School of GED - Main

School of GED - Main

Share

�A Building with Four Walls & Tomorrow Inside. �

21/05/2026

School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြား‌ရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အခြေခံကစလို့ ခိုင်မာကျွမ်းကျင်အောင် အကောင်းဆုံးကြိုးစားလိုက်ပါ။

ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED page ရဲ့ messenger ကနေဖြစ်ဖြစ်၊
Help Line 09 771 54 34 31
09 781 575 218
09 268 912 913 တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။

School of GED မှာ ပျော်ပျော်ရွှင်ရွှင် တက်ရောက်သင်ယူလေ့လာရင်း
အောင်မြင်မှုတွေ ရယူဆွတ်ခူးလိုက်ကြပါစို့။









Photos from School of GED - Main's post 15/05/2026

⭐️ School of GED က ချစ်ခင်တန်ဖိုးထားရတဲ့ ကျောင်းသား/ကျောင်းသူများရဲ့
GED official test ရလဒ်များကို
ဂုဏ်ယူဝမ်းမြောက်စွာ ထပ်မံဖော်ပြပေးလိုက်ပါတယ်။

⭐️ကြိုးစားပမ်းစားဖြေဆိုခဲ့ကြတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့
အဖက်ဖက်က ပံ့ပိုးပေးခဲ့ကြတဲ့
မိဘအုပ်ထိန်းသူတွေကို
အထူးပဲ ဂုဏ်ပြုကျေးဇူးတင်ရှိသလို ဂရုစိုက်ပြီး သင်ကြားပြသပေးခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမတွေကိုလဲ များစွာကျေးဇူးဥပကာရတင်ရှိပါတယ်။ School of GED အဖွဲ့သားတွေကိုလဲ ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်။

⭐️ School of GED မှာ
ပျော်ပျော်ရွှင်ရွှင်တက်ရောက်သင်ယူခဲ့ပြီး GED အထက်တန်းစာမေးပွဲကို
အောင်မြင်စွာကျော်လွှားနိုင်ခဲ့သလို ရှေ့ဆက်မယ့်အနာဂတ်လမ်းကိုလဲ စိတ်ဓာတ်သန်မာစွာနဲ့
အကောင်းဆုံးပုံဖော်ကြိုးစားနိုင်ပါစေလို့
School of GED ရဲ့ ကိုယ်စား
ဆုတောင်းပေးလိုက်ရပါတယ်။


💙💙💙💙💙💙💙💙💙💙💙💙💙💙💙
School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြား‌ရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အခြေခံကစလို့ ခိုင်မာကျွမ်းကျင်အောင် အကောင်းဆုံးကြိုးစားလိုက်ပါ။
ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED - Main page ရဲ့ messenger ကနေဖြစ်ဖြစ်၊
Help Line
09 771 54 34 31
09 268 912 913
09 781 575 218 တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။
School of GED မှာ ပျော်ပျော်ရွှင်ရွှင် တက်ရောက်သင်ယူလေ့လာရင်း အောင်မြင်မှုတွေ ရယူဆွတ်ခူးလိုက်ကြပါစို့။











13/05/2026

ပညာသင်ဆုအမြင့်ဆုံး 70% ပေးတာမှာ 60% ရရှိပြီး
Lincoln University College (Malaysia) မှာ Bachelor of Psychology
တက်ရောက်ခွင့်ရခဲ့တဲ့ School of GED မှ ချစ်ခင်တန်ဖိုးထားရတဲ့ ကျောင်းသူလေး မ Don Za Lun ရဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
တိုင်းရင်းသူလေးတစ်ဦးဖြစ်လို့ မြန်မာဘာသာစကားအရမ်းမကျွမ်းကျင်ပေမယ့် ပညာသင်ဆုလျှောက်ထားတဲ့အခါ အကျိုးရှိမယ့်အကြောင်းအရာတွေကို အချိန်ပေးကာ အကောင်းဆုံးကြိုးစားမျှဝေပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

🎤 တက္ကသိုလ်လျှောက်ထားဖို့အတွက် မျှဝေလိုတဲ့ အကြံပြုချက်လေးတွေ ပြောပြပေးပါဦး။

🌻 Don:

တက္ကသိုလ်တစ်ခုကို လျှောက်ထားတဲ့အခါ အချိန်ယူပြီး စနစ်တကျ ပြင်ဆင်ဖို့က အရေးကြီးဆုံးပါ။
ပြီးတော့ စောစောစီးစီးပြင်ဆင်ပါ။
ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ရဲ့ Entry Requirements ကို သေချာလေ့လာပါ။ GED ရမှတ်အပြင် တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေ (ဥပမာ - Recommendation Letters, Passport) ကို စောစောစီးစီး အဆင်သင့်ဖြစ်အောင် စုဆောင်းထားပါ။

Strong Personal Statement ရေးပါ။
ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ ဘာကြောင့် ဒီ Major ကို တက်ချင်တာလဲဆိုတာကို ပေါ်လွင်အောင် ရေးသားပါ။ SOG က ဆရာ၊ ဆရာမတွေရဲ့ အကြံဉာဏ်ကို ရယူဖို့လည်း ဝန်မလေးပါနဲ့။

ကျောင်းလျှောက်ရမယ့် နောက်ဆုံးရက် (Deadline) တွေကို သတိပြုပါ။ အချိန်မီတင်သွင်းနိုင်ခြင်းက ပညာသင်ဆုရရှိဖို့ အခွင့်အလမ်းကို ပိုမိုများပြားစေပါတယ်။

🎤 GED စာမေးပွဲအတွက် အချိန်ကို ဘယ်လိုစီမံခန့်ခွဲခဲ့သလဲ?

🌻 Don:
မနက်ပိုင်းမှာ SOG က စီစဉ်ပေးထားတဲ့ Study Guide အတန်းတွေကို ပုံမှန်တက်ရောက်ပြီး မရှင်းတာတွေကို ဆရာ၊ ဆရာမ တွေနဲ့အတူ practice လုပ်ပါတယ်။ ညဘက်စာပြန်နွှေးတဲ့အခါမှာတော့ ကိုယ့်အတွက် အခက်ခဲဆုံးဘာသာရပ်ကို အဓိက focus ထားပြီး အချိန်ပေးလေ့လာပါတယ်။ အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ စာလုပ်နေချိန်မှာ ဖုန်းမသုံးမိအောင် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ခဲ့တာပါ။

🎤 ဘာသာစကားအတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါသလား?

🌻 Don:
လိုအပ်ပါတယ်။ နိုင်ငံတကာအဆင့်မီ ပညာရေးအတွက် အင်္ဂလိပ်စာက အဓိက တံခါးပေါက်ဖြစ်လို့ IELTS ကို အချိန်ပေးပြီး ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။

🎤 ပညာသင်ဆုလျှောက်ထားဖို့အတွက် အကြံပေးချက်တစ်ခုလောက် ပြောပြပေးပါ။

🌻 Don:
GED မှာ အမှတ်ကောင်းဖို့ ကြိုးစားသလိုပဲ ကိုယ့်ရဲ့ စာပြင်ပထူးချွန်မှုတွေနဲ့ စိတ်အားထက်သန်မှုတွေကိုလည်း Scholarship Essay တွေမှာ ထည့်သွင်းဖော်ပြပါ။

🎤 အခက်အခဲတွေကြုံရင် ဘယ်လိုအားတင်းကျော်ဖြတ်ခဲ့ပါသလဲ?

🌻 Don:
စိန်ခေါ်မှုတွေ ကြုံလာတိုင်း ကျွန်မကို ရှေ့ဆက်စေတဲ့အရာကတော့ " ငါဘာကြောင့် ဒီလမ်းကို စလျှောက်ခဲ့တာလဲ" ဆိုတဲ့ ရည်မှန်းချက်ပါပဲ။ အခက်အခဲဆိုတာ ခဏတာပါပဲ ၊ ဒီနေ့ရဲ့ ကြိုးစားမှုရလဒ်တွေက နောက်ရက်ပေါင်းများစွာအတွက် အသီးအပွင့်တွေ ဖြစ်လာမှာပဲလို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါတယ်ရှင့်။

🎤 နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ကြားဖို့ ရည်ရွယ်ထားသူတွေကို အားပေးစကားပြောပြပေးပါဦး

🌻 Don:
နိုင်ငံတကာမှာ ပညာသင်ဖို့ အိပ်မက်ရှိတဲ့သူတွေအတွက် ပြောချင်တာက
"ကိုယ်အိပ်မက်ကို ဘယ်တော့မှ မသေးသိမ်ပါစေနဲ့ " ဆိုတာပါပဲ ။ နိုင်ငံတကာအဆင့်မီတဲ့ ပညာရေးဆီ လှမ်းနိုင်ဖို့ GED က ပထမဆုံး တံခါးပေါက်ပါ။
ဘာသာစကား( IELTS ) နဲ့ စာတွေကို အခုကတည်းက ကြိုတင်ပြင်ဆင်ပါ။ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု အခွင့်အလမ်းတွေ ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးတော့ ရရှိမှုချင်း မတူညီနိုင်ပါဘူး၊ GED အမှတ်ကောင်းဖို့နဲ့ IELTS ကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားဖို့က အဓိကသော့ချက်ဖြစ်ပါတယ်။

အခွင့်အလမ်းဆိုတာ အသင့်ပြင်ထားသူတွေဆီကိုပဲ လာတတ်တာမို့ အကောင်းဆုံးခြေလှမ်းလှမ်းကြပါလို့ တိုက်တွန်းချင်ပါတယ်။

🎤 School of GED မှာ အမှတ်တရဖြစ်ရပ်တစ်ခုလောက် ပြောပြပေးပါဦးနော်။

🌻 Don:
School of GED မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေဟာ အမှတ်တရတွေချည်းပါပဲ။ အမှတ်ရဆုံး အခိုက်အတန့်တွေကို ပြောရရင်တော့ Ready Test နဲ့ Real Test တွေ ဖြေလာနီးမှာ သူငယ်ချင်းတွေနဲ့အတူ စာတွေ အသည်းအသန် ပြန်နွှေးကြ ၊ နားမလည်တာတွေကို ဆရာ၊ ဆရာမတွေဆီ ပြန်မေးကြနဲ့ အဲ့ဒီအချိန်မှာ အရမ်းလဲပင်ပန်းပေမယ့် ပျော်စရာကောင်းတဲ့ နေ့ရက်တွေပါ။ ဒါ့အပြင် ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့အတူ မြို့ထဲလျှောက်လည်ခဲ့ကြတာတွေ၊ ကျောင်းက စီစဉ်ပေးတဲ့ Music Time နဲ့ Sport Time တွေမှာ ပျော်ပျော်ပါးပါး ပါဝင်ခဲ့ရတာတွေက ကျွန်မကို စာအပြင် ဘက်စုံထူးချွန်အောင် အများကြီး ပံ့ပိုးပေးခဲ့တယ်။

🎤 School of GED မှာရရှိခဲ့တဲ့ အတွေ့အကြုံတွေက လက်ရှိပညာရေးခရီးလမ်းမှာ အထောက်အကူပြုတာမျိုးရှိပါသလား?

🌻 Don:
School of GED ကနေ ရရှိခဲ့တဲ့ ခိုင်မာတဲ့ အခြေခံပညာရပ်တွေကြောင့် အခု Lincoln University College မှာ Psychology ဘာသာရပ်ကို ယုံကြည်မှုရှိရှိ သင်ယူနိုင်တာပါ ။ ကျွန်မက SOG မှာ GED တစ်ခုပဲ မဟုတ်ပဲ IELTS လည်း ဒီကျောင်းတော်ကြီးမှာပဲ တက်ခဲ့တာပါ။ SOG ကျောင်းတော်ကြီးကို ဘယ်နေရာ ရောက်ရောက် အမြဲသတိရနေမှာပါ။

🎤 အနာဂတ်ရည်မှန်းချက်လေးလဲ ပြောပြလို့ရရင် ပြောပြပေးပါဦး။

🌻 Don:
ကျွန်မရဲ့ ရည်မှန်းချက်ကတော့ Bachelor of Psychology ပြီးရင် Germany နိုင်ငံမှာ Master နှင့် Ph.D အထိ ဆက်လက်ဆည်းပူးသွားဖို့ ဖြစ်ပါတယ်။ ရရှိလာတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး UN ( ကုလသမဂ္ဂ) လိုမျိုး နိုင်ငံတကာအဖွဲ့အစည်းကြီးတွေမှာ ပညာရှင်တစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီချင်ပါတယ်။ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်တာနဲ့အညီ ကမ္ဘာအနှံ့ခြေဆန့်ပြီး ဗဟုသုတသစ်တွေကို ရှာဖွေရင်း Global Citizen တစ်ယောက်အဖြစ် ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းသွားဖို့ ရည်မှန်းထားပါတယ်။

🎤 ညီငယ်၊ ညီမငယ်တွေနဲ့ သူငယ်ချင်းတွေကို စိတ်ခွန်အားပေးစကားတစ်ခွန်းလောက် ပြောပေးပါဦးနော်။

🌻 Don:
ကျွန်မမှာ အမြဲတမ်း နှလုံးသွင်းထားတဲ့ လက်စွဲဆိုရိုးစကားပုံတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ " အနာခံမှ အသာစံရ "ဆိုတဲ့ စကားပုံလေးပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်က ကြီးမားလေလေ၊ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကလည်း များလေလေပါပဲလေ။ အခက်အခဲဆိုတာ ခဏတာဖြစ်ပြီး ကိုယ်ရရှိမယ့် အောင်မြင်မှုကသာ ထာဝရပါ။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့အိပ်မက်တွေကို လက်မလျှော့ဘဲ အဆုံးထိ ကြိုးစားကြပါလို့ ညီငယ်၊ ညီမငယ်တွေနဲ့ သူငယ်ချင်းတွေကို အားပေးချင်ပါတယ်။

အခုလို ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ သတိရပေးလို့ SOG က တာဝန်ရှိသူတစ်ယောက်ချင်းစီအပေါ်မှာ အထူးကျေးဇူးတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်ရှင့်။

💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙

School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြား‌ရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အခြေခံကစလို့ ခိုင်မာကျွမ်းကျင်အောင် အကောင်းဆုံးကြိုးစားလိုက်ပါ။

ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED page ရဲ့ messenger ကနေဖြစ်ဖြစ်၊
Help Line
09 771 54 34 31
09 781 575 218
09 268 912 913 တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။

School of GED မှာ ပျော်ပျော်ရွှင်ရွှင် တက်ရောက်သင်ယူလေ့လာရင်း
အောင်မြင်မှုတွေ ရယူဆွတ်ခူးလိုက်ကြပါစို့။









26/04/2026

အကြောင်းအမျိုးမျိုးကြောင့် GED official test ကို
ကျောင်းပြီးလျှင်ပြီးချင်း မဖြေဆိုဖြစ်သေးသော ကျောင်းသား/ ကျောင်းသူများအတွက် GED intensive course ကို ဧပြီလတွင် ထပ်မံဖွင့်လှစ်ပေးသွားမည့်အကြောင်း သတင်းကောင်းပေးပို့အပ်ပါသည်။

အချိန် = မနက် ၉ နာရီမှ နေ့လည် ၁ နာရီ

ကျောင်းဖွင့်ရက်များ = တနင်္လာမှ သောကြာ

ကြာမြင့်ချိန် = နှစ်လ

ကျောင်းလခ = တစ်လလျှင် လေးသိန်းခွဲကျပ် (လိုအပ်သော ဖတ်စာအုပ်နှင့် စာရွက်စာရွက်များပါဝင်ပြီး)

သင်ကြားမည့်အကြောင်းအရာများ =
GED ၏ ဘာသာရပ်ကြီးလေးခု
(ဘာသာရပ်ခွဲ ခြောက်ခု)အား လိုတိုရှင်းပြန်လှန်လေ့လာခြင်း၊
mock test များစွာဖြေဆိုခြင်း၊
GED official test ဖြေဆိုမည့်နေ့များအတွက်
လိုအပ်သည့်အကြောင်းအရာများ သင်ကြားပြင်ဆင်ပေးခြင်း

သင်ကြားပေးမည့်ဆရာ/ ဆရာမများ =
ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမခြောက်ဦး + study guide ဆရာ/ ဆရာမနှစ်ဦး

အဆောင် = ရန်ကုန်ပြင်ပမှ (သို့မဟုတ်) ရန်ကုန်မြို့တွင်း အသွား/ အပြန်ဝေးသောနေရာမှ စာမေးပွဲအတွက် ပြင်ဆင်လေ့လာမည့်ကျောင်းသူ/ကျောင်းသားများအတွက် တည်းခိုရန်လိုအပ်ပါက School of GED မှ ကျောင်းသား/ ကျောင်းသူများသာ
သီးသန့်နေထိုင်ရမည့် အဆောင်များအဆင်သင့်စီစဉ်ပေးထားပါသည်။

တက်ရောက်လိုသော ကျောင်းသား/ ကျောင်းသူများအနေဖြင့်
School of GED - Main page ၏ messenger မှဖြစ်စေ၊
Help Line
09 771 54 34 31
09 268 912 913
09 781 57 52 18 များသို့ ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းအပ်နှံနိုင်ပါသည်။

ကျောင်းသားဦးရေကန့်သတ်ထားပါသဖြင့် တက်ရောက်ရန် ဆုံးဖြတ်ထားပါက
စောနိုင်မျှစောစော စာရင်းသွင်းပေးပါရန် ချစ်ခင်စွာ မေတ္တာရပ်ခံအပ်ပါသည်။

May you be blessed with luck now, throughout your test, and always.

မှတ်ချက် ။ ။ ကျောင်းသားဟောင်းများအတွက် ၂၀၂၅ နှစ်ဆန်းပိုင်းကစ၍ ဖွင့်လှစ်ပေးထားသော Revision Session with Study Guide အတန်းများကိုလည်း မူလအတိုင်း တစ်ပတ်တစ်ကြိမ် မေတ္တာဖြင့်ဆက်လက်ဖွင့်လှစ်ပေးထားပါမည်။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Background music by beloved School of GED vocal team











Photos from School of GED - Main's post 26/04/2026

🌼 School of GED (GED November, 2025 batch) က ကျောင်းသား/ကျောင်းသူတွေရဲ့ 21-4-2026 ကနေ 24-4-2026 အထိ ပြုလုပ်ကျင်းပသွားခဲ့တဲ့ final exam ရလဒ်များဖြစ်ပါတယ်။

🌼 November batch ရဲ့ final exam မှာ အသက် ၁၆ နှစ်ပြည့်ပြီးတဲ့ ကျောင်းသား ၂၇ ဦးစာအတွက် + October batch မှ အသက် ၁၆ နှစ်ပြည့်သွားတဲ့ ကျောင်းသား ၂ ဦးစာ (ပေါင်း ၂၉ ဦးစာ) အတွက်
GED official website က 753.71 USD
ကျသင့်တဲ့ Ready test ၂၉ စုံ ကို
ဝယ်ယူစစ်ဆေးခဲ့ပေးတာဖြစ်ပါတယ်။
November batch မှ အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကျောင်းသူလေးကတော့ အသက် ၁၆ နှစ်ပြည့်ချိန် အနီးဆုံး batch ရဲ့ final exam မှာ ဝင်ရောက်ဖြေဆိုသွားမှာပါ။

ကောင်းကျိုးအနေနဲ့ကတော့ ready test ကို ၁၄၅ နဲ့ အထက်ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသူ/ကျောင်းသားများအနေနဲ့ GED official exam ကို တစ်ခါတည်း schedule လုပ်လို့ရသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် GED real test မှာလိုအပ်မယ့် အချိန်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှု၊
မေးခွန်းအသွားအလာပုံစံနဲ့
ကွန်ပျူတာနဲ့ဖြေဆိုပုံတွေကို ရင်းနှီးကျွမ်းဝင်မှုရှိသွားစေပါတယ်။

ကျောင်းသား/ကျောင်းသူများက မိမိရဲ့ ကိုယ်ပိုင် GED account နဲ့ ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။

🌼 တစ်ဘာသာမှမပျက်ကွက်ဘဲ ကြိုးစားပမ်းစားဖြေဆိုခဲ့ကြတဲ့ ချစ်ခင်တန်ဖိုးထားရပါသော November batch ကျောင်းသား/ကျောင်းသူတွေနဲ့ အဖက်ဖက်က ပံ့ပိုးပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူတွေကို အထူးပဲ ဂုဏ်ပြုကျေးဇူးတင်ရှိသလို စာမေးပွဲကာလလေးရက်လုံးအခက်အခဲမရှိပြီးဆုံးအောင် အင်တာနက်နဲ့ IT ပိုင်းဆိုင်ရာ‌ထောက်ပံ့ပေးခဲ့တဲ့ School of GED အဖွဲ့သားတွေကိုလဲ ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်။
ဂရုစိုက်ပြီး သင်ကြားပြသပေးခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမတွေကိုလဲ များစွာကျေးဇူးဥပကာရတင်ရှိပါတယ်။

🌼 School of GED မှာ ပျော်ပျော်ရွှင်ရွှင်တက်ရောက်လေ့လာသင်ယူပြီးစီးသွားချိန်မှာ ရှေ့ဆက်မယ့်အနာဂတ်လမ်းကို အကောင်းဆုံးပုံဖော်ကြိုးစားနိုင်ပါစေလို့လဲ School of GED ရဲ့ ကိုယ်စား ဆုတောင်းပေးလိုက်ရပါတယ်။

09/04/2026

School of GED တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများ အမြန်အလိုရှိပါသည်။
I. Student Relationship Officer
II. Classroom Assistant
III. Study Guide

I. Student Relationship Officer
ပညာရေးနယ်ပယ်တွင် တာဝန်ယူလုပ်ကိိုင်လိုသော၊ လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကျောင်းသူ/ ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူတို့၏ ပညာရေးခရီးလမ်းတွင် ကူညီပေးရန်စိတ်ပါဝင်စားသောသူများ လျှောက်ထားသင့်ပါသည်။

⏰ အလုပ်ချိန်
မနက် ၉ မှ ညနေ ၅ အထိ
တနင်္လာမှ သောကြာအထိ

တာဝန်ဝတ္တရားများ

(၁) ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများ၏စုံစမ်းမေးမြန်းမှုမှ ကျောင်းအပ်နှံသည့်အဆင့်အထိအကောင်းဆုံးကူညီပံ့ပိုးပေးရန်၊ အဆင့်အလိုက် စနစ်တကျမှတ်တမ်းပြုစုထားရှိရန်
(၂) ကျောင်းသား/ ကျောင်းသူများ ကျောင်းတက်ရောက်နေစဉ်အတောအတွင်း ပညာသင်ကြားရေးနှင့် သက်ဆိုင်သည့်အခက်အခဲများကို အကောင်းဆုံးကူညီပံ့ပိုးပေးရန်
(၃) ကျောင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ မိတ်ဖက်လုပ်ငန်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ခံများနှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန်၊ လိုအပ်သလိုပူးပေါင်းဆောင်ရွက်ရန်
(၄) ကျောင်းတွင်းရှိ အခြားဌာနများနှင့် အကောင်းဆုံးပူးပေါင်းလုပ်ဆောင်ရန်
(၅) ကျောင်းတွင်ကျင်းပသောပွဲများ၊ အခမ်းအနားများကို စီစဉ်ဆောင်ရွက်ပေးရန်

လိုအပ်သောအရည်အချင်းများ
(၁) ဘွဲ့တစ်ခုခုရရှိထားရမည်။
(၂) Marketing သို့မဟုတ် business နှင့်သက်ဆိုင်သော အသိအမှတ်ပြုလက်မှတ်တစ်ခုခု ရှိထားလျှင် ပိုမိုအားသာပါသည်။
(၃) Sales နယ်ပယ် သို့မဟုတ် Marketing နယ်ပယ်တွင် လုပ်ငန်းခွင်အတွေ့အကြုံရှိထားလျှင် ပိုမိုအားသာပါသည်။
(၃) လူမှုဆက်ဆံရေးနှင့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ရမည်။ ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများအတွက် ကောင်းမွန်သောပညာရေးအတွေ့အကြုံရရှိအောင် ပြောဆိုဆက်ဆံနိုင်စွမ်း၊ ညှိနှိုင်းနိုင်စွမ်း အထူးရှိရမည်။
(၄) ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများ၏ ပညာရေးနှင့် ပတ်သက်သောပူပင်သောကများကို နားလည်ကိုယ်ချင်းစာနိုင်စွမ်း၊ စိတ်နှလုံးငြိမ်သက်စွာ ရှင်းပြဆွေးနွေးနိုင်စွမ်းရှိရမည်။
(၅) Microsoft Office နှင့် Google Workspace (Docs, Sheets, Drive, Gmail စသည်) အသုံးပြုနိုင်ရမည်။
(၆) အသက် ၂၀ မှ ၃၇ အတွင်းဖြစ်ရမည်။

II. Classroom Assistant
ရွှင်လန်းတက်ကြွပြီး စိတ်အားထက်သန်သောသူများကို ဦးစားပေးခေါ်ယူပါမည်။
ပညာရေးကို စိတ်ဝင်စားပြီး လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သောသူများလျှောက်ထားသင့်ပါသည်။

⏰ အလုပ်ချိန်
မနက် ၉ မှ ညနေ ၅ အထိ
တနင်္လာမှ သောကြာအထိ + စနေ (နေ့တစ်ဝက်)

✅ လိုအပ်သောအရည်အချင်း
(1) အသက် ၂၂ မှ ၃၅ အတွင်း
(2) ဘွဲ့တစ်ခုခုရရှိထားရမည်။
(3) ကွန်ပျူတာအခြေခံတတ်မြောက်ရမည်။
(4) Microsoft Excel, Word, PowerPoint, Google Sheet, Google Docs များကို အသုံးပြုနိုင်ရမည်။
(5) Zoom platform နှင့် Google classroom ကို အသုံးပြုနိုင်ရမည်။
(6) လုပ်ငန်းခွင်ဖိအားကို ခံနိုင်ရည်ရှိရမည်။
(7) အပြုသဘောဆောင်၍ ကောင်းမွန် နွေးထွေးသော၊ ကျောင်းသူ/ ကျောင်းသားများအား လေးစားတန်ဖိုးထားသော စာသင်ခန်းတစ်ခုဖြစ်ပေါ်စေရန် ကူညီနိုင်ရမည်။
(8) နံပါတ် 6 နှင့် 7 အချက် အထူးပြည့်စုံပါက ကျန်အချက်များအား ဖြေလျှော့ပေးပါသည်။

✅ တာဝန်နှင့် ဝတ္တရားများ
(1) ဆရာ/ ဆရာမများ၏ သင်ကြားရေးပိုင်းချောမွေ့စေရန် ကူညီပံ့ပိုးပေးရမည်။
(2) ကျောင်းသူ/ ကျောင်းသားများ၏ သင်ယူရေးပိုင်းချောမွေ့စေရန် ကူညီပံ့ပိုးပေးရမည်။
(3) ကျောင်းသူ/ ကျောင်းသားများ၏ သင်ကြားရေးမှတ်တမ်းများ ပြုစုထားရှိရမည်။
(4) မိဘအုပ်ထိန်းသူများနှင့် လိုအပ်သလို ဆက်သွယ်ပြောဆိုရမည်။
(5) သန့်ရှင်း၍ စနစ်ကျသော စာသင်ခန်းပတ်ဝန်းကျင်ဖြစ်ပေါ်စေရန် ကူညီပံ့ပိုးပေးရမည်။
(6) ဆရာ/ ဆရာမများ၊ ကျောင်းမှ အခြားတာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရမည်။
(7) လိုအပ်ပါက zoom classroom ကိုပါ စီမံခန့်ခွဲနိုင်ရမည်။
(8) Google classroom များကို စီမံခန့်ခွဲနိုင်ရမည်။
(9) ကျောင်းရုံးခန်းမှ ပေးအပ်လာသော တာဝန်များကို လိုအပ်သလို ကူညီဆောင်ရွက်ရမည်။
(10) ကျောင်းအုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ညွှန်ကြားပေးအပ်လာသော တာဝန်များကို လိုအပ်သလို ကူညီဆောင်ရွက်ရမည်။

III. Study Guide (Science and Mathematical Reasoning)

⏰ Working Hour
9 AM to 5 PM

📆 Working Day
Monday to Friday

📍 Post
1 post (Male & Female)

🏛 Location
Sanchaung Township, Yangon

✅ Qualifications:
(1) Passing the GED exam within one year of employment.
(2) Strong writing and editing skills, with an ability to explain complex concepts in a clear and engaging manner.
(3) Familiarity with educational standards and assessment criteria for the GED exam.
(4) Proficiency in research and data analysis.
(5) Excellent organizational skills, time management skills and attention to detail.
(6) Strong interpersonal and communication skills with the ability to interact effectively with students/guardians, faculty team and administrative staff personnel.
(7) Experience with zoom handling and Google classroom management is a plus.
(8) Experience with PowerPoint, Zoom, Google Sheet, Google Docs is a plus too.

✅ Responsibilities:
(1) Collaborate with subject teachers and experts to outline study guide content based on test specifications and learning objectives.
(2) Research, write, and edit study guide materials, including explanations, sample questions, and practice tests.
(3) Ensure the accuracy and clarity of study guide content, adhering to educational standards and guidelines.
(4) Create visual aids, graphics, and illustrations to enhance study guide materials.
(5) Develop and maintain a comprehensive repository of study guide materials for Science and Mathematical Reasoning.
(6) Review and update study guide materials regularly to reflect changes in test content and format.
(7) Stay informed about developments in standardized GEDtesting and educational trends.

✅ ဘယ်လိုလျှောက်ထားရမလဲ?

School of GED တွင် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်သူများသည်
- မျှော်မှန်းလစာထည့်သွင်းရေးသားထားသော ကိုယ်ရေးအကျဉ်းချုပ်နှင့် ပညာအရည်အချင်းအထောက်အထားများကို [email protected] သို့
21-4-26 နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

"Student Relationship Officer ရာထူးအတွက် လျှောက်ထားခြင်း” သို့မဟုတ် "Classroom Assistant ရာထူးအတွက် လျှောက်ထားခြင်း” သို့မဟုတ်
"Study Guide ရာထူးအတွက် လျှောက်ထားခြင်း” ဟု email subject line တွင်
ထည့်သွင်းဖော်ပြပေးစေလိုပါသည်။

(သို့မဟုတ်)

မျှော်မှန်းလစာထည့်သွင်းရေးသားထားသော ကိုယ်ရေးအကျဉ်းချုပ်နှင့်
ပညာအရည်အချင်းအထောက်အထားများကို အမှတ် 156, New World Residence, ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်သို့ 21-4-26 နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။

School of GED မှ ကျောင်းသူ/ ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများ၏ ပညာရေးခရီးလမ်းကို ပိုမိုကောင်းမွန်ချောမွေ့အောင် ကူညီပံ့ပိုးပေးနိုင်မည့် တာဝန်ခံများကို School of GED မှ စောင့်​မျှော်ကြိုဆိုနေပါသည်။











09/04/2026

⁉️၂၀၂၆ မှာ GED official test ကို ဖြေဆိုအောင်မြင်ပြီးပေမယ့် ရမှတ်ကို အားမရတဲ့ဘာသာရှိရင် စာမေးပွဲကြေးပြန်သွင်းပြီး အဲ့ဒီဘာသာကို ပြန်ဖြေလို့ ရပါသလား ⁉️

၂၀၂၆ မှာ GED official test ဖြေဆိုအောင်မြင်ပြီးသားဘာသာရပ်ကို အကြောင်းတစ်စုံတစ်ရာကြောင့် နောက်တစ်ကြိမ်ပြန်လည်ဖြေဆိုလိုပါက အရင်နှစ်များကဲ့သို့ တန်းပြီး schedule ယူကာ ဖြေဆိုလို့မရ​နိုင်ပါ။

GED official website ဘက်သို့ email ဖြင့် (လိုအပ်ပါက ဖုန်းဖြင့်ပါ)ဆက်သွယ်ပြီး ပြန်လည်ဖြေဆိုချင်တဲ့ အကြောင်းပြချက်ကို တင်ပြပေးရပါမယ်။ ဥပမာ - ဖြေဆိုအောင်မြင်ပြီးမှ အမှတ်များ revoked လုပ်ခံရခြင်း သို့မဟုတ် အောင်မြင်သော်လည်း ရမှတ်နည်း၍ ပြန်လည်ဖြေဆိုလိုခြင်း … စသည်။
GED official website မှ တာဝန်ရှိသူများက နောက်တစ်ကြိမ်ထပ်မံဖြေဆိုရန် လက်ခံခွင့်ပြုမှသာ ထိုဘာသာရပ်ကို ပြန်လည်ဖြေဆိုနိုင်ပါတယ်။

တစ်ကြိမ်တစ်ခါတည်းနဲ့ မိမိလိုချင်တဲ့ရမှတ်ရရှိအောင် ပြင်ဆင်ဖြေဆိုနိုင်ရင်တော့အကောင်းဆုံးဖြစ်မှာပါ။
💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙

School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြား‌ရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အကောင်းဆုံးကြိုးစားလိုက်ပါ။

ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED page ရဲ့ messenger ကနေဖြစ်ဖြစ်၊
Help Line
09 771 54 34 31
09 268 912 913
09781575218 တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။










07/04/2026

အထက်တန်းပညာရေးလမ်းကြောင်းများစွာရှိတဲ့အထဲက GED ကို ရွေးသင့်? မရွေးသင့်?

ဆယ်ကျော်သက်လူငယ်အများစုရဲ့မျှော်မှန်းချက်ဖြစ်တဲ့
ပြည်ပတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားရန်အတွက် လိုအပ်ချက်တစ်ခုဟာ အထက်တန်းပညာရေးအောင်မြင်ထားဖို့ပါ။
အထက်တန်းပညာရေးလမ်းကြောင်းများစွာရှိတဲ့အထဲက GED ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို နှိုင်းယှဉ်ဖော်ပြပေးသွားပါမယ်။

အားသာချက်များ

(၁) ပြင်ဆင်ချိန် တိုတောင်းခြင်း

GED ကျောင်းအများစုဟာ တစ်နှစ်အောက်သာ တက်ရောက်ရလေ့ရှိပါတယ်။

School of GED ရဲ့ GED on campus class မှာဆိုရင်တော့ ငါးလတာတက်ရောက်
သင်ကြားကြရမှာပါ။
ငါးလတာသင်ယူလေ့လာပြီးတာနဲ့ GED official exam ကို တန်းပြီးဖြေဆိုလို့ ရသလိုအချိန်ယူဖြေဆိုလို့လဲရပါတယ်။
ကျောင်းသူ/ ကျောင်းသားတွေက ပျှမ်းမျှ တစ်လကနေ ငါးလဝန်းကျင်အချိန်ယူတတ်ကြပါတယ်။
ဒါ့ကြောင့် စာစတင်သင်ယူချိန်ကနေ ဖြေဆိုပြီးချိန်အထိ ခြောက်လကနေ ဆယ်လအတွင်းသာ ကြာပါမယ်။

(၂) ကုန်ကျစားရိတ်သက်သာခြင်း

ကမ္ဘာ့အဆင့်မီ နိုင်ငံတကာ အထက်တန်းပညာရေးလမ်းကြောင်းထဲမှာ အသက်သာဆုံးပါပဲ၊ GED ကျောင်းတစ်ခုနဲ့တစ်ခု ကျောင်းလခမတူညီပေယ့် ကျောင်းလခအပြီးအစီး ၂၅ သိန်းထက်မပိုကြတာများပါတယ်။

School of GED ရဲ့ GED on campus course အတွက်ကျောင်းလခက​တော့
စာသင်လတစ်လလုံးအတွက် ​၃ သိန်း ၉ သောင်းကျပ်​ ကျသင့်မှာဖြစ်ပါတယ်။
ငါးလတာတက်ရောက်ရမှာဖြစ်လို့ ၁၉ သိန်းခွဲသာကျသင့်ပါမယ်။

Recreational program တွေဖြစ်တဲ့ စန္ဒရား၊ တယော၊ ဂစ်တာ၊ အဆိုပိုင်းတွေထဲက တစ်မျိုး၊ ကွန်ပျူတာသင်တန်း၊ study guide ချိန်နဲ့ အပတ်စဉ် GED-oriented English course (Language Support) တွေကတော့ School of GED မှာ မေတ္တာနဲ့ စီစဉ်ပေးထားတာပါ။

(၃) GED အောင်လက်မှတ်ကို အသိအမှတ်ပြုတဲ့ တက္ကသိုလ်၊ ကောလိပ်များ ကမ္ဘာတစ်ဝှမ်းတွင်ရှိခြင်း

GED အောင်မြင်ပြီးလျှောက်ထားတက်ရောက်နိုင်တဲ့ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၀၀ ကျော်ကကောလိပ်တွေ၊ တက္ကသိုလ်တွေကို နိုင်ငံအလိုက်အောက်က GED official website link လေးမှာ ကြည့်ရှုနိုင်ပါတယ်။

https://ged.com/en/university-acceptance/

(အမေရိကန်နဲ့ ယူကေမှာတော့ လက်ရှိ post တင်တဲ့ April 7, 2026 အထိ မြန်မာကျောင်းသားတွေကို student visa ယာယီပိတ်ထားပါတယ်၊ GED အောင်မြင်ထားတဲ့ကျောင်းသားတင်မဟုတ်ဘဲ မည်သည့် ပညာသင်ကြားမှုအမျိုးအစားကိုမဆို ပိတ်ထားခြင်းဖြစ်ပါတယ်)

(၄) ကျရှုံးမှုနည်းစေသော ဖြေဆိုမှုစနစ်ရှိခြင်း

✏️ GED စာမေးပွဲဖြေဖို့ ဘယ်နှစ်တန်းအောင်ဖြစ်ရမယ်ဆိုတဲ့ သက်သေအထောက်အထားပြဖို့ လုံးဝမလိုအပ်ပါဘူး။ ‌

✏️ GED စာမေးပွဲကို ရက်တိတိကျကျသတ်မှတ်ထားတာမျိုးမရှိဘဲ တစ်နှစ်ပတ်လုံး မိမိကြိုက်နှစ်သက်တဲ့အချိန်ရွေးချယ်ကာ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းကကျောင်းသူ၊ ကျောင်းသားတွေ နေ့စဉ်ဝင်ရောက်ဖြေဆိုနေကြပါတယ်။

✏️ နောက်ထပ်ကောင်းတဲ့အချက်ကတော့ လေးဘာသာလုံးကို တစ်နေ့တည်းအကုန်ဖြေလို့ရသလို မိမိကျွမ်းကျင်ပိုင်နိုင်ရာအလိုက် တစ်ဘာသာချင်းအချိန်ယူဖြေလို့လဲရပါတယ်။
ဆိုလိုတာက Social Studies ဘာသာရပ်ကို အရင်ဆုံးဖြေပြီး နောက်သုံးလကြာမှ RLA ဘာသာရပ်ကို ထပ်ဖြေလို့ရပါတယ်။
(ပထမဆုံးဘာသာစဖြေတဲ့အချိန်ကနေ နောက်ဆုံးဘာသာဖြေပြီးတဲ့အချိန်အထိ ကြာချိန်ကို တစ်နှစ်အတွင်း ဝင်အောင်ဖြေနိုင်တာကတော့ အကောင်းဆုံးဖြစ်ပါတယ်)

(၅) မြန်မာနိုင်ငံတွင်းရှိ ပုဂ္ဂလိက ကောလိပ်များ ဆက်လက်တက်ရောက်နိုင်ခြင်း
မြန်မာနိုင်ငံတွင်းက ပုဂ္ဂလိကကောလိပ်တွေမှာလဲ GED အောင်လက်မှတ်ဖြင့် ဆက်လက်တက်ရောက်ပညာသင်ကြားနိုင်ပါတယ်၊

အားနည်းချက်များ

(၁) အသက် ၁၆ နှစ်ပြည့်မှ ဖြေဆိုနိုင်ခြင်း

GED စာမေးပွဲကို အသက် ၁၆ နှစ်ပြည့်မှ ဖြေဆိုနိုင်မှာဖြစ်လို့ ၁၆ နှစ်အောက်ကလေးတွေကတော့ GED ရဲ့ ဘာသာရပ်တွေကို ကြိုတင်လေ့လာပြီး ၁၆ နှစ်ပြည့်တာနဲ့ ချက်ချင်းဖြေဆိုနိုင်အောင် အသင့်ပြင်ထားလို့ရပါတယ်။

(၂) တက္ကသိုလ်အဆင့်တွင်အချို့သောအဆင့်မြင့်အတတ်ပညာများ တက်ရောက်လိုပါက အခြားစာမေးပွဲများထပ်ဖြေဆိုရန် လိုအပ်ခြင်း

ဆေးတက္ကသိုလ်၊ ဥပဒေကျောင်းစသည်တို့ တက်ရောက်လိုပါကမူ GED အောင်လက်မှတ်တစ်ခုတည်းဖြင့်တက်ရောက်၍မရဘဲ မိမိတက်ရောက်လိုသော တက္ကသိုလ်အလိုက်ထပ်မံတောင်းခံသည့်စာမေးပွဲများ၊ အတန်းပညာများထပ်မံဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။

Note : We will make necessary updates as needed.
💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙

School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြား‌ရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အကောင်းဆုံးကြိုးစားလိုက်ပါ။

ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED page ရဲ့ messenger ကနေဖြစ်ဖြစ်၊
Help Line
09 771 54 34 31
09 268 912 913
09781575218 တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။










25/03/2026

အကြောင်းအမျိုးမျိုးကြောင့် GED official test ကို ကျောင်းပြီးလျှင်ပြီးချင်း မဖြေဆိုဖြစ်သေးသော ကျောင်းသား/ ကျောင်းသူများအတွက် GED intensive course ကို ဧပြီလတွင် ထပ်မံဖွင့်လှစ်ပေးသွားမည့်အကြောင်း သတင်းကောင်းပေးပို့အပ်ပါသည်။

အချိန် = မနက် ၉ နာရီမှ နေ့လည် ၁ နာရီ

ကျောင်းဖွင့်ရက်များ = တနင်္လာမှ သောကြာ

ကြာမြင့်ချိန် = နှစ်လ

ကျောင်းလခ = တစ်လလျှင် လေးသိန်းခွဲကျပ်

သင်ကြားမည့်အကြောင်းအရာများ = GED ၏ ဘာသာရပ်ကြီးလေးခု (ဘာသာရပ်ခွဲ ခြောက်ခု)အား လိုတိုရှင်းပြန်လှန်လေ့လာခြင်း၊
mock test များစွာဖြေဆိုခြင်း၊
GED official test ဖြေဆိုမည့်နေ့များအတွက်လိုအပ်သည့်အကြောင်းအရာများ သင်ကြားပြင်ဆင်ပေးခြင်း

သင်ကြားပေးမည့်ဆရာ/ ဆရာမများ = ဘာသာရပ်ဆိုင်ရာ ဆရာ/ ဆရာမခြောက်ဦး + study guide ဆရာ/ ဆရာမနှစ်ဦး

အဆောင် = ရန်ကုန်ပြင်ပမှ (သို့မဟုတ်) ရန်ကုန်မြို့တွင်း အသွား/ အပြန်ဝေးသောနေရာမှ စာမေးပွဲအတွက် ပြင်ဆင်လေ့လာမည့်ကျောင်းသူ/ကျောင်းသားများအတွက် တည်းခိုရန်လိုအပ်ပါက School of GED မှ ကျောင်းသား/ ကျောင်းသူများသာ သီးသန့်နေထိုင်ရမည့် အဆောင်များအဆင်သင့်စီစဉ်ပေးထားပါသည်။

တက်ရောက်လိုသော ကျောင်းသား/ ကျောင်းသူများအနေဖြင့်
School of GED - Main page ၏ messenger မှဖြစ်စေ၊
Help Line
09 771 54 34 31
09 268 912 913
09 781 57 52 18 များသို့ ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းအပ်နှံနိုင်ပါသည်။
ကျောင်းသားဦးရေကန့်သတ်ထားပါသဖြင့် တက်ရောက်ရန် ဆုံးဖြတ်ထားပါက
စောနိုင်မျှစောစော စာရင်းသွင်းပေးပါရန် ချစ်ခင်စွာ မေတ္တာရပ်ခံအပ်ပါသည်။

May you be blessed with luck now, throughout your test, and always.

မှတ်ချက် ။ ။ ကျောင်းသားဟောင်းများအတွက် ၂၀၂၅ နှစ်ဆန်းပိုင်းကစ၍ ဖွင့်လှစ်ပေးထားသော Revision Session with Study Guide အတန်းများကိုလည်း မူလအတိုင်း တစ်ပတ်တစ်ကြိမ် မေတ္တာဖြင့်ဆက်လက်ဖွင့်လှစ်ပေးထားပါမည်။

Photos from School of GED - Main's post 20/03/2026

❓ GED စာမေးပွဲကို အခက်အခဲမရှိအောင်မြင်အောင် ဘယ်လိုပြင်ဆင်ကြမလဲ ❓

GED စာမေးပွဲကို အခက်အခဲမရှိအောင်မြင်ဖြတ်ကျော်နိုင်ဖို့အတွက် အဓိကကျတဲ့အချက် (၃) ချက်ရှိပါတယ်။

(၁) ဘယ်ဘာသာကို ပိုအာရုံစိုက်မလဲဆိုတာ ရွေးချယ်ပါ။

GED စာမေးပွဲမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေးနှင့် သိပ္ပံဘာသာရပ်ကြီးလေးခုကို ဖြေဆိုရမှာဖြစ်ပြီး ဖတ်စာအုပ်ရယ်လို့သတ်သတ်မှတ်မှတ်သတ်မှတ်ထားတာမျိုးမရှိဘဲ မှီငြမ်းစာအုပ်တွေသာရှိတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စာမေးပွဲအတွက်အရေးပါတဲ့ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေကို ရွေးချယ်လေ့လာဖို့က အရေးကြီးပါတယ်။

School of GED ရဲ့ ဆရာ/ဆရာမတွေက စာမေးပွဲအတွက် လိုအပ်တဲ့အပိုင်းတွေ၊ ခေါင်းစဉ်တွေစနစ်တကျထည့်သွင်းပြီး ဘာသာရပ်လေးခုလုံးစာ သင်ရိုးပြင်ဆင်ပေးထားပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လဲ GED စာမေးပွဲအတွက်ပြင်ဆင်လေ့လာချိန် ၅ လအတွင်းမှာ ဘယ်ဘာသာမှာ မိမိကအားနည်းလဲ၊ ဘယ်ဘာသာမှာ မိမိကအားသာလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်၊ ဒါမှသာ အားနည်းတဲ့ဘာသာရပ်ကို ပိုမိုအာရုံစိုက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

(၂) အစမ်းစာမေးပွဲတွေ မကြာမကြာဖြေဆိုပေးပါ။

ကွန်ပျူတာအသုံးပြုပြီး ဖြေဆိုရတဲ့စာမေးပွဲဖြစ်လို့ အစမ်းစာမေးပွဲတွေ မကြာမကြာဖြေဆိုပေးတဲ့အခါ GED စာမေးပွဲပုံစံနဲ့ ရင်းနှီးကျွမ်းဝင်စေပြီး တကယ့်စာမေးပွဲအစစ်ဖြေရတဲ့အခါ မကြောက်မလန့်ဘဲ သက်သောင့်သက်သာဖြေဆိုနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဘယ်ဘာသာမှာ မိမိကထူးချွန်ပြီးအမှတ်ကောင်းလဲ၊ ဘယ်ဘာသာမှာ မိမိကထပ်ပြင်ဆင်ဖို့လိုလဲဆိုတာပါ အဖြေပေါ်မှာပါ။ ဒါမှသာ အားနည်းတဲ့ဘာသာရပ်ကို အချိန်ပိုပေးပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ School of GED က ဆရာ/ဆရာမတွေက အစမ်းစာမေးပွဲတွေ မကြာမကြာဖြေဆိုနိုင်ဖို့အတွက် လိုအပ်တာတွေကို ကူညီပေးနေမှာပါ။

(၃) GED စာမေးပွဲအတွက် နေ့စဉ်အချိန်သတ်သတ်မှတ်မှတ်ပေးပြီး လေ့လာသင်ယူပါ။

GED စာမေးပွဲအတွက် လေ့လာပြင်ဆင်တဲ့အခါ နေ့စဉ်အချိန်သတ်သတ်မှတ်မှတ်ထားပြီး လေ့လာသင်ယူဖို့က အလွန်ကို အရေးကြီးပါတယ်။

GED စာမေးပွဲဖြေခါနီးမှ လက်ပူတိုက်ကျက်မှတ်ပြီး အောင်မှတ်ကောင်းကို မျှော်လင့်နေလို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်နေ့တိုင်း တစ်ပတ် ၇ ရက်အချိန်ပေးပြီး လေ့လာသင်ယူနေမှ လွယ်လင့်တကူအောင်မြင်နိုင်မှာပါ။

School of GED မှာ တနင်္လာမှ သောကြာကို ကျောင်းရဲ့ အချိန်ဇယားအတိုင်း ဆရာ/ဆရာမတွေနဲ့ အတူတူလေ့လာသင်ယူပြီး စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက် နှစ်ရက်ကို မိမိဘာသာမိမိ အချိန်ဇယားဆွဲပြီး လေ့လာဖတ်မှတ်ရမှာပါ။

💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙💙 💙

School of GED မှာ နွေးထွေးပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့၊ သင်ကြား‌ရေးပိုင်းမှာ ထူးချွန်တဲ့၊ စာသင်ချိန်လုံလုံလောက်လောက်ပေးနိုင်တဲ့ ဆရာ/ဆရာမများက ရှင်းလင်းတိကျတဲ့ စာအုပ်များအသုံးပြုကာ GED စာမေးပွဲဖြေဆိုချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

School of GED ကို အခုပဲ ဆက်သွယ်ပြီး GED စာမေးပွဲအတွက် အခြေခံကစလို့ ခိုင်မာကျွမ်းကျင်အောင် အကောင်းဆုံးကြိုးစားလိုက်ပါ။

ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပုံဖော်ကြည့်ဖို့ School of GED page ရဲ့ messenger ကနေဖြစ်ဖြစ်၊
Help Line
09 771 54 34 31
09 781 575 218
09 268 912 913
တို့ကိုဆက်လို့ဖြစ်ဖြစ် School of GED ကို အခုပဲဆက်သွယ်ပြီး ကျောင်းအပ်နှံနိုင်ပါပြီ။

School of GED မှာ ပျော်ပျော်ရွှင်ရွှင် တက်ရောက်သင်ယူလေ့လာရင်း
အောင်မြင်မှုတွေ ရယူဆွတ်ခူးလိုက်ကြပါစို့။









Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

156, Baho Road, Sanchaung Township
Yangon
111111