19/01/2026
စာတစ်အုပ်ဖတ်ပြီးတိုင်း ဒီစာအုပ်ကနေဘာတွေရလိုက်သလဲ လို့ စဉ်းစားဖူးကြလား ❔
အခုခေတ်မှာ စာကြည့်တိုက်တွေမှာသာမက အွန်လိုင်းမှာပါ စာအုပ်တွေကို အလွယ်တကူရှာဖွေဖတ်ရှုလာနိုင်ပါပြီ။ စာအုပ်ရှာရလွယ်တာနဲ့အညီ၊ စာဖတ်သူတွေတိုးလာတာနဲ့အညီ စာဖတ်လို့ ဗဟုသုတတွေများတဲ့သူ၊ အကျိုးအမြတ်အများကြီးရတဲ့သူတွေ တိုးလာပြီလား
စိတ်မကောင်းစရာက ထင်သလောက် တိုးမလာသေးပါဘူး၊ ဘာ့ကြောင့်ဆိုတာကို အောက်မှာကြည့်လိုက်ရအောင် 👇
စာဖတ်တဲ့နေရာမှာအရေးပါတာက စာဖတ်တဲ့ရည်ရွယ်ချက်ပါ၊ ရေရေရာရာမရှိ သူများဖတ်လို့ဖတ်တယ်၊ ' ငါ ဒီစာအုပ်ကြီး ပြီးပြီကွ' ဆိုပြီး လူပုံအလယ် ကြွားဖို့သက်သက် ဖတ်တယ် ဆိုရင် အဲ့မှာပဲ ရပ်လိုက်ပါ၊ အချိန်ကုန်ခံဖတ်ပြီး ပြီးဖို့သာ အာရုံစိုက်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ဆို ကိုယ့်အတွက် မှတ်စရာ တစွန်းတစတောင်ကျန်မှာ မဟုတ်ပါဘူး။
ကိုယ်က စာအုပ်တစ်အုပ်ကနေဘာယူမှာလဲ ဆိုတာ ကိုယ်ဖတ်ဖို့ရွေးချယ်လိုက်တဲ့ စာအုပ်အမျိုးအစား၊ အဲ့စာအုပ်အပေါ်ထားတဲ့ သဘောထား တွေပေါ်မှာ မူတည်ပါတယ်။ အနှစ်သာရမရှိတဲ့၊ ချစ်ကြည်နူးတစ်တီတူးတဲ့ စာအုပ်မျိုးတွေဆိုရင် အကျိုးရှိတာ ဘာကျန်ခဲ့မှာလဲနော်၊၊ ပြီးတော့ ကိုယ်စိတ်ဝင်စားလောက်တဲ့ စာအုပ်မျိုးကိုပဲ ဖတ်ပါ၊ ဘယ်လောက်ပဲ စာအုပ်တစ်အုပ်ကနာမည်ကြီးပါစေ ကိုယ်စိတ်ဝင်စားမှသာ ဖတ်ရကျိုးနပ်မှာပါ။
တစ်ချို့က စာဖတ်ပြီးဘာမှမရတာလဲမပြောပါနဲ့၊ စာကိုဖတ်ရုံဖတ်တာပါ။မေးခွန်းတွေမမေးဘူး၊ အရင်ရှိတဲ့ Knowledge နဲ့ ဆက်စပ်တွေးခေါ်ဝေဖန်တာတွေမလုပ်ဘူး။ စာအုပ်တစ်အုပ်ဖတ်အပြီး ဒီစာအုပ်ကဖတ်လို့ကောင်းတယ် ဆိုတာပဲသိရင် အဆင်မပြေပါဘူး။ အဲ့ဒါ ကိုယ့်ဆီမှာ ဘာမှမကျန်ခဲ့ဘူး ဆိုတာကို ပြသတာပါ။
ပတ်ဝန်းကျင်တိတ်ဆိတ်မှုနဲ့ အာရုံစူးစိုက်နိုင်မှုတွေက စာအုပ်ဖတ်တဲ့နေရာမှာ အရေးပါပါတယ်၊၊ ဆူတဲ့နေရာ စာသွားဖတ်တယ်၊ ဝတ္တရားအရစာဖတ်လိုက်တယ် ဆိုတာတွေကို မလုပ်သင့်ပါဘူး စာကပေးတဲ့အဖိုးတန်တွေ ဉီးနှောက်ထဲစိမ့်ဝင်ချင်ရင်ပေါ့။
အကျဉ်းချုံးရရင် စာဖတ်တဲ့ရည်ရွယ်ချက်၊ သဘောထား၊ ပတ်ဝန်းကျင်၊ အာရုံအားကောင်းမှု၊ စာအုပ်အမျိုးအစား စတာတွေက နောက်ဆုံး စာဖတ်ခြင်းကနေ ကျန်ခဲ့မဲ့အရာတွေကို အဆုံးအဖြတ်ပေးပါတယ်။
ဒါကြောင့် စာဖတ်တဲ့ နေရာမှာ သတိနဲ့ဖတ်ကြပါ၊ စာပေလိုက်စားပြီး အဲ့လိုလုပ်ရကျိုးနပ်အောင် အပေါ်ကရှင်းပြထားတဲ့ ရှောင်ကြည်ရမယ့်အရာတွေကို ရှောင်ကြဉ်တတ်ဖို့ တိုက်တွန်းလိုက်ရပါတယ် ☀
🌎Global Skills Network
📌page
https://www.facebook.com/GlobalSkillsNetwork.org
📌Telegram Channel
https://t.me/GSN_Free_Edu
📌YouTube Channel
https://www.youtube.com/.FreeEdu
📌Student Affairs Bot
05/01/2026
ကိုယ့်ကမ္ဘာငယ်လေးထဲမှာပဲပျော်နေတတ်တဲ့ Introvert လေးများ 🪐
Introvert လို့ပြောလိုက်တာနဲ့လူတွေထင်ကြတာက အရှက်အကြောက်ကြီးပြီး ပေါင်းသင်းရခက်တယ်ဆိုတာပါပဲ။ အမှန်က ပေါင်းသင်းဆက်ဆံရေးမှာအားနည်းတယ်ရယ်လို့တော့မဟုတ်ပဲ သူတို့ကိုယ်တိုင်ကိုက တစ်ယောက်ထဲရှိနေရင်ပိုလွတ်လပ်တယ်လို့ခံစားရလို့ပါ။ လူအများကြားထဲရှိနေရင် အားအင်တွေကုန်ပြီး အာရုံစူးစိုက်နိုင်စွမ်းအားနည်းတတ်ကြပါတယ်။ အဲဒီအစား တသီးတသန့်နေပြီး စာအုပ်တွေဖတ်နေမယ်၊ သီချင်းတွေနားထောင်နေမယ်၊ ကိုယ်ဝါသနာပါတာတွေလုပ်နေတတ်ကြပါတယ်။
Introvert တွေက အနေအေးတဲ့အတွက် Extrovert တွေထက်စာရင် အပေါင်းအသင်းနည်းကြပါတယ်။ အပေါင်းအသင်းဆိုရင်လည်း သူတို့တကယ်ယုံကြည်တဲ့သူတွေနဲ့ပဲပေါင်းကြပါတယ်။ အဲဒါကြောင့်မလို့ အများနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့အခါမျိုးမှာ ပူးပေါင်းမဆောင်ရွက်ကြဘူးလို့ အထင်ခံရပါတယ်။ တစ်ခုရှိတာက Introvert ဖြစ်တာခြင်းတူနေတာတောင်မှ ခံစားတွေးတောတဲ့ပုံစံတွေ ပြုမူတဲ့ပုံစံတွေမတူကြပါဘူး။ 🙅🏻♀️
Introvert မှာ အမျိုးအစား 4 မျိုးရှိပါတယ်။
1. Social Introverts
ဒါကတော့ လူစုလူဝေးကြားမှာသွားဖို့သက်သောင့်သက်သာမရှိတဲ့သူတွေပါ။ သူတို့ရဲ့ပင်ကိုယ်ဗီဇအရ တစ်ယောက်ထဲနေရတာကို သဘောကျကြပါတယ်။
2. Thinking Introverts
အတွေးလွန်ပြီး စိတ်ကူးယဥ်ဆန်တဲ့ introvert တွေပါ။ သူတို့တွေက Creative Idea တွေကိုတွေးနိုင်ကြတာမလို့ အကြံဉာဏ်ကောင်းတွေရှိကြပါတယ်။
3. Anxious Introverts
ဒါကတော့ လူတွေနဲ့စကားပြော ဆက်ဆံရမှာကို ဝန်လေးပြီး စိုးရိမ်စိတ်များတဲ့သူတွေပါ။ လူအများနဲ့စကားပြောရရင် Energy တွေကျလာသလိုမျိုးပါ။
4. Restrained / Inhibited Introverts
တခုခုမလုပ်ခင် သေချာစဉ်းစားတဲ့ အမျိုးအစားတွေပါ။ ထွက်လာမဲ့ရလဒ်ကဘယ်လိုဖြစ်လာမလဲဆိုတာတွေကိုကြိုတင်တွေးတောကြပါတယ်။
စကားအများကြီးမပြောပေမဲ့ အရေးကြီးတဲ့အကြောင်းအရာတွေဆိုရင် သေချာလေး ဂရုစိုက်ဆွေးနွေးပြောတတ်ကြပါတယ်။ သူတို့တကယ်ချစ်တဲ့သူတွေကို ဂရုစိုက်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲ။ အနစ်နာလည်းခံတတ်ကြပါတယ်တဲ့ရှင် ❤️🩹Introvert တွေရဲ့နောက်ထပ်ထူးခြားတဲ့တစ်ချက်က တခြားလူတွေသတိမထားမိတဲ့ မျက်စိလျမ်းသွားတာတွေကို သတိထားမိကြပါတယ်။
အကျဉ်းချုပ်ပြောရရင်တော့ Introvert တွေက Good Listeners တွေပါရှင် 👀
🌎Global Skills Network
📌page
https://www.facebook.com/GlobalSkillsNetwork.org
📌Telegram Channel
https://t.me/GSN_Free_Edu
📌YouTube Channel
https://www.youtube.com/.FreeEdu
📌Student Affairs Bot
04/01/2026
Hello... Skillers လေးတို့ရေ 💜
ဒီတစ်ခေါက် Batch 12 မှာ အတန်းလေးတွေ ဘယ်လိုတက်ရမှန်းမသိသေးတဲ့ ကလေးတွေအတွက် ရှင်းပြပေးချင်ပါတယ်နော်။
GSN က အတန်းလေးတွေတတ်မယ်ဆိုရင် ပထမဆုံးလိုအပ်တာက Telegram account လေး ရှိထားဖို့ပါပဲ။ ဘာလို့လဲဆိုရင် Telegram ကိုအဓိကထားပြီး တီချယ်တွေနဲ့ ဆက်သွယ်ရတာမလို့ပါ ❤️
---
အတန်းတက်ဖို့ အဆင့်လေးတွေကတော့…
1. GSN Official Channel ကို အရင် Join ထားလိုက်ပါ။
2. အတန်း link ချမယ့်နေ့ ည ၇ နာရီ အချိန်လေးမှာ Channel မှာ ပို့စ်လေးထပ်တင်ပေးပါတယ်။
3. အဲဒီပို့စ်လေးထဲမှာ အတန်း link ပါလာပါမယ်။
4.link လေးကို နှိပ်လိုက်ပြီး Group ထဲ ဝင်လိုက်ပါ။
5. Group ထဲရောက်တာနဲ့ အတန်းအက်မင်
တွေ က ဘာဆက်လုပ်ရမလဲဆိုတာ စနစ်တကျ ပြောပြပေးသွားမှာမို့ နားထောင်လိုက်ရုံပါပဲနော် 😊
---
Batch 12 မှာ GED အတန်း ၂ ခု ပါလာပြီး တစ်ခါတည်း နှစ်တန်းလုံးတက်လို့ရအောင်စီစဉ်ပေးထားတာမို့ စိတ်ဝင်စားရင် မြောက်မြားစွာ အခွင့်ကောင်းယူလို့ရပါတယ်နော်။
အဆင်ပြေပါစေ… အတန်းထဲမှာ တွေ့ကြပါမယ် 😉💖
04/01/2026
၇၈ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ် 🇲🇲
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ ကိုယ့်ထီးကိုယ့်နန်းနဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒီနေ့ဟာဆိုရင် ခက်ခက်ခဲခဲရယူခဲ့တဲ့ လွတ်လပ်ရေးက ၇၈ နှစ်မြောက်တောင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ လွတ်လပ်ရေးက လွယ်လွယ်နဲ့ရခဲ့တာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ၊ အာဇာနည်တွေက ကိုယ်ကျိုးစွန့်ပြီး အသက်၊ သွေး၊ ချွေးများနဲ့ ခက်ခဲစွာ တိုက်ယူခဲ့ကြရတာပါ။
ဒီလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းဖို့က ကျွန်တော်တို့အားလုံးနဲ့ နောက်လာမဲ့ မျိုးဆက်သစ်များရဲ့ တာဝန်ဖြစ်ပါတယ်။ လွတ်လပ်ရေးဆိုတာက ရယူရန်ခက်ခဲသလို၊ တည်တံ့အောင် ထိန်းသိမ်းရမှာလည်း ပိုအရေးကြီးတာကြောင့် တိုင်းပြည်အတွက် အနစ်နာခံခဲ့ကြတဲ့ ဘိုးဘွားတွေကို အောက်မေ့ကျေးဇူးတင်ရင်း ❝ လွတ်လပ်ရေးကို တန်ဖိုးထား ထိန်းသိမ်းကြပါစို့။ ❞ 🫡
🌎Global Skills Network
📌page
https://www.facebook.com/GlobalSkillsNetwork.org
📌Telegram Channel
https://t.me/GSN_Free_Edu
📌YouTube Channel
https://www.youtube.com/.FreeEdu
📌Student Affairs Bot
02/01/2026
GSN Batch12 Thai language class timetable
GSN12-T04 Thai Basic Speaking class (Tr.Noun Noun)
Date - Monday/Tuesday
Time - 6:00-7:00 PM
Duration - 2months
Via - Zoom
Start date - 5.1.2026
📌Zoom class ဖြစ်သောကြောင့် အတန်းပျက်၍မရပါ။ အိမ်စာပုံမှန်ထပ်ရမည်။
-------------------------------------------------
Class Link 🔗
https://t.me/+DaCIq5dG2MlhYWI9
02/01/2026
Reminder 🛎️
ဒီည ၈နာရီမှာဖြင့် serious အရမ်းဖြစ်တတ်တဲ့သူလေးတွေအတွက် coaching webinar လေးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ကိုယ်က အရမ်း seriously ဖြစ်တတ်တဲ့သူထဲမှာပါတယ်ဆိုရင် ဒီ webinar လေးကို တတ်ဖို့မေ့မနေနဲ့အုံးနော်။ ဒီကနေ တစ်ခုခုအကျိုးရှိတာ ရသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
Skillers လေးတို့ထဲမှာ အရာရာကို စိတ်ထဲအရမ်းထည့်တတ်တဲ့ လူငယ်လေးတွေရှိလား❓
အရာရာကို Serious ထားတာက ကောင်းတဲ့အရာဆိုပေမဲ့ Priority ပေးရမဲ့အရာ ဟုတ်မနေဘူးဆိုရင်တော့ Crush နဲ့လွဲတာထပ် ပိုဆိုးနေမှာ အမှန်ပါပဲ💔
အရေးမပါတဲ့ ကိစ္စသေးသေးလေးတွေကအစ အာရုံစိုက်မိပြီး အတွေးလွန်နေမယ်၊ အရေးပေးနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့အချိန်တွေကို နေရာမှားပြီး ဖြုန်းတီးမိနေပြီဆိုတာကို စသတိပြုမိသင့်ပါပြီနော်😱
အလွန်အကျွံ Serious ဖြစ်ခြင်းက ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းအင်တွေကို တကယ် အရေးကြီးတဲ့ အရာတွေပေါ်မှာ နှစ်မြုပ်တာကို ခိုးယူသွားသလိုမျိုးဖြစ်တာမို့ ကိစ္စတစ်ခုကို Serious မထားခင် ကိုယ့်ရဲ့ Focus နဲ့ Attention ကို တကယ်ပေးဖို့တန်ရဲ့လားလို့ အရင်မေးခွန်းထုတ်သင့်ပါတယ်❤️
အရာရာတိုင်းကို Serious ဖြစ်လွန်းတဲ့အခါ...
📍𝐌𝐞𝐧𝐭𝐚𝐥 𝐎𝐯𝐞𝐫𝐥𝐨𝐚𝐝
မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေက ဦးနှောက်ကို အဆက်မပြတ် ဖိစီးစေတတ်ပါတယ်။
📍𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐃𝐫𝐨𝐩
တကယ့် Priority ကို အာရုံစိုက်ဖို့ လိုအပ်တဲ့ Mental Energy တွေက အရေးမပါတဲ့ ကိစ္စတွေနဲ့ ကုန်သွားတတ်ပါတယ်။
📍𝐁𝐮𝐫𝐧𝐨𝐮𝐭 & 𝐒𝐭𝐫𝐞𝐬𝐬
အပန်းဖြေဖို့၊ ပေါ့ပေါ့ပါးပါးနေဖို့ အချိန်မပေးနိုင်တော့တဲ့အခါ စိတ်ဖိစီးမှုတွေ စုပုံလာပြီး အချိန်မတိုင်ခင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ရင်ဆိုင်ရတတ်ပါတယ်။
ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ အရမ်း Serious ဖြစ်တတ်တဲ့ Skillers လေးတို့အတွက် GSN ကနေ Coaching Webinar လေးတစ်ခုကို ယူဆောင်လာပါပြီနော်🍀
🎓Lincoln University ကနေ Executive Diploma in Life Coaching နဲ့ Executive Diploma in Applied Psychology တို့ကိုတက်ရောက်အောင်မြင်ပြီး အတွေ့အကြုံအားဖြင့် Coaching Mastery Program ကို နာရီပေါင်း ၁၂၀ ကျော်ကြာ ပြီးမြောက်ခဲ့တဲ့ အစ်မ 𝐌𝐚𝐲 𝐓𝐡𝐮 𝐓𝐮𝐧 (𝐌𝐚𝐢𝐫𝐲) ဟာဆိုရင် ယခုလက်ရှိ Life and Mental Coach အနေနဲ့ ရပ်တည်နေသူတစ်ယောက်ဖြစ်ပြီး ဒီ Webinar လေးမှာ Skillers လေးတို့ကို 𝗪𝗵𝘆 𝗦𝗼 𝗦𝗲𝗿𝗶𝗼𝘂𝘀 ခေါင်းစဉ်နဲ့ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ် 💬
Guest Speaker အကြောင်း အသေးစိတ်ကိုတော့ ဒီအောက်က Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့် ⏬
📌Guest Speaker
https://www.facebook.com/share/1EX8qoyWif/?mibextid=wwXIfr
Webinar လေး အသေးစိတ်ကတော့
🗓 Date - 2nd Jan 2026 ( Friday)
🕰 Time - 8 PM
💻 Platform - via Zoom
ဖြစ်ပြီး စိတ်ပါဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က Gp လေးကို join ထားဖို့ လိုပါတယ်နော် 💝
GSN: Future Luminaries
https://t.me/+lIyKsursdnoyZmE1
📌GSN page
https://www.facebook.com/share/jWDGCacA9eidd29X/
02/01/2026
GSN Batch12 Thai language class timetable
GSN12-T04 Thai Basic Speaking class (Tr.Noun Noun)
Date - Monday/Tuesday
Time - 6:00-7:00 PM
Duration - 2months
Via - Zoom
Start date - 5.1.2026
📌Zoom class ဖြစ်သောကြောင့် အတန်းပျက်၍မရပါ။ အိမ်စာပုံမှန်ထပ်ရမည်။
-------------------------------------------------
Thai language အတန်းအား ၂ရက်နေ့၌ အတန်း link ချပေးပါမည်။ class group ထဲရောက်ပြီးပါက level test ဖြေရပါမည်။
---------------
GSN Batch12 GED preparation classes timetable
GSN12-VT11 GED mathematics preparation (Marn)
Date - Mon and Tues
Time -7:00 Pm to 8:30 Pm
Duration - 10 weeks
Via - Zoom or google meet
Curriculum - Mc graw hill and Kaplan
Start date - 5.1.2026
--------
GSN12-VT07 GED science preparation (Tr.Harden)
Date - Sat & Sun
Time - Videos will be uploaded at 6pm
Duration - 1 Month
Via - Video Class
Curriculum - Pre GED
Start date - 6.1.2026
-------------------------------------------------
GED preparation အတန်းများအား ၃ရက်နေ့၌ အတန်း link ချပေးပါမည်။
-------------------
GSN Batch12 Japanese language class timetable
GSN12-J03 Japanese N5 class (Tr.Grover)
Date - Thu, Fri
Time - 6:40 to 8 Pm
Duration - 3 month above
Via - zoom, Google meet
Curriculum - Minnano nihongo+ kanji Master
Start date - 8.1.2026
📌Basic ကို ပိုင်ပိုင်နိုင်နိုင်တက်မြောက်ထားမှသာ အဆင်ပြေပါမည်။
-------------------------------------------------
Japanese language အတန်းအား ၄ရက်နေ့၌ အတန်း link ချပေးပါမည်။
-------------------------
GSN Batch12 Korean language class timetable
GSN12-K05 Korean Yonsei Level 1-2 [Tr. Hsu < 윤서린 >]
Date - Fri , Sat , Sun
Time - 7:15 - 8:45 PM
Duration - 2 month above
Via - Zoom / Google meet
Curriculum - Yonsei level 1-2 ( level 1 )
Level test -
Start date - 9.1.2026
📌အပတ်တိုင်းအိမ်စာရှိပီး စာသေချာလိုက်လုပ်ပေးနိုင်ရပါမည်။
-------------------------------------------------
Korean language အတန်းအား ၅ရက်နေ့၌ အတန်း link ချပေးပါမည်။
31/12/2025
Hello..Hello,
Skillers လေးတို့ရဲ့ Global Skills Network Organization နဲ့ Korean Language For Myanmar တို့ပူးပေါင်းပြီး နှစ်သစ်မှာ တန်ဖိုးရှိတဲ့လက်ဆောင်လေးယူဆောင်လာပြီနော် 🎁🎊
ကဲ..ကဲ ဘာလက်ဆောင်လေးလည်းကြည့်လိုက်ရအောင်🤗
📎 GSN12-K04 Topik1Preparation Class 🇰🇷
Instructor🎓: Sayar Swan
Date🗓: Sat, Sun (Every Weekends)
Time⏱: 8:00 PM to 9:30 PM
Via💻: Zoom
Curriculum📁: Topik 1 딱 3주 완성
Duration - 1 month
Start Date>>> 10.1.2026
(Level test မရှိပါ။)
Requirements :
📌 အနည်းဆုံး Korea Language Level 2 ရှိရပါမယ် ( For any curriculum)
📌 ကိုယ်ကစာလိုက်နိုင်တယ်ဆိုရင် Yonsei 1-2 ဆိုလည်းအဆင်ပြေပါတယ်နော်။
📌 အဓိကအနေနဲ့တော့... အတန်းထဲမှာ တက်တက်ကြွကြွနဲ့ မှားမှားမှန်မှန် Participate လုပ်ပေးနိုင်ဖို့ပါပဲ ( သင်တန်းချိန်အတွင်း အသံမကြား၊ပြန်မဖြေ၊အမေးအမြန်းမရှိ၊ အိမ်စာလဲသေချာမလုပ်တဲ့ကလေးတွေကိုတော့ အတန်းဆက်တက်ခွင့်ပေးမှာမဟုတ်ပါဘူးနော်)
⚡အတန်းလေးက Preparation Class လေးဖြစ်တာကြောင့် TOPIK I (Level 1 - 2) အတွက် အထူးပြင်ဆင်သင်ကြားပေးမယ့်အပြင် Exam format နဲ့ကိုက်ညီစေဖို့ Vocabulary, Grammar, Reading & Listening Skills တွေကိုပါ coverဖြစ်အောင် သင်ကြားပေးသွားမယ့်အတန်းလေးဖြစ်ပါတယ်⚡
🔹 Free Class လည်းဖြစ်တယ်၊ GSN နဲ့ Korean Language For Myanmar တို့ရဲ့ Partnership အနေနဲ့ Class Activities တွေ Learning Experiences တွေကိုပါ Sharing လုပ်ပေးသွားမှာဖြစ်လို့
📍နှစ်သစ်မှာ TOPIK I စာမေးဖို့ဖြေဖို့ အခြေခံကောင်းလိုချင်တဲ့သူတွေ၊ Korean Language ကို စနစ်တကျနားလည်တတ်ကျွမ်းချင်သူတွေ၊ အနာဂတ်မှာ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းချင်သူ Skillers🍀 လေးတို့ရေ။
📣 အခွင့်အလမ်းကိုလက်လွှတ်မခံဘဲ.. ''Just Start Preparing Today & Pass TOPIK Tomorrow '' ဖြစ်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ဗျို့🥰
🌎Global Skills Network
📌page
https://www.facebook.com/GlobalSkillsNetwork.org
📌Telegram Channel
https://t.me/GSN_Free_Edu
📌YouTube Channel
https://www.youtube.com/.FreeEdu
📌Student Affairs Bot
28/12/2025