Gon Myanmar Learning Academy

Gon Myanmar Learning Academy ပျော်ရွှင် လွယ်ကူစွာ မြန်မာစာ သင်ယူပါ။

🚩 "မြန်မာစာက ကျောင်းမှာ သင်တဲ့ Subject တစ်ခုပဲလား?"International School တက်နေတဲ့ ကလေးတွေအတွက် မြန်မာစာဆိုတာ Math, Scienc...
20/08/2026

🚩 "မြန်မာစာက ကျောင်းမှာ သင်တဲ့ Subject တစ်ခုပဲလား?"

International School တက်နေတဲ့ ကလေးတွေအတွက် မြန်မာစာဆိုတာ Math, Science လို "Pass ရရင်ရပြီ" ဆိုတဲ့ Subject တစ်ခုလို့ မိဘတွေ တွေးနေတတ်ကြပါတယ်။

Report Card မှာ "B" ရနေရင်တောင်
"ရပါတယ်, Subject တစ်ခုပဲလေ" လို့
အေးဆေး နေတတ်ကြတယ်။

ဒါဟာ အနာဂတ်အတွက် အမှားကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်.. 🙅‍♀️

သင်္ချာ ဘာသာရပ်ကို fail ရင် — Tutor ငှားလို့ရတယ်,
Formula ကျက်လို့ရတယ်၊ စာမေးပွဲ ကျော်ရင် ပြီးရော။

မြန်မာစာကတော့ အဲ့လိုမျိုးမဟုတ်ပါဘူး။
မြန်မာစာက "Subject" မဟုတ်ဘဲ —

🗣️ ဘိုးဘွားနဲ့ heart-to-heart ပြောနိုင်မဲ့ Language
🎭 ကိုယ့် culture ကို ဖော်ပြနိုင်မဲ့ Identity
🧠 ခံစားချက်တွေကို process လုပ်နိုင်မဲ့ Emotional tool..ဒါတွေအားလုံးရဲ့ အခြေခံတစ်ခု ပါ။

Exam ဖြေပြီး Grade ရရင် "ပြီးပြီ" လို့ ရပ်လိုက်ရင် — Grade ကတော့ အတန်းစာမေးပွဲတွေ ထဲမှာ ရှိနေမယ်,

ဒါပေမဲ့ ကလေးက ဘိုးဘွားနဲ့ real conversation တစ်ခု ပြုလုပ်နိုင်မှာလား? Family gathering မှာ confidence ရှိရှိ ပါဝင်နိုင်မှာလား?

Grade တစ်ခုတည်းက ဒါကို မပြောပြနိုင်ပါဘူး။

💬 International School ရဲ့ system က မြန်မာစာကို "Subject" အဖြစ် သတ်မှတ်ပေမဲ့ မြန်မာ လူမျိုးဖြစ်တဲ့ ကိုယ့်ကလေးအတွက်တော့ ဘာသာရပ် တစ်ခုထက်ပိုပါတယ်။

ကိုယ့်ကလေးအတွက် ဆိုရင်ရော မြန်မာစာက ဘာသာရပ်တစ်ခု လား ?

အမွေအနှစ် ဘာသာစကား လား ဆိုတာ Comment မှာ ပြောပြခဲ့ပါအုံး 💛

#မြန်မာစာ #ဂုဏ်

ကိုယ့်ကလေးက မြန်မာစာ အရေးအဖတ်အားနည်းနေပြီလား ? အပြည်ပြည်ဆိုင်ရာ ကျောင်း (International School) တက်နေတဲ့ ကလေးတွေရဲ့ မိဘတေ...
19/08/2026

ကိုယ့်ကလေးက မြန်မာစာ အရေးအဖတ်အားနည်းနေပြီလား ?

အပြည်ပြည်ဆိုင်ရာ ကျောင်း (International School) တက်နေတဲ့ ကလေးတွေရဲ့ မိဘတော်တော်များများ ဒီလိုပဲ တွေးမိတတ်ကြပါတယ်။

အိမ်မှာ မိဘနဲ့ မြန်မာလို မဆိုင်းမတွ စကားပြောနိုင်တာကြောင့် "ငါ့ကလေး မြန်မာစာ ရပါတယ်" လို့ ယူဆထားကြတာပါ။

ဒါပေမဲ့ "အပြော" စကား တတ်ရုံနဲ့ "အရေး၊ အဖတ်" ပိုင်နိုင်တာ မဟုတ်ပါဘူး။

လက်တွေ့မှာ ကလေး အသက် ၁၂-၁၃ နှစ် (ဆယ်ကျော်သက်) ရောက်လာတဲ့အခါမှ မိဘတွေ သတိထားမိလာတဲ့ အမှန်တရားအချို့ ရှိပါတယ်။

နေ့စဉ်သုံး စကားပြောရုံနဲ့ မြန်မာစာရဲ့ သတ်ပုံ၊ ဗျည်းတွဲ၊ စာကြောင်းတည်ဆောက်ပုံတွေကို မသိနိုင်ပါဘူး။

စာမဖတ်၊ စာမရေးဖြစ်တဲ့အခါ မြန်မာစာအုပ်တစ်အုပ်ကို အသံထွက်ဖတ်ဖို့နဲ့ စာကြောင်းတိုလေး တစ်ကြောင်းကို သတ်ပုံမှန်အောင်ရေးဖို့ပါ ခက်ခဲသွားပါတယ်။

ဒီလိုမျိုး
အရေး၊ အဖတ် နည်းသွားတဲ့အခါ အတိမ်အနက်ရှိတဲ့ မြန်မာစကားလုံးတွေ၊ ယဉ်ကျေးမှုဆိုင်ရာ အသုံးအနှုန်းတွေကို မသိတော့ပါဘူး။

ဝေါဟာရကြွယ်ဝမှု နည်းသွားတဲ့အတွက် မြန်မာလို နက်နက်ရှိုင်းရှိုင်း တွေးခေါ်ဆွေးနွေးနိုင်စွမ်း လျော့နည်းသွားပါတယ်။

ဒီလိုနဲ့ ကိုယ့်ရဲ့ အမွေအနှစ် ဘာသာစကားနဲ့ ပိုဝေးကွာသွားတာပေါ့

ကိုယ်ပိုင် ယဉ်ကျေးမှု၊ သမိုင်းနဲ့ စာပေကို မဖတ်နိုင်တဲ့အခါ ကလေးဟာ သူ့ရဲ့ Identity (ကိုယ်ပိုင်ဇာစ်မြစ်) နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အချိတ်အဆက် ပြတ်တောက်သွားတတ်ပါတယ်။

မြန်မာစာဆိုတာ စာမေးပွဲဖြေဖို့ ဘာသာရပ်တစ်ခုတည်း မဟုတ်ပါဘူး။

ကလေးရဲ့ ဇာစ်မြစ်နဲ့ အတွေးအခေါ်ကို ပုံဖော်ပေးတဲ့ အဓိက မဏ္ဍိုင်ဖြစ်တာကြောင့် အရွယ်မလွန်ခင် အချိန်ပေးပြီး လေ့ကျင့်ပေးကြရအောင်ပါ။

နောက်နေ့တွေမှာ မိဘတွေ ဘက်က ဘယ်လိုမျိုး လေ့ကျင့်ပျိုးထောင်ပေးသင့်လဲဆိုတဲ့ အချက်အလက်တွေကို ပြောပြပေးသွားမှာမို့ "More" လို့ ‌comment မှာရေးခဲ့ပေးပါနော် 💛

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်


18/08/2026

ကျူရှင်နဲ့ ဘာသာစကား သင်တန်းကျောင်းက အတူတူပဲလား ?🤔

အတူတူပဲလို့ ထင်နေရင်တော့ လုံးဝမှားသွားပါလိမ့်မယ် ဖေဖေ၊ မေမေတို့ရေ။

ဒီနှစ်ခုရဲ့ ကွာခြားချက်က ကလေးရဲ့ အနာဂတ်ရလဒ်ကို လုံးဝ ပြောင်းလဲပစ်နိုင်ပါတယ်။

Gon Myanmar Learning Academy ရဲ့
Principal တစ်ဦးဖြစ်တဲ့ တီချယ်ဖြူက
Video ထဲမှာ အပြည့်အစုံ ရှင်းပြပေးထားပါတယ်ရှင်။

ဒါကြောင့် Video ကို အဆုံးထိ ကြည့်လိုက်တော့နော် 👇

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်


သင့်ကလေး ဗျည်းသရလဲပိုင်၊ အရေးအဖတ်လဲ နိုင်စေဖို့ ✅ကလေးတစ်ယောက် "မြန်မာလို ပြောတတ်ပါတယ်" ဆိုတာနဲ့ "မြန်မာစာ ပိုင်ပါတယ်" ဆိ...
17/08/2026

သင့်ကလေး ဗျည်းသရလဲပိုင်၊ အရေးအဖတ်လဲ နိုင်စေဖို့ ✅

ကလေးတစ်ယောက် "မြန်မာလို ပြောတတ်ပါတယ်" ဆိုတာနဲ့ "မြန်မာစာ ပိုင်ပါတယ်" ဆိုတာ — တကယ်တော့ လုံးဝ မတူညီပါဘူး။

International school တွေမှာ တက်နေတဲ့ ကလေးအများစုဟာ အိမ်မှာပြောနေကျ Everyday conversation ကတော့ ချောနေပေမဲ့

စာရေးဖတ်ရင် ဗျည်းတွေ ရောပြီး၊ သရတွေ လွဲပြီး၊ Tone (အသံအနိမ့်အမြင့်) မှားနေကြတာ များပါတယ်။

ဒါက ကလေးရဲ့ အပြစ်တော့ မဟုတ်ပါဘူး — အခြေခံကို တိကျစွာ တည်ဆောက်ပေးဖို့ system တစ်ခု မရှိလို့သာ ဖြစ်ပါတယ်။

AI ခေတ်မှာ Math ဖြေတာ၊ Code ရေးတာ၊ Essay ရေးတာအထိ AI ကူညီပေးနိုင်ပါပြီ။

ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ မိခင်ဘာသာစကား ကိုတော့ AI က ကိုယ်စားရပ်ဆိုင်ပေးလို့ မရပါဘူး။

ဒါဟာ ကလေးကိုယ်တိုင် ပိုင်ဆိုင်ထားရမဲ့ တစ်ခုတည်းသော အမွေအနှစ် ဖြစ်ပါတယ်။

Gon Myanmar Learning Academy မှာတော့ မြန်မာ ဘာသာစကားကို စွမ်းရည် ၄ မျိုးကနေ စတင်ပြီး၊

ကိုယ်ပိုင်ရေးဆွဲထားတဲ့ Curriculum နဲ့ Step-by-step ခိုင်ခိုင်မာမာ တည်ဆောက်ပေးပါတယ်။

"ပြောတတ်တယ်" ကနေ "ပိုင်တယ်" ဆိုတဲ့ အဆင့်ကို ရောက်အောင် ၆ လအတွင်းလေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

ကိုယ့်ကလေးအတွက် မြန်မာ ဘာသာစကားနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ အားနည်းချက်ရှိလဲဆိုတာ သိချင်ရင်တော့ — Placement Test ကို အခမဲ့ စစ်ဆေးနိုင်ပါတယ်ရှင်။

အသေးစိတ် အချက်အလက်လေးတွေနဲ့ အတန်းချိန် များအတွက်

☎️ 09-777437843
☎️ 09-777120477 တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင် 💛

အခန်းနံပါတ် (F - 17) ပထမထပ်၊ Pearl Condo Building (B)၊ 99 Export Fashion ရှိသည့်ဘက်ခြမ်း၊ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်

16/08/2026

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှာ
ကလေးတစ်ယောက် လာတက်တဲ့အခါ
အမြဲတမ်း ဖွားဖွားလဲ အတူ ပါလာပြီး

မြေးလေးရဲ့ တိုးတက်မှုတွေ ၊ သင်ယူမှုတွေကို
အားပေးတဲ့ ဖွားဖွားတစ်ယောက်ရှိပါတယ်ရှင်။ 💛

မြေးလေးက ဗျည်းနဲ့သရ သင်ယူတဲ့အခါ
ဖွားဖွားတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးဖြစ်ခဲ့လဲ ?

မြန်မာ ဘာသာစကားကို ဘာကြောင့်
မြေးလေးကို လက်ဆင့်ကမ်း သင်ပေးဖြစ်ခဲ့လဲ ဆိုတာလေးတွေကို

မာစတာဂုဏ်တို့ သိချင်တဲ့အတွက်ကြောင့်
ဂုဏ်ရတနာလေး Oak Gar Bhone Myat ရဲ့
ဖွားဖွား Daw Aye Aye ကို
မေးခွန်းလေးတွေ မေးခဲ့ပါတယ်။

ဖေဖေ၊ မေမေတို့လဲ ဒီလိုမျိုး
အတွေးတူနေမလားဆိုတာကို အတူတူ နားထောင်ကြည့်ကြရအောင်ရှင်။ 💛
..............

သားသား၊ မီးမီးတို့အတွက် အသက်အရွယ်နဲ့ ကိုက်ညီတဲ့
အတန်းချိန်များနဲ့ အသေးစိတ်အချက်အလက်များအတွက်
အောက်ပါ ဖုန်းနံပါတ်များကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

☎️ 09-777437843
☎️ 09-777120477

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်

16/08/2026

အဖိုးအဖွား ပြောတဲ့ စကားကို "Mom, what did they say?" လို့ ပြန်မေးနေရတဲ့ အခိုက်အတန့်တွေ အိမ်မှာ ကြုံနေရပြီလား ?

ကိုယ့်ကလေးက မြန်မာ ဘာသာစကားကို မကျွမ်းကျင်တဲ့အခါ
🔸 ဆွေမျိုးတွေနဲ့ အနီးကပ် စကားပြောလို့ မရ ဖြစ်နေတာမျိုး

🔸 မြန်မာ့ပွဲတွေ၊ ဓလေ့တွေကို နားမလည်တာမျိုး

🔸 ကြီးလာတော့ "ငါဘယ်သူလဲ" ဆိုတဲ့ Identity Gap ကြီးကြီးမားမား ကြုံလာနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး အခြေအနေတွေကို ဖေဖေ၊ မေမေတို့အနေနဲ့
အခုတည်းက ကာကွယ်ထားလို့ရမဲ့ နည်းလမ်းတစ်ခုကတော့

ကိုယ့်ကလေးကို ကိုယ့်ရဲ့ အမွေအနှစ်
ဘာသာစကားနဲ့ စောစော ထိတွေ့ပေးတာမျိုးပါ။

ဒီလိုမျိုး ထိတွေ့ပေးချင်တဲ့ မိဘတိုင်းအတွက်
ကမ္ဘာ့ ပထမဆုံး မြန်မာ ဘာသာစကား သင်တန်းကျောင်းဖြစ်တဲ့

Gon Myanmar Learning Academy က
လက်တွဲဖို့အသင့်ရှိနေပါပြီရှင်၊

မြန်မာစာက ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး...
ကလေးအတွက် "Master Key" ပါ။

အသေးစိတ် အချက်အလက်များနဲ့
အတန်းချိန်များစုံစမ်းရန်အတွက်

☎️ 09-777437843
☎️ 09-777120477 ...........

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂဏ်

ခေတ်နဲ့ အညီ ပြေးနေတဲ့ ကလေးလေးတွေကို ဒီ Skill ဖြည့်ပေးပြီးပြီလား ❓ AI ခေတ်ရောက်ရှိလို့လာတဲ့အခါမှာ Coding ရေးတာလဲ AI ကူညီန...
15/08/2026

ခေတ်နဲ့ အညီ ပြေးနေတဲ့ ကလေးလေးတွေကို ဒီ Skill ဖြည့်ပေးပြီးပြီလား ❓

AI ခေတ်ရောက်ရှိလို့လာတဲ့အခါမှာ
Coding ရေးတာလဲ AI ကူညီနိုင်ပါပြီ။

Math ဖြေရှင်းတာလဲ AI ကူညီနိုင်ပါပြီ။

English စာစီစာကုံးရေးတာကအစ
AI တစ်ခုတည်းနဲ့ ပြီးမြောက်နိုင်တဲ့ခေတ်ကို ရောက်ရှိလာတာပေါ့

ဒါဆိုရင် — ကလေးတစ်ယောက်ကို
ဘယ်အရာက အမှန်တကယ် ကွဲပြားထူးခြားစေမှာလဲ။

အဖြေကတော့ ရိုးရှင်းပါတယ်။

ကလေးတစ်ယောက်ရဲ့ အမွေအနှစ် ပါပဲ ။

'မိမိရဲ့ မိခင်ဘာသာစကားကို ပိုင်နိုင်ထားခြင်း'
ဆိုတာဟာ AI ဘယ်လောက်ပဲ ထက်မြက်ထက်မြက်၊

ဘယ်တော့မှ ကလေးတစ်ယောက်အတွက်
ကိုယ်စားပြု ပေးနိုင်မဲ့အရာ မဟုတ်ပါဘူး။

ဒါဟာ ကလေးရဲ့ ကိုယ်ပိုင်
အရင်းအမြစ်၊ ကိုယ်ပိုင် မူဟန် ဖြစ်ပါတယ်။

ဒါပေမဲ့ — ဘာသာစကားတစ်ခု
'ပိုင်တယ်' ဆိုတာ စကားလုံးအနည်းငယ် သိရုံ၊
ပြောတတ်ရုံ ပြီးတာမျိုး မဟုတ်ပါဘူး။

ဗျည်း၊ သရ၊ အသံအနိမ့်အမြင့်တွေ၊
ဝေါဟာရတွေ ဒါတွေအားလုံးကို
အခြေခံကနေ တိကျစွာ၊
ခိုင်ခိုင်မာမာ ပိုင်နိုင်မှသာ

'ပိုင်တယ်' လို့ အမှန်တကယ် ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ✅

ဒါကြောင့် ဒီနေ့လို AI ခေတ်မှာ
နည်းပညာတွေနဲ့အတူ ကြီးပြင်းနေတဲ့
ကိုယ့်ရဲ့ ကလေးလေးတွေအတွက်
အမှန်တကယ် ကွဲပြားတဲ့ Skill တစ်ခုဖြစ်တဲ့

Heritage Language ကို ပိုင်နိုင်အောင် ပျိုးထောင်ဖို့လိုအပ်ပါတယ်။

ဒီလိုမျိုး ကိုယ့်ကလေးလေးရဲ့
အမွေအနှစ် ဘာသာစကားအတွက်
မှန်ကန်တဲ့ အခြေခံ အုတ်မြစ်တစ်ခုကို ရှာနေတယ်ဆိုရင်တော့

အခုပဲ "Gon" လို့ Page Chat Box ကိုပေးပို့လိုက်ပါ။

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်

ဗျည်းနဲ့ သရ မှတ်မိလွယ်အောင် ကစားရင်း သင်ပေးလို့ရမဲ့ နည်း ၂ နည်း ✌️မိဘ အများစု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကလေးတ...
13/08/2026

ဗျည်းနဲ့ သရ မှတ်မိလွယ်အောင် ကစားရင်း သင်ပေးလို့ရမဲ့ နည်း ၂ နည်း ✌️

မိဘ အများစု ရင်ဆိုင်နေရတဲ့
စိန်ခေါ်မှုတစ်ခုကတော့ ကလေးတွေကို
မြန်မာစာ စတင်သင်တဲ့အခါ

ဗျည်း (၃၃) လုံး နဲ့ သရ (၁၂) လုံး ကို
မခွဲခြားတတ်ဘဲ ရောထွေးနေတာပါပဲ။

စာအုပ်ကိုင်ပြီး အလွတ်ကျက်ခိုင်းရုံနဲ့ဆိုရင်
ကလေးတွေအတွက် ပျင်းစရာကောင်းပြီး
ခေါင်းထဲမှာ စွဲမြဲဖို့ ခက်ခဲပါတယ်။

ကလေးတွေမှာ
ဗျည်းနဲ့ သရ ရဲ့ ကွာခြားချက်ကို
သေချာ မသိသေးတဲ့အခါ အောက်ပါ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

‼️ စာဖတ်စွမ်းရည် နောက်ကျခြင်း။

"က" (ဗျည်း) နဲ့ "အ" (သရ) တို့ရဲ့
သဘောသဘာဝကို မခွဲခြားတတ်ရင်
ပေါင်းဖတ်တဲ့အခါ (က + ာ = ကာ) ဆိုတာမျိုးကို
အလွယ်တကူ မလုပ်တတ်တော့ဘဲ
စာဖတ်နှေးခြင်း၊ ဖတ်မှားခြင်းတွေ ဖြစ်လာပါတယ်။

‼️ သတ်ပုံအမှန် မရေးတတ်ခြင်း။

စာလုံးပေါင်းသတ်ပုံ ရေးတဲ့အခါ
ဗျည်းနေရာမှာ သရထည့်တာ၊

သရနေရာမှာ ဗျည်းထည့်တာမျိုးတွေကြောင့်
အဓိပ္ပာယ်လွဲမှားတဲ့ စာရေးသားမှု အလေ့အထ ဖြစ်ပေါ်လာနိုင်ပါတယ်။

‼️ ဘာသာစကားအပေါ် စိတ်ဝင်စားမှု လျော့နည်းခြင်း။

အတင်းအကျပ်
အလွတ်ကျက်ခိုင်းတာများရင်
မြန်မာစာသင်ခန်းစာတွေကို
ကြောက်ရွံ့လာပြီး စိတ်ဝင်စားမှု ကုန်ဆုံးသွားကာ သင်ယူမှုနောက်ကျသွားတတ်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေအတွက်
ဗျည်းနဲ့ သရကို ထာဝရမှတ်မိစေမဲ့အပြင်
ပျော်ရွှင်စရာကောင်းတဲ့ သင်ကြားရေး
နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ အရောင်စုံ ကတ်ပြားရှာ ဂိမ်း 🪧

ဗျည်းနဲ့ သရကို အရောင်ခွဲ
(ဥပမာ- ဗျည်းကို အပြာရောင်၊ သရကို အနီရောင်) ပြီး
အိမ်ထဲမှာ ဝှက်ထားတာကို လိုက်ရှာခိုင်းပါ။

၂။ လက်ခုပ်နဲ့ လှုပ်ရှားမှု ဂိမ်း 👏

ဗျည်းကြားရင် လက်ခုပ်တီး၊ သရကြားရင်
ခေါင်းညိတ်ခိုင်းပြီး ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ တွဲသင်ပါ။

💬 ဖေဖေမေမေတို့ရဲ့
သားသားမီးမီးတွေရော ဗျည်းနဲ့ သရ ကွဲပြီလား၊
ဘယ်လို ပျော်စရာနည်းလမ်းတွေနဲ့
သင်ပေးဖြစ်နေလဲ Comment မှာ မျှဝေပေးသွားကြပါအုံးရှင်။ 💛

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်

ညနေဘက် စာသင်ချိန်ဆို အိမ်ထဲမှာဂျီကျ သံတွေ၊ ငိုသံတွေနဲ့ စနေရပြီလား? စာအုပ်ကိုင်ခိုင်းလိုက်တာနဲ့ကလေးတွေက မျက်စိစုံမှိတ် ငြ...
12/08/2026

ညနေဘက် စာသင်ချိန်ဆို အိမ်ထဲမှာ
ဂျီကျ သံတွေ၊ ငိုသံတွေနဲ့ စနေရပြီလား?

စာအုပ်ကိုင်ခိုင်းလိုက်တာနဲ့
ကလေးတွေက မျက်စိစုံမှိတ် ငြင်းဆန်တယ်။

YouTube မှာ ကိုယ်ကြည့်ချင်တဲ့
'ကြောင်' ဗီဒီယိုလေး ရှာမရလို့ စိတ်တိုပြီး
ပူဆာနေတဲ့ ကလေးငယ်တွေကို ကြည့်ပြီး
ဘယ်လိုချော့ရမှန်းမသိတော့ဘဲ ရင်မောနေရပြီလား?

တကယ်တော့.. ဒီလိုမျိုးတွေ ဖြစ်ရတာက
ကလေးတွေက ဗျည်းနဲ့သရကို
သဘောတရား မနားလည်သေးဘဲ
စာလုံးပုံစံလေးတွေကိုပဲ ပုံဆွဲသလို အလွတ်မှတ်နေကြတာကြောင့် ပဲဖြစ်ပါတယ်။

ဥပမာ - "ကြောင်" ဆိုတဲ့ စာလုံးကို
'ကြ' 'ေ' 'ာ' 'င်' ဆိုပြီး ပေါင်းထားမှန်း မသိတော့ဘဲ၊
တစ်လုံးလုံးကို လေးထောင့်တုံးပုံစံလေးတစ်ခုလိုပဲ မြင်နေတာလိုမျိုးပေါ့။

ပုံစံဆင်တဲ့စာလုံးတွေဆို ကလေးတွေက ရောကုန်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကလေးတွေက မြန်မာ စကားလုံးတွေကို
ဖတ်ရတာ ပျော်စရာမကောင်းတော့ဘဲ
ဝန်ထုတ်ဝန်ပိုးတစ်ခုလိုမျိုး ဖြစ်လာတော့တာပေါ့။

YouTube ရှာတဲ့အခါကျတော့လည်း အတူတူပဲ...
ကီးဘုတ်မှာ ဗျည်းနဲ့သရ အစီအစဉ်အတိုင်း
မရိုက်တတ်တော့ လိုချင်တဲ့ ဗီဒီယိုလေးက
ထွက်မလာတဲ့ အခါ မိဘတွေကို
ပြန်ဂျီကျတာမျိုးလေးတွေ ဖြစ်တတ်ပါတယ် ။ ⌨️

ဒီလိုအစကတည်းက အခြေခံသဘောတရား
မခိုင်မာတော့တာကြောင့် နေ့စဉ်စာကျက်ချိန်တွေက
မိဘနဲ့သားသမီးကြားမှာ "ရန်ပွဲငယ်လေးတွေ" လို ဖြစ်လာတယ်။

ကိုယ်ကလဲ စာတတ်စေချင်ဇောနဲ့ ဖိအားပေးမိတယ်၊
ကလေးကလဲ နားမလည်တဲ့အခါ စိတ်ဖိစီးပြီး ငိုယိုတော့တာပေါ့။

ပိုဆိုးတာက... ဒီလိုနဲ့ပဲ မြန်မာစာဆိုတာနဲ့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျလာပြီး
အလိုလို ရှောင်ချင်တဲ့ စိတ်လေးတွေက စတင်လာနိုင်ပါတယ်။

အဲ့ဒီကနေတဆင့် သူတို့ရဲ့
တွေးခေါ်မှုနဲ့ စာပေဖွံ့ဖြိုးမှုပါ
နှေးကွေးသွားနိုင်တယ်ဆိုတာကို
ဖေဖေ၊ မေမေတို့က မျက်ကွယ်ပြုလို့မရပါဘူး။

ဒါကြောင့် ဒီလို နေ့တိုင်းခေါင်းခဲရတဲ့ ပြဿနာတွေကို
အလွယ်တကူနဲ့ ပျော်ပျော်ရွှင်ရွှင်
ဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့

နည်းလမ်းကောင်းလေးတစ်ခုကို
နောက်ရက်မှာ မျှဝေပေးသွားမှာမို့
"𝐌𝐎𝐑𝐄" လို့ Comment မှာ ရေးခဲ့ပေးကြပါအုံးနော် ✨
…………….
𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်

မြန်မာစာ အားနည်းတဲ့ ကိုယ့်ကလေးအတွက် ဒီ Post လေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ 🔎💛ကိုယ့်ကလေးက သူများ မြန်မာလို ပြောရင်တော့ နည...
11/08/2026

မြန်မာစာ အားနည်းတဲ့ ကိုယ့်ကလေးအတွက် ဒီ Post လေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ 🔎💛

ကိုယ့်ကလေးက သူများ မြန်မာလို ပြောရင်တော့ နည်းနည်း နားလည်တယ်၊ ပြန်တော့မပြောတတ်ဘူး လို့ မာစတာဂုဏ်ကို လာလာပြောကြတယ်ပေါ့နော်။ 💛

ဒီလိုမျိုး မိဘတွေရဲ့ စိတ်ထဲမှာ “မြန်မာစာကို နည်းမှန် လမ်းမှန်နဲ့ စနစ်တကျ သင်ကြားပေးချင်တယ် ” ဆိုတဲ့ ကိုယ့်ကလေးလေးအတွက် ဆန္ဒတစ်ခုက ကျိန်းသေရှိနေတာပေါ့ ✅

ဒါကြောင့် ကိုယ့်ကလေးက ရေးတာဖတ်တာ အားနည်းတာ၊
မြန်မာစကားပြောတဲ့ အခါ အသံထွက် မပီပြင်တာမျိုးလေးတွေအပြင်

ကိုယ့်ရဲ့ အမွေအနှစ် ဘာသာစကားဖြစ်တဲ့ မြန်မာစာကို လက်ဆင့်ကမ်းပေးချင်ကြတဲ့ ဖေဖေ၊ မေမေတို့အတွက် 💭

မြန်မာ ဘာသာစကားကို စွမ်းရည် ၄ မျိုးနဲ့
အခြေခံက စပြီး သင်ကြားပေးနေတဲ့

ကမ္ဘာ့ ပထမဆုံး နံပါတ်တစ် မြန်မာဘာသာစကား သင်တန်းကျောင်းကြီး ဖြစ်တဲ့ “𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲” က ဖေဖေ၊ မေမေတို့ရဲ့ ဆန္ဒတွေ၊ ရည်မှန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ပေးဖို့ ရှိနေပါပြီရှင် 💛

ကမ္ဘာ့နိုင်ငံပေါင်း ၁၅ နိုင်ငံနဲ့ ပြည်တွင်းမှ ကျောင်းသားပေါင်း 350 ကျော်ကို သင်ကြားပေးနေတဲ့ “𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲” မှာဆိုရင်တော့ ၂၁ ရာစု ခေတ်မီ ကိုယ်ပိုင် သင်ရိုးများနဲ့ ကလေးငယ်များကို ပျော်ရွှင်လွယ်ကူစွာ မြန်မာစာကိုသင်ကြားပေးလျက်ရှိပါတယ်ရှင်

ဒါ့အပြင် ကလေးငယ်များရဲ့ အသက်အရွယ်နဲ့ ဘာသာစကား စွမ်းရည်ပေါ်မူတည်ပြီး အတန်းချိန်များကို ပြန်လည် စီစစ် သတ်မှတ်ပေးမဲ့ Placement Test လေးကိုလဲ ဉီးစွာ ဖြေဆိုပြီးမှ အတန်းအပ်နိုင်တာကြောင့် ဖေဖေ၊ မေမေတို့ အနေနဲ့ စိတ်ချ ယုံကြည်စွာ အပ်နှံလို့ရမှာဖြစ်ပါတယ်ရှင် ။ 📜

ကမ္ဘာ့နိုင်ငံအသီးသီးက သားသား၊ မီးမီးတို့အတွက် Time Zone အလိုက် Onlince Class တွေထားရှိပေးထားပြီး ပြည်တွင်းက ကလေးလေးတွေက ရန်ကုန် Campus ကြီးမှာ လာရောက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ 🏫

ကဲ … ဒါဆိုရင်တော့ ကိုယ့်ကလေး အနာဂတ် အတွက် ယုံကြည်စိတ်ချရမဲ့
မြန်မာ ဘာသာစကား သင်တန်းကျောင်းတစ်ခုနဲ့ လက်တွဲချင်တဲ့ ဖေဖေ၊ မေမေတို့က Page Chat Box သို့မဟုတ်

☎️ 09-777437843
☎️ 09-777120477 သို့ ချက်ချင်း ဆက်သွယ်လိုက်ပါရှင်။

Location - အခန်းနံပါတ် (F - 17) ပထမထပ်၊ Pearl Condo Building (B)၊ 99 Export Fashion ရှိသည့်ဘက်ခြမ်း၊ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်။
..........................

𝐆𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲
~ ပျော်ရွှင်လွယ်ကူစွာ မြန်မာစာသင်ယူပါ။👑

#မြန်မာစာ #ဘာသာစကား #ဂုဏ်

Address

Kabaraye Pagoda Road
Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Saturday 09:30 - 17:30
Sunday 09:30 - 17:30

Website

Alerts

Be the first to know and let us send you an email when Gon Myanmar Learning Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share