06/07/2026
🚨 JLCT ဖြေမယ့်သူတွေ အမှတ်ကောင်းပြီးမှ "Fail" မပြရအောင် ဒါကို မဖြစ်မနေ ဖတ်သွားဖို့လိုပါလိမ့်မယ်!
စုစုပေါင်းရမှတ်က အောင်မှတ်ကျော်နေပါလျက်နဲ့ ဘာလို့ ကျရှုံးသွားတာလဲ? 🤔
ဒါဟာ JLCT ရဲ့ သီးသန့် အမှတ်ပေးစည်းမျဉ်းကို သေသေချာချာ မသိခဲ့လို့ ဖြစ်တတ်ပါတယ်။
JLCT အောင်မြင်ဖို့ဆိုရင် အောက်က သတ်မှတ်ချက် (၂) ခုလုံး တစ်ပြိုင်နက် ပြည့်စုံဖို့ လိုအပ်ပါတယ် 👇
1။ Level အလိုက် စုစုပေါင်း အောင်မှတ် ရရမယ်
JLCT ရဲ့ အမှတ်အပြည့် နဲ့ အောင်မှတ်က Level အလိုက် မတူပါဘူး။
🟢 JCT 5 ➡️ အပြည့် 91 မှတ် | အောင်မှတ်: 40 မှတ်
🟢 JCT 4 ➡️ အပြည့် 96 မှတ် | အောင်မှတ်: 50 မှတ်
🟢 JCT 3 ➡️ အပြည့် 100 မှတ် | အောင်မှတ်: 55 မှတ်
🟢 JCT 2 ➡️ အပြည့် 100 မှတ် | အောင်မှတ်: 50 မှတ်
🟢 JCT 1 ➡️ အပြည့် 100 မှတ် | အောင်မှတ်: 60 မှတ်
2။ ဘာသာရပ်အလိုက် ဖြတ်မှတ်လည်း ပြည့်ရမှာဖြစ်ပါတယ်
စုစုပေါင်းမှတ် ဘယ်လောက်ပဲ ကောင်းနေပါစေ... အပိုင်းတစ်ခုချင်းစီမှာ အနည်းဆုံး ၃၁%ရမှ အောင်မှာပါ။ ဘာသာရပ်တစ်ခုခုမှာ အောက်ပါ အနည်းဆုံးဖြတ်မှတမပြည့်ရင် ကျရှုံးမှာဖြစ်ပါတယ်။
👉 JCT 5 (၃ ပိုင်းခွဲစစ်)
Vocabulary ➡️ အနည်းဆုံး 11 မှတ် (အပြည့် 35)
Grammar & Reading Comprehension ➡️ အနည်းဆုံး 10 မှတ် (အပြည့် 32)
Listening Comprehension ➡️ အနည်းဆုံး 8 မှတ် (အပြည့် 24)
👉 JCT 4 (၃ ပိုင်းခွဲစစ်)
Vocabulary ➡️ အနည်းဆုံး 11 မှတ် (အပြည့် 35)
Grammar & Reading Comprehension ➡️ အနည်းဆုံး 11 မှတ် (အပြည့် 34)
Listening Comprehension ➡️ အနည်းဆုံး 9 မှတ် (အပြည့် 27)
👉 JCT 3 (၃ ပိုင်းခွဲစစ်)
Vocabulary ➡️ အနည်းဆုံး 11 မှတ် (အပြည့် 35)
Grammar & Reading Comprehension ➡️ အနည်းဆုံး 12 မှတ် (အပြည့် 37)
Listening Comprehension ➡️ အနည်းဆုံး 9 မှတ် (အပြည့် 28)
👉 JCT 2 (၂ ပိုင်းခွဲစစ်)
Vocabulary · Grammar · Reading ➡️ အနည်းဆုံး 22 မှတ် (အပြည့် 69)
Listening Comprehension ➡️ အနည်းဆုံး 10 မှတ် (အပြည့် 31)
👉 JCT 1 (၂ ပိုင်းခွဲစစ်)
Vocabulary · Grammar · Reading ➡️ အနည်းဆုံး 21 မှတ် (အပြည့် 65)
Listening Comprehension ➡️ အနည်းဆုံး 11 မှတ် (အပြည့် 35)
💡 နားလည်လွယ်အောင် ဥပမာနဲ့ပြောရရင်သင်က JCT 4 ဖြေလို့ စုစုပေါင်း ၆၀ မှတ် တောင် ရခဲ့တယ်။ ဒါပေမယ့် Listening အပိုင်းမှာ ၈ မှတ်ပဲရခဲ့တယ်ဆိုရင် ဘာသာရပ်အလိုက် ဖြတ်မှတ် (၉ မှတ်) မပြည့်တဲ့အတွက် စာမေးပွဲ ကျရှုံးသွားမှာပါ။
🎯 ဒါကြောင့် တစ်ဘာသာတည်းကိုပဲ အားစိုက်တာမျိုး မဟုတ်ဘဲ Vocabulary, Grammar, Reading ရော Listening ရော အချိုးကျကျ မျှမျှတတ အမှတ်ရအောင် ပြင်ဆင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ 🎯
#ဂျပန်စာစစ်စာမေးပွဲ