Strategic Edge learning Academy - SELA

Strategic Edge learning Academy - SELA Strategic Edge Learning Academy - SELA

🎓 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 (Certificate in Leadership and Management)SELA ရဲ့ Certificate in Leadership and Management သင်တန်းမှ...
23/08/2026

🎓 𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 (Certificate in Leadership and Management)

SELA ရဲ့ Certificate in Leadership and Management သင်တန်းမှာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား/သူများရဲ့ Feedback လေးတွေကို စုစည်းမျှဝေပေးလိုက်ရပါတယ်။ 💙

ပုံတစ်ပုံချင်းစီမှာ Leadership နဲ့ပတ်သက်တဲ့ Knowledge, Theories, Strategies, Skills တွေအပြင် လက်တွေ့အသုံးချနိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ခဲ့တဲ့ သင်ယူမှုအတွေ့အကြုံလေးတွေကို ဖတ်ရှုနိုင်ပါတယ်။ 🌟

Certificate in Leadership and Management မှာ ရရှိခဲ့တဲ့ အခြေခံအတွေ့အကြုံတွေကို ဆက်လက်လေ့လာချင်သူတွေအတွက် 👇👇👇

🎓 Executive Diploma in Leadership and Management (Batch-5) အတန်းကိုလည်း SELA မှာ ထပ်မံဖွင့်လှစ်ထားတာမို့ အသေးစိတ်သိရှိလိုပါက အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/61566447963104/posts/122245366790548265/

သင့်ရဲ့ Leadership Knowledge & Skills တွေကို SELA နဲ့အတူ နောက်တစ်ဆင့် ဆက်လက်မြှင့်တင်လိုက်ပါ 🌱

📌 Executive Diploma in Leadership and Management (Batch-5) အတန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက SELA Page Messenger နှင့် 09779817978 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။ 💬



🌟Administrative Management ဆိုတာ ဘာလဲ? 💻အဖွဲ့အစည်းတစ်ခု အောင်မြင်စွာ လည်ပတ်နိုင်ဖို့အတွက် လူ၊ အချိန်၊ ငွေကြေး၊ အချက်အလက်...
20/08/2026

🌟Administrative Management ဆိုတာ ဘာလဲ?

💻အဖွဲ့အစည်းတစ်ခု အောင်မြင်စွာ လည်ပတ်နိုင်ဖို့အတွက် လူ၊ အချိန်၊ ငွေကြေး၊ အချက်အလက်နဲ့ အခြားအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို ရုံးလုပ်ငန်းစဉ်တွေကို ထိရောက်စွာ စီမံခန့်ခွဲပေးတဲ့ အခန်းကဏ္ဍကို Administrative Management လို့ ခေါ်ပါတယ်။
ဒါဆိုရင် Administrative Management မှာ ဘယ်လိုအခြေခံအချက်တွေ ပါဝင်သလဲဆိုတာ လေ့လာကြည့်ရအောင်။

1. Fundamentals of Administrative Systems & Office Operations

ရုံးလုပ်ငန်းတစ်ခု အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို စနစ်တကျထားရှိဖို့ လိုအပ်ပါတယ်။ ဘယ်သူက ဘာတာဝန်ယူမလဲ၊ လုပ်ငန်းတစ်ခုကို ဘယ်လိုအဆင့်ဆင့် ဆောင်ရွက်မလဲ၊ အချိန်နဲ့ အရင်းအမြစ်တွေကို ဘယ်လိုအသုံးချမလဲဆိုတာတွေကို စီမံပေးခြင်းက Administrative Management ရဲ့ အခြေခံအပိုင်းတစ်ခု ဖြစ်ပါတယ်။

2. Business Communication, Documentation & Record Management

လုပ်ငန်းခွင်မှာ သတင်းအချက်အလက်ကို မှန်ကန်တဲ့သူဆီ အချိန်မီရောက်ရှိအောင် ဆက်သွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အစည်းအဝေးမှတ်တမ်း၊ လုပ်ငန်းဆိုင်ရာစာရွက်စာတမ်းတွေနဲ့ အရေးကြီးတဲ့အချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင်ပြီး သိမ်းဆည်းထားနိုင်ရင် လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ပြန်လည်အသုံးပြုနိုင်ပြီး လုပ်ငန်းဆုံးဖြတ်ချက်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

3. Business Ethics

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် အမြတ်အစွန်းတစ်ခုတည်းက အရေးကြီးတာမဟုတ်ပါဘူး။ ဝန်ထမ်းတွေနဲ့ ဆက်ဆံရာမှာလည်းကောင်း၊ Customer တွေနဲ့ ဆက်ဆံရာမှာလည်းကောင်း ရိုးသားမှု၊ တာဝန်ယူမှုနဲ့ မျှတမှုရှိဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်ငန်းကျင့်ဝတ်ကောင်းတွေကို လိုက်နာခြင်းက အဖွဲ့အစည်းအပေါ် ယုံကြည်မှုနဲ့ ရေရှည်ကောင်းမွန်တဲ့ လုပ်ငန်းဂုဏ်သိက္ခာကို တည်ဆောက်ပေးနိုင်ပါတယ်။

4. Business Development & Succession Planning

လုပ်ငန်းတစ်ခုကို ဒီနေ့အတွက်သာမက အနာဂတ်အတွက်ပါ စဉ်းစားပြီး တိုးတက်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ Business Development ကတော့ လုပ်ငန်းအတွက် အခွင့်အလမ်းအသစ်တွေ ရှာဖွေပြီး တိုးတက်နိုင်မယ့် နည်းလမ်းတွေကို ဖော်ထုတ်ပေးတာဖြစ်ပါတယ်။ Succession Planning ကတော့ အဓိကတာဝန်ရှိသူတစ်ဦး မရှိတော့တဲ့အချိန်မှာတောင် လုပ်ငန်းမရပ်တန့်ဘဲ ဆက်လက်လည်ပတ်နိုင်ဖို့ အနာဂတ်တာဝန်ယူမယ့်သူတွေကို ကြိုတင်ပြင်ဆင်ပေးထားခြင်း ဖြစ်ပါတယ်။

5. Administrative Finance, Facilities & Procurement Management

ရုံးလုပ်ငန်းတစ်ခု လည်ပတ်ဖို့ဆိုရင် ငွေကြေး၊ ရုံးနေရာ၊ ပစ္စည်းကိရိယာနဲ့ လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုလည်း ထိရောက်စွာ စီမံနိုင်ဖို့ လိုပါတယ်။ ဘတ်ဂျက်ကို သင့်တော်စွာ အသုံးချခြင်း၊ ရုံးပစ္စည်းနဲ့ Facilities တွေကို ထိန်းသိမ်းခြင်း၊ လိုအပ်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းပြီး သင့်တော်တဲ့ကုန်ကျစရိတ်နဲ့ အချိန်မီ ဝယ်ယူနိုင်အောင် စီမံခြင်းတို့ဟာ Administrative Management ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

🗂အနှစ်ချုပ်ပြောရမယ်ဆိုရင် Administrative Management ဟာ ရုံးလုပ်ငန်းတွေကို နေ့စဉ်လည်ပတ်နိုင်အောင် စီမံပေးရုံသာမက အဖွဲ့အစည်းတစ်ခုရဲ့ စနစ်တကျလည်ပတ်မှု၊ ထိရောက်မှုနဲ့ ရေရှည်တိုးတက်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

📌ဆက်လက်ပြီး SELA မှာထပ်မံဖွင့်လှစ်ပေးမယ့် Executive Diploma in Administrative Management (Batch-5) အတန်းကိုလဲ အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုအတန်းအပ်နှံနိုင်ပါတယ်ရှင်။

https://www.facebook.com/61566447963104/posts/122244841502548265/


📈လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယန္တရား ဖြစ်သည့် HR , Market...
19/08/2026

📈လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယန္တရား ဖြစ်သည့် HR , Marketing , Operation, Finance တို့ကိုကောင်းစွာနားလည်နေဖို့လိုအပ်ပါတယ်နော်။

ဒီလို အရေးကြီးတဲ့ Function တစ်ခုချင်းဆီကို အခြေခံသဘောတရားကနေစပြီး သင်ကြားပေးသွားမည့် Executive Diploma in Business Management (Batch - 8) အတန်းလေးကို SELA မှ ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🔹ကိုယ်ပိုင်လုပ်ငန်း စတင်လိုသူများ
🔹လုပ်ငန်းခွင်မှာNext Level ရောက်အောင် Scale Up လုပ်ချင်သူများ
🔹Management Level ကိုတက်လှမ်းဖို့ Skill Upgrade လုပ်လိုသူများ အနေနဲ့ ဒီအတန်းလေးကိုတက်ရောက်သင့်ပါတယ်။

ဒီအတန်းလေးကိုတက်ရောက်ပြီး
🔹မိမိ၏ ပြဿနာဖြေရှင်းနိုင်မှု၊စီမံခန့်ခွဲနိုင်မှု skill များတိုးတက်လာခြင်း
🔹လုပ်ငန်းခွင်တွင်ခေါင်းဆောင်နိုင်မှုစွမ်းရည်များမြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများကို ရယူလိုက်ကြရအောင်နော်။

💻သင်ကြားပေးမည့် Trainer များ

🧑‍🎓 Dr. Kyar Ngon Sann
PhD (Commerce), MBA (Japan), M.com, B.com (Hons)

👨‍🎓Saya Htin Kyaw Lin
B.Com (Q), M.Com (YUEco)
ACCA Part 2 (Candidate)

👉သင်တန်းကို Zoom Platform ဖြင့်တက်ရောက်ရမှာဖြစ်ပြီး တက်ရောက်ဖို့ စိတ်ဝင်စားသူများ အနေ​ဖြင့် အောက်ပါ Google Form ကို ဖြည့်စွက်ပေးစေလိုပါတယ်ရှင့်။
https://docs.google.com/forms/d/e/1FAIpQLScZ951KYK8oorchBdQWHH9pLh2b-HhVKWip0gP1BSPwKAbc5A/viewform?usp=dialog

📈Executive Diploma in Business Management (Batch - 8)

🗓Starting Date - 26 September 2026

📆 Days -Every Saturday & Sunday

⏱Time - 7:00PM to 9:00PM

🔹Register Fee - 30,000 MMK

🔹Normal Fee - 300,000 MMK

🔹Early Bird - 150,000 MMK

📈မိမိ၏လုပ်ငန်းခွင်တွင်ပိုမိုထိရောက်သောစွမ်းဆောင်ရည်များနှင့်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာစေဖို့ SELAနှင့် LINCOLN
ETVA တို့ပူးပေါင်းဖွင့်လှစ်မည့် Executive Diploma in Business Management (Batch-8)ကို တက်ရောက်ကြပါစို့။



🎓✨ Diploma in Managerial Psychology (Batch-3) – Exam Results Announcement ✨🎓 Lincoln University - ETVA (Malaysia) နှင့် ...
18/08/2026

🎓✨ Diploma in Managerial Psychology (Batch-3) – Exam Results Announcement ✨🎓

Lincoln University - ETVA (Malaysia) နှင့် Strategic Edge Learning Academy - SELA တို့မှ ပူးပေါင်းဖွင့်လှစ်သော Diploma in Managerial Psychology (Batch-3) မှ အစ်ကို/အစ်မများ၏ Exam Result များကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်ပြန်လိုက်ရပါတယ်။ 🤩🎉

ဒီလို ထူးချွန်စွာ အောင်မြင်နိုင်အောင် အကောင်းဆုံး သင်ကြားပို့ချပေးခဲ့ပါသော ဆရာကြီး ဦးအောင်မင်း ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ 🙏💙

အတန်းအား ကြိုးစားတက်ရောက်ပြီး စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပေးခဲ့ကြသော Diploma in Managerial Psychology (Batch-3) မှ အစ်ကို/အစ်မများအားလုံးကို SELA Team မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်ပြီး Congratulations ပါလို့ ပြောကြားလိုက်ရပါတယ်ရှင့်။ 🎓🎉💙

Your Success, Our Pride! 💙

ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ဘဝကို တိုးတက်ပြောင်းလဲပြီး အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် SELA မှ Certificate in Personal Developm...
16/08/2026

ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ဘဝကို တိုးတက်ပြောင်းလဲပြီး အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် SELA မှ Certificate in Personal Development (Batch - 8) အတန်းကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။ 🌱✨

"မနက်ဖြန်မှ စမယ်" ဆိုတဲ့ စကားနဲ့တင် ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အချိန်ဆွဲမိနေပါသလား?
အမြဲတမ်း မအားမလပ် ဖြစ်နေပေမဲ့ တကယ်တမ်း ထိရောက်တဲ့ ရလဒ်တွေ မထွက်လာလို့ စိတ်ပျက်နေပါသလား?

အပြောင်းအလဲဆိုတာ အချိန်အကြာကြီး စောင့်စရာမလိုပါဘူး။ အခုလို ၆ နာရီစာ စနစ်တကျ ရေးဆွဲထားတဲ့ ဒီ Personal Development class မှာဆိုရင် သင့်ရဲ့ Mental Software ကို Upgrading လုပ်ပြီး ဘဝကို အသစ်တစ်ဖန် ပြန်လည် Re-program လုပ်လိုက်ပါ။ 💡

🌟 ဒီ သင်တန်းမှာ ဘာတွေ သင်ယူရမလဲ?
🧠 Module 1: RE-PROGRAM (Mental Operating System)

⚡ Module 2: RE-ENGINEER (Productivity & Habits)

🎯 Module 3: RE-DISCOVER (Goals & Connection)

🎯 ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ?
- Positive Mindset နဲ့ ကိုယ့်ရဲ့အတွေးအခေါ်တွေကို ပိုကောင်းအောင်ပြောင်းလဲချင်သူများ
- ကိုယ့်ကိုကိုယ်ပိုနားလည်ပြီး Personal Growth လုပ်ချင်သူများ
- ကိုယ့်ရဲ့ Communication Skill ကို Level Up လုပ်ချင်သူများ
- ကိုယ့်ရဲ့ဘဝကို ပိုကောင်းတဲ့အဆင့်တစ်ခုစီရောက်အောင် တိုးတက်ချင်သူတိုင်း တက်ရောက်သင့်တဲ့သင်တန်းလေးပါ။

Trainer Profile
👩🏻‍🏫 Tr.Myo Myat Mon
Master Trainer (SIYB program-ILO)
CEFE National Advisor level (on going)
Master of Public Administration (EMPA)
Master of Business Administration (MBA)
Freelance Consultant / Start-up Coach

📅 Training Date - 19, 20, 21 September 2026
⏰Training Time - 7:00PM to 9:00PM
⏳Duration - 3 Days
💰Register Fee - 70,000 Ks (50% off) 35,000 Ks

💻 သင်ကြားမှုပုံစံ
Zoom Application ဖြင့် တိုက်ရိုက် (Live) သင်ကြားပေးမည်ဖြစ်ပြီး ကြိုတင်ရိုက်ကူးထားသော Video များမဟုတ်ပါ။ မည်သည့်နေရာမှမဆို Mobile Phone ဖြင့် အလွယ်တကူ တက်ရောက်နိုင်ပါတယ်။

အသေးစိတ်မေးမြန်းရန် 09779817978 နှင့်
SELA page Messenger မှလည်း ဆက်သွယ်နိုင်ပါသည်။


ဒီအတန်းလေးအတွက် အတန်းအပ်လက်ခံသေးတာမို့ စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်ရှင့်.....📣
14/08/2026

ဒီအတန်းလေးအတွက် အတန်းအပ်လက်ခံသေးတာမို့ စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်ရှင့်.....📣

🚛 "Supply Chain & Logistics Management (Batch-9) ကို 50% Off ဖြင့်တက်ရောက်နိုင်ပါပြီ"🛳

⏹ နိုင်ငံတကာကုန်သွယ်မှုတိုးတက်လာတာနဲ့အမျှ Supply Chain ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍ ပိုမိုကြီးမားလာသလို အနာဂတ်မှာ နည်းပညာတိုးတက်မှုကြောင့် Supply Chain & Logistics Field ဟာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုမို ပေါ်ထွက်လာနိုင်ပါတယ်။

➡ ဒါကြောင့် Certificate in Supply Chain & Logistics Management အတန်းလေးကို SELA မှ (Batch-9) ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။

လက်ရှိ Supply Chain/Logistics နယ်ပယ်မှာ အလုပ်လုပ်နေသူများ
Export, Import, Transport လုပ်ငန်းလုပ်ကိုင်နေသူများအပြင်
နည်းပညာနှင့် စီမံခန့်ခွဲမှုကို စိတ်ဝင်စားသူများက ဒီအတန်းလေးကို တက်ရောက်သင့်ပါတယ်နော်။🤩

အတန်းပြီးသွားတဲ့အခါ ကုန်စည်အကြောင်း၊ ကုန်ထုတ်လုပ်မှုများအကြောင်း ထဲထဲဝင်ဝင် သိရှိသွားပြီး စာရင်းဇယားထိန်းချုပ်မှုများအပြင် Supply Chain & Logistics နယ်ပယ်မှာ ပိုမိုထိရောက်စွာ စီမံသွားနိုင်မှာပါ။💡

ဒီအတန်းလေးကို
🎓Tr. Dr.Win Thandar
Ph.D.(Commerce) M.com,
Diploma in Secretaryship for Enterprise မှ ထိရောက်စွာ သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။

Start Date = 19.8.2026 (Every Wednesday)

Time = 7:00pm to 9:00pm

Durations = 4 Days

ပုံမှန်သင်တန်းကြေး = 120,000 MMK (50% Off) 60,000 MMK

🖇အတန်းလေးကိုစိတ်ဝင်စားလို့ အပ်နှံချင်သူများအနေဖြင့် Page Messenger (or) 09779817978 သို့လဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



🌠 ကိုယ့်ရဲ့အနာဂတ်ကို တောက်ပစေပြီး ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်စေဖို့ September 16 ရက်နေ့မှာ ထပ်မံဖွင့်လှစ်မယ့် Ex...
12/08/2026

🌠 ကိုယ့်ရဲ့အနာဂတ်ကို တောက်ပစေပြီး ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်စေဖို့ September 16 ရက်နေ့မှာ ထပ်မံဖွင့်လှစ်မယ့် Executive Diploma in Leadership and Management (Batch-5) အတန်းလေးနဲ့မိတ်ဆက်ပေးပါရစေ..🎓

ကုမ္ပဏီတစ်ခုမှာ လုပ်သက်ရင့်လာတာနဲ့အမျှ Team Leader, Manager စတဲ့ ရာထူးတွေ တိုးမြင့်လာတတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ရာထူးတက်လာတိုင်း Leadership Skill တွေ အလိုလို တိုးမြင့်လာတယ်လို့မထင်လိုက်ပါနဲ့။ 🤓

တကယ်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ မိမိရဲ့ Team ကို ဘယ်လို စီမံခန့်ခွဲရမလဲ၊ လုပ်ငန်းပြီးမြောက်အောင် ဘယ်လို ညှိနှိုင်းဆောင်ရွက်ရမလဲ၊ အခက်အခဲတွေကို ဘယ်လို ကျော်လွှားရမလဲဆိုတဲ့ အသိပညာတွေလိုအပ်ပါတယ်။

ဒီသင်တန်းမှာ သင်ကြားပေးမယ့် ခေါင်းစဥ်တွေအနေနဲ့

💼 Module 1: Strategic Leadership Visionary Planning

💼 Module 2: High-Performance Team Leadership and Coaching

💼 Module 3: Emotional Intelligence and Influential Communication

💼 Module 4: Operational Excellence and Ethical Governance

သင်တန်းကြေးအနေနဲ့ကတော့
💸 Register Fees - 30,000 Ks
💸 Normal Fees - 250,000 Ks
💸 Early Discount Fees - 180,000 Ks ဖြင့် အပ်နှံနိုင်မှာဖြစ်ပါတယ်။

📍Examဖြေမည်ဆိုပါက 100 $ ပေးသွင်းပြီးဖြေဆိုလို့ရပါတယ်။📍

📌Class Date & Time
🗓 Date - 16 September 2026 (Every Mon & Wed)
🕰 Time - 7:00PM to 9:00PM

Trainer Profile

👩🏻‍🏫Dr. Mya Thett Oo
Ph.D. (Commerce) M.com,
B.Com
Yangon University of Economics

👩🏻‍🏫Dr. Kyar Ngon Sann
PhD (Commerce), MBA (Japan), M.com, B.com (Hons)

သင်တန်းပြီးဆုံးသွားတဲ့အခါမှာတော့...

ပိုမိုကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး ကိုယ့်ရဲ့အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်းကောင်းမွန်လာမှုကိုရရှိစေမှာပါ။ 💪
ကိုယ့်ရဲ့ လုပ်ငန်းသက်တမ်းတစ်လျှောက်မှာလဲ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိလာပြီးတော့ လုပ်ငန်းခွင်မှာ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်လာတော့မှာအသေအချာပါပဲ။ 😎

အခုမှ သင်တန်းစအပ်မယ့်သူတွေအတွက်လဲ Early Bird Discount ရှိသေးတာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ 09 779 817 978 ဆက်သွယ်ပြီး အပ်နှံနိုင်ပါပြီ။




Strategic Edge Learning Academy - SELA မှ Lincoln University - ETVA (Malaysia) နှင့် ပူးပေါင်း၍ Executive Diploma in Bus...
11/08/2026

Strategic Edge Learning Academy - SELA မှ Lincoln University - ETVA (Malaysia) နှင့် ပူးပေါင်း၍ Executive Diploma in Business Management (Batch - 7) အတန်းအား ထပ်မံဖွင့်လှစ်သင်ကြားပေးနေတဲ့ ပုံရိပ်တချို့ကိုမျှဝေပေးလိုက်ရပါတယ်။✨

ပထမဆုံးနေ့တွင် အတန်းနှင့်ပတ်သက်သည့် Orientation ကို ပြောကြားခဲ့ပြီးနောက် Sir U Htin Kyaw Lin မှ Strategic Management ဘာသာရပ်အား သင်ကြား​ပေးခဲ့ပြီး အတန်းရဲ့ပထမဆုံးနေ့ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။💭

အတန်းအား ယုံကြည်စိတ်ချစွာ တက်ရောက်ခဲ့ကြပါသော ကျောင်းသားကျောင်းသူများနှင့် Sir U Htin Kyaw Lin ကိုလဲ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ထပ်လဲ SELA မှ Certificate, Diploma အတန်းများကိုလဲ ထပ်ဖွင့်ဖို့ရှိသည့်အတွက် SELA page ကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ 💙

✨ သင်တန်းပို့ချသူများအတွက် အထိရောက်ဆုံး သင်တန်းပို့ချမှု အတတ်ပညာများ (Effective Facilitation Training) ✨ သင်ဟာ သင်တန်းပိ...
09/08/2026

✨ သင်တန်းပို့ချသူများအတွက် အထိရောက်ဆုံး သင်တန်းပို့ချမှု အတတ်ပညာများ (Effective Facilitation Training) ✨

သင်ဟာ သင်တန်းပို့ချသူတစ်ဦးဖြစ်ပြီး သင်တန်းသားတွေကို ပိုမိုဆွဲဆောင်မှုရှိအောင်၊ ပိုမိုထိတွေ့ဆက်ဆံမှုကောင်းအောင် ပို့ချချင်ပါသလား။ သင်တန်းခန်းထဲမှာ ကြုံတွေ့ရတတ်တဲ့ ခက်ခဲတဲ့အခြေအနေတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းပြီး အပြန်အလှန်တုံ့ပြန်မှုရှိတဲ့ သင်တန်းတွေကို ဖန်တီးချင်ပါသလား။ ဒါဆိုရင် ဒီ ၃ ရက်တာ သင်တန်းက သင့်အတွက်ပါပဲ။

ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် သင်ရရှိမယ့် အကျိုးကျေးဇူးများ:

✅ သင်တန်းသားများ ပိုမိုစိတ်ဝင်စားပြီး တက်ကြွစွာ ပါဝင်လာစေရန် နည်းလမ်းကောင်းများ ရရှိမည်။
✅ ခက်ခဲသော သင်တန်းသားများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်။
✅ အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုများဖြင့် သင်တန်းများကို ပိုမိုအသက်ဝင်အောင် ဖန်တီးနိုင်မည်။
✅ သင်တန်းပို့ချရာတွင် မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုမိုတိုးတက်လာမည်။
✅ သင်တန်းပို့ချမှု အတတ်ပညာများကို မြှင့်တင်ပြီး ပိုမိုအောင်မြင်သော သင်တန်းပို့ချသူတစ်ဦး ဖြစ်လာမည်။

သင်တန်းပို့ချသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ အရေးကြီးတဲ့ Facilitation Skills တွေကို လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
👩🏻‍🏫 Trainer Profile
^^^^^^^^^^^^^^^
Tr. Myo Myat Mon
Master Trainer ( SIYB program- ILO)
CEFE National Advisor level (on going)
Master of public Administration (EMPA)
Master of Business Administration ( MBA)
Founder of MBSD Training Center
Director of Myanma Business and Social Development Co.,Ltd
Freelance Consultant / Start-up Coach

Tr. Wah Wah Min
Founder of Skills for Success
Managing Director, Kaung Lin Khant Co.,Ltd
Social Enterprise Consultant, Master Facilitator
Productivity Consultant
Master Trainer SIYB, ILO
LL.B, MBA (YIE)

📌 Training Date - 4/5/6 September 2026

📌 Training Time - 9:30 am to 4:00 pm

📌 Training fees - 600,000 ks

📌 Early Bird Training fees - 550,000 ks

အသေးစိတ်သိရှိလိုပါက သို့မဟုတ် သင်တန်းစာရင်းပေးသွင်းလိုပါက 👇
☎️ 09779817978
(သိုမဟုတ်)
SELA page Messenger တွင် စုံစမ်းမေးမြန်းနိုင်ပါတယ်။


#သင်တန်းပို့ချသူ #သင်တန်း

Strategic Edge Learning Academy - SELA မှ Lincoln University - ETVA (Malaysia) နှင့် ပူးပေါင်းပြီးထပ်မံဖွင့်လှစ်ထားသော E...
08/08/2026

Strategic Edge Learning Academy - SELA မှ Lincoln University - ETVA (Malaysia) နှင့် ပူးပေါင်းပြီးထပ်မံဖွင့်လှစ်ထားသော Executive Diploma in Leadership and Management (Batch-4) အတန်းပထမဆုံးနေ့ရဲ့ ဖွင့်လှစ်သင်ကြားမှုပုံရိပ်များကို ယခုလို မျှဝေပေးလိုက်ရပါတယ်ရှင်။✨

အတန်းရဲ့ပထမနေ့မှာတင် Tr. Dr. Kyar Ngon Sann ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ ထိရောက်တဲ့ သင်ကြားပို့ချမှုတွေနဲ့အတူ သင်တန်းသားတွေရဲ့ စိတ်ဝင်တစား လေ့လာမှုတွေနဲ့ သင်တန်းကိုစတင်နိုင်ခဲ့ပါတယ်။ 💭

SELA ကို ယုံကြည်စွာ ရွေးချယ်တက်ရောက်ပေးကြတဲ့ သင်တန်းသား၊ သင်တန်းသူများနဲ့ သင်ကြားပေးသွားမယ့် Tr. Dr. Kyar Ngon Sann ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ SELA မှ နောက်ထပ် ဖွင့်လှစ်သွားမယ့် Certificate နဲ့ Diploma အတန်းတွေအကြောင်းကို လက်မလွတ်ရအောင် Page ကို အခုပဲ Like & Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 💠

Address

Yangon
11011

Telephone

+959779817978

Alerts

Be the first to know and let us send you an email when Strategic Edge learning Academy - SELA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share