018 မှာတော့ အင်တာနက်၊ Google၊ Wikipedia စသုံးတတ်လာပါပြီ၊ စောန သိထားတဲ့ စကားလုံး ( Sleep Paralysis) ဆိုတဲ့ keyword လေးကို ရိုက်ရှာပြီး B1 level English skill လောက်နဲ့ ဆေးပညာဆောင်းပါးတွေအများကြီး ကိုယ်တိုင်စိတ်ကြိုက်ရှာဖတ်လိုက်တာ
ငါးနှစ်လောက် ညညဆို တွေးကြောက်လာခဲ့ရတဲ့ အရာကြီးကို သေချာရှင်းရှင်းလင်းလင်း သိသွားပြီး နောက်ဆုံးမှာ အဲ့အကြောက်တရားကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်၊
ဒါလေးကို အတန်းထဲမှာ sharing ပြန်လုပ်ပေးလိုက်တာ ဆရာမက ချီးကျူးတာမို့ ပျော်ပြီး page မှာပါ လာထပ်ပြောပြတာပါ။
English လေ့လာရာကနေ ရခဲ့တဲ့ ကောင်းကျိူးတွေထဲက တစ်ခုပေါ့နော်🥰သူငယ်ချင်းတို့ရော
English လေ့လာရင်းကနေ ရခဲ့တဲ့ blessings in life & benefits တွေ ရှိကြလား
ရှိခဲ့ရင် comment မှာ ရေးခဲ့ပါအုံးနော်✨
20/02/2026
GED သာ မသင်တာ GED အတွက် သင်တန်းမရွေးတတ်ဖြစ်နေတဲ့ ကလေးတွေ၊ English class ကိုမှ အားတဲ့အချိန် မကိုက်လို့ ကိုယ့်သင်တန်းမအပ်ဖြစ်တဲ့ ကျောင်းသားတွေဆိုလည်း ဟိုသင်တန်းကောင်းတယ်၊ ဒီသင်တန်းလေး မဆိုးဘူး လမ်းညွှန်ပေးဖြစ်ပါတယ်