15/11/2024
Articles: A, An, The
ဒီစာလုံးလေးတွေက English စာလေ့လာသူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ အခြေခံအကျဆုံးစာလုံးလေးတွေပါ။
A/ An - တစ်ခု၊တစ်ကောင်၊တစ်ယောက်
the - ဤ၊ထို
ဆိုပြီးကျွန်တော်တို့တွေငယ်ငယ်ကသင်ကြားခဲ့ရပါတယ်။
ဒါပေမယ့် ဒီအခြေခံအကျဆုံးဆိုတဲ့စာလုံးလေးတွေကိုတကယ်တမ်းလက်တွေ့မှာ သူတို့ကို
မှန်မှန်ကန်ကန်အသုံးပြုတတ်ဖို့တော့အခုချိန်ထိအခက်ခဲရှိနေကြမှာပါ။ ဘာလို့ဆိုကျွန်တော်တို့ရဲ့ Mother Language မှာဒီစာလုံးတွေအတွက် တကယ်တမ်းတိကျတဲ့ အဓိပ္ပာယ်ဘာသာပြန်ဆိုချက်ရှိမနေပါဘူး။ ဟုတ်ပါတယ် Language တစ်ခုကိုလေ့လာတဲ့အခါမှာ ကောင်းမွန်စွာဘာသာပြန်နိုင်တာဟာ skill တစ်ခုဆိုပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ကိုယ်တွေးသမျှအတွေးတိုင်းကို mother tongue နဲ့တိုက်ရိုက်ဘာသာပြန်လို့မရနိုင်ပါဘူး။
ဥပမာစဉ်းစားကြည့်ပါ "ခွေးတစ်ကောင် ကားလမ်းပေါ်မှာရှိနေတယ်။" မြန်မာလိုဒီလိုစဉ်းစားလိုက်မယ်ဆိုရင်သင်ဟာ ကားလမ်းပေါ်မှာရှိနေတဲ့ခွေးတစ်ကောင်ကိုတန်းမြင်နိုင်ပါတယ်။
ဒီလိုပဲ English စာကိုလေ့လာတဲ့အခါမှာလဲ စာလုံးတွေကိုတိုက်ရိုက်ဘာသာပြန်တာထက် scenario or event တစ်ခုကိုခေါင်းထဲတိုက်ရိုက်ပုံဖော်နိုင်အောင်ကြိုးစားသင့်ပါတယ်။
"There's a dog on the road."လို့ရေးထားတာကိုမြင်ရင် မြန်မာလိုတစ်ဆင့်ဘာသာပြန်ဖို့ကြိုးစားမယ့်အစား စိတ်ကူးထဲမှာမြင်အောင်ပုံဖော်ကြည့်ပါ။ ဒီလိုစဉ်းစားနိုင်ဖို့ဆိုရင် သင့်မှာ active skill ကော passive skill ကော လုံလောက်စွာရှိဖို့လိုပါတယ်။
Grammar rules တွေ structure တွေကိုသိထားရင်ဒီလိုပြဿနာတွေဟာအနည်းနဲ့အများလျော့နည်းသွားတာကိုသိသိသာသာမြင်ရပါလိမ့်မယ်။ Incidentally, learning grammar is a passive way of learning English.
Articles ဘက်ကိုပြန်သွားကြရအောင်
Articles အသုံးပြုပုံကို ၃ မျိုးခွဲထားပါတယ်။
1. The definite article
2. The indefinite article
3. No article
1. The definite article မှာဆိုရင်တော့ (the) အသုံးပြုပါတယ်။Article "the"ကိုအသုံးပြုတဲ့နေရာ 12နေရာရှိပါတယ်။
၁။ ကိုယ်ပြောချင်တဲ့အရာဟာ နယ်ပယ်တစ်ခုခုမှာတစ်ခုထဲဒါမှမဟုတ်တစ်ထီးတည်ရှိနေတဲ့အရာဆိုရင် "the" သုံးပါတယ်။
Eg. She's looking at (the) sky and (the) sun is shining.
၂။ ရှေ့မှာတစ်ဖော်ပြပြီးသားအရာတစ်ခုကိုနောက်တစ်ခါပြန်ပြီး mention လုပ်တဲ့အခါသုံးပါတယ်။
Eg. 'I've read three novels and two plays by Camus.'
'What did you think of (the) plays?'
၃။ Speaker ပြောတဲ့သူနဲ့ Listener နားထောင်တဲ့သူနှစ်ယောက်လုံးကသူတို့ပြောနေတာ၊ရည်ညွှန်းနေတာကိုနှစ်ဦးလုံးသိနေတဲ့အခါမှာလဲသုံးပါတယ်။
Eg. Do you know (the) girl who always shows off in our class?
၄။ ဘာသာရပ်၊ အကြောင်းရင်းတစ်စုံတစ်ခုရဲ့အစိတ်အပိုင်း ဒါမှမဟုတ်အချက်အလက်တစ်ခုအဖြစ် "of" နဲ့ ဖော်ပြတဲ့အခါမှာလဲသုံးပါတယ်။
Eg. We're studying (the) history of architecture.
၅။ အကြောင်းအရာတစ်ရပ်အကြောင်းကို
ယေဘုလျအားဖြင့်ပြောပြချင်တဲ့အခါ singular noun နဲ့တွဲသုံးပါတယ်။
Eg. Inventions: (The) mobile phone is thought to pose a serious threat to health.
Animal species: (The) whale is still hunted by counties such as Japan.
၆။ လူတန်းစားအလွှာ ဒါမှမဟုတ်လူအစု၊အဖွဲ့စည်းတစ်ခုကိုကိုယ်စားပြုထားတဲ့စာလုံးတွေရှေ့မှာလဲသုံးပါတယ်။
Eg. the homeless, the blind, the deaf, the rich, the poor, the old, the young, the French, the Chinese.
(The) old should respect the opinions of (the) young.
၇။ Superlatives တွေနဲ့တွဲသုံးတဲ့အခါမှာလဲသုံးပါတယ်။
Eg. Henderson is (the) tallest in his class.
၈။ ဂီတတူရိယာပစ္စည်းတွေနဲ့လဲတွဲသုံးပါတယ်။
Eg. I'd love to learn to play (the) piano.
၉။ အချိန်တိကျသတ်မှတ်ထားတဲ့သယ်ယူပို့ဆောင်ရေးတွေနဲ့ပက်သက်ရင်လဲသုံးပါတယ်။
Eg. Shall we take (the) bus, (the) train, or a taxi?
၁၀။ နိုင်ငံအချို့မှာလဲသုံးပါတယ်။
Eg. The USA, the UK.
၁၁။ သမုဒ္ဒရာနာမည်တွေ၊ တောင်တန်းတွေ၊ ကန္တာရတွေ၊ မြစ်တွေရဲ့နာမည်တွေမှာလဲသုံးပါတယ်။
Eg. The Ayeyarwady, the Sahara, the Pacific
၁၂။ တစ်ချို့ ပထဝီမြေမျက်နှာသွင်ပြင်တွေကိုဖော်ပြတဲ့အခါမှာလဲသုံးပါတယ်။
Eg. We're going to (the) mountains rather than (the) coast.
______________________________________
2. The indefinite article မှာဆိုရင်တော့ a/an ကိုအသုံးပြုပါတယ်။
၁။ singular countable noun တစ်ခုကိုပထမဆုံးအကြိမ်ဖော်ပြတဲ့အခါ သို့မဟုတ် မိတ်ဆက်တဲ့အခါမှာသုံးပါတယ်။
Eg. (A) man went into (a) bar with (a) fish.
၂။ အများကြီးထဲကမှတစ်ခုကိုရည်ညွှန်းတဲ့အခါမှာလဲသုံးပါတယ်။
Eg. It's quite here. Shall I put (a) record on?
၃။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အလုပ်အကိုင်ကိုမိတ်ဆက်ပြောပြတဲ့အခါမှာလဲသုံးပါတယ်။
Eg. My uncle is (a) mechanical engineer.
၄။ ပမာဏပြ unit တချို့နဲ့လဲတွဲသုံးပါတယ်။
Eg. A million people, a hundred birds, a thousand pounds, a litre of water.
၅။ တစ်ခုတစ်ခါ(per) လို့အဓိပ္ပာယ်ထွက်တဲ့ expressions အချို့မှာလဲသုံးပါတယ်။
Eg. twice a day, once a week, $80 a month,
50 miles an hour.
____________________________________
3. No article is used
ဒီတစ်ခုမှာတော့မည်သည့် article ကိုမှအသုံးမပြုပါဘူး။
၁။ Nouns တစ်ချို့ကို generally ဖော်ပြတဲ့အခါ
a. Plural countable nouns:
Do you think computers will replace teachers?
b. Abstract nouns (စိတ္တဇနာမ်)တွေ:
We sang songs of love and peace.
c. Other uncountable nouns:
Alan won't eat cheese or meat.
၂။ လမ်း၊မြို့၊ရပ်ကွက်၊နိုင်ငံ နာမည်အများစုမှာ articles တွေကိုမသုံးပါဘူး။
Eg. I went to Ye Kyaw Road, which is famous for its captivating funfair.
၃။ မြို့နာမည်နဲ့အဆောက်အုံကိုတွဲသုံးထားတဲ့အခါမျိုးမှာမသုံးပါဘူး။
Eg. Yangon Airport, Mandalay Palace, Oxford University
၄။Common expressions အများစုမှာလဲမသုံးပါဘူး။
Eg. To go home, to go to work/school/university/prison/hospital/church/bed, to go on holiday, to be at home/work/school/university, to be in hospital/church/bed/prison, to go by car/bus/coach/train/plane, to have breakfast/lunch/dinner (but have a meal), at night (but in the morning/afternoon/evening).
*Note
-I go to school. ဆိုရင်သင်ဟာကျောင်းတက်နေတာဖြစ်ပြီး
I go to the school. ဆိုရင်တော့သင်ဟာကျောင်းကိုအလည်သွားတာ အလုပ်တစ်ခုခုသွားလုပ်တာကိုရည်ညွှန်းဖြစ်နိုင်ပါတယ်။ (You're not a teacher or a student)
- I go to prison. ဆိုရင်သင်ဟာထောင်ကျတာပါ။
- I go to the prison. ဆိုရင်တော့ ထောင်မှာအလုပ်တစ်ခုခုသွားလုပ်တာ ဒါမှမဟုတ် ထောင်၀င်စာတွေ့တာဖြစ်နိုင်ပါတယ်။
Reference: Is that what you want to say?
by Tr.Soe Than, English Grammar and Vocabulary by Michael Vince, Ready for First by Roy Norris